Tuesday, April 1, 2014

ကတက်ချဉ်၂စည်းနှင့်ရင်ထဲကဝေဒနာ..



မင်္ဂလာပါရှင်~~~
အစကတဲကနားမယောင်ခဲ့ရင်လည်း အကောင်းသား၊နဂိုကတည်းက အီကိုယ်ကလည်း
သူများပြောတိုင်းယုံ ခေါင်းငြိမ့်၊ တတ်တဲ့လူတန်းစားထဲက။ကဲ..ခုတော့ စားလည်းခက်၊
ဝဲပစ်လိုက်ရအောင်လည်း ဒီက 
၅ကျပ်လေဗျာ..။နှမြောတယ် ဒီမှာနေပြီးတခါခါ
ကိန်းဂဏန်းတွေကို မြောက်စားပေါင်းနုတ် လုပ်နေ
တတ်သေးတာကလည်း မကောင်း
တဲ့အကျင့်။ အပြင်က ထုတ်ပိုးထားတာကလည်းစားချင့်စရာမက်
စရာ
တကွက်မရှိ၊ တဏှာလောဘက အတောမတတ်နိုင်၊ နံမည်လေးကြား
ကတည်းကငမ်းငမ်းတက်။ ဝယ်လာမိတာပေါ့..။ဒီတော့ ဒင်းကိုရေခဲသေတ္တာ
ထဲကနေ ထုတ်လိုက် အယ်စေးဇင်းနဲ့ အမျိုးတော် သလိုပေါ့ နှာခေါင်းနဲ့တရူံ့ရူံ့
နမ်းလိုက် ပြန်ထဲ့လိုက်နဲ့ ထုတ်ချီ သွင်းချီလုပ်နေတာက တမနက်ခင်းလုံး...။

ပြီးခဲ့တဲ့အပတ်က ပန်းသီးမြို့ထဲဘုန်းကြီးကျောင်းဆွမ်းကပ်အလှူကို ဖိတ်ကြား
ခံရတာနဲ့ ခပ်သုတ်သုတ်လေး သွားပြီး ဝါးတီးဖွင့်ခဲ့တယ်လေ။ ပန်းသီးမြို့တော်သူ
တပိုင်းဖြစ်နေတဲ့ညီမတော်လေးကရွှေနိုင်ငံထွက် အစားအစာရောင်းတာတွေ
ဒီအနီးအနားမှာရှိတယ်ဆိုတော့ ချီတက်ကြတာပေါ့..😁တွေ့ပါပြီ။ တံခါးပိတ်
ကြိတ်ပြီးရောင်းကြတာကိုး...။
ကဲပါလေ...ကိုယ်လည်းတိုးတိုးတိတ်တိတ်ဘဲ
အားပေးခဲ့ပါတယ်။ ဈေးနူန်းလား ဘာတခုမှမမှတ်မိပါ။ ကိုင်လိုက်ရင် ဒါက
၂ထုတ် ၁ဝ ပါ။ ယူပါ ဒါက ၂ထုတ် ၅ ကျပ်ပါ။ ဈေးနူန်းမကပ်ထားပါဘူး..။
ရောင်းတဲ့ ကောင်မလေးကချစ်စရာလေး....။ ဒါတော့မှတ်မိတယ်😎ဟိုနဲနဲ
ဒီနဲနဲနဲ့ ၅ရ ကျပ်
တဲ့..။(ဒီကငွေကိုအလွှမ်းပြေလေး "ကျပ်" တပ်ခေါ်တာပေါ့) 
ကျမ
တို့လိုအိမ်ဝေးသူတွေအားလုံးက အိမ်အလွှမ်းပြေအစားအစာအတွက်
ပေးရတာနှမျှောတွန့်တိုခြင်းမရှိကြတာ သဘာဝကျပါတယ်။

