Monday, July 29, 2013
သတင်းစာထဲကလူသားများနဲ့ တွေ့ ဆုံဖူးခြင်း...
မင်္ဂလာပါရှင်~~~~
ကျမအတွက်တော့သတင်းစာထဲမှာပါတဲ့အကြောင်းအရာ၊လူတွေနံမည်တွေဟာ၊ တကယ်ဘဲစာတွေထဲမှာရှိ
တဲ့အရာလို့ မှတ်ယူခဲ့တာပါဘဲ..။ကျမတို့ နေတဲ့မြို့ လေးကိုသတင်းစာကလည်း နေ့ တိုင်းလာဝေတာမှမဟုတ်
တာ..။(ခုတော့မသိဘူး..ခုခေတ်သတင်းစာဆိုတာလစဉ်ယူဖို့ နေနေသာသာ၊ဖတ်ရကောင်းမှန်းတောင်မသိ
တော့ပါဘူး...အမှန်အတိုင်းဝန်ခံရရင် မမြင်ဘူးတာတောင်ကြာပေါ့..အိမ်ကလည်းမယူတာ ဆယ်စုနှစ် တခု
တောင်မကတော့ ..ဘူးတဲ့)သတင်းစာတခါလာရင် အထပ်လိုက် ၅ရက်စာ တပတ်စာ ဒီလိုလာတာလေ..။ ဖတ်ဖို့ တောင်ခက်ခဲနေတာ...။ အဲဒီအထဲကပါတဲ့ အကြောင်းအရာကလည်း ထူးဆန်းစွာနဲ့  ကျမတို့ ဖြစ်နေ တဲ့ အကြောင်းအရာတွေနဲ့ လုံးလုံးကြီးဆန့် ကျင်ဖက်..ရှင့်...။(ဘယ်နေ့ ကို...ဘာအစည်းအဝေးကြီး ကို..ကြိုဆိုထောက်ခံသောအားဖြင့် ပြည်သူတွေကတပျော်တပါးကြီး သန့် ရှင်းရေး၊သစ်ပင်စိုက်၊မြောင်းရှင်း ကြပါသည်..ဆိုတာမျိုးတွေလေ..တကယ်တော့တအိမ်တယောက်မလာမနေရ သူကြီးအမိန့် နဲ့  ကိုယ့်ပေါက် တူးကိုယ်ဘယ်လာရန် မနက် ၆နာရီအရောက်..ဒီလိုနဲ့ ဒေါ်မီးတို့ အိမ်မှာ ကျားကျားယားယား ဆိုလို့  ဆြာမ ငယ်ငီးငီးဘဲ ရှိတော့ ပေါက်ပြားသေးသေးလေးထမ်းပြီး သွားခဲ့ရတာ... တလမ်းလုံး တပျော်တပါးကြီး ရွတ် ဖတ် ကျိန်ဆဲခဲ့ဖူး တယ်လေ ...ဟင်း..) ဒီတော့ ဒေါ်မီးစိတ်ထဲမယ် သတင်းစာဆိုတာကိုယ်တို့ နဲ့ မနီးစပ်တဲ့  တခြားကမ္ဘာ ကလိုပါဘဲ...။ကဲပါလေ.. ကျမပြောတဲ့သတင်းစာကတော့၊ ဟိုး..ကာလတခု ကဆိုပါတော့...။
အဲဒီအချိန်ဆိုရင် သောင်းကျန်းသူရွှာမီးရှို့ လို့ ၊မှောင်ခိုကုန်တွေဖမ်းမိလို့ ...ဘယ်အဖွဲ့  (နံမည်တွေကလည်း A ကနေ Z အထိရှိတယ်.၊ အဖွဲ့ တွေလည်းအများကြီး နံမည်တွေလည်း အမျိုးမျိုးဘဲ)...က ဘယ်သူ ဘာညာ နံမည်တပ်တပ်ပြီး ရေးတာတွေလည်း ဖတ်ဖူးမြင်ဖူး ကြတာပေါ့...။ ဘယ်မူးယစ်ရာဇာ ဘာညာ ဘယ်
ဘယ်ကောင် ဘယ်ဝါ..ပေါ့...(ဟွန့် ....နောက်တော့ သာ.. ဦးတွေဘာတွေနဲ့  ရိုသေတတ်ပါတယ်....။
တော်သေး တယ်..သတိုးသီရိ..မဟာ ဘာညာကွိကွ ဘွဲ့ တွေမပေးလို့ ..) အမှောင်ကမ္ဘာကလူ၊(ဒါဆိုရင် ဂုဏ်ပုဒ် ထင်းကနဲမြင် သာအောင်ပါတယ်)၊အလင်းရောင်နယ်ကလူ(ဒါကြတော့ ရာထူးတွေနဲ့ ပေါ့..)
အဟဲ....ဂလိုလူသားများနဲ့ ဒေါ်မီး ဘဝတကွေ့ မှာခဏတွေ့ ဖူးခဲ့ကြတယ်...သိလား...^_^
အရင်ဆုံးတော့...ကျောင်းတက်စဉ်ကာလက...အတန်းထဲမှာ ကောင်လေး တစ်ယောက်ရှိတယ်...။ စကားလည်းသိပ်မပြောဘူး။ ခပ်တည်တည်နဲ့ နေတတ်တယ်။ ကျောင်းကပျော်ပွဲစားထွက်တော့မှ 
စကားပြောဖြစ်တယ်...။အဲ....သူ့ အဖေက ဝန်ကြီးတဲ့...(ထိုင်းဝန်ကြီးဟုတ်ဖူး..ဟာ..ဗမာဝန်ကြီးလည်း ဘယ်လိုလုပ်ဖြစ်မှာလဲ စုတ်တီး စုတ်ဖတ်ကျောင်း ဘယ်....ကိုယ်တို့ ရွှေနိုင်ငံကဝန်ကြီးသားသမီးတက်မလဲ
လာမေးနေသေးတယ်...။သိက္ခာကျတယ်နော်... @_@ ) သူကနံမည်ဘဲပြောတာပါ...သူပြောတဲ့နံမည်
ကကြားဖူးနေတယ် ထင်နေတာ နောက်မှသတိရတယ်..သတင်းစာထဲမှာမြင်ဖူးနေတာကိုး....စော.....
ဘာညာဘာညာ...ပေါ့...။သူကမိုင်းထိဖူးတော့ နှာခေါင်းအသားပဲ့သွားဖူးတယ်။ ပြန်ချုပ်ကပ်ထားတော့
အမှတ်တမဲ့ ကြည့်ရင်နှာခေါင်းက ၂ထပ်လို့ ထင်ရတယ် ..ကျမသူ့ ကိုခေါ်တာ နှာခေါင်း၂ထပ်နဲ့ လူ.. :P
ခု....ဘယ်ဆီဘယ်ဝယ်ရောက်လို့ ဘယ်ဘဝမှာဘာကြီးဖြစ်နေကြာင်း!!!!!
နောက်အလုပ်လုပ်တော့ Mအမအပ်ပေးတာ၊ ကျိုင်းမယ်မြို့ က ဗိုလ်ချုပ်(သူတို့ ထိုင်းနိုင်ငံက အရှေ့ ၊နောက်၊
တောင်၊မြောက် ဆိုပြီးတိုင်းကြီးတွေခွဲထားပြီး တိုင်းဒေသအလိုက်အကြီးဆုံးစစ်ဗိုလ်ချုပ်တယောက် ရှိတယ်)
ကျမဝင်လုပ်တဲ့ကုမ္မဏီက တောင်ပိုင်းဒေသ အကြီးဆုံးဗိုလ်ချုပ်မိန်းမရဲ့ ပိုင်ဆိုင်မှု့ တခုပေါ့...။
တောင်ပိုင်းဆိုတော့ မြန်မာနိုင်ငံနဲ့ နယ်နမိတ်ထိစပ်နေတာလေ...မဲဆောက်၊မယ်ဆိုင်..အများကြီးပါ...။
ဒီတော့နယ်စပ်မှာရှိတဲ့လက်နက်ကိုင်တွေအဖွဲ့ အစည်းတွေနဲ့ နဲ့ သူတို့ နဲ့ ခင်မင်ရင်းနှီးကြတာမဆန်းပါဘူး.။ သူ့ မွေးနေ့ ရောက်တော့ ဝန်ကြီးဝန်ကြား (ဝန်ကြီးက ထိုင်းဖက်..ဝန်ကြားက နယ်စပ်ကလေ..အဟဲ... 
ကိုယ်ကဒီလို ရှုပ်ထွေးကြမှာစိုးလို့ ခွဲခြားပြီးရေးပြတာပါ...ရှမ်းမက အသုံးအနူံးသေချာအောင်ရွှေးရတာ အမောရှင့်...)အများအပြား တက်ကြရောက်ပါတယ်...။ 
ဗိုလ်ချုပ်အိမ်လည်း ၂လုံး ၃လုံးတောင် ရှိတော့ နယ်ကလာတဲ့လူတွေ အတွက်တည်းခိုဖို့ လည်းသူ့ အိမ်
ကိုတောင်ပေးထားပါတယ်။ ဧည့်သည်တွေရတနာဆိုင်ကိုလာလည်တော့...နယ်ခြားကလာတဲ့ပုဂ္ဂိုလ်ကြီး
တယောက်ဟာ ကျမတို့ ဝန်ထမ်းတွေ ကိုလာစကားပြောပါတယ်။ကျမတို့ ဝန်ထမ်းတွေအားလုံးကို 
ထိုင်းလို့ ဘဲမှတ်ယူတာလားမသိဘူး...။ အီးဂလိတ် လိုလာမှုတ်ပါတယ်.။ဟေး..."တူးယူနိုးဟူးအိုင်အမ်"...
တဲ့...။ထိုင်းမ..ဆိုတာ...နံမည်နဲ့ လိုက်ပါတယ်..ထိုင်းတယ်လေ။မဖြေကြပါဘူး..ဒီအတိုင်းကြည့်နေကြတာ.။
လျှာရှည်မယ်ငီးကို..ဘယ်မှီလိမ့်မတုံး... "အိုင်တုံးနိုး"...(အိုးလာလား..ပြောရအရသာရှိ...) သိမှမသိတာကို လာမေးနေသေးတယ်ပြောစရာရှိပြောပါ့လား..နော့်...။ "အိုင်....မီးနီးစတား..စော.ဘာညာဘာညာ"...တဲ့၊ 
အော်..နှာခေါင်း ၂ထပ်ရဲ့ အဖေပါလား....။အရပ်ကတော်တော်ပုပါတယ်...။အဲဒီခေတ်က ပါးဖောင်းဖောင်း လူကြီးပြီးရင် သူက ဒုတိယလေ...။သတင်းစာထဲအမြဲပါတတ်တဲ့နံမည်တခုပေါ့..။
နောက်လူတယောက်ကတော့ အဲဒီတုံးက သူ့ မိသားစုနဲ့ တွေ့ ဖူးရင်းနှီးဖူးခဲ့ပေမဲ့၊ အခုမှသူ့ နံမည် ကို မြန်မာ
ပြည်က သတင်းစာထဲမှာခဏခဏဖတ်ရနေရတတ်တယ်။ သူ့ ကိုကျတော့ ကျမရဲ့ ကော်ပီကူးတဲ့ဆိုင်မှာပေါ့။
အမြဲအမှတ်ရနေတယ်..။လက်ထောက်တွေဘာတွေရလာတော့ ကောင်လေးက အလှုမီနီယံမှန်ဆွဲတံခါးကို
မနက်မနက်အသေပြောင်နေအောင်တိုက်တယ်လေ..။ပြောင်လက်နေတာပေါ့...။ဆရာဝန်လားဘာလား
တော့မသိဘူး သူ့ နဲမည်ရှေ့ မှာဒေါက်တာ ဆိုပြီးထဲ့ထဲ့ခေါ်တယ်..။သူဆိုင်ကယ်နဲ့ လာတယ်..။ဆိုင်ကယ်
ဦးထုပ်ကိုမချွတ်တန်းဆောင်းပြီးဆိုင်ထဲဝင်လာတယ်..။ပြီးပြန်ထွက်တာတံခါးကိုမဆွဲဖွင့်ဘဲ ဒီအတိုင်းထွက်
တယ်လေ သူ့ ဦးထုတ်နဲ့ မှန်တံခါး ညားကြတော့ ခွိုင်း..ကွိုင်း..ဒုန်း ဆိုတဲ့အသံတွေပြီးနောက် မှန်တွေလည်း အစိတ်စိတ်အမွှာမွှာ...ကွဲလေရော...။စာရင်းချုပ်တော့ ပြန်လျှော်ရတာပေါ့.ရှင်.။သူ့ မှာသမီးမိန်းခလေး ၃  ယောက်လားရှိတယ်.။ Sunday school အမြဲလာတတ်လို့ သိတာပါ။သူလည်း ကချင်လူကြီးတယောက်
လွှတ်တော်ထဲဝင်ဖို့ ဆိုလား ပါတီထောင်ဖို့ ဆိုလား...အလုပ်တွေရှုပ်နေတယ်တဲ့..။
နောက်ညီအမ၂ယောက်...ကျမနဲ့ ကုမ္မဏီအတူတူအလုပ်မလုပ်ဖူးပါဘူး...။ဒါပေမဲ့ နယ်ပယ်တခုထဲမှာမို့ 
တွေ့ ဖူးခင်ဖူးမြင်ဖူးတာပါ။ နောက် ကျမဒုတိယပြောင်းတဲ့ ကုမ္မဏီမှာသူတို့ အလုပ်အကြာကြီး လုပ်ခဲ့ဖူး တယ်တဲ့။ ဆယ်စုနှစ်တခုကျော်ကျော်လောက်မတွေ့ မိကြဘဲ..ရန်ကုန် ကျမအလုပ်လုပ်တဲ့နေရာမှာ
မမျော်လင့်ဘဲ တွေ့ လိုက်ကြတယ်...။သူတို့ က ခပ်တည်တည်နဲ့ ထိုင်းကလာတာပါလို့ ပြောလိုက်လို့ တွေ့ မိ
တာပါ..။ ကျမကိုလည်းတွေ့ ရော...စကားတောင် ၃ ခွန်းပြည့်အောင်မပြောတော့ဘူး. .ပြေးလိုက်တာ တန်းနေတာဘဲ...။ ခုတော့ ရန်ကုန်မှာ ရေပေါ်ဆီလူတန်းစားထဲမှာနံမည်ကြီး...ဂျာနယ်သတင်းတွေထဲမှာ ခဏခဏဓါတ်ပုံတွေပါလာလို့ ...အိုး..တကယ် လွှတ်တော်တွေဘာတွေထဲတောင်ပါနေတယ်တဲ့....။
ဂလိုဂလို.. :P(စကားကိုတောင်အမှန်မပြောရဲဘူး..အတိတ်ဘဝကိုလည်းမဖော်ရဲဘူး..)
ဒါပေမဲ့...ဟင်းဟင်း..ခေါင်းဆောင်တန်းဝင်တယ်ဟေ့...ရူးတိုးတိုးနော်...ဒေါ်မီးပြောတာလို့ ပြောနဲ့ ^_^
ကျမရဲ့ ဒုတိယအလုပ်တခုလည်းကျောက်မျက်ရတနာရောင်းတဲ့ နေရာတခုပါဘဲ.အဲ့မှာ နှစ်နဲနဲကြာသွားတာ။
ကျောက်မျက်ရတနာဆိုပေမဲ့ကြေးထည်ကြေးရုပ် ကျောက်စိမ်း ယွန်းထည် ရှေးဟောင်းပစ္စည်း အစုံပါဘဲ..
