Wednesday, April 30, 2014

အဖေ့သမီးရဲ့ငါးထမင်း..

မင်္ဂလာပါရှင်~~~
အင်းသားသွေးတမတ်သားပါလည်း အင်းသားပါဘဲလေနော့်..အဖေချက်ကျွေးတတ်တဲ့ငါးထမင်း အလွှမ်းပြေလေးချက်စားတာပေါ့..အဖေ့နည်းက ရိုးရိုးရှင်းရှင်းလေးပါ..။ ဟိုဟာထည့်ပါလား..ဒီဟာထည့်ပါလားနဲ့ ကျမက ဘေးကနေလျှာရှည်တော့ လူခဲ အသာနေ ငါချက်ကျွေးတာဘဲစား စကားမများနဲ့..တဲ့ 😁ငါးထမင်းဆိုတော့ ငါးတမျိုးထဲပါဘဲ ပြီး ခရမ်းချဉ်သီး ဆား ဆီ ဆနွန်းမူန့်၊ အပေါ်ကနေဖြူးတာက ကြက်သွန်မြိတ်လေးနဲနဲ ကြက်သွန်ဖြူကြော် ဆီချက်..ငရုတ်သီးထောင့်လှော် ဂျူးမြစ်..ဒါပါဘဲလေ..
ငါးကို အဖေတော့ နံနံပင်အမြစ်ရှိရင်လည်းထည့်ပြုတ်တတ်တယ်။ ကျမက ဘာမှမရှိလို့ ဂျင်းနဲ့ ကြက်သွန်ဖြူထည့်ပြုတ်လိုက်တာပါ။ တခါထဲ ဆနွန်းမူန့်ပါထည့်လိုက်တယ်။ငါးတောင်မှ အမြီးပိုင်းနဲ့ခေါင်းနားက ကပ်နေ တဲ့အပိုင်းလေးဘဲ..တယောက်စားစာဘဲလေ..ဗျာ..
ပြီး..အိုးတောင်းဆေးစရာမလို ခရမ်းချဉ်သီး ၂လုံးထည့်ရေနဲနဲနဲ့ပြုတ်၊ အခွံဖယ်ပစ်ပြီး ချေလိုက်တယ်။ အဖေ့လိုဘဲ ဆီတခါထဲလောင်းထဲ့ ဆား ငံပြာရည်လေးထည့်..ခပ်ပစ်ပစ်လေးရတဲ့အထိတည်လိုက်တယ်..။
ဟော..အားလုံးပြီးမှ ထမင်းကိုနောက်ဆုံးတည်တာပိုကောင်းတယ်..။ ငါးထမင်းတို့ အလူးထမင်းတို့ရဲ့ အဓိက ထမင်းကျက်ခါစပူပူလေးပါဘဲ..။
ခရမ်းချဉ်သီး တဇွန်း ငါးလေးနဲနဲ ဆား ငရုတ်ကောင်းနဲနဲ..ကဲ..အားပါးတရနယ်ပေတော့..
 ပူလွန်းလို့ ဇွန်းနဲ့ဘဲ ချေရတာ..ထမင်းစေ့ပျောက်အောင် နယ်မှစားကောင်းတာနော့်...
ဒီနေ့မိုးရွှာတယ်..မနေ့ကတည်းကဘဲ..မနက်ကျတော့ နောက်ကျတာနဲ့ကမန်းကတန်းပြေးတာ ရေခဲသေတ္တာထဲက ထမင်းဗူးယူတာ ချဉ်ပေါင်တွေ ဝယ်လာပြီး အရင်လှော်သိမ်းထားတဲ့ ဗူးနဲ့မှားပြီးဆွဲချသွား တယ်လေ..နေ့လည်စာ စားဖို့ဗူးဖွင့်မှ ချဉ်ပေါင်ပြဲပြဲလေးကမျက်စပစ်ပြနေတာ ဘာရမလဲနော့် ပိုက်ဆံ အိပ်ဖွင့် စက်ထဲကမုန့်တွေဘဲဝယ်စားလိုက်ရတယ်လေ။ အိမ်ပြန်တော့.ဗိုက်ကဆာ..ခပ်မြန်မြန်လေး..နယ်ဖတ်ပစ်လိုက်တယ်လေ..ဟီး..စိတ်ကသိပ်မရှည်တတ်.. 😎
ကိုင်း...ငါးလေးအပေါ်ကနေနဲနဲဖြူးလိုက်မယ်..အဖေဆိုရင်တော့ ဆီတွေအများကြီးထပ်ထည့်မှာ..ပြီး..ငါးလည်းအများကြီးထည့်တယ်..ကိုယ်ကြိုက်သလိုကိုယ်
စားကြတာပါဘဲလေ.. ဂျုးမြစ်မရှိတော့ ကြက်သွန်ဖြူ
တလုံးစားတယ် စပ်လိုက်တာ ဂရင်းတီးလေးနဲ့..ဖူး.ဖူး ပူတယ်ဗျို့  မိုးကလည်းကောင်း...ဒီမှာ ပျိုမေတကိုယ်
တည်း..ချစ်ချစ်ကြီး..ဆန်ဖရန်ဖက်သွားတယ်လေ...ဒီတော့အခါးရည်လေးသောက်..ဒူးလေးနန့်လို့ blog တခွင်ဗြဲဗြဲစင်လည်လည်သွားလိုက်အုံးမယ်... လေ.. 💨😁😂

အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
#meemeenage

17 comments:

  1. ဒေါ်မီးက..
    အာလူးမကြိုက်လို့ဖြစ်ပါလိမ့်မယ်..
    တို့ကအာလူးထဲ့တယ်.. :))))
    km

    ReplyDelete
    Replies
    1. အာလူးပေးတတ်ပေမဲ့၊အာလူးသိပ်မကြိုက်မသလိုပါဘဲ..
      ဟီး.. :P

      Delete
  2. ငါးထမင်းကြိုက်တယ်၊
    ချက်နည်းလေးကလဲ လွယ်တယ်၊
    လုပ်စားအုံးမယ်။

    ReplyDelete
    Replies
    1. လွယ်လွယ်လေးတွေဘဲလုပ်တတ်တာလေ..
း)))

      Delete
  3. I love fish rice. Healthy and tasty! Thanks for sharing with us!

    ReplyDelete
    Replies
    1. You are welcome..
      I love fish very much so all kind of fish dish try to make.

      Delete
  4. ကိုယ်လည်းဟင်းမရှိရင်အဲလိုလုပ်လေ့ရှိတယ်။
    ငါးမကြိုက်တဲ့ချစ်ချစ်ကငါးထမင်းကျတော့ကြိုက်တယ်လေ။
    အိုင်အိုရာ

    ReplyDelete
    Replies
    1. ညီမလည်း အစ်မ ချစ်ချစ်လိုပဲ။ :P

      Delete
    2. ကျမတော့..ငါးဆိုရင်..လာထားဘဲ..
      အိမ်ကအညာသားတော့၊
      ကျမနဲ့တွေ့မှရူံ့မဲ့မဲ့နဲ့တွယ်နေရပြီလေ..
      သူတို့ကိုတခြားဟာတွေမချက်ထားပေးနဲ့၊
      ငါးတမျိုးထဲချက်ထားပြီးအပြင်လစ်သွားလိုက်..
      သေချာပေါက်စားတယ်..
      ဟီး...နည်းလမ်းကောင်းတခုနော့်..
း)))

      Delete
  5. ဒီပို့စ်မြင်မှ ငါးထမင်းမစားဖြစ်တာ ကြာပြီဆိုတာ သတိရသွားတယ်.. နက်ဖြန်ပိတ်ရက်လုပ်စားဦးမယ် :)

    ReplyDelete
    Replies
    1. တောင်ကြီးဈေးနေ့မှာ၊
      ငါးထမင်းနဲ့ အင်းမုန့်ဟင်းခါး၊
      အမြဲစားလေ့ရှိတယ်..
      သတိရလိုက်တာကွာ...

      Delete
  6. ဟန်ကြည်May 03, 2014 4:17 PM

    စားလို့တော့ ကောင်းမယ့်ပုံပဲဗျို့...သို့ပေမင့် ထမင်းပူကြီးကို ထမင်းလုံးပျောက်အောင် နယ်ရမှာကြီးတော့ စာမလိပ်ပေါင်ဗျာ...Blender ထဲထည့်ပြီး ကြိတ်ချေလိုက်ရင် ပိုမကောင်းပေဘူးလား...ဟဲ ဟဲ

    ReplyDelete
    Replies
    1. အဲလိုလုပ်မှစားကောင်းတယ်လို့..
      ဖခမည်းတော်မှာတမ်းချွေခဲ့တာဘဲလေ..
      ထမင်းစေ့ကကြေသွားတော့သူ့ရဲ့စေးပိုင်တဲ့သဘောလေး၊
      ငါးရဲ့စိမ့်တဲ့အရသာ၊ခရမ်းချဉ်သီးရဲ့ ချိုချဉ်အရသာ..
      ကဲ...ဂွတ်ပြီပေါ့..ဟုတ်လား..
      Blender ထဲထည့်ကြိတ်ပြီးရင်တော့ ထိုင်းတို့ရဲ့ "ကျူတ်" လို့ခေါ်တဲ့၊
      ဆန်ပြုတ်ပေါ့..စားလို့အရမ်းကောင်းဘဲလေ.. :P

      Delete
  7. ကောင်းမှကောင်း...

    ReplyDelete
  8. လွယ်သားပဲ...လုပ်စားဦးမယ်...တနေ့ နေ့ ...

    ReplyDelete
    Replies
    1. ခပ်လွယ်လွယ်လေးတွေဘဲစားကောင်းတာနော့်
      :P

      Delete