Thursday, June 2, 2011

အိမ်ချက်ပီကင်းဘဲကင်

တနေ့က ဘဲကင်စားချင်လိုက်တာ.။
အနီးအနားက တရုတ်ဆိုင်မှာလည်းမရှိ...။
အဲဒီတော့ စမ်းသပ်ပြီးကင်ကြည့်ဖို့ စိတ်ကူးပြီး.၊
လုပ်ကြည့်တာ..လွယ်ပါတယ် အချိန်ကြာတာတခုပါဘဲ...။

ဆား ငရုပ်ကောင်း ရှာလာကာရည် ပျားရည် ပဲငံပြာရည် ဟင်းချက်အရက် ပြောင်းဖူးမူန့် ကြက်သွန်မိတ်..၊
အားလုံး(ပဲငံပြာရည် ကလွဲလို့)...၊ရေပွက်ပွက်ဆူအောင်တည်ပြီး ရောကြိုလိုက်တယ်.။
ပြောင်းဖူးမူန့်တဇွန်းရေဖျော်ပြီးနောက်ဆုံးမှထဲ့ပါ ပြီးမီးဖိုကချလိုက်တာနဲ့..။
ပြင်ထားတဲ့ဘဲကောင်ပေါ်ဖြေးဖြေးလောင်းပေးပါ..။

ဒီလိုအသားတင်းတင်းလေးဖြစ်လာတယ်.။ ကျမတော့ ၂ ခါလုပ်တယ်စိတ်ထဲမှာ
အသားနံကြီးနံနေတယ်ထင်လို့..။၃ နာရီကြာအောင်အခန်းအပူချိန်မှာလေသလပ်ထားရပါတယ်...။
ပြီးမှ အပူချိန် ၃၀၀ဒီဂရီနဲ့ ၃နာရီအိုဝင်မှာဖုတ်ပါတယ်။

ပထမ ၁နာရီပြီးရင် ဒီလိုလေးဖြစ်လာပါတယ်.။
တနာရီတခါအထက်အောက်လှန်ပေးရပါတယ်။

၃ နာရီပြည့်သွားပြီးရင် ပဲငံပြာရည် ပျားရည် ရှာလကာရည် ရောပြီး၊
သူ့အပေါ်မှာ လူးပေး(သုပ်တယ် လိမ်းတယ် ဖြန်းတယ်) မှန်တဲ့အသုံးအနူန်းတာယူလိုက်ပါ:)))
ဗမာစာဟာတကယ်ကိုခက်ပါတယ်လေ...(ကျမအတွက်ပြောတာပါ)...။

ပြီး ၄ဝဝ ဒီဂရီနဲ့နောက်ဆုံး ၁နာရီပေါ့...။

ကျမကဆီအများကြီးထွက်သွားအောင်၊ဓါးရာတွေအများကြီးပေးလိုက်လို့..၊ဆီချောက်သလိုဖြစ်နေတယ်။
အောက်ခံဗန်းမှာဆီတွေအများကြီးရတယ်။အချဉ်ထောင်းလေးနဲ့ဆိုကောင်းမှကောင်း...။
ကျန်တဲ့အရိုးတွေကိုဒီနေ့ တုံယမ်းချက်မယ်..ဟား..ပထမဦးဆုံးစမ်းသပ်တာဆိုပေမဲ့၊
အီကိုယ့်လက်ရာလေးဘယ်ဆိုးလို့လဲ...
ဌဲ ဌဲ ဌဲ...:P ...မယ်မီးမီး ...

4 comments:

  1. စားမယ် စားမယ် စားချင်တယ်
    သူပြောတော့လည်း လွယ်သလိုပဲ ဒါပေမယ့် မလွယ်ဘူးထင်တယ်...
    ဒီမှာတော့ ၀ယ်စားဖြစ်တယ် အရိုးမပါ ဘဲကြွပ်ဆိုပေမယ့် ဗမာပြည်ကဘဲကင်အရိုးနဲ့ဟာကို ပိုကြိုက်တယ်

    ReplyDelete
  2. လွယ်တယ်လေ.စူးနွယ်လေးရယ်
    oven ထဲပစ်ထားပြီးအပြင်မှာ
    လုပ်ချင်တာတွေလုပ်လို့ရတယ်လေ:))
    ကျမတော့ BKK ကMK မှာအမြဲစားလေ့ရှိတယ်.
    ကောင်းမှကောင်းဘဲ..

    ReplyDelete
  3. "၃ နာရီကြာအောင်အခန်းအပူချိန်မှာ
    လေသလပ်ထားရပါတယ်"

    အဲလို မလုပ်သင့်ပါဘူး။ အပူချိန် ၄၇ ဒီဂရီမှာ ၂ နာရီထက် ပိုအောင်ထားရင် ဘက်တီးရီးယားတွေ စ ပေါပြီး အသား မလတ်ဆတ်တော့ပါ။ အနံ့ အရသာ ပျက်ယွင်းသွားပါတယ်။ အသားတွေ အညှီနံ့ ပြင်းတာ အဲလို မသင့်တော်တဲ့ အပူချိန်မှာ ထားတာ ကြာသွားလို့ စ ပုတ်လာတဲ့ သဘောပါ။ မချက်မခြင်း ရေခဲသေတ္တာထဲမှဘဲထားရပါမယ်။

    ReplyDelete
  4. ကျမလည်းသူများတွေလုပ်နည်း
    ရေးထားတဲ့အတိုင်းလုပ်တာပါ
    internet မှာရှာဖွေတွေ့ရှိတာပါ..
    ဒါပေမဲ့ ရေပူပူလောင်းပြီးမှထား
    တယ်ဆိုတော့..ပုပ်သိုးပြီလို့တော့
    မထင်မိပါဘူး.
    ဘာဘဲဖြစ်ဖြစ်ကျမလည်း
    ဟင်းချက်ခပ်ညံညံထဲကပါ..
    အမြဲတမ်းစမ်းသပ်ချက်ပြုတ်နေရတုံးပါဘဲ.
    ခုလိုပြောပြတာလဲကျေးဇူးနော့်.:))

    ReplyDelete