နိုင်ငံခြားသားခရီးသွားတွေကိုအဓိကရောင်းတဲ့နေရာမှာပေါ့...။ တနေ့ နေ့ tour bus တွေအနဲဆုံး ၁ဝ စင်း ကျော်နဲ့ တခြားကားအငယ်တွေအများကြီးလာတယ်..။တနေ့ ကို ဧည့်သည် ရာချီထောင်ချီရောက် တဲ့နေရာတွေပေါ့...။ကျမတို့ နေတုံးကဆိုဈေးရောင်းတဲ့လူချည်းဘဲ ၅ဝကျော်ရှိတယ်..။ဘာသာစကား အလိုက်ခွဲခြားထားတယ်..။မနက်အလုပ်ထဲရောက်ကတဲက ရောင်းလိုက်တာ ညနေ၅နာရီအထိမပြတ်ဘူး..။
ကော်မရှင်နဲ့ လခရတယ်လေ ဘာသာစကားများများတတ်လေ များများရောင်းရလေ လခကောင်းလေပေါ့။
အဲဒီမှာ အပေါင်းအသင်းတွေအစုံတွေ့ ခဲ့ရတယ်..။ ပြင်သစ်ဂိုက်မလေးတယောက်(ထိုင်းမ) ဗမာစကား 
ကောင်းကောင်းတတ်တယ်။ သူခေါ်လာရင် ပြင်သစ်စကားပြောတွေပေါ့..ဧည့်သည်အစုံပါဘဲ..တခါခါ
ကျွန်းနိုင်ငံကလည်းပါတယ်..။သူတို့ က ပြင်သစ်ကိုလိုနီဆိုတော့ ပြင်သစ်စကားပြောတာကိုး။
တခါကျတော့(သူ ဧည့်သည်ဆိုရင် ကျမကကြည့်စရာမလိုဘူး၊ကျမက E နဲ့ ဂျာမာန် ဘဲပြောတာ ပြင်သစ်က လူသိပ်များမှနဲနဲပါးပါးလိုက်တာလေ..)သူက မန်နေဂျာဆီ ကျမကိုနံမည်နဲ့ ခေါ်ပြီး လွှတ်ခိုင်းတယ် ...။
သူ့ ဧည့်သည်ကို အဝေးကနေ လှမ်းကြည့်လိုက်တော့လည်းမဲမဲသည်းသည်းကြီး...။ဧည့်သည်တွေရောက်ရင် စက်ရုံကိုအရင် ဝင်ကြည့်ကြတယ်လေ...။ပြီးမှ တခုချင်းဆီလိုက်ရှင်းပြ ကျောက်စိမ်းတွေရုပ်ထုလုပ် တဲ့နေရာအထိခေါ်လာ၊နောက်အပေါ်ထပ်ကအရောင်းခန်းထဲခေါ်လာပြီးဈေးရောင်းတာပေါ့...။
သူ့ ဧည့်သည်ကို ကျမထင်တာက ကျွန်းနိုင်ငံသားလို့ ထင်တာပေါ့...လူမည်း၊(တချို့ ကမမည်းတမည်းလေ)။ ဒီတော့ ကျမသူငယ်ချင်းနာမည်က ထိ့တာ(မြန်မာလိုသီတာ) ကျမသူ့ ကိုဗမာလိုဘဲပြောတာလေဟေ့ကောင် ထိ့တာ...နင့်အမည်းကောင်ကြီးပြင်သစ်စကားပြောကို ဘာကိစ္စနဲ့ နင်ကငါ့ကိုခေါ်ရတာလည်း ဘလားဘလား နဲ့ nonstop  မယ်ငီး ပြောနေတာ...သူက မီးမီးနင်...ဟီးဟီး..ဆိုပြီးရီလိုက်သေးတယ်..။ 
ထိုင်းလို တော်တော့ တော်တော့..ဒါဘဲပြောနေတာ...။ နောက်သူကမိတ်ဆက်ပေးတယ်လေ..
ကျမသူငယ်ချင်းမီးမီးပါတဲ့.ဗမာလို..အဲတော့...ကဲ...မျက်ခွက်ကြီးဓါးနဲ့ လှီးထုတ်ပစ်ချင်ထှာ၊
သူတို့ က ခရီးသွားကုမ္မဏီကြီးတခုရဲ့ ပိုင်ရှင်တွေတဲ့  သူတို့ ကုမ္မဏီနဲ့ ဆက်စပ်ပြီး ရန်ကုန်မှာ နောက်ထပ် ချဲ့မဲ့အစီအစဉ်တွေအတွက်လာတာတဲ့ ထိ့တာတို့  သူဋ္ဌေးရဲ့ စပယ်ရှယ်ဧည့်သည်ဆိုဘဲ...။ဝယ်ဖို့ တော့မ ဟုတ် ပါဘူး...ဦးတို့ ကလုပ်ငန်းသဘာဝကိုလာလေ့လာတာပါတဲ့...။ အဲဒီ..ဦးကြီးတွေကလေ...အသားက
လည်းသပိတ်ရောင်နီးပါးဆိုတော့ သမီးလေး မယ်ငီး နားလည်မှု့ တွေလွဲကုန်တာပေါ့...လို့ .နောက်ထိ့တာ 
ပြောတော့ လမ်းမှာ ကတော်ကတော်လို့  အသံထွက် အော်တတ်တဲ့ အမျိုးအစားနဲ့ တူတဲ့လုပ်ငန်းများစွာ
တွေကိုလည်း  ကိုယ်တိုင်ကွင်းဆင်းပြီးဆောင်ရွှက်တော် မှုတယ်တဲ့။ ရန်ကုန်ပြန်ရောက်တော့သတင်းတွေ ဂျာနယ်တွေမှာ ဦးကြီးတို့ ကိုတွေ့ ဖူးသွားတယ်...။
tour (ဥရောပတိုက်သားအဓိက)ပိုင်ရှင်...နံမည်ကြီးတွေဘဲ ဟီးဟီး...ရီရတယ်...ဗြဲ...:)))))
စိတ်ဝင်စားစရာအကောင်းဆုံးကတော့ ၁၉၉ဝ ကျော် တုံးကဘဲ..ဘယ်လောက်လဲတော့မမှတ်မိတော့ဘူး.။
တနေ့ တော့ ဆိုင်မှာလည်းလူတအားများတယ်..ပြေးလွှားရောင်းနေတုံး သူဋ္ဌေးမကြီးအတင်းလိုက်ဆွဲခေါ်
တယ်။ဇင်းမယ် မြို့ ဝန် နဲ့ စစ်တပ်ကလူကြီးတွေဖုံးဆက်လို့ တဲ့...နင်တို့ ဆီကလူကြီးလာမလို့ ..မီးမီး..
သမီးရယ် ဧည့်သည်ကိုကောင်းကောင်းဧည့်ခံပေးပါတဲ့...။(သူဋ္ဌေးမ ၃ယောက်ရှိတာ သူက အကြီးဆုံးလေ ဇင်းမယ်မှာနံမည်ကြီးပေါ့ သူတို့ တရုတ်ကုန်သည်ကြီး အသင်းမှာ သူကခေါင်းဆောင် တန်းမှာ ရှိတယ်။ မယ်ငီးကိုလည်းတော်တော်ချစ်တယ်...ဧည့်သည်ကြီးတွေဆိုရင် ကြည့်ခိုင်းတယ်)။ ဒါပေမဲ့ဧည့်သည်ကြီးတွေ
ဆိုတာက ပစ္စည်းမဝယ်တတ်ဘူး။ ဒီအတိုင်းဘဲရှောက်ကြည့်တာဘဲရှိတယ်..။ဒီတော့ ကိုယ်တို့ နဲ့ မကိုက် ဘူးလေ..။ကိုယ်တို့ ကရောင်းမှကော်မရှင်ရတာကိုး...။ ဒါပေမဲ့ငြင်းလို့ မှမရတာကိုး...မျက်နှာသိပ်မကြည်စွာ
နဲ့ ရွှေဧည့်သည်ကြီးတွေကို အလုပ်ရုံမှာ သွားမြော်ရပါတယ်။ လာပါပြီလေ...စစ်ကားတွေတတန်းကြီးပါဘဲ။
ထုံးစံအတိုင်း မယ်ငီး အနှီလူကြီးကို မမြင်ဖူးပါဘူး...။ရင်ဘတ်ကနံမည်ကဒ်ပြားလေးကို မသိမသာလေးဖွက်
ထားတယ်..ဟီး...မီးမီး..ဆိုရင်..သူတို့ သိကုန်မှာတော့ ..ကိုယ်က တောင်ကျော် TG လေဟာ..:)
နောက်ကလူတွေတတန်းကြီး ပြုံးပြုံးကြီးတွေနဲ့ ...ကိုယ်လည်း ကိုယ့်ရဲ့ ယုန်သွား ၃၂ ချောင်းပေါ်အောင်၊
ဖြီးထားရပါတယ်..။ အဟမ်းဟမ်း..ဟယ်လို..ဂွန်ထမောနင်း..ဂျင်းထရယ်မန်း...ဝဲကမ်းတူ အာဝါ ဖက်ထရီ..
ဘာညာ..ကစလို့ မိုက်လေးကိုင် ဘိုလိုမှုတ်ပြီး ကြိုဆိုလိုက်ပါတယ်။ အဲ..လူကြီးက ချောတယ် ဖြူတယ်
ရုပ်သန့် သန့် လေးပါ အဟီး ဘာပြောပြောသိုင်းကျုးကလွဲပြီးဘာမှကိုပြန်ပြောဘူး။ ကြေးထည်တွေကြည့်ပြီး
တော့ ယွန်းထည်တန်းဖက် ကျောက်စိမ်းစက်ရုံဖက်ရောက်လာတယ်။ ဒါတွေ တို့ ဆီမှာလည်း ရှိတာပေါ့...။
ကျမကိုမပြောပါဘူး..သူ့ နောက်ကလိုက်လာတဲ့ လူတွေကိုပြောတာပါ ။
ကျောက်စိမ်းစက်ရုံ မှာ မြန်မာနိုင်ငံမြေပုံတခုရှိတယ်။ အဲဒီမြေပုံက ရွှေပြည်ကြီးရဲ့ ဒေသတွေမှာတွေထွက်   
သလဲ..ဆိုတာပြတာပါ။ကျိုင်းတုံမှာကျောက်စိမ်း၊ပတ္တမြားထွက်တယ်တဲ့...။ထိုင်းတွေ...ရေးချင်ရာရေး
တာဘဲ..။ အဲဒါကြည့်ပြီး သူတို့ တွေဝိုင်းရီကြတယ်လေ။ နောက်အရောင်းပြခန်းရောက်တော့ လက်ဝတ် ရတနာတွေလိုက်ကြည့်ပြီးတနေရာရောက်တော့ သူရပ်ပါတယ်။သေသေချာချာကြည့်ပြီးမှ သူ့ နောက် မကမ်းမလှမ်းမှာ အသင့်စောင့်နေတဲ့ သူကို(နံမည်တောင်နဲနဲမေ့နေပြီ) မျိုးဝင်း..ဆိုပါတော့ ဟေ့ မျိုးဝင်း
ဒါပါလဲကွ လို့ မေးတယ်... လူငယ်တယောက် ပါဘဲ..သူက ကျမကိုအရမ်းပီသတဲ့ ထိုင်းလို နဲ့ မေးပါတယ်။ ကျမလည်း English လို black onyx လို့  မပြောဘဲ ထိုင်းလို"နိမ်း"  ဖြေလိုက်ပါတယ်...။သူတကယ်
တော်တယ်..တိုင်းမူးခင်ဗျား..မဟူရာပါတဲ့။တချို့ ဆို ကိုယ်နဲ့ မဆိုင်တဲ့ နယ်ပယ်ကအခေါ်အဝေါ်အသုံး
အနှုံးတွေဆိုမသိကြ ဘူးလေ...။ တို့ ဆီမှာလည်းရှိတယ်ကွဲ့ .ဒါပါဘဲသူတို့ တွေအားလုံးဒါဘဲပြောတယ်.။
အဲဒီအချိန်မှာပြင်သစ်ဘတ်စ် ဂျာမဏီဘတ်စ် တွေ ၂ စင်းရောက်နေတာ..မယ်ငီးရောင်းချင်နေထှာ
တပိုင်းကိုသေလို့ ..တချက်ချက်သူဋ္ဌေးမကိုလည်း  ချောင်းကြည့် နေရတယ်.သူက စောင့်ကြည့်နေတာ
ကျမသေသေချာချာမရှင်းပြမှာစိုးလို့ လေ ရှေးဟောင်းပစ္စည်းတွေထားတဲ့ အခန်းရောက်တော့မယ်ငီး
နဲနဲချွန်ပေးလိုက်ပါတယ်....။
Most of antique are from Burma,I have no idea how can we find in Thailand many 
Burmese antiques.We can sell a lot, western people like it very much.
ဘလားဘလားဘလား..နဲ့ ပြောတာပေါ့ ရတနာအခန်းထဲမှာလည်း မြန်မာ့ပတ္တမြား ကကမ္ဘာမှာ အကောင်း ဆုံးလို့ ပြောပေးတော့သူ့ နောက်လိုက်ဦးလေးကြီးတွေက ပြောကြပါတယ် ....
we are from Burma....we know it...တဲ့ ....ဟိ... ။
အပေါ်ဖက်ရောက်သွားတော့ မယ်ငီးလည်း စောင့်ကြည့်ခြင်းကနေလွှတ်ကင်းသွားတာနဲ့ သူတို့ ကို စိတ်မဝင်စားတော့ဘူး..။ပြင်သစ်တသိုက်ကို bonjour နဲ့ ပြောဆိုပြီး ဈေးခိုးရောင်းပါတယ်...အဟဲ..။
သူများပိုက်ဆံပေးတော့ ကောင်တာကိုမသွားရဲဘူးလေ..အနားကထိုင်းမတွေနဲ့ လှည့်ပတ်ညာခိုင်း၊
ဂျာမာန်တွေကို လည်း အိုင်းစွမ်းသရိုင်းနဲ့ ပစ္စည်းရောင်းလိုက်သေးတယ်...။ တချက်ချက်ဦးကြီးတွေကိုလည်း အစွမ်းကုန် သွားဖြီးထားပေးရတယ်။ ဒီတခါ ဦးကြီးတွေလေ...မယ်ငီးကို သေသေချာချာကြည့်ပြီး ဒီကောင်
မလေးတကယ်လည်တယ် တကယ်တော်တယ်တဲ့ ..ဟား..ချီးကြူးခြင်းခံရတယ်..သိလား...@_@
နောက်သိုင်းကျုးပေါင်းမြောက်များစွာပြောပြီး ပြန်သွားတယ်..သူ့ နောက်ကလိုက်နေတဲ့ မြန်မာတွေသာ
ဘာမှမပြောတာ...ထိုင်းပုပုလေးတယောက်(ဒီလူထိုင်းလူကြီးတွေလာတိုင်း အမြဲပါလာတတ်တယ်။  
မြင်ဖူးကြပါလိမ့်မယ်ဗမာစကားပြောတာများပီသလိုက်တာ.) ချက်ချင်းကျမအနား ကပ်ပြီး မေးပါတယ်.. မင်းဘာလူမျိုးလည်း ထိုင်းတော့ မဟုတ်ဘူး..တဲ့..မင်းအီးဂလိတ်စကားကထိုင်းနဲ့ မတူဘူးတဲ့...။ 
တကယ်လည်တယ်..ဒီလူ..။(ဘယ်တူမလဲ ...မြန်မာအီးစကားပြောမတူအောင်ပြောတာကိုးစကားပြော
သင်ဖူးတာ suriwong book  center chiang mai က အယ်ဒီတာ အင်္ဂလိတ်တယောက်(သူက အမေရိကားမှာကြီးတာ ဆရာပြောပြတယ် နေရာဒေသအလိုက်ဘယ်လိုဝဲကြသလဲဆိုတာလေ..)    သူ့ ဆီမှာသင်ဖူးတယ်M အမအပ်ပေးတာလေ..။နောက်တော့ AUA မှာညကျောင်းတက်တယ်လေ...။
အလုပ်မှာလူပေါင်းစုံနဲ့   ပြောတော့နိုင်ငံအလိုက်ဝဲတာကိုလိုက်တုပြီးပြောကြဟားကြတာ..အရသာ...။ 
တကယ်တော့ မြန်မာဖြစ်ပြီး အင်္ဂလိတ် စကား မြန်မာ လိုဝဲတာ ရှက်စရာ မဟုတ်ပါဘူးလေ ..ကိုယ်က ရှမ်းမဆိုေ တာ့ရှမ်းသံဝဲတာလည်း ရှက်ပါဘူး) ဒီတခါထိုင်းထောက်လှမ်းရေးကသာသွားပြီနော်..:)  
အော်...လူကြီးနံမည်.. .ပြောပြီးပြီ လို့  ထင်နေတာ.. သူကအဲဒီတုံးက ရှမ်းပြည်ကတိုင်းမှုးတဲ့  ဇင်းမယ်ကို အစည်းအဝေးလာတက်တာ နယ်စပ်ကနေလာတာတဲ့  ချစ်ကြည်ရေးတွေ စတင်နေတဲ့အချိန်နေမှာပေါ့.. သူ့ နံမည်က တလုံးထဲလေ....ကဲသိပြီဟုတ်လား.....။
စကားမစပ်(တကယ်ဆို အတင်းဆက်စပ်ပြီးပြောတယ်လို့ မှတ်ပါရန်..:P ) ဒီနေ့ ကြက်သားဟင်းချက်တာ အာလူးလေးရော မဆာလေးထဲ့နဲ့ ..အရမ်းအရသာရှိတဲ့ဟင်းတခွက်ရသွားတယ်။ ဒီလိုဘဲ..ဒီနေ့ လည်း
အာလူး ဘူးသီး မီးပူ ငါးခု လူထု..ရောသမမွှေလိုက်တော့....ဖတ်လို့ ကောင်းသွားပြီနော်....
