Tuesday, April 8, 2014

ချက်စားဝယ်စား ၄

မင်္ဂလာပါရှင်~~~
ကျမ မိတ်ဆွေတယောက်က ကျမရေးတာတွေက ရသစာပေထဲမပါတဲ့ kitchen talk စာပေတဲ့။ ဒီလောက် စားကြောငမ်းတဲ့မယ်ငီး ရေးတာလည်း သာရေတမြားမြားနဲ့ရေးရတာ..ဂလောက်အရသာရှိတာကိုနော်..အရသာစာပေလို့ မှတ်ယူကြပါကုန်.. ^_^


ကိုင်း..ဒီတခါတလည်း မီးဖိုချောင်အကြောင်း ဟင်းအကြောင်းဘာလေးညာလေး ပြောဆိုကြရအောင်...
ကညွှတ်တွေလတ်ဆတ်လို့ ခရုဆီနဲ့ကြက်သွန်ဖြူ  ပြောင်းဖူးမူန့်နဲနဲဖျော်ထည့်ပါလို့..ဒီလိုလုပ်စားလေ့ရှိတယ်
ကညွတ်ကိုတော့ ရေပူပူမှာခဏပြုတ်လိုက်ရင် ပိုကောင်းပါတယ်။ ဆားလေးနဲနဲခပ်ပေါ့..။ ပြီးမှ ကြက်သွန်ဖြူ
ဓါးပြားရိုက် ၂ခြမ်းနဲ့ ဆီပါလေရာလေးဒယ်အိုးပူပူမှာ ကြော်၊ ခရုဆီနဲ့ပြောင်းဖူးမူန့် ဖျော်လေးလောင်းထဲ့၊ ဆားနဲနဲ ငရုပ်ကောင်းဖြူးး ရေအေးစိမ်ထားတဲ့ ကညွတ်လေးပြန်ထည့်.. ခဏလေးပါဘဲ..စားကောင်းချက် ကတော့ 
ဘဲဒီးဘဲဒီး..ဂွတ်ရှယ်ပေါ့..
ဟိုတခါက ကိုယ့်ဖာသာကိုယ့်စိတ်နဲ့ ရန်တွေဖြစ်ပြီး ဝယ်လာတဲ့ကတက်ချဉ်လေးကို ရေအထပ်ထပ်ဆေး..၊
ကြက်သွန်ဖြူ ဆီချက်၊ဆား၊ကုလားအော်သီး၊ကြက်သွန်နီ၊ခရမ်းချဉ်သီးမီးဖုတ်၊ငံပြာရည်နဲနဲ၊မချဉ်လို့ သံပုရာ သီးညှစ်ရသေးတယ်လေ။ မြေပဲဆံထောင်းလေးကောမပါမဖြစ်...အိုးမိုင်...ဘယ်ပြောကောင်းလိမ့်မတုံး...
ပဲဟင်းပူပူလေး၊ငါးကြော်လေးနဲ့..ဂွတ်..
နောက်ပြီး ဒီငါးလေးကို ဓါတ်စာကျနေပါတယ်။ ငါးကိုသာကြိုက်တတ်တာ ငါးနံမည်တော့လာမမေးပါနဲ့ ဘာ
မှသိပ်သိတာမဟုတ်ဘူး၊ ငါးခူ ငါးရံ့ ဒီလောက်ဘဲသိတာ ဒီငါးကိုလည်းစိတ်ထဲမှာ ဝိုင်းဝိုင်းကြီး အသားထူလို့
ဝယ်လာတယ်  ငါးပုတ်ဆိုလား သူများကိုပြပြီးမေးတာ သူကဒီလိုဘဲပြောပါတယ်။ ဆား၊ငရုတ်ကောင်း၊ ပဲငံ
ပြာရည်၊ခရုဆီနယ်ဖတ်ပြီး oven ထဲထည့်လိုက်တာဘဲ..အထဲမှာတော့ ကုလားအော်သီး၊ကြက်သွန်ဖြူ ၊နံနံ့ ပင်ပါးပါးလှီးလို့ သွပ်ထားလိုက်တယ်၊ ဗိုက်သားပိတ်ဖို့က သွားကြားထိုးတံနဲ့လေ..ဟီး..ကဗျာမဆန်ချက်..
ဟော..အထဲကငါးအသားလေး....စပ်စပ်မွှေးမွှေးလေး...
အပြင်မှာကျတော့ ဒီလိုပုံပေါ့...
ဟင်းရည်ကျတော့ မုန်ညှင်းစော...ဒီတခါဂျပန်ကို ရှမ်းပြုလိုက်ပါတယ်လေ..
Miso ဆိုတဲ့သူတို့ဟင်းရည်အနှစ်ကိုဗူးလိုက်ဝယ်ထားပြီး ဘာဟင်းရည်ချက်ချက် ၂ဇွန်းလောက်ကလော် ထည့်လိုက်တယ် ချိူ နေတာဘဲ..သူမေးတော့ ဒါရှမ်းဟင်း...ချက်ရတာလွယ်လွန်းလို့..ဂျင်းကြက်သွန်ဖြူနီ
ခရမ်းချဉ်သီး ရောပစ်ထည့်ကြိုထားလိုက်ရုံပါဘဲ စားခါနီး ကြက်သွန်ဖြူဆီချက်အဖတ်ကိုနဲနဲခပ်ထည့်
လိုက်တယ်လေ..။
နောက်တခါ ငါးကိုကျတော့ ကြော်လိုက်တယ်..ဆီနဲနဲနဲ့ဆိုတော့ လှော်တယ်ပြောလည်းရမယ်နဲ့တူ
တယ်..ဟီး...ပြီးမှ...
 
