Friday, December 2, 2011

ကိုယ်တိုင်လုပ်ဂျာမဏီ Glühwein ခေါ်mulled wine

မင်္ဂလာပါရှင်~~~

ရှေးရှေးတုံးကပေါ့ကွယ်လို့ ဘဲစရမှာလားမသိတော့ပါဘူး။
လွန်ခဲ့သော ၂ နှစ်ကျော်ကာလအခါသာမညကပါ။
ခရစ်စမတ်အချိန်ဆိုရင် ဂျာမဏီမှာ ၊
ခရစ်မတ်ဈေးဆိုပြီးမြို့ တိုင်းရွှာတိုင်းမှာရှိကြပါတယ်။
မြို့ ရွှာလိုက်ပြီးအကြီးအသေးဘဲကွာပါတယ်။
ဒီဇင်ဘာတလလုံးဘဲဖွင့်ပြီးရောင်းကြတာ။
 (ဓါတ်ပုံကိုဒီကယူပါတယ်)
Erlangen X'mas ဈေးတန်းလေး
Nuremberg X'mas ဈေးတန်း
Nuremberg X'mas ဈေးတန်း
Nuremberg X'mas ဈေးတန်း


အဲဒီမှာကျမ တွေ့ မိတာ၊
ဒယ်အိုးလိုလို စွပ်ပြုတ်အိုးလိုလိုနဲ့ အငွေ့ တထောင်းထောင်းထလို့ ။
Glühwein ခေါ်mulled wine ၀ိုင်တဲ့...။
အနံလေးမွှေးနေတာဘဲ။
ဟင်းခတ်အမွှေးအကြိုင်လေးတွေနဲ့ ။
ခလေးသောက်လို့ ရတဲ့အမျိုးအစားလည်းရှိတယ်။
ဝယ်သောက်ရင်ကောင်းမလားလို့  အဲဒီဆိုင်နားပတ်လျောက်နေတာလေ။
မကြိုက်ရင်လည်းသွန်ပစ်ရမှာလေ၊
သူများတွေဝိုင်းကြည့်ကြမှာလည်းစိုးရိမ်...။(ဟီး..နှမြောတာကထိပ်ဆုံးကပေါ့)

အဲတာနဲ့ အိမ်ရောက်တော့အမျိုးသားရဲ့ လုပ်ဖော်ကိုင်ဖက်တယောက်၊
ဂျာမာန်အဖိုးကြီး(ပင်စင်စားလူပျိုကြီး)က ထမင်းဖိတ်ကျွေးမယ်ဆိုပြီးဖုံးဆက်လာတယ်။
ဘာစားချင်လည်းတဲ့...။
ဂလုပ်ဝိုင်ဆိုတာကြီးကိုစိတ်ဝင်စားတယ်ဆိုပြီးပြောလိုက်မိတာ။
သူကိုယ်တိုင်လုပ်ပြီးကျွေးမယ်။
ရောင်းတန်းကကောင်းဘူးဆိုဘဲ။

ဆောင်းည ရနာရီခွဲဆိုတာတအားမှောင်နေပြီ။
နှင်းကလည်းကျ အပူချိန်ကလည်း - 7'C..။
စားကြောဆိုတော့လည်းချီတက်ရတာပေါ့။
လမ်းလျောက်သွားရတာ။(Erlangen မြို့ လေးကသေးတော့)
၁၃မိနစ်လောက်ဘဲကြာပါတယ်။

သူကဒီပုလင်းထဲကအရည်နဲ့ သုံးပါတယ်။
စူပါမားကက်တိုင်းမှာရနိုင်ပါတယ်။
အစဆုံးကိုယ်တိုင်ချက်တာတော့ဟုတ်ပါဘူး။
နောက်လူတယောက်စာအတွက်သကြားခဲ၃တုံး၊လိမ္မော်သီး ၂မွှာ၊
ကြွေခွက်၂ လုံး(ပုံကပါတဲ့အတိုင်း )အသေးတလုံး၊
လက်ကိုင်းနဲ့ အကြီးတလုံး၊စတီးဇွန်းငယ်လေး နဲ့ သံပြားလေးတချောင်း လိုအပ်ပါတယ်။
သူတို့ ရဲ့ ရိုးရာထုံးစံ Glühwein အတွက်ကရိယာလက်နက်တွေပေါ့။