(အင်း...ဒါလည်း သူများအတင်းတုပ်နည်းတခုပါဘဲလေ...မယ်ငီးအကျင့်မကောင်းတော့ဘူးနော်.. :(  )
မီးမီး
နောက်တခါကျရင်နောက်တခြားနိုင်ငံက သတင်းစာလူတန်းစားအကြောင်းပြောချင်ပါသေးတယ်လေ....
Wednesday, July 24, 2013
ဇင်းမယ်ကမန္တလေးဘူတာရုံနဲ့သူတို့တသိုက်..
မင်္ဂလာပါရှင်~~~~
ညနေရာသီဥတုကောင်းတဲ့အချိန်၊ကျောင်းမတက်ရတဲ့အချိန်၊အားလုံးကအားလပ်နေတဲ့အချိန်ဆိုတာ..၊
တော်တော်နဲ့အခွင့်မသင့်ခဲ့ပါဘူး..။တနေ့ညနေခင်းမှာတော့ ကလေးများအားလုံးရဲ့ဆရာမကလည်း၊
တိုက်တွန်းတယ်..။ခလေးတွေစက်ဘီးစီးထွက်ချင်နေကြတယ်.ခေါင်းဆောင်လေးဘာလေးလုပ်ပေးလေတဲ့။
အထက်ကပုဂ္ဂိုလ်ကိစ္စ သူတာဝန်ယူမယ်တဲ့..။အော်...ခွင့်ပြုမိန့်တင်ပြရအုံးမယ်လေ...။
ခလေးတွေလည်း ငယ်သေးတယ်။သူများနေရာမှာ သိပ်ပြီးလပ်လျားလပ်လျားနဲ့
လမ်းမပေါ်တက်ကစားနေလို့မဖြစ်ဘူးလေ...။
ခလေးအားလုံးကလည်း သွားဖို့အဆင်သင့် ဒေါ်မီးအားချိန်ကိုချောင်းနေကြရှာတာ..။
Mအမက စည်းကမ်းကြီးတယ်။ လူတအုပ်လုံး သူများနိုင်ငံမှာကျွေးထားရတယ်ဆိုတာကလည်း၊ 
တကယ် မလွှယ်တဲ့ကိစ္စပါဘဲ။သူမပြန်လာခင် သူ့အမေ(ခလေးတွေရဲ့အဖွား)ကို 
နားလည်မှု့ယူပြီးသွားကြမှာလေ..။အမကဘာဘဲဖြစ်ဖြစ်ပြသာနာမဖြစ်စေချင်ဘူး..။ 
ဒါကြောင့်သူပြန်လာမဲ့အချိန်ကိုမှန်းပြီး အရောက်ပြန်လာ ပါ့မယ်ဆိုတဲ့၊ဂတိတွေတလှေကြီးပေးပြီး 
သကာလ ဒေါ်မီးတယောက်ခလေးတသိုက်နဲ့စက်ဘီးစီးထွက်ကြပါတယ်...။
အိမ်နှဘေးကလမ်းသွယ်လေးကနေထွက်ပြီး လမ်းကြိုလမ်းကြား၊လမ်းမြောင် 
(ထိုင်းမှာနေဖူး တဲ့သူတွေဆိုရင်သိကြမှာ၊အဲ့မှာတကယ် လမ်းသွယ် လမ်းကြား လမ်းမြောင် 
အတန်မတန်ပါတယ်ဗျား..) ကနေဖြတ် သွားကြမယ်။ လမ်းမကြီးပေါ်လုံးဝမတက်ပါဘူး ဆိုတဲ့
ဂတိကလည်းရှိသေးတယ်လေ...။
အိမ်ကလမ်းမတန်းဖက်မျက်နှာမူထားတာ...။ဒေါ်မီးလည်းသိပ်နယ်မြေကျွမ်းကျင်တာမဟုတ်..။
ခလေးဗိုလ်ဆိုတော့သိပ်မလိုဘူးလေ..စက်ဘီးစီးရင်း..လမ်းကဆုံးသွားတာလည်းရှိတယ်။ ပြန်လှည့်ပြီး
ဟိုဟို ဒီဒီသွားရင်းနဲ့ဘူတာရုံဖက်ကိုရောက်သွားပါရောလား...။ ဘူတာရုံဆိုတာကလည်း ကျမတို့ဆီကလို
ခြံစည်းရိုးတွေဘာတွေကာပြီး ဝင်ကြေးကောက် အိပ်ကပ်ထဲထည့်..အဲလိုမပြောပါဘူးလေ...အဟဲ...အော်..
ခြံစည်းရိုးမရှိဘူးပြောမလို့ပါ..ဒီအတိုင်း ကူးလူးသွားလို့ရတယ်..။လမ်းပေါ်ကနေလှမ်းမြင်နိုင်တယ်..။
ဒီတခါတော့ ခါတိုင်းနဲ့မတူ..လူတွေနဲနဲများနေသလိုဘဲ...ရထားလည်းမဆိုက်ဘဲနဲ့ ဘာလို့လူတွေများ သလဲလို့စဉ်းစားမိသား..။နောက်တော့ အဲနားမှာ ခဏရပ်ပြီး ဘုစုခရုတွေကိုစောင့်ရင်းနဲ့ ဟိုဟိုဒီဒီ ကြည့်လိုက်တော့ လားလား..ဆိုင်းဘုတ်က မန္တလေးဘူတာရုံ  ဆိုပြီးရေးထားတာ..(ယာယီခဏပုံစံ)
အဲ..နောက်ထပ်ပြီးသေသေချာချာကြည့်မိမှ ဓါတ်ရှင်တွေရိုက်နေပါကောလား...။ စိတ်ဝင်စားစရာ..။
ဘိုကားဗျ...ဘိုထီး ဘိုမတွေနဲ့...ရှေးဟောင်းကားပုံစံ၊အဝတ်အစားက စစ်ဝတ်စုံတွေလည်းပါတယ်.။ 
ကိုယ့်အုပ်စုတဲမှာခလေးအကြီးဆုံးက ၁၃ နှစ်ပတ်ဝန်းကျင်လောက်ရှိတယ် သူတို့ ကျမကိုစကားပြော ရင် 
ဗမာလိုပြောတယ်။အောက်က အသေးလေးတွေကျတော့ ထိုင်းလိုပြောတယ် ..။ အချင်းချင်းကျတော့ 
ကချင်လိုမှုတ်ကြတယ်...။ဟေ့..ဒီမှာရေးထားတာ မန္တလေးကွ..လို့ပြောတော့၊ ဟား..ကျမ တို့တသိုက် ရဲ့
ကွီကွ၊အီးအား ပွစိ အသံမျိုးစုံ ကိုကြားတဲ့ဘိုကြီးတွေ ထိုင်းတွေ ဘာလူမျိုးမှန်း မခန့်မှန်း တတ်တော့ ဘူး..။
ပြူးပြီးကြည့်ကြတယ်..သူတို့ကိုကျမတို့စပ်စုတာထက် သူတို့ကကိုယ်တို့ကိုပြန်စပ်စုနေတာနဲ့ 
မနေပြန်ပြေးထွက်လာရတယ်လေ..။အချိန်ကလည်းမရတော့ဘူး...ဟင်း..နို့မို့ရင်..မယ်ငီးတို့တသိုက်
ဟောလိဝုဒ်ဓါတ်ရှင်ထဲမှာ တခန်းမပါလာနိုင်ဘူးလို့ ဘယ်သူပြောနိုင်မလဲ...( လွဲချက်ကယ်နာ :P )
သူတို့ဆီကိုရောက်လာတဲ့သူတို့အမျိုးတွေဆိုရင်လည်းတကယ်စိတ်ဝင်စားစရာကောင်းတယ်..။ကျမသိခဲ့တဲ့
ညီအကို ၂ယောက် သီချင်းဆိုတာအရမ်းကောင်းတယ်။ အဲ့ညီအကိုက ဂျပန်သွားဖို့လုပ်နေတာတဲ့.....။
ထုံးစံကတော့ကြာတာပေါ့.လူကြုံရှိလို့သူတို့အိမ်ကစာပါးလိုက်တယ်။အဲဒါစာလာယူရင်း စကားတွေပြောမိ ကြတယ်လေ.။သူ့အမေကစာထဲမှာရေးထားတာ..သားရေသွားစရာရှိတာလည်းအမြန်လုပ်ပါ၊အိမ်ကနွားနဲ့
အိမ်ခေါင်မိုးသွပ်တွေလည်းကုန်တော့မယ်တဲ့...:)) အဲဒါတွေပြောပြီး တဟီးဟီးနဲ့အော်ရီနေကြတယ်..@_@
နောက်အမျိုးတယောက်လာမယ် ထမင်းစားမယ်ဆိုတော့ မယ်ငီးတို့ဝင်ပြီးကူညီချက်ပြုတ်ရတယ်လေ...။
ရောက်လာတော့..ဟယ်..နင့်တို့ကချင်အမျိုးကလည်း ကုလားရုပ်ကြီး..လို့ပြောမိတယ်..။တကယ်ပါ..
အဲလူကပြောပါတယ်..သူ့ကိုသိလားတဲ့..။ဒီကလည်းအန်မတန်မှတောကျတာ..သိဘူးပေါ့..:)))
မြန်မာပြည်မှာ နံမည်ကြီးတဲ့ အဆိုတော်တဲ့...ဟင်းဟင်း...ဒေါ်မီးတော့ ကိုယ့်အလုပ်နဲ့လုံးချာလိုက်နေတာ
ဓါတ်ရှင်တွေ ဘုတ်အုပ်(ဝတ္တု) တွေဆိုတာ ဘယ်မှာအချိန်ပေးနိုင်လို့လဲ...။ထမင်းစားပြီးတော့ ဂစ်တာတီးပြီး
သီချင်းဆိုပြမှ အော်..သူ့အသံကောင်းမှန်းသိတော့တယ်..။အဟဲ...ဘဲဒီးဆော်ဒီး..အဆိုတော်ကြီးရေ..။
(တလောက နော်ဝေသတင်းတခုမှာတွေ့ရတယ်.သူနော်ဝေမှာရောက်နေတယ်တဲ့။သတင်းထဲမှာ..
သီချင်းဆိုလို့...သိကြလိမ့်မယ်နဲ့တူတယ်..)
နားနားပြီးပြောမယ်...မောမောနေမှာစိုးလို့ဟယ်....:D
ဒေါ်မီး ရဲ့အတွေ့အကြုံတွေ(သူများအကြာင်းတွေရေးချင်ပေမဲ့ ကိုယ့်အကြောင်းဘဲသိလို့..အဟီး) တစုထဲထားကြည့်လိုက်တော့ အတော်များတာဘဲ...
ဟွန့်...ပြာဂလောင်စိန်အတ္တုပတိ..ဘုတ်အုပ်ကြီးထုတ်အုံးမှ ^_^
စကားပြန်ကျမ
အိမ်စာကူးမလားပေးငါးပြား
တခါကစွန့်စားခန်း 
တခါကစွန့် စားခန်း၂ 
လုပ်ငန်းခွင်သို့ ပထမခြေလှမ်း
စာကျက်ဝိုင်းကဆရာမငယ်ဘဝ
အဖေ့သမီးရဲ့ ဘဝခရီးအစခြေလှမ်း
သူစိမ်းနယ်ကြားထဲမှာမျက်စိသူငယ်နားသူငယ်နဲ့ 
ယိုးဒယားတောထဲကကိုယ်တို့ ရွှေနိုင်ငံသားများ
အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
မီးမီး  
Monday, July 22, 2013
ယိုးဒယားတောထဲကကိုယ်တို့ ရွှေနိုင်ငံသားများ...