အိမ်ခန်းမှောင်မှောင်လေးထဲမှာ ကျမတို့ရဲ့ အသည်းစွဲအစားအစာတွေ ကုပ်
ချောင်းကုပ်ချောင်းလေးနေရာယူနေကြတာကိုက စမြင်မိတဲ့ကိုယ့်အတွက်
ပထမဆုံး ဝေဒနာ..။ကမ္ဘာပေါ်မှာ အကောင်းဆုံးအစားအစာတွေတစုတည်း
ရနိုင်တဲ့ နယူးယောက်လိုမြို့မှာကိုယ်တို့လျှာက ပုံးရည်ကြီးသုပ်လောက်
စားနေရတာကိုက နတ်သုဒ္ဓါလို့ထင်နေမိတာ။ဒင်းတို့ဟာတွေ ကမ္ဘာမကလို့
စင်္ကြာဝဋ္ဌာဘဲ ကျော်ကြားအုံး..လျှာရင်းမမျက်တတ်ပါရှင်😁

ဒါပေတည့်...ဒီလိုမျိုးနဲ့ရောင်းဝယ်ကြမယ်လို့လည်း မထင်ထားသလို၊
တခါမှလည်းမမြင်မိဖူးခဲ့ပါ။ ဆိုင်ဆိုတော့ အနဲဆုံး ဆိုင်ခန်းကျဉ်းကျဉ်းလေး
ဘဲဖြစ်စေတော့ ဆိုင်နဲ့ကျကျနနရောင်းတယ်လို့ထင်ခဲ့တာပါ။ သူတို့လည်း
တရားဝင်သွင်းလာတာမဟုတ်ဘူးတဲ့။ ဒီလိုဘဲကိုယ့်နည်းကိုယ့်ဟန်နဲ့ ယူလာ
ရောင်းချကြတာပေါ့။ ဒီမှာ မြန်မာနိုင်ငံသားတွေသောင်းဂဏန်းမကရှိတယ်
ထင်တာဘဲ..။ကျမလိုဘဲတိုးတိုးတိတ်ကြိတ်အားပေးသူလည်းများကြမှာဘဲ။
နဂိုကတည်းက အစားအသောက်ဇီဇာကြောင်တဲ့အကျင့်ကဖျောက်မရဘူး။
စဉ်းစားခန်းရှည်တော်မူရတော့တာပေါ့..။

ကဲ..ဒီကတက်ချဉ်ကိုဘဲကြည့်...။ မမလေးကရှိတယ်ပြောပြီးထုတ်ပြတော့
စားချင်စိတ်ကတားမရစီးမရ...။ ငတ်ကြောထပါ၏။ ဘာလိုစားကြသလဲလို့
စပ်စုမေးလိုက်တော့လည်းသုတ်စားပါတယ်။ဆေးစရာမလို..တဲ့..😲

 အိမ်ရောက်မှ အနီးကပ်ကြည့်၊ ထောင်ကြည့်၊ ပက်လက်လှန်ကြည့်...မလှတာသိပါ၏။
 ဒီကလည်းအသုတ်ကြိုက်တာပေါ့တော်...။
ဟူး..သက်ပြင်းခါခါချကာ..ကြက်ရိုးပြုတ်ပြီး တစည်းကိုတော့ရေနဲ့သေသေချာချာ
ဆေးချလိုက်တယ်။ ပြီးခပ်ပါးပါးလေးလှီးဖြတ်ပြီးကတက်ချဉ်ကြက်သားဟင်းရည်
တခွက် ဖန်တီးလိုက်တယ်။ကိုင်း..ကျန်တဲ့တစည်းတော့ သုတ်မှဖြစ်မယ်။ သင်္ကြန်ချိန်ခါမှာ
ကျမတို့ရှမ်းတွေရဲ့မပါမဖြစ်တဲ့ဟင်း "ကုံလုံကြွယ်ဝခြင်း"ကိုဆောင်တယ်ဆိုပြီးသင်္ကြန်
အတက်နေ့မှာ ဘုန်းကြီးကျောင်းလည်းပို့ စားလည်းစားရတဲ့ဟင်းး။

