Friday, December 9, 2011

မီးလန့် အတွေ့ အကြုံနဲ့ Deli ကအစားအစာ

မင်္ဂလာပါရှင်~~~

မီးလန့် fire alarm အတွေ့ အကြုံပါ....။ ဒီတပါတ်တော့ ကာတွန်းထဲကလိုပြောရရင်၊
တွတ်ပီကံမကောင်းပါ ပေါ့။ ပိတ်ရက်လေးရအောင် မန်နေဂျာဆီမှာပတ်ချွဲနပ်ချွဲလုပ်ပြီး။
ရလာတော့ အမျိုးသားကိုကြွားလိုက်တာ။
သူ့ အလုပ်နယူးဂျာစီကို ညတွင်းချင်းဘဲ(၄ ညခရီး)လိုက်သွားခဲ့ရပါတယ်။

ဒါကတော့ အလုပ်ထဲကမီးလန့် ခြင်း......
အလုပ်မှာပေါ့ တနလာင်္နေ့ မနက် ၆နာရီ၊(၆မိနစ်ကနောက်ကျလိုက်သေးတယ်..)
အလုပ်ထဲရောက်ရောက်ခြင်းဘဲ။ fire alarm ထမြည်ပါတယ်။
(ကျမ အလုပ်က Department store တခုမှာပါ။ ဒီနိုင်ငံတ၀ှမ်းလုံးမှာဆိုင်ခွဲပါင်း ၁၀၀၀ ကျော်ရှိပါတယ်။)

ယူအစ် ထုံးစံ ကြီးမားလှတဲ့ အဆောက်အဦရဲ့ ဟိုးနောက်ဆုံးဖက်မှာ၊ရုံးခန်းရှိတယ်။
အဲဒီမှာ အလုပ်ဝင်ချိန်ထွက်ချိန်ကို ၊စက်ထဲမှာကိုယ့်နံပါတ်နဲ့ ကိုယ်နှိပ်ပြီး၊ဝင်ရတာလေ။
ကျမအထဲဝင်ပြီး ရုံးခန်းကိုတောင်မရောက်သေးပါဘူး။ လူတွေပြေးကြလွှားကြနဲ့ ။
မြန်မာပီသစပ်စုစိန်..တာကတော့ဒီနေရာမှာပါ။အဟဲ...ညော်နံတွေလှိုင်လှိုင်ထနေတဲ့နေရာကို၊
တံခါးလေးသွားလှပ်ကြည့်ပါတယ်။ O4 အိုဖိုးလို့ ခေါ်တဲ့ မန်နေဂျာအဆင့် ၄ မမနဲ့ supervisor  မမ။
meemee run run go to exit  ..အော်လိုက်တာ..။ လူလည်းလန့် ဖြန့် ပြီးပြေးတော့တာ။
ဘယ်နေရာလည်းသိလား :P ..exit ရဲ့ ဆန့် ကျင်ဖက်အနောက်ဖက်ကို။
စက်မှာ shift start ဆိုတာပြေးနှိပ်တာလေ။ နို့ မို့ ရင်ကျမအချိန်တွေအလကားဖြစ်သွားမှာစိုးလို့ လေ။
ဟဲ..တထွာတမိုက်ညာဏ်ဆိုတာဒါဘဲလေ။ သူများက အသက်ကိုစိုးရိမ်တယ်။
ကျမက အလုပ်ချိန်ပြည့်မဖြစ်မှာစိုးရိမ်တယ်(ပိုက်ပိုက်ရဖို့ လေ)။

ချမ်းချမ်းစီးစီးကျမတယောက်ထဲ ပိုက်ဆံအိတ် ထမင်းဗူး အင်္ကျီထူအပြည့်အစုံနဲ့ ပေါ့။
သူများတွေကဒီအတိုင်းပြေးလာရတာ။ မိုက်တယ်နော် မယ်ငီးတို့ တော့...။
တနာရီလောက် မီးသတ်ကားတွေရဲတွေဝေါ်ဝှီးဝေါ်ဝှီးနဲ့ ၊ရူပ်ရှက်ခတ်ပြီး ချမ်းချမ်းစီးစီးနဲ့ department အပြင်မှာ စောင့်ခဲ့ရတယ်လေ...။