မင်္ဂလာပါရှင်~~~~
ကျမတို့ နိုင်ငံသားတွေဟာ ရှိတာလေးနဲ့ မဖြစ်ဖြစ်အောင် ကြံဆောင်နေထိုင်လာခဲ့ရတာ၊နှစ်ပေါင်းများစွာ
ရှိပြီလေ..။အားသာတဲ့အချက် တခုကတော့ သူများနိုင်ငံသားတွေထက်အများကြီးကြံရည်ဖန်ရည်ရှိတယ်။
တကယ်ပါ...။
ကျမ ကျိုင်းမယ်ရောက်တဲ့ အချိန်ကာလ ကအခုလောက် မြန်မာတွေသိပ်မများသေးဘူး..။
night bazaar ညဈေး လည်းသိပ်ကြီးမစည်ကားလှပါဘူး၊ဆိုင်တန်းတွေလည်းမပြည့်ဘူး။ ဘယ်ဖက်ခြမ်းက  
ဈေးတန်း အလယ်ခေါင်မှာမြေကွက်လပ်ကြီး အကျယ်ကြီးရှိသေးတယ်။ညာဖက်ခြမ်း၂ထပ်ဆောက်အဦမှာ လည်း ဟောင်းလောင်းကြီး ည ၈နာရီ ၉နာရီကျော်ရင် ခြောက်ကပ်နေပြီ..။ပလက်ဖေါင်းပေါ်မှာ လမ်းလျောက်တဲ့လူလည်းနဲနဲလေးဘဲ..။ခုတော့ လမ်းတောင်လျောက်လို့ မရဘူး၊ဈေးဆိုင်တန်းတွေနဲ့ ၊ အပြည့်ဘဲ..အဲ..ရောင်းချနေတဲ့လူတွေကိုမြန်မာစကားသာပြောကြည့်ပါ...။ ရ၅ % က မြန်မာပြည်က လာ တယ်လို့   ပြောကြတယ်...။ ရှမ်းပြည်ကမွန်ပြည်ကကရင်ပြည်က..သူတို့ အားလုံးကိုမေးရင်မြန်မာပြည် 
ကဆိုတာထက်၊ဘယ်ပြည်နယ်ကလာသလဲဆိုတာဖြေတတ်ကြတယ်..။ကျမလည်းဒီလိုပါဘဲ...။
စါရင်းချုပ်ရင်မြန်မာနိုင်ငံသားတွေပါ..။သိကြပါတယ်..။ဒါပေမဲ့ ဒီလိုဘဲ ဖြေတတ်ကြတဲ့သဘောတွေရှိတယ်
ဆိုတာပြောပြတာပါ...။
ကဲပါလေ.. ပြောချင်တာက အဲဒီခေတ်ကာလမှာ မြန်မာပြည်ကလာတယ်ဆိုတဲ့ လူတွေကို အမျိုးအစားခွဲ ကြည့်ရင် သိပ်မများသေးဘူး...။ခေတ်ရဲ့ စနစ်အရပေါ့ရှင်..ကျောက်မျက်ရတနာအရောင်းအဝယ်၉၅% ကတော့ နယ်စပ်ကနေ..ဒိုးကြတာပါဘဲ..။သတင်းစာတွေထဲမှာရေးရေးနေတာဘဲလေ..မှောင်ခို..တဲ့ :))
အဲဒီမှာ...ကျောက်ကုန်သည်လို့ ခေါ်နိုင်တဲ့ ကချင်ကျောက်စိမ်း၊မိုးကုတ်ပတ္တမြား ဒါတွေလာရောင်းတဲ့လူ၊ အဲ့ခေတ်မှာခေါ်တဲ့ပြည်ပြေးသောင်းကျန်းသူ(အဖွဲ့ တွေလည်းအများကြီး...ရှမ်း၊ကချင်၊ကရင်၊ကရင်နီ၊
ဘာညာဘာညာ...တကယ်ကြီးကို မသိတာပါ)နဲ့ အဓိက ကတော့ရှမ်းပြည်ကလာတဲ့ အလုပ်သမားများ၊
ဒီမှာ ၂မျိုးခွဲလို့ ရတယ်နော့်...။တခုက ကြက် မမ လေးတွေ...(ဟမ် ^_^ သူတို့ ကိုလှတပတနာမည်လေး တပ်ခေါ်တာလေ...မှန်ဘောင်အနောက်မှာအလုပ်လုပ်သောလူတန်းစားလို့ မှတ်ပေးပါရှင်)၊နောက်တမျိုးက
ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲက လူတန်းစားတွေပေါ့..။တခြားအလုပ်လုပ်တာလည်းရှိကြပါတယ်။
ဒါပေမဲ့နည်းတယ်။ကရင်တွေကျတော့အိမ်ဖော်လုပ်တာ များတယ်။ကျမလေ အဲ့မှာနေပြီး နဲနဲလူပါးဝလာ
တော့ ကျိုင်းတုံကလို့ ဘယ်တော့မှ မပြောတော့ ဘူး..။တောင်ကြီးကပါလို့ ပြောတော့တယ်.......@_@
တကယ်ပါ..ကျိုင်းတုံက ရှမ်းမဆိုရင် မယ်ကိုင်(ကြက်မ) ဒါဘဲ ထင်ကြတယ်။ ထိုင်းယောက်ကျားတွေ လည်း
ကမ္ဘာပေါ်မှာ မယားငယ်အယူဆုံးယောက်ကျား လို့ တောင်ပြောလို့  ရတယ်။ ညညသွားသောက်စားပြီး 
အမြှောင်တွေထားတတ်ကြတယ်။ သူတို့ အမြှောင်တွေကြည့်လိုက်ရင် ရှမ်းမ...ဘယ်ကလာသလဲမေးရင် 
ကျိုင်းတုံ..တကယ်စိတ်ကုန်တယ် :(((
အဲ...ပြောရင်းတခုကျန်သွားတယ်။ နယ်စပ်မှာတစ်ခု၊တစ်ကျပ်သား၊တပဲသား ကိုကျပ်ရာဂဏန်းလေးနဲ့ ဝယ်
ထိုင်းထဲရောက်ရင် ဘတ်ထောင်သောင်းချီတန်တဲ့ ပစ္စည်းရောင်းဝယ်ရေး....ဒါမျိုးက ဟိုးကတဲကရှိပြီး.. ခုထိရှိနေဆဲပါ:P နောင်လည်းပျောက်ကွယ်ဖို့ လမ်းမမြင်ပါဘူး။ သူတို့ လူတန်းစားကတော့တမျိုးပေါ့...
ကိုယ်တို့ လိုမဟုတ် မြေကြီးမထိတဲ့မိုးပေါ်ကလူတန်းစားလို့ မှတ်ပေးပါ။ကဲ..ဒီလိုကျမတို့  ဆီကလူမျိုးစုံ
ပေါင်းစုံဟာ အေးချမ်းတဲ့ ကျိုင်းမယ် ရှေးခေတ်က ဇင်းမယ် ထိုင်းလင်း မှာ မှီတင်းနေထိုင် ကြပါတယ်လေ..။ အဟဲ..မြို့ ကတကယ်ရာသီဥတုအေးပါတယ်။ခုတော့ ပူလို့ ကားကျပ်ပြီးရှုပ်ရှက်ခတ်နေပါတော့တယ်...။
(ကိုကြီးသက်ဆင်ကောင်းမှု့ လေ...@_@...သူ့ ကြောင့်အရမ်းတိုးတက်ခဲ့တယ်)
ကျိုင်းမယ်မှာသံရုံးတွမရှိပေမဲ့လည်း...ကောင်စစ်ဝင်ရုံးတွေရှိတယ်။မြန်မာကောင်စစ်ဝင်ရုံးရှိမရှိတော့ မသိပါဘူး..။(စကားဦးကလည်းသန်းထားရတာ..အကြာကြီး..လိုရာဆွဲလာလို့ ကိုမရသေးဘူး...:))
ဟိုး...လွန်ခဲ့တဲ့နှစ်ပေါင်းများစွာ ၂ဝကျော် ၃ဝနီးပါး ကပေါ့..ဘယ်လိုပြောရပါ့...(ဖြစ်ညှစ်စဉ်းစားစမ်းမယ်ငီး)
အဲ...မေ့နေတာ..နဝတ ခေတ်ကလေ..။နဝတ ပတ္တမြားဆိုတာကြားဖူးကြမယ်ထင်ပါတယ်...။
မကြားဖူးခဲ့ရင်လည်း...မယ်ငီးဘဲ..နဲနဲအာလူးပေးရတာပေါ့...။ အဲဒီတုံးက မိုးကုတ်ကပတ္တမြားအရိုင်းတတုံး (မသွေးထားသေးဘူး) အလေးချိန်တော်တော်များတယ်လို့ ပြောတယ်...။ပုဂ္ဂလိကပိုင်ပါ ။တွေ့ တော့ အရမ်း
ကြီးပြီးတန်ဖိုးလည်းမဖြတ်နိုင်ဘူးတဲ့။ဟင်းဟင်း...မှောင်ခိုဆိုတဲ့အတိုင်းပြောင်ရောင်းလို့ မရတော့ တိုးတိုးတိတ်တိတ်နဲ့ စပ်ဟပ်ပြီးရောင်းတာ..ပြင်သစ်ကလူနဲ့ ဈေးတည့်ထားတယ်ဆိုလားဘဲ...။
တန်ဖိုးကြီးတော့အဝေကမတည့်၊ဒီတော့တိုင်တာပြုတာဖြစ်လာတယ်လေ (ဒါကကိုယ်တို့ နိုင်ငံသား
ကျင့်ဝတ်လားမသိဘူး..အန်မတန်မှ တိုင်တတ်ဂုံးချောတတ်တယ်...ဟီး) ဒီတော့ စစ်ထောက်လှမ်းရေးက လိုက်တာပေါ့...။ကျိုင်းမယ်မှာ အရောင်းအဝယ်လုပ်တယ်ဆိုတော့ ဒီအထိကိုလိုက်လာကြတယ်လေ...။
ထောက်ဆရာကြီးတွေက အယောက် ၃ဝကျော် တောင်လာတယ်တဲ့။ ကိုယ်တို့ ဆီကထောက်ပညာ
(အတိုကောက်ပေါ့ရှင်ရယ်..ပြည့်စုံအောင်ဖြည့်စွက်ဖတ်ပေါ့..နော့်.. :) အင်မတန်မှတော် တယ်ဆိုလား
ဇင်းမယ်တလွှားမှာရှိတဲ့ ကျောက်သူဌေး၊ပွဲစားအိမ်အားလုံး စါရင်းရှိတယ် တဲ့......။
တနေ့ ကျတော့ မယ်ငီးဆိုင်ရှေ့ ယိင်းတံခါးလိပ်ကို ကျလိန်းကျလိန်း နဲ့ မတင်နေတာ ဆိုင်ကယ်ပေါ်ကနေ လူ၂ယောက်၊တယောက်ကမော်တော်ဆိုင်ကယ်ပေါ်ကနေ ကင်မရာနဲ့ ချိန်ထားတယ်။ တယောက်က စက်ကိုနိုးထားတယ်။ပြီး...ကလစ်ကလစ်နဲ့ ဓါတ်ပုံတွေမြောက်များစွာ ရိုက်ယူခြင်းခံရတယ်။ရင်ခုန်လိုက်တာ။
နောက် ဝူးကနဲမောင်းပြီးထွက်ပြေးသွားတယ်။ ညနေကြတော့ အိမ်ရှေ့ ကိုဘေးဝင်းတံခါးကနေထွက်ပြီး လမ်းလျောက်တာလည်း၊ ဓါတ်ပုံရိုက်ပြီးထွက်ပြေးသွားကြတယ်...။အရမ်းအံသြလို့ ...။ဘာမှန်းလည်းမသိ။
အဟီး..အရွယ်လေးကလည်းရှိနေသေးတော့ ကိုယ့်ကိုယ်ကို..အလဲ့..တယ်ဟုတ်ပါလား...ငါ့ကိုမင်းသမီး
အဖြစ်အတင်းလာခေါ်ရင်ဘယ်လိုငြင်းရပါ့...ဆိုပြီး..နဲနဲတောင်စိတ်ကူးယဉ်နေမိသေးတယ်... :)))
ဒါနဲ့ Mအမ ကိုပြောပြီးစုံးစမ်းကြည့်တော့ ဂလိုဂလိုဇာတ်လမ်းတွေ ရှိတယ်တဲ့...။ပြန်မိသွားတယ်လို့  ကြားတယ်။ အဲဒီကျောက်ကိုအခု ရန်ကုန်ကမ္ဘာအေးကျောက်မျက်ပြခန်းမှာထား တယ်တဲ့။အားလုံးမိသွားမှ ထိုင်းကရဲတွေ တို့ ရွှေပြည်သားများ ကျုးကျော်ဝင်ရောက်စစ်ဆင်ရေးဆင်နွဲသွားတာသိရတော်မှုပါသတဲ့..။
တော်ပါတယ်ဆို ..ရွှေနိုင်ငံသားတွေပါနော်...။
ထိုင်းညကျောင်းမှာလည်း ဆင်းရဲနွမ်းပါးလို့ အလုပ်လုပ်ရင်းကျောင်းတက်တဲ့ သူတို့ ထိုင်းတွေက နဲနဲ...၊
ကိုယ်တို့ ရွှေနိုင်ငံသားတွေက ဖောချင်းသောချင်းပေါ့..။ကရင်အုပ်စုတွေက နံပါတ်တစ်...တော်လှန်ရေး၊
မျိုးဆက်တွေ ကျမတောင်အဲ့ခေတ်က သူတို့ လူကြီးသားသမီး၊တွေနဲ့ အတူတူတတန်းထဲကျောင်း
တက်ခဲ့သေးတယ်...။နံပါတ်တစ်လူကြီးရဲ့ သမီးတွေဆိုရိုးရိုးအေးအေးလေးရယ်...။နောက်..တခြားလူမျိုး
တွေလည်းအများကြီးဘဲ...။(အဲဒီတုံးက ကျောင်းသားအုပ်စုဆိုတာဝင်လာခါစ..နေမှာ၊သိပ်မတွေ့ ရသေးဘူး)
မန္တလးက ကျောက်သူဌေးတရုတ်တွေရဲ့ အဆက်လည်းရှိတယ်..ပိုက်ပိုက်ကပေါတော့..ဆောင့်ကြွားကြွားဗျ၊
အဲကတဲကစပြီးကျမတွေ့ ရတာက မြန်မာပြည်ကနေ ဘယ်လိုပုံစံမျိုးနဲ့ လာကြသလဲ..ဆိုတဲ့ အပေါ်မှာ..
လူတန်းစားခွဲခြားတာလေ...ဟင်းဟင်း...မယုံမရှိနဲ့ ။ကျမတို့ နိုင်ငံသားတွေက နံပါတ်တစ်ဘဲ...။
ဘာနဲ့ လာလဲ...ဒီလို အရင်မေးတာ...။TG နဲ့ လာတယ်လေ..လို့ ဖြေရင် တမျိုးတဲ့..။တောင်ကျော်တွေပါကွာ ဆိုရင် နဲနဲတဆင့်နိမ့်သွားတဲ့သဘောပေါ့..။ ဟား..ကိုယ်လား..ကိုယ်လည်း Tတောင် Gကျော် ဆိုတော့...၊
TG လို့ ဖြေတာပေါ့... :D  ခုဒီအမေရိကားမှာလည်း ဒီလိုဘဲ ဘာနဲ့ လာလဲ စစ်ပြေးဒုက္ခသည်နဲ့ လား ခုန်နေတာလား ကျောင်းသားနဲ့ လား...ဘလားဘလား..အတော်ရှည်တဲ့  ရွှေတွေ...မယ်ငီးက 
စကားဝဲတော့ ဒုက္ခသည်စခန်းက မှတ်လို့ တဲ့...ရှောင်ကြပါတယ်..(တကယ့်ကိုယ်တွေ့ ပါ) အူတက်အောင်ရီရတယ်...သနားစရာ ..မေးချင်ပါတယ်..စစ်ပြေးဒုက္ခသည်ဆိုရင်ကော ဘာဖြစ်လဲ ပုခုံး၂ဖက်ကြားမှာဦးခေါင်းပေါက်တဲ့လူ..ခင်ဗျားတို့ နဲ့ အတူတူဘဲဟာ...ဘာနှိမ်စရာရှိလည်းနော့်..။
ကျောင်းထဲအတန်းထဲမှာ သူတို့ တွေ(ကိုယ်တို့ ရွှေတွေပေါ့ရှင်)အုပ်စု ခွဲတွေအများကြီး..ဘာညာအုပ်စု ဟိုအုပ်စု ဒီအုပ်စုနဲ့ အရမ်းမိုက်တယ်..။ဗမာစကားတယောက်မှမပြောကြဘူး...။ထိုင်းလိုဘဲပြောကြတယ်...။
မယ်ငီးတယောက် ဗမာလိုအော်ဟစ်ပြောဆိုနေလို့  သူတို့ ထဲက ကျမကိုလက်လေးတို့  ပြီးတိုးတိုးလေး
ပြောတယ်။နင်ရှမ်းဆိုရင် ထိုင်းလိုပိုတတ်မှပေါ့တဲ့ ၊ထိုင်းလိုဘဲပြောပါလားတဲ့...။
အတန်းထဲမှာစားမေးပွဲစစ်ရင်လည်း ကိုယ်တို့ ရွှေပြည်သားတွေဘဲပေါ့..နံပါတ်တစ်..ဘယ့်နှယ်..၁+၁=၂
ဆိုတဲ့မူလတန်းပညာလေးတော့ အတွေ့ အကြုံမြောက်များလှစွာသော ရွှေရွှေတသိုက် အတွက်တော့ ...
ရီတာပေါ့နော့်...အဟီးဘွဲ့ ရမယ်ငီးတော့ နံပါတ် ၂ ချိတ်တယ်။ဘာဖြစ်လည်းဆိုတော့ ၁ မမကနေလာတာ ၁၅ နှစ်ရှိပြီတဲ့..ရှမ်းတရုတ်တဲ့..ထိုင်ဝမ်သွားမလို့ လုပ်နေတာတဲ့....။အဲဒီတုံးကဆို မြန်မာနိုင်ငံကလာတဲ့လူ
တော်တော်များများဟာ ဂျပန်သွားဖို့ ထိုင်ဝမ်သွားဖို့ ဟိုနိုင်ငံသွားမလို့ ..ဆိုတာတွေချည်းပါဘဲ..ဒါပေမဲ့ သူတို့ အားလုံး ထိုင်းမှာသောင်သင်နေထိုင်ကြပြီး တယောက်ပတ်စ်ပို့ တယောက်ခိုးဖို့ ချောင်းနေကြတဲ့ခေတ်
ပေါ့..မြန်မာပတ်စ်ပို့ အရမ်း ပျောက်တတ်တဲ့အချိန်ပေါ့..ကိုယ်တို့ ကတော့ ပတ်စ်ပို့ ဆိုတာ ဘယ်လိုကြီး မှန်းတောင်မမြင်ဖူးသေးဘူး...:) အဟဲ..သူများပြောဆိုသံကြားဒါတွေ...ပြန်ပြောပြတာပေါ့ရှင်..