ကြည့်ရတာလည်း နှီးနဲ့တုတ်တယ်ဆိုတော့ သေချာတာက မြန်မာပြည်ကနေလာတယ်။
ဒါပေမဲ့ဘယ်နေ့ဘယ်ရက်ကလုပ်တာလည်း ဘယ်နှစ်ရက်အထိခံလည်း ငီးငီးမသိ ^_^
ဘာနဲ့လုပ်တာလည်း ဘယ်နေရာကလုပ်တာလည်း ဘာနဲ့ချဉ်လည်း..သေချာလား....
ဘာမှမသိဘဲ ဒီလိုအိယောင်ဝါးကို စားရဲတဲ့ ငီးငီး..ငတ်ကြောကြီးပုံ...ကိုယ့်လိုသူများတွေ
ကောဒီလိုဘဲနေမှာ..ရန်ကုန်မှာလည်း စားစရာတွေကိုသာသတိရမိပေမဲ့ ငယ်ငယ်ကလို
လေးပန်း လမ်းဘေးဆိုင်မထိုင်ရဲတော့ဘူး...ခြင်တလောင်းလောင်းမက ဘာနဲ့ စီမံထား
သလဲဆိုတာ ခေါင်းထဲအရင်ဝင်ဝင်လာတယ်...။

ကင်ဆာဆိုတာ ကမ္ဘာ့ထိပ်တန်း အဖြစ်အများဆုံးစာရင်းဝင်လာပြီ..။အားလုံးစားစရာ
ကနေအခြေခံတာလေ..။ကျမတို့လည်းကိုယ့်ဆီကအစားအစာတွေကို သူများတွေဆီ
ကလို သပ်သပ်ရပ်ရပ် ထုတ်ပိုးပြီး သန့်ရှင်းလတ်ဆတ် တဲ့အစားအစာအဖြစ်ရောင်းချ
နေကြတာဘဲမြင်ချင်တယ်။ ဒီလို နိုင်ငံမှာလာနေကြပြီးတောင် ကျမတို့ကိုယ်တိုင်
ကလည်းတိုးတိတ်အားပေးနေသေးတော့ ဒီလိုအဆင့်ကနေတက်မလာကြသေးဘူး..။
အခွန်ဈေးကြီးတယ် ဘာညာပြောနေပေမဲ့ ကျမတို့လည်းလျှော့ပေးပြီးမဝယ်ရပါဘူး။
ဈေးနူန်းကလည်း ဒီကနဲ့သိပ်မခြားပါဘူး..။ အနောက်ဖက်ကမ်းခြေဖက်မှာတော့မြန်မာ
စတိုးဆိုင်တွေရှိတယ်လို့ပြောတာဘဲ ကိုယ်ကမရောက်ဖူးတော့မသိပါ။
မြန်မာအစား
အသောက်တွေကို ဒီနိုင်ငံတင်သွင်းရင် ဈေးကွက်ကောင်းရှိတယ်။ ချို့
နေရာမှာမြန်မာ
ပေါ်ဆန်းမွှေးတွေရနိုင်တယ်ပြောတာဘဲ..။ဝယ်လိုအား
ခိုင်မာတယ်။စားဖို့လူတိုင်းပေးနိုင်
ပါတယ်။ လျှာကိုအလိုလိုက်နိုင်တယ်။ အားလုံးက"
အိမ်သတိရ"လူတန်းစားတွေချည်း
ပါဘဲလေ။ 
ထုတ်လုပ်ရင်သာ သန့်ရှင်းပြီးမှန်ကန်ပါစေလေ။ အပြင်ကအဝတ်အစား
အတွက်က brand name 
သိပ်အရေးမကြီးပါဘူး..။ဗိုက်ထဲထဲ့ရတဲ့ အစားအစာတွေက
သေသေချာချာသိမှ
စားလို့ရတဲ့ခေတ်ကိုရောက်နေလို့ပါ.။ ဝေဒနာတွေခံစားလာရမှာ
ကို ခုကတဲကမြင်ပြီး ရင်ထဲမှာဝေဒနာတရပ်ဖြစ်ပေါ်
နေပါတယ်။