ပဲငါးပိကြက်သွန်ဖြူ ဆီသတ်ထည့်..အစိမ်းရောင်ရှိသောဘယ်အရွှက်မဆိုအုပ်လို့ရတယ်..

တခါတလေလည်း..အရွှက်တွေနဲ့ ဟိုလိုဒီလိုပေါ့...

ဂဏန်းတွေတိုးခွေ့လုဝယ်လို့ ဒီကလည်းအားကျမခံလုဝယ်လာခဲ့တယ် တခါမှမချက်ဖူးဘူး...
စမ်းသပ်ချက်လိုက်တော့လည်း..အိုး..မိုင်..တယ်တော်တဲ့..ငီးငီးပါလား...တရွှတ်ရွှတ်နဲ့ကိုက်စားရတာ ထမင်းစားပျက်တာ အမှန်ဘဲ..ဒီဟင်းကို ပဲငါးပိနဲ့ချက်တာ...
ဝယ်စားရင်တော့ဘာမှမတတ်ဘူး..အာချားဟဲဆိုင်...အာကျူ းမားဆိုင်လောက်ဘဲထိုင်တတ်တာလေ...။အာ
ချားဟဲ ဒါန်ပေါက်ကလည်း ကြက်သွန်နဲ့ နံနံ့ပင်နဲ့...
ဒါလေးတော့မဆိုးဘူး...အဲဒီနေရာမှာ အာချားဟဲဆိုင်တွေ အများကြီးတနေရာထဲစုနေတာ..နံမည်ကြီးတဲ့. Iselin, New Jersey ဖက်မှာရှိတယ်။ တခါကကျမပြောဖူးတဲ့ အာချားဟဲ အများကြီးရှိတယ်ဆိုတဲ့နေရာကပါ။
နောက်တဆိုင်ရဲ့..ဒါန်ပေါက်...
ကျမကဆိတ်သားဟင်းနဲ့စားကြည့်တာ...
 
ဒါကတော့ longisland NY ကနေရာဟောင်းဖက်မှာ ဘူဖေးတဲ့ တယောက် ၁၂ ကျပ်လောက်ပါဘဲ..ရှိသမျှ
ခူးခပ်ပြီးစားတာဘဲ..ဘာကဘာတွေမှန်းတောင်သေသေချာချာမသိဘူး..ဟီးး
 
အာချားဟဲဆိုင်မထိုင်ရင်လည်..အာကျုးမားဆိုင်ပေါ့...


ဒီတခါ ဗီယက်နမ်ဆိုင်ခေါက်ဆွဲက စားကောင်းနေလို့....
သူတို့ပင်လယ်စာခေါက်ဆွဲကြော်တဲ့...သူပြောတာတော့ သိပ်အကောင်းကြီးမဟုတ်ဘူးတဲ့....
ကျမက ရှည်တော်မူပြီး ဂျပန်အာလူး ကြက်သားမဆလာ ဆိုတာ(တခါက ဘယ်မှာလဲမသိစားဖူးတာ အရမ်းကောင်းဘဲ..လေ) မှာမိတယ်..ဒီလိုပြဲပြဲလေးဗျ..မကောင်းဘူး...
ကျမတို့အိမ်ရှင်မတွေကတော့ အိမ်မှာဟင်းကျန်ထမင်းကျန်ဆိုရင် ကြံဖန်ပြီးလုပ်စားကြရတာဘဲနော့်...။
အိမ်ကငါးက ကြီးလွန်းလို့ မကုန်ရင် ထမင်းကျန်နဲ့ ငါးထမင်း ဆိုပြီး အပ်ချလောင်း..ဖြစ်စေအောင် နှယ်
ဖတ်စားတတ်ပါတယ်။အဖေသာတွေ့ရင်အပြောခံရမှာ ထမင်းစေ့ကမပျောက်ဘူး..ငါးထမင်း အာလူးထမင်း ထမင်းချဉ် ထမင်းဝါအားလုံးပုံစံအမျိုးမျိုးရှိကြပါတယ်။ ဒါပေမဲ့ တွေ့နေမြင်နေရတာက အားလုံးစုပေါင်းပြီးရှမ်း
ထမင်း ဆိုပြီး အပ်ချလောင်းပေါင်းကြိတ်ပေးလိုက်ကြတာဘဲ..ဘာဘဲဖြစ်ဖြစ် ဗိုက်ထဲ ရှောကနဲဝင်သွားဖို့ အဓိက.....လေနော်.. :P

အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
မီးမီး

18 comments:

  1. အဲဒီငါးက dorade လို့ ထင်တယ်.. တူတယ်။ ကျမလည်း သိပ်ကြိုက်တာ။ဗိုက်ထဲအဆာသွတ်ပြီး ဖိုထဲကင် ခနခနလုပ်စားဖြစ်တယ်။
    ဒီမှာတော့ အမြဲစားဖြစ်တဲ့ ငါးထဲမှာ ပါတယ်။
    http://www.suenwelay.blogspot.de/2013/09/blog-post_17.html
    http://www.suenwelay.blogspot.de/2012/10/blog-post_21.html
    ကညွတ်ရာသီရောက်ပြီနော်။ ဟိုနေ့ကပဲ အစိမ်းရောင် စစားဖြစ်တယ်။ မမီး ကတက်ချဉ်သွားဆေးလိုက်တော့ မချဉ်တော့ဘူးပေါ့။
    ဂဏန်က ကိုက်ရတာ ရှုပ်လို့ မစားဖြစ်ဘူး။
    တကယ်က ငါးထမင်း အာလူးထမင်း ထမင်းချဉ် ထမင်းဝါ ပုံစံတွေ မတူကြပေမယ့် အားလုံးက ရှမ်းပြည်က အစားအစာတွေပဲ မို့လို့ ရှမ်းထမင်းဆိုပြီး ရောချလိုက်တော့လည်း မှားတယ်လို့ မပြောသာဘူးပေါ့ မမီးရယ် :D :P

    Suenwelay

    ReplyDelete
    Replies
    1. အဟီးးငါးနံမည်ကဘိုမပြောနဲ့ဗမာလိုတောင်၊
      သိပ်မသိဘူး.. ကိုယ်တို့ဇာတိမှာငါးရှားတယ်လေ၊
      တောင်ကြီးကနေအဖေ့အတွက်ပို့ပေးရတယ်၊
      ငါးဖိန်းတို့၊ငါးရံ့၊နဲ့ငါးဖယ်ခြစ်..ဒီတော့ကိုယ်လည်း
      အဲဒီငါးလောက်ဘဲသိခဲ့တယ်လေ..။
      ကညွှတ်ကဟော်လန်မှာနေတုံးက၊
      အဖြူရောင်တုတ်တုတ်ကြီးတွေစားခဲ့ရတာ၊
      တအားကောင်းတာဘဲ၊ဒီမှာအဖြူနဲ့ဟာကနဲနဲရှားပါးပစ္စည်း..။
      အစိမ်းရောင်လေးလတ်လတ်ဆတ်ဆတ်လေးတွေ၊
      စားရတာတော့ချိုနေတာဘဲ..။
      ကဒတ်(စားလုံးပေါင်းသတ်ပုံကျမ်းမှာဒီလိုရေးတာနော့်)
      ချဉ်ကိုရေမဆေးဘဲမစားရဲလို့လေဟာ.. :P
ွှမြင်မလှလို့လေ...မချဉ်တော့သုံရာလေးကူပေါ့..။
      ကျမဖတ်ဖူးတဲ့ရှမ်းထမင်းချဉ်လုပ်နည်းတခုက၊
      ပဲပုပ်မူန့်ရော ဝက်သားတွေရော ဘာမှန်းမသိတဲ့..
      ရှမ်းထမင်းချဉ် ..ဟီး..
      အာလူးထမင်းဆိုရင်လည်း အာလူးထဲ့ပေါ့..၊
      အင်းသားငါးထမင်းတော့အာလူးမထဲ့ဘူး..။
      ဆန်မစီးရင်တော့အာလူးကူရမယ်နဲ့တူတယ်..
      အော်..အဖေပြောဖူးထားတာတွေပါလေ..။
      စိတ်ကြိုက်သာလုပ်စားလို့ရကြပါတယ်..
      ကိုယ့်လျှာနဲ့ခံတွင်းတွေ့ဖို့ပါဘဲ..နော့်..း))))