ကဲနောက်တခါ...။
နယူးဂျာစီဟော်တယ်ကလည်း ကမန်းကတန်းထွက်လာလို့ ။ သူ့ ရုံးက အရင်နေရာတွေမှာ မရဘူးတဲ့ ။
ရတဲ့နေရာပေါ့။ Edison Hotel (Edison, NJ) အရင်က Holiday Inn ဆိုလား။
ရှိသမျှ Holiday Inn ဆိုင်းဘုတ်တွေ စာရွက်စာတမ်းတွေ ပေါ်မှာ၊စာရွက်လေးကပ်၊ဆေးလေးထပ်အုပ်ပြီး 
Edison ထပ်ရေးထားတဲ့၊ ခပ်ချာချာဟော်တယ်ပါ။ ထားပါလေ။
အဲဒီမှာတရုတ်တိုးရစ်ဘတ်စ်တစင်းတွေ့ တယ်။ မိုးကလည်းရွာ။မှောင်ကလည်း မှောင်ဆိုတော့။
ညစာကိုဟိုတယ်မှာကပ်ရပ်ဖွင့်ထားတဲ့ HAROLD'S New york Deli ဆိုတာ၊ သွားဝယ်ပါတယ်။
ဟိုတယ်ခန်းကိုပို့ ပေးဘူးတဲ့။ လူတွေလည်းတအားများတာဘဲ။ နံမည်ကြီးဆိုဘဲ။
ROAST TURKEY DINNER with Brown Gravy, Candied Sweet Potato, Cranberry Sauce and Fresh Vegetable
ကျမက အားလူးကြော်အစား ထမင်းတောင်းလိုက်တယ်။
သူကတော့ထမင်းနဲ့ စားတာပါ။
ဈေးနူန်းကတော့ ပြောကိုးမပြောချင်ပါဘူးဆိုတာဘဲ ပြောချင်ပါတယ်။
တယောက်စာမှာပေမဲ့ ၃-၄ ယောက်လောက်တောင်စားလို့ ရလောက်တယ်။
ကျမတော့ ဟိုတယ်ကကော်ဖီစက်နဲ့ ဒီလိုလေးညစာကိုဖန်တီးပါတယ်။

ညရောက်တော့မောမောနဲ့ အိပ်ပါတယ်။
မနက် ၃နာရီမှာအိပ်မက်လိုလိုလန့် နိုးလာတယ်။ go to exit within half hour...
ကြီးထပ်တလဲလဲကြားတာကိုနဘေးအခန်းက တီဗီဖွင့်တာထင်နေတယ်။နောက်မှ ကမန်းကတန်းတခါးဖွင့်ကြည့်တော့မှ။ fire alarm တွေဟိုတယ်တထခုလုံးမြည်နေတာကိုး။

ထုံးစံအတိုင်းကျမကြောင်ပါတယ်။ ဟားဟား...ညကစားမကုန်တဲ့ဗူးတွေကိုကောက်ထဲ့နေတယ်လေ။
အမျိုးသားက အင်္ကျီထူဝတ်ခိုင်း ကွန်ပြူတာယူ ဗိုက်ဆံအိတ်စလွယ်သိုင်းပြီး၊
ပြေးရတာပေါ့၊၉ထပ်ကနေ လှေခါးနဲ့ ။ ကျန်တာတွေထားခဲ့ရပါတယ်။

ရ ထပ်က ပြသာနာဖြစ်လို့ တဲ့။ ဆွေမျိုးပေါက်ဖော်ကြီး ဆေးလိပ်မသောက်ရအခန်းထဲနေပြီး၊
ဖင်မီးခိုးထွက်အောင်သောက်တော်မူတယ်လေ။ #$%^&&*&^%$.......။
ဒါကြောင့်တွတ်ပီကံမကောင်းပါဘူးဆို....။

အဲ..မပြီးသေးပါဘူး။
သူချက်ချင်းကြီးအလုပ်ပြီးအောင်လုပ်၊နောက်တနေ့ နေ့ လည်ချက်ချင်းကြီး ပြန်ခဲ့ပါတယ်။
စက်ရုံပတ်ဝန်းကျင်နေရာလေ
ဘေးမှာဟိုက်ဝေးနဲ့ 
ဟိုတယ်ပတ်ဝန်းကျင်လည်းမြင်တဲ့အတိုင်း ဘာမှမရှိ။
မနက်စာလည်း ၀ယ်စားရတယ်။
ဗီဇာလိုဘဲကြီးမားလှတဲ့pan cake....$ 10 ကျော်တယ်။ အဲဒီ Deli မှာဘဲပေါ့။
နေ့ လည် ၂နာရီမှပြန်တော့ အမျိုးသားကထပ်သွားဝယ်တယ်။ ဟမ္ဘာဂါတဲ့...။ ပုတ်လောက်ကြီးပါတယ်။