အော်..တခုမေ့သွားတယ်။အရေးကြီးဆုံးက ရမ်အရက်တဲ့။
ရမ်အရက်ကမီးတောက် တယ်ဆိုဘဲ။
မယ်မီးတို့ ဗိုက်ထဲမီးတောက်တဲ့အရက်ဝင်ဖူးတော့မယ်:( ။
ပထမဆုံးတော့ လိမ္မော်သီးကိုအခွံခွာရတာပေါ့။
အဲဒီအလုပ်ကို မယ်မီးလုပ်ရတော့ ဒီပို့ စ်ခေါင်းစဉ်က ကိုယ်တိုင်လုပ်ဝိုင်ဆိုတာဖြစ်သွားလေ။
အဖေပြောသလိုမင်းကတော်ဟင်းချက်နည်းပေါ့။
ဟိုလိုလုပ်ပါလား ဒီလုပ်ပါလား။
ဆားလေးခပ်အုံး ဟင်းမြည်းအုံးနဲ့ ....။
ပြီးကျတော့..ဟူးမောလိုက်တာတနေကုန်ဟင်းချက်ရလို့ ဆိုတဲ့မင်းကတော်ကြီးလေ။
အဟဲ..။
လိမ္မော်သီးအမွှာကို အနောက်ကနေတပိုင်းလေးမပြတ်အောင်ထက်ခြမ်းလှီးတယ်။
လက်ကိုင်းပါတဲ့ခွက်ထဲဝိုင်(ထိပ်ဆုံးဓါတ်ပုံထဲက)ထည့်တယ်။
ပြီးသံပြားလေးတင် လိမ္မော်သီး လေးချ၊
အဲဒီပေါ်မှာသကြား၃ ခဲပြန်တင်၊
ရမ်အရက်ကို ခွက်အသေးထဲထည့်၊
ပြီးဇွန်းသေးသေးလေးကိုရမ်အရက်ခပ်ပါတယ်။
အဲဒီအချိန်မှာအရက်ပါတဲ့ ဇွန်းကိုမီးညှိလိုက်တယ်။
ဦးလူပျိုကြီးကလည်း ရိုမန်းတစ်တဲ့ မီးတွေအားလုံးပိတ်လိုက်တော့။
မှတ်တမ်းတင်နေတဲ့မယ်မီးဓါတ်ပုံလေးက ဒီလိုဖြစ်သွားပါတယ်။
အဲဒီမီးတောက်နေတဲ့ ရမ်အရက်ကိုဖြေးဖြေးခြင်းသကြားခဲပေါ်လောင်းထည့်ရတယ်။
သကြားလေးကအရည်ပျော်ပြီးလိမ္မော်သီးကိုဖြတ်သန်းအောက်ကျသွားတယ်။
အနံလေးကမွှေးလို့ ပေါ့။
အရက်ကုန်ခါနီးဆိုရင်ကိုယ့်ခွက်ထဲကပြန်ခပ်ပေါ့။
သူ့ အချိုးစားအတိုင်းဘဲတဲ့။
အရက်ကုန် သကြားအားလုံးအရည်ပျော်၊
လိမ္မော်သီးကုန်ပါဘဲ။
နောက်အားလုံးပြီးသွားရင် လက်ကိုင်းခွက်လေးမပြီး၊
မိုက်ကလိုဝေ့ မှာသွားနွေးပေါ့။
အရသာကတော့ ပူပူနွေးနွးချိုချိုချဉ်ချဉ်ရှရှ။
အပြန်ခရီးအတွက်ဆိုပြီးအားတင်းပြီး၂ ခါလောက်ဘဲမော့လိုက်တယ်။
အင်း....တော်ပြီပေါ့။
အိမ်ရှင်ဘဲအားပါးတရယူပြီးအပြောင်ရှင်းပေးလိုက်ပါတယ်။
ကျမကတော့ အမြီးအနေနဲ့ ပုဇွန်ကော်ပြန့် ကြော်လေးလုပ်သွားတယ်လေ။
ကိုင်တိုင်ကြော်တာနော်(ဗီယက်နမ်ဆိုင်က ရေခဲစိမ်ရယ်ဒီမိတ်ထုပ်ဝယ်တာလေ) :P
ဗီဒီယိုတော့ရိုက်ထားပါတယ်။
ကျမရဲ့ အောင်မြင်ခန့် ညားလှသော အသံသြသြကြီးကိုမပါအောင်၊
မလုပ်တတ်လို့ တင်ပေးတော့ဘူး....။
သူ့ အိမ်မှာတွေ့ တဲ့ ငါးကျောက်ဖြစ်ရုပ်ကြွင်းပုံ ကျောက်ပြား။
ဈေးအရမ်းကြီးတယ်လို့ သူပြောပြပါတယ်။
ဦးလူပျိုကြီးနဲ့ သူ့ ပက်လက်ကုလားထိုင်၊
ယူရို ၃၀၀၀ နီးပါးပေးရတယ်တဲ့..အဲဒီထိုင်ခုံကြီးကလေ။
ပုံစံအမျိုးမျိုးလုပ်ပြီးထိုင်လို့ ရတယ်။
သူ့ ဘ၀ကအေးချမ်းတယ်။
တနှစ်ကို ၆လ ဆွစ်ဇာလန်မှာနှင်းလျှော်သွားစီးတယ်။
(ဒါကြောင့်အေးချမ်းပါတယ်...လို့ )
၆ လဂျာမဏီမှာစက်ဘီးစီးတယ်။
အရမ်းသဘောကောင်းတယ်။(ခဏခဏထမင်းစားဖိတ်လို့ လေ...:))))

ကဲ..ဒီဇင်ဘာလချမ်းချမ်းမှာအားလုံးဘဲအေးချမ်းကြပါစေနော်
ခင်မင်တဲ့
မီးမီး

9 comments:

  1. ပုံ/
    လူပျိုကြီးနှင့် အပေါင်းအသင်းဖြစ်ချင်သူ ကျွှန်မကျူတီ.(ထမင်း ခဏခဏ ဖိတ်ကျွှေးတယ် ဆိုလို့ပါ)...ဟီးဟီးးး.....၀ိုင် ကြိုက်တယ် ကော်ပြန့် လည်စားမယ်ဆို ပုံထဲက ပြထားတာ အကုန်နီးပါး ကုန်တယ်

    ReplyDelete
  2. ဒီနေ့ ဂလျူးဝိုင် သွားသောက်မယ်
    ဘယ်သူမှ မဖိတ်ပါဘူး ရောင်းတမ်းပဲသွားသောက်မှာ :))

    စူးနွယ်လေး

    ReplyDelete
  3. အပြေးအလွှားလေးတော့လာခဲ့ပါတယ် ၀ိုင်ဆိုလို့
    ဒီရောက်တော့ ယူရို ၃၀၀၀ ပေးရတဲ့ခုံလေးကိုပဲ
    လိုချင်တော့တယ်ကွယ်
    မီးမီးငယ်ရေ....ချက်ချင်းကိုပြန်လိုက်လာတယ်နော်
    ချစ်ချစ်ခင်ခင် jasmine

    ReplyDelete
  4. မီးမီးငယ်ရေနေကောင်းပါစ...အခုလိုဗဟုသုတတွေမျှဝေ
    ပေးတာကျေးဇူးပါဘဲ...ဆက်လက်မျှဝေနိုင်ပါစေ...

    မေတ္တဖြင့်..
    ရွှေဝန်းရတနာ

    ReplyDelete
  5. ကျုတီရေ..
    လူပျိုကြီးက ခရစ်စမတ်ပြီးရင်ဆွစ်သွားတော့မယ်။
    မှီရာ ကကနဲ့ အမြန်သာလိုက်ပေတော့။
    သူ့ ရဲ့ web bage ရှိတယ်ပြန်ရှာလိုက်အုံးမယ်။
    ရူခင်းတွေတကယ်ရှယ်ဘဲ။

    စူးနွယ်ရေ..
    ဘယ်နှစ်ခွက်သောက်မှာလဲ....
    လူကြီးဟာလား..ခလေးဟာလား..

    စပယ်လေးရေ..
    တောင်ကြီးမှာတူမလေး၂ ယောက်နဲ့ တူလေး ၁ယောက်ရှိတယ်၊သူတို့ ကိုသတိရတိုင်း၊
    စပယ်လေးဆီရောက်ဖြစ်တယ်။

    ဘုန်းဘုန်းဘုရား..
    တပည့်တော်အားရင် စာရေးချင်တဲ့စိတ်တွေ၊
    ပေါက်နေတယ်၊သွားခဲ့လာခဲ့တာတွေ၊
    ပြန်ပြီးရေးမယ်လို့ တော့စိတ်ကူးထားပါတယ်ဘုရား။

    လည်လည်ရောက်သူအားလုံးကိုကျေးဇူးတင်ပါတယ်....

    ReplyDelete
  6. လူကြီးဟာ လူကြီးဟာ ဟွင်း...
    သည်မှာ ပြောပြီး မသွားရလို့ စိတ်ကောက်နေတာ :(

    ReplyDelete
  7. စူးနွယ်လေးရာ...
    စိတ်ကောက်နဲ့ ၊
    ချစ်ချစ်ကြီးကစိတ်မချလို့ ၊
    မလွှတ်တာပါ။
    သူအားရင်လိုက်ပို့ မှာပေါ့။
    အချိန်တွေအများကြီးကျန်သေးတယ်။
    ဒီနေ့ အိမ်မှာတခြားဝိုင်သောက်နော်။
    နောက်သွားဖြစ်ရင်ဓါတ်ပုံလေးရိုက်ပြီးပြ၊
    အဲဒီဈေးလေးကိုသေသေချာချာလည်လာခဲ့နော်။

    ReplyDelete
  8. အမရယ် မီးတောက်ဆိုတော့ ဂက်စ်မီးခြစ် နဲ့ခြစ်လိုက်ရင်မီးတောက်နိုင်လားဟင် ဟိဟိ
    ဟို ကျောက်တော့့လမ်းခင်းတာတောင်ကောင်းသေး
    ထိုင်ခုံကြီးကြိုက်တယ်း)

    ခင်မင်လျှက်

    မဒိုးကန်

    ReplyDelete
  9. မဒမ်ကိုးရေ..
    အဲဒီအရက်ကမီးတောက်လို့ ၊
    သူ့ ကိုမီးရို့ ပြီးသကြားနဲ့ လိမ္မော်ကို၊
    အရည်ပျော်အောင်လုပ်တာလေ။
    ကျမတော့ အူကြောင်ကြောင်နဲ့ ၊
    ၂ လုပ်သောက်ဖူးသွားပြီလေ။
    အဟဲ..မဒမ်လေးအိမ်လည်ပြီးရင်၊
    စာရေးအုံး။
ေ၇းထားတာအားလုံးဖတ်လို့ ကောင်းတယ်နော်။

    ReplyDelete