      Delete
  2. Kitchen Talk လည်း visitors တွေ အများကြီးရှိတာပဲ။ ချက်ပြီး အိမ်လိုက်ပို့ရင် ပို LIKE ဦးမယ်။ lolz

    ReplyDelete
    Replies
    1. တကယ်ပါ..ဒီသင်္ကြန်မှာမုန့်လုံးရေပေါ်ဆိုတာလေး၊
      လုပ်ပြီးတံခါးလာခေါက်မုန့်လာဝေမယ်ဆိုတဲ့၊
      စိတ်ကူးလေးရှိလို့ ထန်းညှက်ခဲတောင်ဝယ်လာပြီးပေါ့၊
      အလုပ်ကလည်း(ကြိုးစားသောလူသားဆိုတော့..ဟီး၊
      ကိုယ့်ကိုကိုယ်ဖော်ရတာ အားနာစရာကြီး ^_^)
      အချိန်တွေဇွတ်ပေးနေတယ်၊
      စောင့်သာနေရစ်ပါကွယ်တနေ့တံခါးလာခေါက်ပါ့မယ်..
      တနေ့နော်..တနေ့..ဘယ်နေ့မှန်းမသိသေး..း))))

      Delete
  3. Hello!
    How are you?
    khine

    ReplyDelete
    Replies
    1. ဘဲဒီးဘဲဒီးဖိုင်းပါ...
      မိတ်ဆွေကြီးရာ...
      သင်္ကြန်မှာ ဝါရှင်တန်ကချယ်ရီတွေနဲ့
      ပျော်နေကြမယ်ဆိုတော့..
      နာလိုဘူး..ဟေ့.. :D

      Delete
  4. ငါးမုတ်လို့ ပြောတာထင်တယ်။ ငါးမုတ်နဲ့ ခပ်ဆင်ဆင်ဘဲ။
    မွန်ပြည်နယ်ဖက်မှာလည်းထမင်းဝါရှိတယ်။ သူငယ်ချင်းမွန်မလေးက အမြဲထမင်းဝါအကြောင်းပြောပြတယ်။ (လုပ်တော့မကျွေးဘူး..း) )
    ကိုယ်လည်းဟင်းမရှိရင်ထမင်းနယ်လုပ်ဖြစ်တယ်။ ပျော့ပြဲနေအောင်နယ်ပြီး ပဲပုတ်မှုန့် လေးထဲ့၊ ကြက်သွန်ဖြူကြော်လေးနဲ့ ငရုတ်သီးဆီကြော်လေးတင်ပြီး နံနံပင်လေးနဲ့ ကြက်သွန်မြိတ်လေးနဲ့ စားတယ်။ ဂျူး မြစ်လေးစားချင်တာပြောရင်း။ ဂျူးဆိုတော့စန်းထွန်းကိုသတိရသွားပြန်ပြီ။း)
    အိုင်အိုရာ

    ReplyDelete
    Replies
    1. ငါးမုတ်..အင်း..ဒီလိုပြောသာလားမသိပါဘူး၊
      ခပ်တည်တည်နဲ့ကိုယ်က ငါးပုတ်လိုက်ချလိုက်ပြန်ရော..^_^
      ထမင်းကို ခရမ်းချဉ်သီးနဲ့နှယ်၊ဆီချက်နဲ့လည်းနှယ်..
      တခါခါငါးနဲ့နှယ်..နောက်..လက်ဖက်နဲ့နှယ်..
      အိမ်ကကျားကျားတော့..နှယ်လွန်းရန်ကော..တဲ့..
      ကျမတော့ဒီလိုအလွယ်လမ်းခဏခဏလိုက်တာဘဲ၊
      ဂျူးမြစ်ပြမဲ့မိတ်ဆွေကြီးက ခုထိမပို့ပေးသေးဘူးလေ..။
      သူပေါ့..အလုပ်ရူပ်နေလို့တဲ့...၊
      ကျမလည်းဂျူးမြစ်ကြိုက်တယ်လေ.း)))

      Delete
  5. ချက် ၀ယ် ဟင်းအမယ်စုံတဲ့ မီးမီးငယ်ဘလော့လေးကို အလည်ရောက်လာခဲ့တယ်...