Grilled Chicken Breast with Sauteed Veggies and Melted Meunster Cheese
24.95$+tax!!!!!!!!!!!!!!!!!!!!!!!!!
အရသာကလည်း ချိစ်ပေါင်း၅ပိသာလောက်ရှိတယ်ဆိုတော့။
သူတို့ လိုပြောရင်တော့ ton of cheese....။ ကြက်သားကပါမလာပါဘူး။
ရွှေခင်ပွန်းကြီးက ကျမအသားသိပ်မစားလို့ တဲ့။ ပေါင်မုန့် နဲ့ ချိစ်နဲ့ ပန်းမုန်လာဘဲပါတယ်။
@#$%^&*(........
ဆိုင်ထဲကိုဖုံးကင်မရာနဲ့ လှမ်းရိုက်လိုက်တာ
သူ့ မုန့် လေးကလှတပတ နဲ့ ဆိုတော့ဝယ်လိုက်သေးတယ်။
ဝယ်ကြတယ်...

ကျမအတွက်တော့(စဉ်းစားခန်းလေးပါ)...။
မိုးအေးအေးလေးနဲ့ ရှမ်းခေါက်ဆိန့် ရွှေပဲရွှက်လေး ပဲကြော်လေးနဲ့ ဆို....။
ဟွန့် ။။။။။။။။။။။။။။

ခင်မင်တဲ့
မီးမီး

5 comments:

  1. မီးမီးရေ..
    မီးကတော့ဒီမှာတချိန်လုံး လန့် နေတာဘဲ။ ကိုယ်ကတော့ ကိုယ့် လက်ပ်တော့ ကိုအမြဲရအောင်သယ်တယ်။ သေမှာကတော့နောက်ပေါ့။ ကျားကျားနဲ့ တကယ့်ကျားဘယ်တော့တိုးမလဲတော့မသိ။း)
    အိုင်အိုရာ

    ReplyDelete
  2. မီးလန့်လို့ ဗိုက်တွေ လျော့သွားကြတာ ဖြစ်မယ်..
    စားလိုက်ကြတာမှ လွန်ရောပဲ..:D

    ReplyDelete
  3. မီးမီးငယ်က...မီးလန့်တယ်လား.လာလည်သွားပါတယ်..ကျန်းမာပါစေ...

    မေတ္တာဖြင့်...
    ရွှေဝန်းရတနာ...

    ReplyDelete
  4. အိုင်အိုရာ..
    ကိုယ်တော့နယူးယောက်မြို့ ထဲရောက်လို့ ၊
    မီးသတ်ကားတွေ၊ရဲကားတွေ တအော်အော်၊
    အသံကြားရင် သွေးတက်ချင်နေတာဘဲ။
    ၆ လနေမှတခါလောက်ရောက်ဖြစ်တယ်။

    ဟုတ်ပါ့..ကိုရင်ကြီးကလည်း...။
    အင်တာနက်ကဟင်းချက်နည်းတွေ။
    စပြီးသိကတဲကဗိုက်ကြီးလည်းပိုပူလာတယ်လေ။

    ဘုန်းဘုန်းပို့ သတဲ့မေတ္တာကြောင့်၊
    ကျမ်းမာချမ်းသာနေပါတယ်ဘုရား။

    ReplyDelete
  5. မီးမလန့်ဘာနဲ့မီးရယ်
    မီးဆီလာချင်နွန်းနို့ လာမရလို့ ဂလိုဘဲလာလိုက်ရဘာဒယ်
    မီးရယ်

    စီဘောက်လုပ်ဘာမီးရယ်
    မီးဆီလာဆော့ချင်လို့ပါနော် မီးရယ်နော် မီးနော် မီးနော်
    အောင်မလေး ဟောဟဲ ဟောဟဲ

    ချစ်သော

    မဒိုးကန်

    ReplyDelete