ကဲ....ရေးဆိုတော့လည်း...ရေးပြီ....တနေ့ နဲနဲစီကြဲပါရစေ...။
ရွှေပြည်ကြီးကလူတွေအကြောင်း မယ်ငီးအကြောင်း ဟိုအကြောင်း ဒီအကြောင်း သောင်းပြောင်းထွေလာ
သည်ကမ္ဘာ.....ပေါက်ကရရှစ်ဆယ်ရေးသားတင်ဆက်လိုက်ရပါတယ်...။
သိပ်ရှည်နေရင်လည်း မိတ်ဆွေများအညောင်းမိကုန်မှာစိုးလို့ ပါ...^_^
မီးမီး
Wednesday, July 17, 2013
သူစိမ်းနယ်ကြားထဲမှာမျက်စိသူငယ်နားသူငယ်...
မင်္ဂလာပါရှင်~~
အခန်းဆက်ရုပ်သံဆက်လမ်းတွဲတွေအတိုင်းပေါ့..နောက်ဇာတ်လမ်းတွဲလာရင် အရှေ့ ကအခန်းနဲနဲလေး
ပြန်ပြတယ်လေ...။ထိုနည်းလည်းကောင်း.....နယ်စပ်မြို့ လေးကနေ လူ့ လောကရောက်လာပြီး မယ်ငီး
တယောက် မြို့ ငယ်လေးမှာမူလတန်းပညာသင်၊အူကြောင်ကြားနဲ့ တောင်ကြီးမှာ အလယ်တန်းပညာဆည်း ပူး...၊ဟော..အထက်တန်းရောက်တော့ ရန်ကုန်မှာ ကျောင်းအိပ်ကျောင်းစားဘဝရောက်၊ကြောင်တောင်
တောင်နဲ့ ဒေသကောလိပ်၂ ဆိုတာတက်ရသေးတယ်လေ...။
နောက်ပြီး ရာဇူးကမမ လုပ်တာပေါ့....။ပညာစုံတော့ တောပြန်ရတယ်.။ဆက်တက်လို့ လည်းရဘူး..လေ။
နောက်ဆုံးနှစ်ရမှတ်ကလည်းဂုဏ်ထူးတန်းဆိုတာလည်းမမှီပါဘူး...။ နောက်ဆုံးတော့ မြို့ လေးမှာကျူ ရှင်
ဆရာမလုပ်လိုက်၊သိုးမွှေးထိုးဆရာမလုပ်လိုက်၊ယောင်ဆစ်တင်းနဲ့ နေနေတာပေါ့။
တိန်း..တိန့် ..တိန်း...(နောက်ခံတီးလုံးသံလေ..အမြန်ပြကွက်နဲ့ ပြသွားတယ်လို့ သဘောထားပေးပါရှင်:))
အဟီး...အခုပြောတဲ့အကြာင်းအရာတွေ အောက်ကခေါင်းစဉ်ထဲကအကြောင်းအရာမှာ မပါခဲ့ရင်၊
ဖြည့်စွက်ပြီးသာမှတ်ပေးလိုက်ပါနော်...^_^ အခု မယ်ငီး ကျိုင်းမယ်ခေါ်သွားမလို့ ..။.
စကားပြန်ကျမ
အိမ်စာကူးမလားပေးငါးပြား
တခါကစွန့်စားခန်း 
တခါကစွန့် စားခန်း၂ 
လုပ်ငန်းခွင်သို့ ပထမခြေလှမ်း
စာကျက်ဝိုင်းကဆရာမငယ်ဘဝ
အဖေ့သမီးဘဝခရီးအစခြေလှမ်း
ကျိုင်းမယ်ကိုရောက်ပြီ ဆိုတာကနေ....စာရေးသူသည်ထူးဆန်းစွာ၊အချိန်အကြာကြီးငုတ်တုတ်အိပ်ပျော်
သွားပါသဖြင့်၊ယခုမှပြန်လည်တင်ဆက်ရပါသည်။ချစ်လှစွာသော မိတ်ဆွေများအားလုံး...တွေ့ ပုချိ sorry ပါ။
ကဲ....ဒီဇာတ်လမ်းကိုဒီကနေစမယ်လေ..။
ကျိုင်းမယ်ရောက်ရောက်ချင်း၊ဘန်ကောက်သွား၊ပင်လယ်ကမ်းခြေသွားလည်တာနဲ့ ပျော်လို့ ..။ကျမနဲ့ 
သွားတဲ့အမကြီးတွေပြန်မယ်ဆိုတော့ တည်းတဲ့အိမ်က အမကြီးနဲ့ သူတို့ ဆွေမျိုးတသိုက်၊ဝိုင်းပြီးနားချကြ
ပါတယ်..။ဟိုမှာဘာရှိလို့ လည်း...၊အားလုံးကထိုင်းဘဲလာလုပ်ကြတာတဲ့..။ဘာညာဘာညာပြောကြတယ်။
(အချိန်ကလည်း မြန်မာပြည်ရှစ်လေးလုံးပြီးခါစ လပိုင်းဘဲရှိသေးတာ)။
လူကလည်း နဲနဲမပြောနဲ့ ခေါင်းကတန်းငြိမ့်တာဘဲ...အိုကေ..ဒါပေမဲ့ မယ်ငီးရှမ်းဆိုပေမဲ့..ဆဝါဒီခ့ါ ကလွဲလို့ ၊
ထိုင်းစာဘာမှမတတ်ဘူးနော်...လို့ ပြောရတာပေါ့..။ကိစန မရှိပါဘူးကျောင်းနေရမှာတဲ့...။ အားလုံးစီစဉ်
ပေးမယ်ဆိုဘဲ...( ဟောတွေ့ လား...အပ်ချလောင်းဆိုပြီး လူလုပ်ရင် ဘာမဆိုဖြစ်တယ်)သူတို့ကဟိုးအဝေး
ကြီးကချင်ပြည်နယ်ကနေလာပေမဲ့၊ထိုင်းမှာဘယ်လိုလုပ်ရင်ဖြစ်တယ်ဆိုတာ ကျမထက်တောင်ပိုနားလည်
သေးတယ်..။
ချွင်းချက်တော့ သူတို့ ဆီကမှာခလေးတွေအများကြီးဘဲ...အော်..အားလုံးကကျမတို့ ဆီကနေလာကြတာ
ရောက်ခါစလေးတွေ၊ အဲဒီခလေးတွေကိုညညစာပြခိုင်းပါတယ်။နေ့ လည် သူတို့ အလုပ်မိတ္တူကူးတာ၊
ရေခဲချောင်း၊အချိုရည်ဗှုးတွေလည်းရောင်းတယ်။အဲဒါ လုပ်နေတဲ့သူ့ သမီးလေးက ဘာမှမတတ်ဘူး...။
ကူလုပ်ခိုင်းတာပေါ့...။မင်းကပညာလည်းရမယ်၊ပိုက်ဆံမှမလိုတာတို့ စားသလိုစားကြတာပေါ့...တဲ့။
ကောင်မလေးကလည်း ငယ်သေးတယ်။အားအားရှိ ဆိုင်ကယ်နဲ့ ဝူးနေတာဘဲ...။ဖုံးလာလူလာရင် ကျမ
တယောက်ထဲ..ဘာလုပ်ရမှန်းမသိဘူး...။ တခါခါရီရတယ် copy ကူးတာကို ကူးတဲ့စက်နံမည်က xerox
လေ..။ဒီတော့တချို့ က စီလော့ လုပ်တယ်ပေါ့ ဒီလိုပြောကြတယ်..။အဲဒီမှာရှိနေတဲ့ကချင်ကောင်လေး
ကောင်မလေးတွေက သူတို့ ဘိုဆန်တယ်ပေါ့ စီလော့လုပ်ပါ...စီလော့လုပ်ပါ..နဲ့ ဒီလိုပြောတယ်..။
ကျမကတော့ တောသား ဘာနားလည်မလဲ copy လည်းမသိ xerox လည်းနားမလည်...ဟားဟား...။
ငုတ်တုတ်ထိုင်နေတာပေါ့...။ မသိရင်သင်ပေးပြောပေးပေါ့..ဟုတ်လား။
တကယ်ဆို သူတို့ ကကျမကိုအတင်းခေါ်ထားတဲ့သူတို့ အမေအဒေါ်တွေကို၊စိတ်ခုတာလေ..။
သူတို့ တွေရှိရက်နဲ့ တခြားလူကိုခေါ်ခိုင်းတယ်ပေါ့...။သူတို့ တွေလာကြတာပညာရေး၊
တပိုင်းတစနဲ့ အလယ်တန်းအထက်တန်း မရောက်တရောက်လေးတွေပါ...။
သူတို့ အချင်းချင်း သူတို့ စကားနဲ့ ဘဲပြောကြတယ်..။ကျမနားမလည်ပါဘူးဆိုတာ သိရဲ့ သားနဲ့ 
ထမင်းစားဖို့ ခေါ်လည်း ကချင်လိုပြောတယ်။အီးရော...အီးရော...ဒါဘဲ..တနေ့ နေ့ ....အီး..အီး..နဲ့ ၊
အချိန်တိုအတွင်းမှာ ကျမကချင်လိုတော်တော်နား လည်လာတယ်..။ငတုံးမှ မဟုတ်တာနော့်...။
ထမင်းစားပြီး ..မာကြတ်ကိုင်း...ကြတ်စပ်အီးယော....ဆိုလား...တခွန်းပြောထဲ့လိုက်တယ်
ဟားဟား...မျက်လုံးပြူးမျက်စံပြူးလို့ ..သိလား.။(ငရုပ်သီးတကယ်စပ်တယ်လို့ သူတို့ ဘာသာနဲ့ ပြောတာ:)
ကျမကိုခေါ်တဲ့အမလည်းတချက်ခုတ်၂ချက်ပြတ် ကျမအကြွးကိုလည်းမဆပ်နိုင်သေးတော့၊
သူတို့ နဲ့ နေပြီး ကူညီလုပ်ကိုင်တဖက်ကလည်း ကျမကိုဘဝရှေ့ ရေးအတွက်ကူညီပေးတယ် ဆိုပြီး...
အဖေ့ကိုပြောလိုက်တယ်လေ..။အဖေကမေးပါတယ်။နေခဲ့ချင်တဲ့ဆန္ဒရှိလားဆိုတော့၊ဒီကလည်းမြို့ လေးနဲ့ 
ကွာခြားတဲ့အတွေ့ အကြုံတွေမြင်ရကြားရတော့ နေချင်တာပေါ့လို့ ....။ခဏနေမယ်ဆိုပြီးနေတာပါ။
အမနဲ့ ခလေးတွေတော့ ကျမကိုတကယ်သံယောဇဉ်ရှိတယ်..။သူ့ သမီးလေးကပြသာနာရှာတတ်တယ်..။
နောက်တော့လည်း အဆင်ပြေသွားပါတယ်။အဲဒီအမကိုတကယ်ကျေးဇူးလည်းတင်ပါတယ်...။
ဘဝအကြောင်းလူအကြောင်းအားလုံးပါဘဲ...အဲဒီကမှ ကျမစသိလာခဲ့ရပါတယ်။
ရောက်ပြီး ၂ပတ်လောက်မှာ ညကျောင်းဖွင့်တဲ့အချိန်ပေါ့ ထိုင်းညကျောင်းသွားတက်ပါတယ်။အမ(အော်
သူ့ နာမည်က M)စာရွှက်လေးတပိုင်းပေးပြီးသူ့ သမီးလေးက ကျမကိုကျောင်းဝတ်စုံဆင်ပြီး၊ကျောင်းသား
ရေးရာမှာသွားအပ်ပေးပါတယ်။ ပြီးတာနဲ့ အတန်းပြီးရင်ကျောင်းပေါက်ဝမှာစောင့်နေမယ်နော်ဆိုပြီး..
တာတာ လုပ်သွားပါတယ်..။ကျမက တကယ့်အူကြောင်ကြားကြီး...ဘာမှလည်းမပြောတတ်ဘူး...။ဘာလုပ်
ရမှန်းလည်းမသိဘူး..။တကယ့်ငုတ်တုတ်ကြီးနဲ့ ဒီအတိုင်းရပ်နေတာပေါ့။ဆရာမတယောက်လာပြီးဘာတွေ
ပြောမှန်းလည်းမသိ လူကိုဆွဲခေါ်သွားပါတယ်..။အတန်းတခုထဲဝင်သွားပြီး... ကျန်တဲ့ကျောင်းသားတွေနဲ့ 
မိတ်ဆက်ပေးတာပေါ့..။ ခုံလွတ်တခုမှာဝင်ထိုင်ပြီး ယောင်တောင်ပေါင်တောင်လုပ်နေတယ်။ခဏကြတော့
ဆရာမက ကျမကိုခေါ်ပါတယ်(စာရွှက်ထဲကနံမည်က  တောင်ပေါ်သားနံမည်တခု နဆီးလအူးဆိုလား...
