Monday, August 29, 2011
ကျိုင်းတုံ သားရေစာ(နေမကောင်းတဲ့အခါတမ်းတမိတာ)
မိုးအေးအေးနဲ့ နေမကောင်းတဲ့အခါမျိုး နှာပိတ်နှာစေးတဲ့အခါမျိုးမှာ၊
မြန်မာပြည်ကလူတွေ ရှောက်သီးသုပ် တမ်းတ ကြသလိုပါဘဲ၊
ကျမတို့ လည်းချဉ်ငံစပ်လို့ ခေါ်တဲ့ ခေါက်လန်ဖွန်း(ဆန်ထိုဖူးသုပ်)ကို၊
အရမ်းလွမ်းတယ်။ ချဉ်ချဉ်ငံငံစပ်စပ်လေး စားပြီးရင်၊ အားလုံးပွင့်ထွက်သွားပါတယ်။
ပဲကြော်လေးနဲ့ စားလည်းကောင်းတယ်။
အသုပ်ဆိုပေမဲ့ကျမတို့ က အရည်လေးနဲ့ ဆမ်းစားလေ့ရှိတယ်။
အချိုရည်(ကြံသကာရည်)၊ အချည်ရည်(ကြံသကာနဲ့ အချည်ဖေါက်တာပါ)၊
ခရမ်းချဉ်သီးပြုတ်ရည်၊ ကြိုက်တာနဲ့ ထည့်စားလို့ ရပါတယ်။
ပဲပုပ်ချဉ်ရည် ငရုတ်သီးကြော် ဆား ဂျင်းထောင်းအရည် နံနံပင် ကော်ဖီထုပ်ပါးပါးလေးလှီး နဲ့ ဆို...
အိုး.... ဂွတ်မှဂွတ်.....
ဟို မုန့် တီဖတ်အရည်နဲ့ က ကျိုင်းတုံခေါက်ဆိန့် မဟုတ်ပါဘူး။
ကျမတို့ အခေါ် ခေါက်ဆန့် နမ့်ဆေ့(အသုပ်သဘောပါဘဲ သပ်သပ်လွတ်ပါ)။
ဒါကတော့ မြေပဲဆံနဲ့ လုပ်ထားတဲ့မြေပဲဆန်ထိုဖူး( ခေါက်လန်ဖွန်းထိုလင်)ပါ။
သူကျတော့ ပဲပုပ်ချဉ်ရည် မထဲ့ရပါဘူး။ ကြက်သွန်ဖြူဆီကျက်နဲ့ ပဲငံပြာရည်၊
ဆား ငရုတ်သီး အချိုရည် အချဉ်ရည် ကြိုက်တာထဲ့ကြတာပေါ့~~~
ဒါက ကျိုင်းတုံတရုတ်ကွမ်ရင်ကျောင်းက သက်သတ်လွတ် ခေါက်ဆွဲ၊ (ကျိုင်းတုံကလူတွေ အရမ်းအချိုမူန့် ကြိုက်ကြတယ်၊ဘေးမှာချထားတဲ့ ဟင်းချိုမူန့် ပုဂံလေးကိုဘဲကြည့်ပါ။) ဟီး...
ကျမက လုံးဝ မစားတတ်ဘူး ငယ်ငယ်ကတဲက၊
ပါးစပ်မှာ ချဉ်တဲ့အရသာဖြစ်လို့ ပါ။
ဈေးနားက ၀ယ်စားတဲ့ ခေါက်ဆွဲ၊(မုန့် တီဖတ်ကုန်နေလို့ ညှပ်ခေါက်ဆွဲနဲ့ ရောထဲ့ပေးတယ်လေ)
ဒါက အူတုံခေါက်ဆွဲကို ကျိုင်းတုံခေါက်ဆိန့် အဖြစ်ကျမချက်ထားတာ..။
ကြာပါပြီ နယ်သာလန်ကတည်းက ချက်စားတာ။
အောက်ဆုံး ၂ ပုံကတော့ အဒေါ်နဲ့ ဦးလေးအိမ်က ထမင်းစားဖိတ်တုံးက တီးခဲ့တာတွေ(ဘာစားချင်လည်းပြောဆိုတော့ အကြိုက်ဆုံးဖြစ်တဲ့ မုန်ညင်းစော(အချို) အိုစွမ်းသုပ် မရမ်းချဉ်သီးထောင်း ဝက်သားပေါင်း ဝက်သားကျောက်ကျော အရွက်အစုံအလင်ပေါ့....
