Tuesday, August 2, 2011

ကျိုင်းတုံအမဲလုံးခေါက်ဆွဲ

ဘိုမလေးရေ..
ကျိုင်းတုံအမဲလုံးခေါက်ဆွဲ ဆိုတာထိုင်းကွေ့ သယိုနဲ့ အတူတူလောက်ပါဘဲ။
တခုဘဲကွာမယ်နဲ့ တူတယ်။အမဲလုံးအရသာ..လေ။
ကျမတို့ အိမ်ရဲ့ မျက်စောင်းထိုးမှာ နာမည်ကြီး
၊ အမဲလုံးခေါက်ဆွဲ ဆိုင်ရှိတယ်။

မနက်တိုင်းသူတို့ အမဲသားလုံးလုပ်တာ ငယ်ငယ်ကအမြဲတမ်းဘဲမြင်တွေ့ နေတာ
ကြည့်ရတာကိုလည်းကြိုက်တယ်လေ။ ကျမတို့ ဆီမှာက အသားကိုစက်နဲ့ မကြိတ်ဘူး။
အရွှတ်တွေ အကြောတွေအားလုံးဖယ်ပြီး၊ ငါးမူးလုံးသံတုတ်ချောင်းကြီး၂ ခုနဲ့ 
တရုတ်သိုင်းကားထဲကလိုတဖုန်းဖုန်းနဲ့ အသားကိုရိုက်တယ်။
အဲဒီအထဲမှာဆား ငရုတ်ကောင်း ပကောစော်ကော ထဲ့တယ်။
တော်တော်လည်းကြာတယ်.အဲဒီအသားရိုက်တဲ့လူတွေက၊ ဗလ တောင့်တောင့်ကြီးတွေ။

သံချောင်းကြီးကလေးတယ်လေ.။ စေးပိုင်လာပြီဆိုရင်.ဗွက်ဗွက်ဆူနေတဲ့ ရေအိုးထဲကို၊
သူ့ လက်နဲ့  ကြေညက်နေတဲ့ အသားတွေကိုယူပြီးညစ်လိုက်တာ..။
အသားလုံးလေးက လက်မနဲ့ လက်ညိုးကြားထဲကနေ ဂေါ်လီလုံးလောက်၊
အရွယ်လေး ပြွတ်ထွက်လာတော့ သူကစတီးဇွန်းနဲ့ ခြစ်ချလိုက်တာပေါ့။
ရေထဲကို ပလုံကနဲကျပြီးချက်ချင်းကျက်သွားတာဘဲ။ အဲဒါ non stop အရမ်းမြန်တာလုပ်နေတာ.လေ။
ကြည့်လို့ ကောင်းလိုက်တာ..ငယ်ငယ်တုံးကပေါ့ ။ငတ်ကြီးကျခဲ့ ပြီးငမ်းခဲ့တာပေါ့..။



ဒါကဈေးထဲမှာအမဲလုံးလုပ်နေတာ
အိမ်မှာလုပ်စားမယ်ဆိုရင်သူတို့ ဆီမှာအမဲလုံးတောင်းဝယ်ခဲ့တာပါဘဲ။
ထိုင်းက အမဲလုံးက စက်နဲ့ ဘဲလုပ်တာဘာတွေရောထားမှန်းလဲမရသိဘူး။
ကျိုင်းတုံကတော့ ၁၀၀ % အမဲလုံးစစ်နဲ့ လပ်ဆပ်တော့ ပိုစားကောင်းတယ်လေ..။
အကြော အရွှတ်သားတွေတော့ presser cooker နဲ့ ပေါင်းပြီးပါးပါးလေးလှီး..ရောထဲ့ စားတယ်။
ဟင်းရည်ကတော့ ရိုးရိုးလေးပါ.၊ဂျင်း နံနံပင်အမြစ် ငရုတ်ကောင်း ကြက်သွန်ဖြူ နဲ့ အမဲရိုးတွေကို၊
ရေဆူမှထဲ့ ပြီးရင် အဖုံးမဖုံးနဲ့ 
ဗွက်လာတဲ့ အပေါ်ရေ ညစ်ညစ်တွေကိုခပ်ထုပ်ပြစ်လိုက်ပါ။
နို့ မို့ ရင် ဟင်းရည်ကြည်ကြည်လေးမဖြစ်ဘူး။
ထိုင်းကလူတွေတော့အမဲ သွေးလပ်လပ်ဆပ်ဆပ်ထည့်စားတယ်။ အဲဒီလိုပေါ့ နီနီရဲရဲကြီး..။
ပဲငံပြည်ရည် ငါးငံပြာရည် ကြည်သွန်ဖြူဆီချက် ကြက်သွန်မြိတ် လေးနဲ့ ဆိုဂွတ်ပြီလေ...။