တော်တော်ထူးဆန်းတဲ့နာမည်...)ဘယ်ကနေလာလည်းလို့ မေးပါတယ်။ကျမသူ့ ကိုကြည့်ပြီးပြုံး ပြပါတယ်။
သူကဟုတ်လားလို့ မေးတယ်..။ဘာဟုတ်လားတော့မသိဘူး.။ခေါင်းညိတ်ပြမိတယ်...။ခဏခဏဟုတ်လား၊
ထိုင်းလို ချိုက်မိုင် ချိုက်မိုင်..နဲ့ မေးတာလေ...။၃ ခါလောက်ခေါင်းညိတ်ပေးပြီး၊စဉ်းစားမိတယ်၊ဒီတခါ ခေါင်း
ခေါပေးအုံးမှဘဲ...။တချိန်လုံးညိတ်နေရင်မှားမယ်လို့ ထင်တာနဲ့ ...။နောက်ဆုံးခါလိုက်မှ ထိုင်ခိုင်းတော့တယ်။
နောက်မှသိတဲ့သူငယ်ချင်းတယောက်ကပြန်ပြောပြမှသိရတယ်...။ကျမကိုလီရှောတရုတ်အဆက်မှတ်လို့ တဲ့ ကျိုင်းရိုင်းဖက်မှာရှိတဲ့တောင်တန်းဖက် ကလာလားလို့ မေးတာတဲ့...။ကျမခေါင်းခါတဲ့အခန်းက မိဘရှိသေးလားလို့ မေးတာ..ဆိုဘဲ...သေရာ။ သွားပြီ........@_@
နေ့ လည်ဆိုလည်း အူတူတူဇတ်လမ်းတွေရှိတယ်။၊ ဖုံးဝင်လာရင် ဆဝါဒီခါ...ဆိုပြီး ဆက်မှမပြောတတ်
တာ...။ဟား..အတော်လေရှည်တဲ့ထိုင်းတွေ အထီးရောအမရော အီးညောင်အိညောင်နဲ့ မပြီးဘူး...။
အိမ်က ကျောက်စီမ်းသူဌေးတသိုက်ကလည်း..အီးရော့..အီးရော့....ရှီ..ရှီ...ရှီ..ဒါဘဲ...၂ ရက်လောက်နေ တာနဲ့  သိတယ်...ရှီ ...ဆိုတာ "သူ "ကျမကိုညွှန်းတာပေါ့...ဟင့်...:((  (နောက်တော့ သူတို့ ရဲ့ ဦးလေး
ဆိုလားအကိုဆိုလား အကိုကြီးတယောက်နဲ့ တွေ့ မှသိတာ.. သူပြောပါ တယ်။အီးတလုံးတတ်ရင် ကချင်စကားတတ်ပြီတဲ့...:P ) ခုထိ နဲနဲပါးပါး မှုတ်တတ်နေသေးတယ်နော့်..။
တခါထိုင်းတယောက်ဝင်လာပြီးကျမကိုစာရွှက်တရွှက်လာထိုးပေးတယ်..။ကိုယ်လည်းခပ်တည်တည်နဲ့ 
ကော်ပီ စီလော့ပေးလိုက်တာပေါ့...သူက မိုက်ချိုက် မိုက်ချိုက်မဟုတ်ဘူးမဟုတ်ဘူးလို့ ပြောတာ..။
အော်...မှင်ကမွဲနေလို့ လား ဆိုပြီးနောက်တခေါက်ပြန်ကူးပေးလိုက်ပါတယ်..။အဲဒါလည်း မိုက်ချိုက်ဆိုဘဲ။
နောက်..သူပြောတာကို...ကြောင်ပြီးကြည့်နေမှ စာရွှက်ကို သူက သိမ်းထား ခိုင်းတဲ့ ပုံစံ လုပ်ပြတယ်..။
သူပြန်ထွက်သွားမဲ့ပုံစံလုပ်ပြတယ်..ပြီးနောက်နေ့ မှ ပိုက်ဆံလာကောက်မယ်။ထိုင်းလို ဝှမ်းဘီး ( bill )
တဲ့သူတို့ ရေခဲချောင်းကုမ္မဏီဘောက်ချာလာပေးတာ...။နောက်...လကုန်မှပိုက်ဆံကောက်တာလေ...။
အဟီး...ဒီကတော့ ၂စောင်ကူးပေးလိုက်တယ်.....:P  သိမှမသိဘဲကိုး...။
ရေခဲချောင်းလာဝယ်ရင်လည်းအမျိုးအစားကိုပြောပြီးယူခိုင်းတယ်လေ...ဘာကိုဘယ်လိုခေါ်မှန်းမှမသိတာ။
ရေခဲချောင်းရေခဲမှုန့် တွေထဲ့တဲ့ သေတ္တာပုံးကြီးလှပ်ပေးလိုက်တယ်..ပြီး လက်လေးညွှန်ပြလိုက်တယ်...။
စိတ်တိုင်းကျပါရှင်.ပေါ့..။ဒီလိုလူလည်လုပ်ရတယ်..ဟီး.လူတွေရဲ့ မျက်နှာရိပ်ကြည့်အကဲခတ်ခြင်းပညာပေါ့။
 M အမရဲ့ အမေကပိုဆိုးတယ်..သူလည်းပြသာနာကို၊မီးခွက်ထွန်းရှာတတ်တဲ့နေရာမှာပြိုင်စံရှားပါတယ်။
ကျမတို့ တလတလမီတာခတွေဘယ်လောက်ကျသလဲလို့ လာမေးပြီးတညမှာရေခဲသေတ္တာပုံးကြီးကို
ဆက်သွယ်တဲ့မီးကြိုးကို ပလပ်ဆွဲနှုတ်ထားတယ်။ မနက်ဆိုင်ဖွင့်တော့တခန်းလုံးရေတွေစီးကပ်စီးကပ်နဲ့    ရွှဲပြဲနေတာပေါ့.။ရေခဲချောင်းတွေအရည်ပျော်ကုန်တယ်အားလုံးဝဲပစ်ထုတ်လိုက်ရတယ်လေ..။အိမ်က ကျိုင်းမယ်ဘူတာရုံနဲ့ နီးတယ် လမ်းမတန်းပေါ်မှာ။ ကပ်ရပ်တိုက်တန်းတွေမှာလည်း ကားရောင်းတဲ့
ကုမ္မဏီ၊အပေါင်ဆိုင်၊ခလေးထိန်းကျောင်း ရုံး ဒါတွေပတ်ပတ်လည်ဘဲ...။ဒီတော့ ဆိုင်လေးကအမြဲ အလုပ် ရှုပ်တယ်။စီလော့ကလည်း လုပ်ရသလားမပြောနဲ့ .။တယောက်ထဲမနိုင်ဘူး။ သူတို့ အိမ်မှာအစစ အရာစီမံ ခန့်ခွဲဖို့ ထိုင်းကရင်မလေးတယောက်ကိုဌားထားတယ်။ သူကမြန်မာပြည် ကရင်မဟုတ်ဘူး..။ အဖေ အမေ
ရော ထိုင်းမှာမွှေးတဲ့ ကရင်မလေး..။ချစ်စရာလေး။ထိုင်း အထက်တန်းအောင်တယ်...။ကရင်မလေးက ကျမထက်ငယ်တော့ နောင့်ဖော၊ခလေးတွေ အတွက် Sunday school ဆရာမတယောက်နဲ့ သူ့ မောင်လေး
ကိုလည်း ထပ်ခေါ်တော့ ကျမမှာလက်ထောက် ကောင်လေးတယောက်ရလာတယ်။ညနေဆိုရင်ဆိုင်ကိုသူ့ 
နဲ့ ထားခဲ့ ကျောင်းပြေးတက်ရတယ်လေ။ဟိုသွားဒီသွားကြတော့ နောင့်ဖောရှိတယ်၊ကျောင်းသွားရင် ကောင်
မလေးရှိတယ်။ ကဲ.....ကျမအတွက်အားလုံး အဆင်ကိုပြေလို့  ...။
ကျောင်းပိတ်ရက်ဆိုရင်  Mအမက ကွန်ပြူတာဆရာဂျာမာန်တယောက်ကိုအိမ်ခေါ်လာပြီးသင်ခိုင်းတယ်။
အဲဒီတုံးက မော့စ်ဆိုတာတောင်မပေါ်သေးဘူး..။ဆရာကအင်္ဂလိပ်လိုပြော၊ထိုင်းလိုပြောနဲ့ ...တောသား
ငကြောင်လေးကလည်း သူ့ ကိုကြည့်ပြီး စဉ်းစားနေတယ် ဘာကြောင့်ဒီလောက်အရပ်မြင့်ပြီးနှာခေါင်းကြီးက
တတောင်လောက်ရှည်နေပါလိမ့်!!!! ဘာမှနားမလည်တာကိုး...အီးပြောလည်း နိုး...၊ထိုင်းပြောလည်း...
မိုက်လု့ ...ဟိ..အမတော့တော်တော်ပိုက်ဆံပေးရတယ်လို့ ပြောတာဘဲ...။ခုမှပြန်စဉ်းစားမိတာ သူ့ English
က German ဝဲနေတာကိုး....:))))) ပြီးရင် မင်းကောင်းကောင်းတတ်ရင် ခလေးတွေကိုသင်ပေးနော်တဲ့...။
မယ်ငီးတော့ကွန်ပြူတာအခြေခံဆိုတာသင်ပြီးသာသွားတယ် ...စက်ကိုဘယ်လိုစဖွင့်ရမှန်းတောင်သိဘူး။ ဂလိုပြောင်မြောက်စွာလေ့လာဆည်းပူးခဲ့တာလေ...။
ကိုယ့်ဘဝမှာ အမေတယောက်ဘဲ အတင်းအကျပ်ဟိုမရောက်ဒီမရောက်တဲ့ သမီးကညာလေးကို၊လူတော
ထဲတိုးနိုင်အောင်လို့ ငယ်ငယ်ကတဲက အမေ့ဗီဒိုအာဏာနဲ့ မျိုးစုံသင်ကြားခြင်းခံ ခဲ့ရတာ...။ရှမ်းစာ၊
ဂုံစာ၊ဘုန်းကြီးကျောင်းမှာ ဘုရားစာ၊ အကျီ င်္ချုပ်၊ဆွယ်တာစက်ထိုး၊တချောင်းထိုး.နွေကျောင်းပိတ်လို့ ၊မြို့ 
လေးပြန်ရင်တခါမှမနားရဘူး...အရမ်းကြီးစိတ်ပိန်ခဲ့ဖူးတယ်။M အမက ဒုတိယလိုက်တာဘဲ...ကွန်ပြူတာ အင်္ဂလိပ်ကျောင်း ထိုင်းကျောင်း ထမင်းချက် စီလော့ကအစကချင်အကတောင်ပါသေးတယ် Sunday school ဆိုတာ ၁နှစ်ကျော်လောက်တက်ရသေးတယ်။နောက်ဆုံးတော့ ရတနာလုပ်ငန်းထဲ ရောက်အောင် တွန်းပို့ 
ပေးခဲ့ပါတယ်လေ..။ 
အိမ်က ၂ဆောင်အကြီးကြီး အနောက်ဖက်ဆောင်မှာအိပ်ခန်း၁၂ခန်းရှိတယ်။ရေချိုးခန်းအိမ်သာတွဲရပ်။
အဲဒါကို သိတဲ့လူတွေကိုမိုတယ်သဘောမျိုးဌား သေးတယ်..။အဲဒီမှာ လာတည်းတဲ့လူတွေနဲ့ အူကြောင်ကျား
မယ်ငီးဇာတ်လမ်းတွေ ခလေးတွေတအုပ်နဲ့ စက်ဘီးပေါင်း ၉စီး ဆိုက်မျိုးစုံ ခလေးကလည်း ဘုစုခရု ၊
ဘူတာရုံပတ်လည်စက်ဘီးစီးထွက်ကြတယ်။ မြန်မာလိုအော်ဟစ်လိုက်..အီးရော့..အီးရော့နဲ့ ...တလမ်းလုံး
ဆူညံပြီး သူများတိုင်းပြည်မှာလူပါးဝခဲ့တာတွေ....လာအုံးမယ်လေ.....။
မီးမီး
When I google  I just saw all cartoon pictures that I love,so I copy it :P
Saturday, July 13, 2013
ဂျာမာန်ဘီယာဂါးဒင်းဂရိလယ်သမားဈေးကိုးရီးယားစူပါမားကက်
မင်္ဂလာပါရှင်~~~~
မတူတဲ့အကြာင်းအရာတွေကိုအတင်းဆွဲစေ့ပေးတတ်တဲ့ မယ်ငီးတယောက်တော့...ဒီတခါ မှာအစားအစာဆိုတဲ့(သူများတွေနေ့ စဉ်စားသုံးကြပေမဲ့လည်း)ကာလဒေသလူမျိုးကွဲပြားခြားနားတော့ 
သူတို့ စားတာတွေ ကျမအတွက် အထူးအဆန်း ကြီးဖြစ်နေလို့ ...နဲနဲအာလူးလေးပေးရအုံးမယ်...^_^
သူတို့ ဆီကဘီယာဂါးဒင်းတွေဆိုရင်ဘီယာချက်စက်ရုံမှာဖွင့်ထားတာများတယ်။
ဒီတော့ဂိုဒေါင်ပုံစံအဆောက်အဦမှာသစ်လုံးတွေသစ်သားထိုင်ခုံကြမ်းကြမ်းကြီးတွေနဲ့ လေ။
နောက်တလဆိုရင် ကျားကျားပရောဂျက်ကပြီးတော့မယ်(ပြောင်းဖို့ လည်းအသင့်ပြင်ထားရတယ်၊
ဒီတခါဘယ်ဌာနေရောက်အုံးမှာလဲမသိသေးဘူး) ဒီတော့ သူ့ အလုပ်ထဲကဂျာဂျာကြီးတွေ..အော်.. ဂျာမာန် ကုမ္မဏီ ဆိုတော့ ဂျာတွေချည်းဘဲပေါ့။ ဖဲရားပွဲလေးလုပ်ပါတယ်...။သူတို့ လည်းတနှစ်လာနေတာ၊ ရှာ တတ်ပါတယ်၊သူတို့ ရဲ့ ဘီယာဂါးဒင်းကို...၊တကယ့်ဂျာမဏီကိုခဏရောက်သွားတဲ့အတိုင်း၊ အပြင် အဆင် 
စားစရာရောပေါ့..။ဘီယာတွေလည်း အင်ပို့ စ် ဂျာမာန်ဘီယာပါ...။နေရာက ဟတ်ဆန်မြစ် ကမ်းနှဘေး လေးမှာ (အော်...ဒီတခါသူတို့ ရဲ့ ပရောဂျက်နာမည်တောင် ဟတ်ဆန် ပရော ဂျက်လို့ ပေးထားတာ).....ဟတ်ဆန်မြစ်ဆိုတာ နယူးယောက်နဲ့  နယူးဂျာစီကိုခြားထားတဲ့မြစ်ပေါ့...။
ကျမတို့ နေတဲ့နေရာကဂျော့ဝါ ရှင်တန် တံတား နဲ့ ပိုနီးတဲ့ဖက်အပိုင်းပေါ့...။
အမဲသားအစိမ်းကို တောက်တောက်စင်းပြီး ပေါင်မုန့် နဲ့ စားတာ..
သူတို့ အခေါ်Steak tartare.....
ကျမတို့ တော့ ..ဘီရုမာနဲနဲပီသသွားပါတယ်..အဟီး...အချိန်နာရီဝက်တိတိနောက်ကျပါတယ်...။
နယူးယောက်ကိုသွားမဲ့တံတားပေါ်အတက် ကားလမ်းကနေခွဲသွားရတဲ့နေရာဆိုတော့ သိတဲ့အတိုင်း နယူးယောက်ထဲဝင်မဲ့ကားတန်းကြီးထဲမျောလိုက်နေရတာ...ဆင်ခြေပေးလို့ ကောင်းပေမဲ့၊စောစောကတဲက
ကြိုတင်ထွက်လာသင့်ပါတယ်...။
ပုဂံအကြီးကြီးနဲ့ ပြည့်မောက်နေတဲ့အစားအစာတွေမြင်ပြီး၊ ဘာမှာစားရမှန်းတောင် မသိဘူး...။
ဂျာမာန်ရောက်ခါစက ကြုံဖူးခဲ့တဲ့အကြောင်းတခုပြောရအုံးမယ်...။သူတို့ ရုံးချုပ်ကို ကျမတခါမှမလိုက် 
သွားဖူးဘူး..။Erlangen ဆိုတဲ့မြို့ လေးမှာပေါ့။ မဒမ်ကြီးရောက်လာတယ်ဆိုတော့ (အဟီး)....ဒင်းနားကြမယ်ဆိုပြီး..ဒီလိုဘဲဘီယာဂါးဒင်းကို ချိန်းကြတယ်လေ...။ တရုံးထဲနေတာတောင်
တပတ်အလို ကတဲကအီးမေးတွေနဲ့ ချိန်းကြပြုကြနဲ့ လေ..။ထုံးစံသောကြာနေ့ ညနေခင်းပေါ့..
ကျကျနနပြင်ဆင်ဝတ်စားလို့ သွားပါတယ်..။ ဟိုရောက်တော့ ဘီယာချက်စက်ရုံတခုပါ..။
အစားကတော့ခြံအဝင်ဝနားကရုံလေးမှာတန်းစီ ဂျာမာန်ဝက်အူချောင်းကင် ပေါင်မုန့်  ကော်ဖီထုပ်ချဉ် ဒီလိုလေးတွေရတယ်..။ ကျန်တာတော့ဘီယာ...။တခွက်မှာရင် တခွက်ရှင်း....စားစရာကြိုက်တာယူ..
ကျသလောက်ပေး..ထိုင်ခုံတန်းရှည်ကြီးမှာ.. မျက်နှာချင်းဆိုင်ထိုင်၊ ခွီးခွီးခွခွ အစ်အစ်အ့အ့ စကားတွေပြော..