အော်..နေမကောင်းတဲ့အခါ ကိုယ်တိုင်လည်းမလုပ်တတ်၊
ဓါတ်ပုံလေးကြည့် ပြီး ခေါက်ဆွဲပြုတ်နဲ့  ဘဲနှစ်ပါးသွားလိုက်ရပါကြောင်း:)) အဟိ....
"စာကြွင်း" သူများစာတွေလိုက်ဖတ်မှသိရတာ ကိုယ့်ဆီကို လူလာ မလာစစ်လို့ ရဆိုဘဲ၊
ကျမက ဂျာမဏီက သူငယ်ချင်း ၃-၄ ယောက်နဲ့ စင်ကာပူက ညီမလေးတယောက်ဘဲ ဖတ်တယ်လို့ ထင်နေတာ...။တုံးလိုက်တာလေ...:)))
(အရမ်းကြီးကိုဖတ်ပါဖတ်ပါနဲ့ လိုက်ပြောထားလို့ ပါ)။
တကယ်ဘဲ မသိတဲ့ သူတွေလည်းလာတာတွေ့ ရတယ်။တခါမှ မစစ်ခဲ့မသိခဲ့ဖူးလို့ ပါ။
နောက်ဆိုရင် မင်္ဂလာပါဆိုပြီး  နူတ်ဆက်ပါတော့ မယ်။
အားလုံးဘဲ မင်္ဂလာပါရှင်~~
ခင်မင်တတ်တဲ့
မီးမီး
8 comments:
  1. ရှမ်းစာတွေသိတ်ကြိုက်ပါတယ်။နောက်တခါမြန်မာပြည်
    ပြန်ရင်သင်လာခဲ့ပြီးအန်တီတို.ကိုပြန်သင်ပေးလေ။
    စာတွေလာလာဖတ်ပါတယ်။
    ReplyDelete
  2. မီးမီးရေ..
    မြေပဲဆန်တိုဖူး မစားဖူးဘူး။
    ချဉ်ငန်စပ်ကတော့ အသေကြိုက်တယ်။
    သည်မှာလည်း တုပြီး လိုက်လုပ်စားတယ်။ ဆန်တိုဖူးနဲ့တော့မဟုတ်ဘူးလေ မုန့်ဟင်းခါးဖတ်နဲ့ပေါ့။ သိပ်ကောင်းတာပဲ အာသာပြေလေးပေါ့။
    အဒေါ်နဲ့ဦးလေးအိမ်မှာစားတဲ့ဟင်းတွေ အကုန်ကြိုက်တယ်။ ငါးကြော်ပန်းကန်ဘေးကဟာ နမ်တုံလား။ အရင်ကတော့ မကြိုက်ဘူး ၀က်ခေါက်တွေမို့။ အခုဆိုရင်တော့စားဖြစ်မှာပဲ။
    ReplyDelete
  3. အိမ်မှာလဲ ခေါက်ဖွန်း (နာမည်မှားမလားတော့ မသိဘူး) ခဏခဏလုပ်စားဖြစ်တယ်။ ချဉ်ချဉ်စပ်စပ်နဲ့ ပဲပုတ်ထောင်းအရသာနဲ့ အရမ်းစားလို့ကောင်းပါတယ်
    ReplyDelete
  4. comment မချန်ဖြစ်ပေမဲ.အသစ်တင်တိုင်းလာအားပေး
    ပါတယ်။ကျန်မလည်း၇ှမ်းစပ်တော.၇ှမ်းစာတွေအ၇မ်း
    ကြိုက်ပါတယ်။ဆန်တိုဖူးလုပ်နည်းလေး၇ှိ၇င်၇ှယ်ပေးပါ
    လား။
    ReplyDelete
  5. Aunty Oo,ရေ ကျမလည်း
    ဟင်းချက်သိပ်အတတ်ကြီးမဟုတ်ပါဘူး။
    ဒါပေမဲ့ကြိုက်တာလေးတွေတော့ ချက်တတ်အောင်၊
    လေ့လာထားရတယ်လေ။ :)
    Mandy,Jewel