ဒါကတော့ ကျမရဲ့ တူမလေး ဖေ့ဘွတ်ကနေကစ်လာတဲ့ပုံ။
သူတို့ ကတော့ဟင်းရည်ကိုကြက်ပေါင်ပြုတ်နဲ့ လုပ်တာ။
ဗီယက်နမ်တွေကြတော့ ပင်စိမ်းရွက်တွေနဲ့ ထည့်စားတတ်တယ်။
အပေါ်က၂ ပုံလည်း Google အစွမ်းအစ တွေပါ၊ကျမဓါတ်ပုံရိုက်ထားတာမရှိလို့ ။


ကျမတို့ ကျိုင်းတုံကအမဲလုံး၊ဝက်သားလုံးခေါက်ဆွဲတွေဆိုရင် ထိုင်းနဲ့ သိပ်မတူပါဘူး၊အစာပလာပိုစုံလင်၊
တယ်။မုန်ညှင်းချဉ်လေးနဲ့  ဒီလိုစားတတ်ကြပါတယ်။

မိတ်ဆွေ ဘိုမလေး(စူးနွယ်အတွက်)
အမေးရှိတော့ အဖြေရှိရတာပေါ့ နော့်..
အမှတ်တရ နော်....
ကိုယ်တော့ ဂျာမဏီမှာနေတုံးက သူတို့ ဂျာမာန်ဝက်အူချောင်း ၀က်သားလုံးတွေနဲ့ လုပ်စားသေးတယ်.
အလွမ်းပြေလေးပေါ့..

6 comments:

  1. သွားရည်ကျအောင်လုပ်နေတယ်။

    ReplyDelete
  2. သေချာရေးပြပေးတာ ကျေးဇူးတင်ပါတယ် မီးမီးရေ..
    အသားစစ်တာ သိရတော့ စားရတာစိတ်ချလက်ချ ရှိတာပေါ့နော်။ အသားတွေက တအားညက်နေတာမို့ စက်နဲ့ကြိတ်တယ် ထင်နေတာ။ ခုကော အဲဒီဆိုင်ရှိသေးလား။ ဒီမှာလုပ်စားရင်တော့ စက်နဲ့ပဲ ကြိတ်ရမယ်။

    ReplyDelete
  3. ကျမငယ်ငယ်ကနေ ၁၉၈၉ အထိတော့
    အမဲလုံးဆိုင်တွေအားလုံးက ဒီလိုဘဲလုပ်ကြတယ်
    ခုတော့ ဘယ်လိုဖြစ်မလဲမသိဘူး
    အိမ်ရှေ့က ခေါက်ဆွဲဆိုင်လည်း
    ပြောင်းသွားပြီ.
    အိမ်မှာဟင်းရည်မပါတဲ့နေ့ ဆိုရင်
    ခေါက်ဆွဲမပါအမဲလုံးသပ်သပ်
    နဲ့ အရည်များများဆိုတာ
    ကျမတို့ မောင်နှမတသိုက်
    အသေကြိုက်.:P

    ReplyDelete
  4. ဒေါ်ကြီးအိ..
    လာလည်ရင် ချက်ကျွေးမယ်.
    ရန်ကုန်ပြန်မယ်ဆိုရင်တော့..
    ဟိုမှာဘဲစားလိုက်တော့
    စကော့ဈေးအနောက်ဖက်မှာ ရှိတယ်
    နဲနဲဂျင်းနံပြင်းလို့ သိပ်မကြိုက်ဘူး..
    :P

    ReplyDelete
  5. အမဲလုံးအရည်သောက်လေးလဲသောက်သွားပြီနော်

    ReplyDelete
    Replies
    1. အဟဲ..။
      ကျမချက်ထားတဲ့ပုံတခုမှမပါဘူး။
      လွှမ်းလို့ ..တမ်းတတာလေ။

      Delete