ဟား...သိပ်မဖြောင့်ပါဘူး..။တွေ့ လား..အကွေ့ တခုနော်..:)))
ကားလမ်းနဘေးမှာ မြေတူးထားတဲ့ နေရာဖြစ်မယ်။ ရေကန်လိုဖြစ်နေတာလေ..။
အဲလိုမျိုး...အများကြီးတွေ့ ရတယ်။
သဲချောင်းဖြစ်သွားတဲ့ မြစ်ငယ်လေးရဲ့ ဘဝဇာတ်ကြောင်း..။
ဖြောင့်တန်းပေမဲ့လည်း သစ်ပင်မရှိ ဘာမရှိ။ အမိအဖ မရှိတဲ့ ခလေးလေးဘဝ နဲ့ မတူဘူးလားးကဲ..ပြော..။
ပြီးခဲ့တဲ့နှစ်ကူးကာလကျိုင်းတုံကိုပြန်တာ.မြို့ ပတ်ရထားနဲ့ ....အဲလေဟုတ်ဘူး။
လေယာဉ်ပျံကြီးကခဏခဏ ရပ်တယ် ဘူတာတိုင်း..အော်..လေယာဉ်ကွင်းတော်တော်များများပါ..။
ရန်ကုန်-နေပြည်တော်-မန္တလေး-ဟဲဟိုး-ကျိုင်းတုံ-တာချီလိတ်
အပြန်ကျတော့ တာချီလိတ်-ကျိုင်းတုံ-ဟဲဟိုး-မန္တလေး-နေပြည်တော်
အာပါးပါး.မိုက်တယ် ၂နာရီ-၃ နာရီနီးပါးလောက်ဒုက္ခခံလိုက်ရပါတယ်။
လေယာဉ်ရပ်ရင် ဆိုင်တဲ့သူတွေဘဲဆင်းရတာ.။
ပြီးရင် အဲယားမမတွေ အဲယားဖရက်ရှာတွေ ဖြန်းကြတယ်လေ.။
ကျမ အနံ့ မခံနိုင်ဘူးနှာရည်တွေကြချောင်းဆိုးတာအရမ်းပါဘဲ.။
လေယာဉ်ပျံ ပေါ်ကနေ နေပြည်တော် မန္တလေးတလျောက် ဓါတ်ပုံတွေရိုက်ခဲ့တာအခုမှပြန်ကြည့်မိတယ်..။
သစ်ပင်မရှိစိမ်းလန်းသောနေရာမရှိ.သဘာဝစိမ်းလန်းခြင်းကင်းသောနေရာ..။
က်ျနေရာကို နေပြည်တော်ဟုခေါ်ပါသည်။
နွေတုံးက အရမ်းပူကြတယ် အခုမိုးတအားရွာတယ်ရေကြီးတယ်တဲ့..။
အော်...သစ်ပင်တွေတောတွေဘယ်ရောက်သွားပါလိမ့်!!!!
ဒီကိုယ်တော်ကတော့ လေယာဉ်ပျံစီးတာကို၊ ထမင်းထုပ်လေးနဲ့ ဟင်းနံကြီးကနံလို့ ၊
လေယာဉ်မယ်လေးတွေက ကျမကိုလာမေးရှာပါတယ်။
အမရေ ငါးခြောက်ယူလာပါသလားရှင်တဲ့..။အဲဒီ ကိုယ်တော်ငုတ်တုတ်ကြီးကိုတော့မမေးဘူး...။
အော်...ငါ့နှယ်နော်..သူကတုံးတာလား င့ါပုံကနုံနေတာလား...။
ဒင်းကြီးထုတ်စားရင်တော့ ပြောပြစ်မယ်လို့  ပါးစပ်ပြင်ထားပါသေးတယ်:P
ကျိုင်းတုံကနေရန်ကုန်အပြန်ခရီးစဉ်ပါ..။
မီးမီး
အဲဒီလူဆီက ဟင်းထုပ် မပြလိုက်ဘူးလားလို့...
ReplyDeleteကျိုင်းတုံတိုက်ရိုက်လေယာဉ်မရှိဘူးလား
ဘိုမလေးရေ..မပြလိုက်ပါဘူး သူမြင်လား
ReplyDeleteမမြင်မိတာလား.ဘာလားညာလား :D
မသိပါဘူး..
မမတသိုက်ပဲတွေများနေကြတာ...
ကျိုင်းတုံ တိုက်ရိုက်လေယာဉ်ခရီးစဉ်လည်း
ရှိသေးတယ်နဲ့ တူတယ်..
ကျမတော့ ကိုယ်ရတဲ့အချိန်နဲ့ လေယာဉ်ရှိတဲ့ရက်
ကိုက်အောင်ယူရတာ..
ကျိုင်းတုံမပြောင်းလဲသေးတာ.
အဲဒီလေယာဉ်လက်မှတ်
ခက်ခဲတာလဲပါတယ်လေ..