(အဟဲ..ဂျာမာန်စကားနားမလည်ရင်သူတို့ ပြောတာဒီအတိုင်းဘဲကြားကြမယ်ထင်ပါတယ်...:P )
နောက်ဆုံးတော့ ကိုယ့်ဖာသာကိုရှင်းလာရတယ်...ဒါမှ ဂျာမာန်စတိုင်...။အရင်တုံးက ရန်ကုန်မှာပြော  
လေ့ရှိတာ အမေရိကန်စတိုင်ကိုယ်စားကိုယ်ရှင်း..ဘယ်ကလာ...အမေရိကန်တွေမှ ကျွေးပါသေးတယ်...။
ဒီတခါသွားတာ ဘယ်လိုစတိုင်နဲ့ ညားမလဲဆိုပြီးကြည့်နေတာ တဝက်ရှင်း သောက်တာတွေကျွေးမယ် 
တဲ့...အဟဲ...:))))
အမဲသားစတိတ်နဲ့ အာလူး...။ သွားမကောင်းတော့၊ကိုက်လို့ မရဘူး...။ဒါလည်းမဖြစ်...။
ဂျာဂျာလေးတွေမှာစားတာတွေပါ....။ဘီယာခွက်တွေလည်းအမျိုးစုံရောင်စုံ...။
ကျမက ဝက်အူချောင်းကင်မှာတယ်..အဲလိုအကင်ဆိုရင် အဆောက်အဦထဲက ဟိုးနောက်ဖက်မှာ ကိုယ့်ဖာသာကိုယ်တန်းစီဝယ်တဲ့...ကျန်တာမှာရင် လာပို့ ပေးမယ်ဆိုဘဲ...။တောသားကလည်း မီနူးထဲကမကြိုက်တတ်..ဒီတော့ အစားကိုဝယ်၊အရည်ကိုသူတို့ ကျွေးတာပေါ့...။ အယ်ကိုဟော်ဖရီးဘီယာ
ရလားဆိုတော့ မရဘူးတဲ့။ ဂျာမဏီမှာတော့မျိုးစုံရတယ်။တော်သေးတယ်၊မရှိတာမှာတော့ သောက် 
စရာမလိုတော့ဘူးပေါ့။
 မိုးချုပ်လာတော့ တိုက်နံရံပေါ်မှာ ပရိုဂျက်တာနဲ့ တီဗီပြပါတယ်...။အဆောက်အဦထဲမှာထိုင်ရင်တော့ 
အဲယားကွန်းနဲ့ ဆေးလိပ်မသောက်ရဘူးပေါ့..။အပြင်ဖက်မှာတော့လွှတ်လပ်တယ်.နဲနဲပူတာပေါ့၊ ဒါပေမဲ့
လေတော့တိုက်ပါတယ်...။ စားပွဲထိုးမလေးတွေလက်၂ဖက်နဲ့ ဘီယာခွက်ကြီး ၄ ၊၅ ခွက်ဘယ်လာနိုင်တာ၊
တကယ်ချီးကျုးတယ်...။
ဂရိအစားအစာတဲ့...အလယ်ကလွတ်နေတဲ့ဗူးက မယ်ငီးလက်ထဲရောက်သွားတယ်လေ..:P
ဥရောပဖက်ကပြောင်းလာတဲ့ လယ်သမားကြီးတွေဖြစ်နေတော့ သူတို့ အစားအစာတွေဘဲရှိတယ်။
 ချိုပြီးအီစိမ့်နေတာဘဲ...အဲ..တဗူးလောက်စားပြီး၊ဗိုက်ကြီးတတောင်ပူထွက်လာတယ်ထင်ရတယ်...။
ဂရိအစားစားတွေတဲ့....ချိစ်တွေသစ်သီးစေ့တွေ...နဲ့ ...လားမသိဘူး။မုန့် နာမည်တောင်မေ့နေပြီ..။
အဖိုးကြီးတယောက်ထဲရောင်းနေတာ သနားလို့ ဝယ်စားခဲ့တယ်...။
 ကြင်ကင်နဲ့ bita bread ...(စားချင်စရာပုံကိုမထွက်ပါဘူးဆို...)
 ဈေးလေးကဆိုင်နဲနဲဘဲရှိတယ်။
နောက်တနေရာကတော့ ကျမတို့ နဲ့ နီးတဲ့ ကိုးရီးယားစူပါမားကက်ပါ။ တခြားရောင်းတဲ့ဟင်းရွှက်သားငါးတွေတော့ ကကြီးအကြိုက်သူတို့ အစာတွေပါ..။
ကိုယ်နဲ့ ချက်လို့ အဆင်ပြေမဲ့အရွက်တွေဘဲရွှေးဝယ်တတ်ပါတယ်..။
အဲဒီမှာကျမစိတ်ဝင်စားပြီးဝယ်လေ့ရှိတာက၊သူတို့ ဟင်းတွေနဲ့ တခြားမုန့် တွေ ချက်ရောင်းတဲ့နေရာပါ။
တချို့ ဟာတွေဆိုကိုယ်လည်းမစားဖူးဘူး...။ တလောက အစာအဆိပ်ဖြစ်ကတဲက လျှာရင်းလေး လိပ်သိမ်းထားရတယ်...။အဟီး @_@
ပေါက်စီ၊အသားပေါင်း တို့ ကတော့ စားလို့ ဖြစ်ပါတယ်...။သတ်သက်လွတ်ဟာမျိုးတွေရှာယူတယ်..။
ပေါက်စီအထဲကို ခွဲကြည့်တာ..ကျမကျားကျားကတော့ သူတို့ မြက်တွေအများကြီးထဲ့တာတဲ့..:P
ကျမတော့ ကြက်သွန်နီနဲ့ အသား၂ မျိုးဘဲထဲ့ရင်ပိုစားကောင်းတယ်လို့ ထင်တယ်။
သူတို့ ဟင်းရည်တွေ...သူတို့ က ငါးနဲ့ အမဲသားကိုအဓိကထားပြီးဟင်းရည်ချက်တာကိုး...။
(အဲ့ဒီအထဲမှာပါတာတွေ ဖတ်ကြည့်တာ...)
အရွက်ကြော်တဲ့...ကျမတို့ လို ကြက်သွန်ကြာ်၊ဘူးသီးကြော်...လိုနေမှာပေါ့...။
ဂဏန်းနဲ့ ဝက်သားပြားကြော်...။ကျမကျေးဇူးရှင်တော့ ပုဇွန်ပေါင်းဝယ်လေ့ရှိတယ်...။သူကြိုက်တယ်လေ...။
အဝင်ဝက မုန့် ဆိုင်...။မုန့် တွေက အရမ်းကြီးချိုတယ်..ကျမမကြိုက်လို့ နေမှာ(ကျမအချိုသိပ်မစားဘူးလေ)
ကကြီးတိုင်းပြည်ရောက်နေသလိုဘဲနော်....။
ဒါတော့ ကျမတို့ ဆီကနဲ့ အတူတူဘဲ..ပါးညောင်းအောင်ဝါးရတယ်...။ ၁.၉၉ ဘဲပေးရတယ်...။
ဒါကကိုးရီးယားကောက်ညှင်းမုန့် တဲ့..ပဲနဲ့ သူတို့ မုန့် တွေတကယ်ပါးညောင်းအောင်ဝါးရပါတယ်လေ...
အမေရိကားအရှေ့ ဖက်ပိုင်းမှာ ဒီဆိုင်က အကြီးဆုံးဆိုင်လို့ ပြောတယ်...
ဟင်းဟင်း....အိမ်အကြောင်းကနေ စားစရာအကြာင်းရောက်သွားပြန်ပြီ...။
ရေးထားတာလေးတွေပြန်ကြည့်တော့ဂျာမဏီမှာနေခဲ့တဲ့အကြောင်းတွေသိပ်မရှိဘူး...။
နဲနဲကြုံရင်..ပြောပြအုံးမယ်လေ...။အူကြောင်ကျားဖြစ်ခဲ့တာတွေပါ...။
ပြောချင်ရေးချင်တာတွေတော့များပါတယ်...။ကလောင်သွေးကမထက်တော့ နဲနဲအချိန်ယူရတယ်...ဟီး..
မီးမီး
Tuesday, July 9, 2013
သူတို့အခေါ်...တာထေးမ :P
မင်္ဂလာပါရှင်~~~~
ဒီတခါတော့ အလုပ်သမားတွေနဲ့ကျမ ၄ လ အတူတူအလုပ်လုပ်ရင်း သူတို့အကြောင်း၊ 
ကျမတွေ့ခဲ့၊သိလာခဲ့တဲ့အကြောင်းလေးတွေ နဲနဲအာလူးပေးအုံးမယ်လေ....။ 
သံတိုင်တွေကိုင်ထားတဲ့ကောင်လေးက ကန်ထရိုက်တာရဲ့သားလေး.... အလုပ်မှာအောက်ခြေသိမ်းလုပ်ရတယ်
အိမ်လာဆောက်ပေးတဲ့အလုပ်သမားတွေက အာခါ လူမျိုးတွေဆိုတော့၊ အာခါစကားအဓိကပြောတာပေါ့။
လက်သမားကြီးတွေကတော့ ပြည်မက မြန်မာတွေပါ။သူတို့လည်း အာခါအမျိုးသမီးတွေနဲ့
အိမ်ထောင်ကျပြီး၊ ကလေးရလာတော့လည်း အာခါစကားနဲ့ဗမာစကားဘဲပြောတယ်...။
ရှမ်းပြည်မှာနေကြပေမဲ့ရှမ်းစကားမတတ်ကြပါဘူး..။ ဒီတော့ ကျမနဲ့ဗမာစကားဘဲပြောပါတယ်။
ဗမာစကားမပီတဲ့ရှမ်းမနဲ့ အာခါသံဝဲနေတဲ့ ဗမာစကားပြော အာခါလူငယ်လေးတွေ ရဲ့အသံ...
ကျမတို့အိမ်မှာတော့ ဆူညံနေတာပေါ့ ...။သူတို့ကျမကိုခေါ်တာလည်း..တရုတ်တွေလိုဆိုရင်..
လောပန်း အမျိုးသမီးဆိုရင် လောပန်းညန်..ဆိုပါတော့။ ရှမ်းလို ပေါလိန့်မယ်လိန့်...လေ...။
ဗမာလို သူဌေး၊သူဌေးမ...။ ဒါပေမဲ့ ..တိုင်းရင်းသားတွေက တ နဲ့သ မကွဲဘူးလေ...။
ဒီတော့..တခါလေလည်း တေထေးမ..တခါတခါ တာထေးမ...ဒီလိုဘဲကြားတာဘဲ...:P
သူတို့ခေါင်းဆောင် ကန်ထရိုက်တာကြီး က သူ့ကိုအလုပ်အပ်တဲ့ ကျမကို ခေါ်လို့သူတို့လည်း
လိုက်ခေါ်တာပေါ့။ နယ်မှာက ဒီလိုပါဘဲ...အလုပ်ရှင်ကိုသူဌေးလို့ခေါ်တာထက်  လောပန်း..လောပန်း..
နဲ့ခေါ်ကြတယ်။ ကျမလည်း တခါခါခေါ်ခံရတာ နဲနဲဘဝင်လေဟပ်ချင်ပေမဲ့ တေထေးမ..ဆိုတာကြီးတော့၊
ဆန့်တငင်ငင်နဲ့ဘဝင်လေက မဟပ်တဟပ်...အဟီး.... :P
 ဒါက ကျမရဲ့ကန်ထရိုက်တာကြီးပေါ့...။တကယ်ကိုစိတ်နှလုံးဘဘောထားပြည့်ဝတဲ့ လူတော်တယောက်ပါ။
 သူ့စတိုင်က ဘောင်းဘီစိမ်း( ဗကဗ ဘောင်းဘီခေါ်မလားဝတပ်ဖွဲ့ဘောင်းဘီခေါ်မလား..ဒီပုံစံဘဲ..
အမြဲတမ်းဝတ်ပါတယ်)။ သူ့အနောက်က ကျမရဲ့အမ ပါ...။ သူက ကျမတို့မြို့လွန်ခဲ့တဲ့နှစ်ပေါင်း ၂ဝကျော်
အချိန် ပထမဦးဆုံး ၃ ထပ်တိုက်ကြီးဆောက်တော့ (အဲဒီအချိန် ကမြို့မှာရိုးရိုးမိရိုးဖလာ
အိမ်ဆောက်
တာတွေဘဲရှိတယ်လေ..) အလုပ်သမား တော်တော်များများကို လက်သမား၊ပန်းရံ ဆရာတွေ 
ပေါ့..အားလုံးတောင်ကြီးကနေခေါ်လာရတယ်။ ကျမအိမ်နဲ့တအိမ်ကျော် မှာရှိတဲ့ ၃ထပ်တိုက်ကြီးပေါ့...။ 
ကျန်တဲ့အလုပ်ကြမ်းသမားတွေက မြို့က လူတွေပါ...။ အဒီတုံးက သူက ပန်းရံ လက်သင်ပေါက် စ လေး 
တဲ့...။ သူ ကြိုးစားလုပ်ရင်း...(သူ့ဆရာတွေလည်းကျိုုင်းတုံ မြို့မှာဘဲ အခြေချနေထိုင်ကြတယ်လေ) တဖြေးဖြေးနဲ့တိုးတက်လာလိုက်တာ..လောလောဆယ်တော့ မြို့မှာ နံမည်ကျော် ကန်ထရိုက်တာ 
ဆရာကြီးတဆူဖြစ်နေပြီလေ...။လက်ရှိဆောက်ရင်းတန်းလန်း ဆိုက်တွေအိမ်တွေ၊၁ဝ ဂဏန်းလောက်ရှိ တယ်...။အရမ်းသပ်ရပ်ပြီး လျင်မြန်တယ်။ သူ့မှာအလုပ်သမား(အာခါတွေချည်းဘဲ
ရာဂဏန်းနီးပါးရှိတယ်လေ၊ သား၊အကို၊ခဲအို၊ယောက်ဖ၊တူ၊တူမ...အိုး...ဆွေတော်မျိုးတော် တသိုက်
လုံးပါဘဲ...) ကိုယ့်ငါးချဉ်ကိုယ်ချဉ်၊ အဲလေ....ကိုယ့်ပေါင်ကိုလှန်ထောင်းပြောရမယ်ဆိုရင် ရှမ်းတွေက
သူတို့လောက်လုံ့လဝိရိယအားထုတ်မှု့မယဉ်နိုင်ဘူး..။သူတို့ကအကြမ်းခံတယ်။ ဟိုးတချိန်တုံးက
မြို့အုပ်ချုပ်သူဂုံရှမ်းတွေ သူတို့ကိုတခြားနံမည်တမျိုးနဲ့ခေါ်ပြီး လူတန်းစားခွဲခြားမှု့တွေရှိခဲ့တယ်။
ဒီအချိန်မှာတော့ နံမည်ကြီး တေထေးအုပ်စုတွေမှာ သူတို့လူမျိုးတွေတန်းစီနေတာဘဲ...။
ပြည်မကလာတဲ့ လက်သမားဆရာကြီး ၃ယောက်..အိမ်ရှေ့ကွပ်ပြစ် ကိုရွှေ့ဖို့လုပ်တော့ လေးလွန်းလို့၊
၂ ခြမ်းခြမ်းလိုက်ရတယ်...။ အဝါရောင်အင်္ကျ ီနဲ့ဦးလေးကြီးရဲ့သား၊ လွှတိုက်နေတဲ့လူရဲ့သမီးလည်း၊
ဒီအလုပ်ထဲမှာဘဲ..။
ဒီအတွဲကတော့ ယောက်ကျားက လက်သမား..မိန်းမကအထွေထွေအလုပ်ကြမ်းသမား...
ရွှာဦးကျောင်းက ဘုန်းကြီးကျိုင်းတုံမှာ ရောက်လာတော့ သူ့တကာရင်းတွေကိုလှမ်းခေါ်တာတဲ့.။
ဒီမှာလုပ်စားရတာ အဆင်ပြေတယ်ဆိုလို့  လင်မယား ခလေးငယ်လေး၂ယောက်နဲ့လာခဲ့တယ်။
အကြီးဆုံးတယောက်ကိုတော့ ရွာမှာဘဲထားခဲ့တယ်တဲ့။ရောက်တာ ၄နှစ်ကျော်၅ နှစ်၊ဟိုတလောက ခဏ
ပြန်တာ မနေတတ်တော့ဘူး...ဒီမှာဘဲအခြေချပြီးလုပ်ကိုင်စားသောက်ဖို့ဆုံးဖြတ်ထားတယ်တဲ့...။
သာစည်နားက ရွာလေး..ကလို့ပြောပါတယ်...။ တနေ့ကို လင်မယား ၂ယောက်ပေါင်း ၁သောင်းကျော်
ဝင်ငွေဟာ.သူတို့ဆီမှာ ကောက်စိုက်လို့ဘယ်လိုမှမရနိုင်ဘူးတဲ့..။အိမ်မှာကျန်ခဲ့တဲ့ခလေးတွေစားဖို့
တခါလေကျမမုန့်ပေးလိုက်တတ်တယ်..ကျေးဇူးတင်လွန်းလို့
ထမင်းစားချိန်နားရင် အဝတ်လေးလျော်
ပေးပါရစေတဲ့....။
ကန်တရိုက်တာကြီးယောက်ဖ နဲ့တခြားပန်းရံဆရာ...
