ကျမတော့ ထမင်းနဲ့ခေါက်ဆွဲဆိုရင်ခေါက်ဆွဲဘဲရွေးမယ်..။ဘယ်အချိန် ဘယ်နေရာမှာမဆို စားနိုင်ပါတယ်။
အဲဒီတော့ ဘယ်သွားသွားဘယ်နေရာရောက်ရောက်ခေါက်ဆွဲဘဲမှာစားပါတယ်တခြားမမှာတတ်လို့ပါ.:((
တခါတလေလည်းအဆင်ပြေပါတယ်..။တခါတလေလည်း စားလည်းမစားခြင်ထားပစ်ခဲ့ရမှာလည်းနှမြော..။
မိန်းခလေးတွေလေ..ဈေးကြီးလို့နှမြော စားမကုန်လို့နှမြော.( ကျမရဲ့မကောင်းတဲ့အကျင့်တွေပေါ့)

နေမကောင်းလို့သာမှာစားတာ..နိုးနိုးပါဘဲ

ငန်တယ်.sea food noddle ဆိုပြီးဗျာ. စိတ်ထဲမယ်ဗြဲလရမ်းကြီး ကောင်းဘူး...


ဆီတပိသာနဲ့ ဝက်နံရိုးက သပ်သပ်ရောက်လာပါတယ်.။
ဘူတာရုံတခုခု နားက ရှော့ပ်ပင်းစင်တာတခုထဲကလို့မှတ်မိပါတယ် ငိုချင်သွားပါတယ်.။


ကောင်းမကောင်းစဉ်းစားပေးချိန်မတောင်မရလိုက်ဘူး။
၁ဝ ပေါင်ကျော်ကျော်ပေးရတယ်.တကယ်ကောင်းတယ်..။

နောက်ဆုံးတော့ ဘယ်နေရာကခေါက်ဆွဲဘဲဖြစ်ဖြစ်ကျမရဲ့ခေါက်ဆွဲကိုဘယ်မှီကြမလဲ
ဆီမပါ ရိုးစင်းပေမဲ့ အင်မတန်မှစားကောင်းပါတယ် ..ဟဲဟဲ...:P
ဟုတ်ပါ့ ၀က်နံရိုးက ဆီများလိုက်တာနော်
ReplyDeleteတို့တော့ ဂျုံခေါက်ဆွဲထက် ဆန်ခေါက်ဆွဲကို ပိုကြိုက်တယ်။ ဆီသိပ်မပါတဲ့ ခေါက်ဆွဲဆို ပိုကောင်း :D
ဟုတ်တယ်.ကိုယ်လည်း
ReplyDeleteဆန်ခေါက်ဆွဲအရည်နဲ့ ပိုကြိုက်တယ်
ကျိုင်းတုံကအမဲလုံးခေါက်ဆွဲဆို
ကောင်းမှကောင်း..
နောက်ပြီးဆီတွေပါနေရင်ဘယ်လိုလုပ်
အရည်သောက်လို့ ရမှာလဲနော်..
:))
ဆန်နဲ့လုပ်တဲ့ ခေါက်ဆွဲထဲမှာဆိုလည်း ရေစိမ်ဖတ်နဲ့မုန့်တီဖတ်ပဲ ကြိုက်တယ်။ ဟိ...ကြေးများတယ်နော်။ ရှမ်းခေါက်ဆွဲ(ဆန်စေး)နဲ့ ဆန်ခေါက်ဆွဲ(ညှပ်ခေါက်ဆွဲ) မကြိုက်ဘူး။ ကျိုင်းတုံမုန့်တီ ကြိုက်တယ်၊ ရေစိမ်အရည်နဲ့ ကြိုက်တယ်။ ကျိုင်းတုံအမဲလုံးခေါက်ဆွဲကြိုက်တယ်။
ReplyDeleteမီးမီးရေ... အမဲလုံးခေါက်ဆွဲကို လုပ်နည်းလေး သိရင် ပြောပြပါလားဟင်။ တခါမှ ကိုယ်တိုင် မလုပ်စားဖူးဘူး။
တတ်သလောက်မှတ်သလောက်
ReplyDeleteရမ်းတုပ်ပေးအုံးမယ်
စိတ်ချနော်။ ဟီး