    မေတ္တာဖြင့်
    တီတင့်

    ReplyDelete
    Replies
    1. တီတင့်..
      အလည်ရောက်လာတာကျေးဇူးတင်ပါတယ်..။
      ကျမလည်းတခါခါတီတင့်ဆီရောက်တတ်တယ်..။
      ဒီလိုပါဘဲ အချိန်ရှိရင် အာလူးလေးဘာလေးပေးလို့..။
      ဘာရယ်မဟုတ်ပါဘူး..ဟင်းချက်ကတော့ လက်သင်..ခပ်ညံ့ညံရယ်..
      ရှိသမျှဟင်းချက်တဲ့နေရာမွေနှောက်ရှာဖွေနေရတုံး...ဟီး :D

      Delete
  6. သရေကျချင်စရာတွေချည်းပဲ

    ReplyDelete
    Replies
    1. ကိုယ်တို့ကအကြိုက်ချင်းတူကြတာတွေလေ..နော့်..
      ကဒတ်ချဉ်နဲ့မုန့်ဟင်းခါးမုန့်ဖတ်သုတ်စားချင်နေတာ..၊
      ပဲပုပ်ချဉ်နဲ့လေ..

      Delete
  7. အမျိုးကို စုံလို့ပဲ။ အစ်မစာတွေက မြတ်ကြည် အတွက် အမြဲ ပျော်ရွှင်မှုပေးတယ်။ စိတ်ညစ်စရာရှိရင်တောင် ဖတ်ပြီး ရင်ထဲပေါ့သွားရော။ Blogger private reading list ထဲထည့်ထားတာသာကြည့် :)

    ReplyDelete
    Replies
    1. ဒီမှာ ဒိုရီငါးဆိုလားပဲ

      Delete
    2. မြတ်ကြည်လေးဖတ်ပြီးစိတ်ပျော်ရွှင်တယ်ဆိုလို့..၊
      ကျေးဇူးပါဘဲ..ကိုယ်ကညည အားလုံးအလုပ်တွေပြီးမှ၊
      ဒီလိုအင်တာနက်ထဲဝင်မိတော့၊
      သူများတွေလည်းကိုယ့်လိုဘဲလို့ထင်တာဘဲလေ..။
      တနေကုန်ပင်ပန်းနွမ်းနယ်လာကြတာ..၊
      ပေါ့ပေါ့ပါးပါးလေးတွေရှာဖတ်၊
      အစားအသောက်လေးရှာကြည့်၊
      ပြီးအိပ်ယာဝင်ကြရတော့မယ်လေ..၊
      (သတင်းကိုတော့ တီဗီမှာဘဲကြည့်တော့တယ်)
      သူငယ်ချင်းအပေါင်းအသင်းတွေကို၊
      နဲနဲပါးပါးကြုံတွေ့တာလေးပေါက်ကရရှစ်သောင်း၊
      အာလူးဖုတ်တဲ့သဘောလေးပါ..တကယ်ဘဲ..
      ဘာညာဘာညာစာရင်းဝင်တဲ့စာမျိုးရေးတတ်တဲ့
      သူလည်းဟုတ်ပါဘူးကွာ..
      (ဗမာစကားတောင်ပီအောင်ဖြောင့်အောင်
      မပြောတတ်တဲ့တောသားလေးဆိုပါတော့)
      ပြောရင်းနဲ့ဝမ်းနဲလာပြီ...ဟိ ...
      ပျော်ပျော်နေသေခဲ..တဲ့...း))))
      ဒိုရီငါး..တဲ့လား..သိပါဘူးဟယ်..

      Delete
    3. ဟုတ်ပါ့။ :)

      Delete
  8. အစားအစာတွေကို အကုန်သဘောကျတယ်၊
    ကြံဖန်လုပ်စားတတ်တာချင်းလည်း တူလို့ (ချစ်ကောင်းစကားနဲ့ ပြောရရင် ရင်ဘတ်ချင်းတူလို့) ဒီဘလော့လေးကို သဘောကျတယ်။

    ReplyDelete
    Replies
    1. အေးနော်...
      သူများတွေလိုရှယ်..
      ဆိုတာမျိုးလည်းကိုယ်ကမချက်တတ်..
      ဒီတော့ကြံဖန်ရှာဖွေချက်ကျွေးရလေသည်နဲ့ဘဲ၊
      နေ့တိုင်းနီးပါးးးးကိစ္စပြီးရတယ်လေ..း)))
      ဒီကလည်းပြန်သဘောကျနေတာ၊
      ကြာပေါ့..နော့်.. :D

      Delete