 ပြည်မကလာတဲ့ ပန်းရံ ဆရာ....သူ့အမျိုးသမီးက အာခါရွှာမှာ ခေါက်လန်ဖွန်း ရောင်းတယ်တဲ့...။
လက်သမား၊ပန်းရံ ဆရာတွေကကိုယ်ပိုင်ဆိုင်ကယ်နဲ့လာကြပြီး...၊ကျန်တဲ့အလုပ်သမားတွေက ကန်ထရိုက်တာသားမောင်းတဲ့သုံးဘီးကားလေးနဲ့လာကြပါတယ်...။အဲဒီနေ့က ကျမရှမ်းနှစ်ကူးဖွင့်ပွဲ  အခန်းအနား သွားနေတုံး..အောက်ခြေဘိလပ်မြေခင်းတာနေ့တဝက်နဲ့ပြီးသွား့စောစောပြန် ကြတာလေ..။
နေ့လည်ထမင်းစားပြီးရင် ဖဲကစားဖို့ကျမက ဖဲထုတ်ဝယ်ပေးရတယ်....😁
လူကြီးတွေကတရေးတမောအိပ်..။လူငယ်တွေက အပန်းဖြေကစားကြတယ်...။
အဲဒါမီးဖိုဆောင်နေရောလေ..။အပြင်ထွက်နေတဲ့ နေရာကျဉ်းကျဉ်းလေးကို
ဟင်းချက်တဲ့မီးဖိုခုံထားမလို့..။
လောလောဆယ်..အဲဒီနေရာမှာ
ကုတင်လေးခင်းပြီးအမေ့ကိုနေရာပေးထားတယ်လေ..။
သူလေးကတော့ ဗုဒ္ဓဘာသာဝင်အာခါပါ ဘုန်းကြီးကျောင်းသားဟောင်းတဲ့...။
တရုတ်အမေနဲ့ရတဲ့သူ့အမကဈေးထဲမှာအထည်ရောင်းပြီး ပိုက်ဆံပေါတဲ့ တရုတ်မကြီးရယ်....။
သူ့အမေက အာခါဖြစ်ပြီး သူ့ဘဝအကြောင်းကိုပြောပြရင်းမျက်ရည်လေးတွေကျနေပါတယ်...။
သူ့မိန်းမက ရခိုင်၊ ကလေး၂ယောက်အမေပါ ..:))
အိမ်ရောက်ရင် ထမင်းအိုးတည်၊ ကလေးအဝတ်ဖွတ်၊ အိမ်သိမ်းတာဝန်ပါထမ်းဆောင်ရပါတယ်တဲ့...။
သူ့ကို တခြားလူတွေက ခွေးပုလို့ခေါ်တယ်..မင်းကြောင့်ငါတို့ယောက်ကျားနံမည်ပျက်တယ်ဆိုပြီး၊
ဝိုင်းဘေကြတာတွေ့ ၇တယ်...အော်..အချစ်မှာ မျက်စိ မရှိဘူးတဲ့..ဟုတ်လား..။
မျက်နှာတအားချိုပြီးဖင်ပေါ့ပါတယ်...။ဒါပေမဲ့ လုပ်သမျှ တလွဲတွေပါ....^_^
ဒီကောင်မလေးက တကယ်ချစ်စရာကောင်းတယ်...။ရိုးသားတယ်...။
သျှားခြစ်တယ်ဆိုတာ ကြားဖူးကြမှပေါ့..။ သူခေါင်းကိုက်လို့တဲ့...သျှားခြစ်ထားတယ်။
အဲဒီလိုလုပ်ထားရင် ရေမထိရဘူး..တဲ့...။
ကောင်မလေးက အားချိန်မှာ အထည်ချုပ်ပါတယ်...။
တပိုင်းကို ၅ဝဝဝ ကျပ်နဲ့ရောင်းလို့ရတယ်ဆိုပါတယ်...။
သူ့ကောင်လေးကိုသင်ပေးနေတာ..လေ..။ကောင်လေးလည်းသူပါထိုးတတ်တယ်လို့ပြောတယ်။
ကျမတောင်းဝယ်ပါတယ်..သူတို့မပြီးသေးလို့တဲ့...။
အဲဒီကောင်လေးနဲ့ကန်ထရိုက်တာရဲ့သားက အတော်ဆုံးဘဲ...။
အလုပ်လုပ်တာ သပ်ရပ်တယ်..။စေတနာကောင်းရှိတယ်...။
ဒီကောင်လေးက လက်သမားအဖိုးကြီးရဲ့သား..အင်္ဂလိပ်မေဂျာ ဒုတိယနှစ်တဲ့...သီချင်းဆိုတာကို...
အရမ်းခုံမင်နှစ်သက်တယ်။အလုပ်ဘယ်လောက်မောမောသီချင်းတကြော်ကြော်နဲ့အသံလည်းကောင်းတယ်။
ကျမရေဒီယိုလေး တခုထားပေးရတယ်။ FM ချယ်ရီဆိုတာအလုပ်ထဲသူတို့ရောက်တာနဲ့နေ့တိုင်း ဖွင့်တယ်
ညနေ၅နာရီပြန်တဲ့အထိ..ဓါတ်ခဲ ၂ရက်တခါလောက်လှဲှဲးရတယ်...။
ဒီကောင်လေးက ဆပ်တောက်တောက်နဲ့အားအားရှိ လ...ဆိုတဲ့စကားကနေစပြောတော့တာဘဲ...။
သူ့ကိုကောင်းကောင်းမွန်မွန်လေး ပြောဆိုဆက်ဆံ၊ပြီး နဲနဲပါးပါး တနေ့နဲနဲပညာပြတာတော့မဟုတ်ပါဘူး..။
ဆုံးမတဲ့သဘောပါ...သူတော်တော်လေးပြောင်းလဲသွားတာတွေ့ရတယ်..။
ဆံပင်ကောက်ထားတာတွန့်လိမ်နေလို့..မာမာ့ခေါက်ဆွဲလို့ကျမသူ့ကိုအမည်ပေးထားတယ်..။
သူတို့အားလုံးလည်း သူတို့ဘဝအကြောင်းလေးတွေနဲ့သနားစရာလေးတွေ....။
ကျောင်းနေချင်ပေမဲ့ မတတ်နိုင်လို့ထွက်ရတာ..ချည်းဘဲ....။
အဲဒီအထဲမှာ စက်မှု့တက္ကသိုလ်ကျောင်းသား ၃ယောက်လောက်ရှိတယ်...။
သူတို့ဓါတ်ပုံတွေပြန်ရှာတာ မတွေ့လို့...။
ဒီကချင်ကောင်လေးက မိုင်းခွန်ရွာက...အဲဒီရွာက ကချင်ရွာလေးပေါ့...။
ဟိုးအရင် စော်ဘွားတွေလက်ထက်ကတဲက စော်ဘွားတွေကချင်ပြည်သွားရင်း
ကချင်တွေကိုခေါ်လာခဲ့ပြီး ရွာတည်ထားပေးခဲ့တာလေ...။ကောင်လေးတို့မိသားစုက
ဆင်းရဲတယ်..။တောင်ယာခုတ်တယ်။ 
ကျမအမရဲ့ကျောင်းသားဟောင်းပါ။
ကျမအမက မတတ်နိုင်တဲ့ခလေးတွေဆိုရင် အလကားစာသင်ပေးတတ်တယ်..။
အိမ်ကိုခေါ်ပြီး ကျုရှင်သဘောမျိုးအချိန်ပိုသင်ပေးတယ်...။
သူတို့မိသားစုက အာခါရွာကိုပြောင်းလာတယ်...။သူလည်းအိမ်ဆောက်နေတယ်...။
သူ့အဖေနဲ့သူ့ညီ၂ယောက်နဲ့ကိုယ်တိုင်ချတာလေ...။
လိုတဲ့ သစ်ဟောင်း ပရိဘောဂ တံခါး..ဘာညာတွေကို ကျမက သူ့ကိုပေးတာ..။
ည ၁၂ နာရီဖုံးဆက်ခေါ်လည်း သူတို့က ဆရာမအတွက်အဆင်သင့်ဘဲ....။
အရမ်းချစ်စရာကောင်းတယ်...။
ဒီကောင်လေးက ထော်လဂျီဆရာသမားလေ..မမရဲ့တပည့်ပါဘဲ...
ဆရာမခေါ်ရင် ဘယ်အလုပ်ဖြစ်ဖြစ်ပစ်ထားပြီး၊ ဆရာမဆီအရင်လာတတ်တယ်...။
ကျမရဲ ့လက်စွဲတော် ကားဆရာလေ...သူ့သွားဖြူဖြူလေးပေါ်အောင်အမြဲတမ်းဟီးနေတတ်တယ်...။
ရူးရူးရှဲရှဲနဲ့ခဏအတွင်းပြောင်သွားတာဘဲ... ။
သူတို့ထမင်းစားရင် သနားစရာကောင်းတယ်..။ ကျမတခါခါ မုန်ညှင်းရွက်တို့ချဉ်ပေါင်ရွက်တို့ချက်ရင်၊
အိုးအကြီးကြီးနဲ့ချက်ပြီး တခွက်အလယ်မှာချပေးလိုက်ပါတယ်...။
နေ့လည် ၃ နာရီဆိုရင် နားချိန် လက်ဖက်သုပ်၊ ခေါက်လန်ဖွန်း၊ ထိုဖူးကြော်၊အချဉ်တခုခု၊
တခါလေလည်းလက်ဖက်ရည်..။အကြော်လည်းတခါကြော်ပြီးကျွေးဖူးတယ်..။
သူတို့က ခေါက်လန်ဖွန်း..ဘာဘဲစားစားအဓိက ငရုတ်သီးမုန့်အသေကြိုက်ပါတယ်...။
အချိုမုန့်လာလာတောင်းတတ်လို့ဝယ်ထားပေးရတယ်...။
ခေါက်ဖွန်းပုဂံနီရဲထွတ်နေတာဘဲ...တွေ့လား...။
အိမ်သာကျင်းနောက်တကျင်းတူးတော့ မုန့်ပုဂံကိုလည်း အောက်ချပေးရတယ်...။
ငရုတ်သီးထောင်း
ကျမတို့မြို့ထုံးစံလား...တော့မသိပါဘူး...။သူတို့အခေါ် စလက်လောင်း..ဆိုလား...
စလစ်လောင်းဆိုလား...။ဘိလပ်မြေလောင်းတဲ့နေ့ဆိုရင် ထမင်းကျွေးရတယ်တဲ့...။
သူများတွေတော့ အသားဟင်းအိုးတအိုးချက်ပြီးချထားပေးလိုက်ပါ...တဲ့။
သူတို့ထမင်းသူတို့ဖာသာဘယ်လာပြီးစားကြတယ်လို့ပြောတယ်...။
ဒါပေမဲ့ ကျမကကျွေးမှတော့ အစုံဘဲကျွေးလိုက်တာကောင်းတယ်လေ....။
ဟုတ်တယ်နော်...သူများကိုကျွေးတာ စေတနာကောင်းကောင်းနဲ့ကျွေးရင် 
ကိုယ်လည်း စိတ်ချမ်းသာ ကုသိုလ်လည်းရပါတယ်။ ဘုန်းကြီးလှုမှမဟုတ်ပါဘူး...။
ဒါကကျမခံယူချက်ပါ..။
ဒါနဲ့ ပထမထပ်ဘိလပ်မြေလောင်းတော့ ဝက်သားဟင်း၊ငရုပ်သီးထောင်း၊အစိမ်းကြော်၊မုန်ညှင်းဟင်းရည်၊
နဲ့ကျွေးပါတယ်...။
ကောင်မလေးတွေတသိုက်...။
ခေါင်းလေးမော့နေတဲ့ကောင်မလေးက ကန်တရိုက်တာသားနဲ့ရီးစားဖြစ်ပြီး 
ကျမပြန်လာတော့ မင်္ဂလာဆောင်တယ်လို့ပြောပါတယ်...။ကောင်မလေး တော်တော်လှတယ်...။
ဒီကင်မရာဖက်ကိုလှမ်းကြည့်နေတဲ့ကောင်မလေးက လက်သမားဆရာတယောက်ရဲ့သမီးလေးပါ...။
သူလည်း တလောက ယောက်ကျားယူသွားပြီလို့ပြောတယ်..။
ဆရာကြီးများအဖွဲ့...နောက်ကျောက မြင်ရတဲ့အမည်းရောင်စပို့ရှပ်နဲ့က ကန်ထရိုက်တာရဲ့တူ၊ သူ့ကပ်ရပ်က သူ့အဖေ ကန်တရိုက်တာရဲ့ယောက်ဖ၊ ဒီပန်းရံ ဆရာလေးက အလုပ်လုပ်တာ.. အရမ်းသပ်ရပ်တယ်...။ တနေ့ကြီးပွားမှာ...။ စိတ်ရှည်တယ်...မဖြစ်ဖြစ်အောင်လုပ်တတ်တယ်။
ကောင်လေးတွေရဲ့ထမင်းဝိုင်း...။ဖြစ်သလိုနေဖြစ်သလိုစားပေမဲ့..အလုပ်လုပ်ရင် 
တကယ်ပါ..ဖြစ်သလိုမလုပ်တတ်ကြဘူး..။
ကျမမချက်နိုင်လို့အမေတို့ရဲ့လက်စွဲတော် (အရင်တုံးကဆေးလိပ်ခုံလုပ်တုံးကပေါ့၊
သူတို့သားအမိတွေအိမ်မှာဆေးလိပ်လိပ်ကြတယ်လေ..။
နောက်တော့ဒီမှာဘဲအခြေချနေထိုင်ပြီး 
အမေလည်းသူတို့အမျိုးလုံးရဲ့အဖွားဖြစ်သွားရော 😁
သူတို့ချက်ပြုတ်ပြီး အိုးခွက်ပုဂံကအစ စီစဉ်ပေးရတယ်။
အလုပ်သမားတွေအမြင်မှာ သူတို့ပြောတာပါ...ကျမကထူးဆန်းတဲ့တေထေးမ..တယောက်တဲ့..:P
သဲကျုံး၊သံကောက်၊မြောင်းရှင်း၊အိမ်သာဆေး၊ထမင်းဟင်းချက်၊အုတ်ပုံရှင်း၊သစ်ပုံရှင်း၊အမှိုက်ကျုံး....
တစက်လေးမှငြိမ်မနေနိုင်တဲ့...လူထူးဆန်းကြီးပေါ့.....၊
ဒီအလုပ်သမားကတော့ ညနေသူများပြန်တဲ့အချိန်မနက်မိုးလင်းတဲ့အချိန် တနင်္ဂနွေနေ့ဆိုရင် တကုတ်တကုတ်နဲ့လုပ်နေရတာပေါ့...။
အဟီး....အာလူးမယ်ငီးလေ....(အမကသူ့ဖုံးနဲ့ရိုက်ထားတာ မသိလိုက်ဘူး..)
ကဲ...နောက် ပထမအထပ်ဘိလပ်မြေလောင်းတာတွေ..ဘာညာတွေ..ဆက်ပြောအုံးမယ်လေ...နော်
အားလုံးဘဲ ရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~~
မီးမီး
အရင်က ရေးခဲ့တဲ့ အိမ်ဆောက်နဲ့ပတ်သက်တာလေးတွေ...
အပိုင်း ၁
အပိုင်း ၂ 
အပိုင်း ၃