    မြန်မာထိုဖူးကြိုတတ်တယ်ဟုတ်လား၊
    အဲဒီအတိုင်းပါဘဲ။
    ဆန်မူန့် (ရန်ကုန်မှာတော့ မနော်ဟရီဆန်ဆိုတာသုံးတယ်)
    အာရှဆိုင်မှာရောင်းတဲ့
    ဆန်မူန့် လည်းရပါတယ်၊
    မာမာကြိုက်ရင် မာတဲ့ဆန်မျိုးကိုသုံးပေါ့။
    ပြီးထုံး(အရည်ဖျော်ပြီး)နဲနဲထည့်ပေးရပါတယ်၊
    ကုလားပဲရေစိမ်ရင် ဆိုဒါလေးနဲနဲရောပေးသလောက်ပေါ့။
    ရေနဲနဲဆူအေင်တည်ပေးပြီးမှ
    ဆန်မူန့် အရည်ကို
    လောင်းထည့်ပေးလိုက်တာပါဘဲ။
    ထုံးသိပ်များရင် အရသာပျက်တယ်။
    ပါတယ်ဆိုရင်ရုံလောက်ပါဘဲ။
    ပွက်လာရင်တော့
    တလစပ်မွှေရတော့မယ်။
    လက်အံသေတဲ့အထိပါဘဲ။
    ကျမ၀မ်းကွဲညီမလေးတွေ
    တအားကြိုက်တော့၊
    သူတို့ အိမ်လာရင်(ရန်ကုန်)
    အမြဲလုပ်စားကြတယ်။
    သိပ်ပစ်ခဲတဲ့အထိတော့မဟုတ်ပါဘူး၊
    နို့ မို့ ဆိုမာမာကြီးစားမကောင်းဘူး။
    အမာအပျော့က
    အကြိုက်မတူကြဘူးလေ။
    Evy,ရေ ပဲပုပ်ချဉ်နဲ့ ပိုလိုက်ဖက်ပါတယ်။
    ကျမတို့ တခါတလေ ပဲပုပ်ချဉ်ကုန်သွားရင်။ တရုတ်ပဲပုပ်မာမာ အချပ်လေးတွေကို ဂျင်းထောင်းရောပြုတ်ပြီးသုံးသေးတယ်၊
    စူးနွယ်ရေ..ဟုတ်တယ်
    အဲဒါ နမ်တုံ၊
    အသားသတ်သတ်နဲ့ 
    အစပ်လား ရိုးရိုးလား၊
    ဆိုပြီးအမျိုးမျိုးရှိသေးတယ်။
    ကျမသိသလောက်ပြောပြတာနော်၊
    ကိုယ်တိုင်ကလည်း
    ဟိုမရာက်ဒီမရောက်ကလေးပါရှင်။
    ဟီး..:P
    လာလည်တာကျေးဇူးတင်ပါတယ်။
    ReplyDelete
  6. ဂွတ်..ဂလု..(ပါးစပ်ကအချည်ရည်ကိုမျိုချသံ) စားခြင်လိုက်တာမမီးရေ..ဒီကလဲ ရှမ်းစားဆိုလာထား စားမယ်ဆိုတာချည်းပဲဆိုတော့..တော်တော်ကို ရှလွတ်သွားပါတယ်...စု
    ReplyDelete
  7. မီးမီးရေ လာလည်ရင်းနဲ့ကျိုင်းတုံစာကြိုက်လွန်းလို့စားသွားပါတယ်နော်
    ReplyDelete
    Replies
    1. မမာရေ...
      ရောက်ရင်ဝင်ခဲ့နော်။
      လိုက်ကျွေးမယ်။
      ဂွတ်တာက အားလုံးဘဲ..။
      Delete