"၂၁ရာစုတောင်ရောက်လာပြီ" ကျမတို့လူနေမူ့အဆင့်အတန်းကို ကျမတို့ ကိုယ်တိုင်
ကဘဲမြင့်လို့ရ
မှာ သူများလာမလုပ်ပေးဘူးလေ..။ လက်မထောင်ပြီး Made inMyanmar
မြန်မာပြည်တွင်ပြု
လုပ်သည် ဆိုတဲ့စားသောက်ဖွယ်ရာလေးတွေ ပွင့်လင်းစွာနဲ့ဝယ်စားချင်
တဲ့ဝေဒနာ ခဏလောက်
သိမ်းထားအုံးမယ်လေ။
အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
#meemeenage

10 comments:

  1. စာရင်းချုပ်လိုက်တော့၊
    ဒေါ်မီးဝါးလိုက်တာဘဲမဟုတ်လား..
    အဟိး)))

    ReplyDelete
    Replies
    1. သေချာတာပေါ့တော်...
      တစည်းကိုပြုတ်ဟင်းရည်လုပ်၊
      နောက်တစည်းကိုအသုပ်၊
      အဟုတ်ကိုအားလုံးဝါးအုပ်လိုက်ပြီးပါကြောင်း...
      ^_^

      Delete
  2. ဟုတ်တယ်နော်.. တမာရွက်တို့ မယ်ဇလီဖူးတို့ ဘာတို့ ယိုးဒယားကလာတဲ့ ပုလင်းလေးတွေကမှ ဟုတ်သော်ရှိ မဟုတ်သော်ရှိ ဘာပါဝင်တယ် ဘယ်နေ့အထိခံတယ် ဘာညာ သေချာရေး၊ ကျကျနန ထုပ်ပိုးထားသေးတယ်။

    ReplyDelete
    Replies
    1. ဟုတ်တယ်..စူးနွယ်ရေ့...
      ဂျာမဏီမှာနေတုံးကဆို
      အိမ်နားကဗီယက်နမ်ဆိုင်မှာ
      ဟင်းရွှက်တွေကအစထိုင်းက
      လာတာချည်းဘဲ၊
      ငါးပိရည်ပုလင်းတွေ၊
      ချဉ်ဖတ်တွေအစုံရတယ်၊
      နံနံပင်၊ငရုတ်သီးရောဘဲ..။
      ပစ္စည်းရောက်တဲ့နေ့ဆို၊
      ကြိတ်ကြိတ်တိုးလို့..၊
      ကိုယ်တို့လည်းတနေ့ကျရင်...ပေါ့ကွာ..
း))))

      Delete
  3. Ma Mee Nage!
    So Yummy!
    Khine

    ReplyDelete
  4. ကတက်ချဉ်စားလို့ ကောင်းလားပဲမေးချင်တယ်ကွယ်။
    ဝေဒနာတွေမခံစားချင်ဘူး။း)
    အိုင်အိုရာ

    ReplyDelete
    Replies
    1. ဘယ်ပြောကောင်းလိမ့်ပါ့မလဲ..
      ဟင်းရည်လုပ်တဲ့တခွက်က၊
      နာရီချီကြာပြုတ်တဲ့အတွက်၊
      နူးအိပြီးမွှေးနေတာဘဲ၊
      နောက်တစည်းက၊
      ရေပန်းအောက်မှာဆေးချ၊
      ပြီးပါးပါးလေးလှီး။
      ကြက်သွန်ကြော်ဆီချက်၊
      မြေပဲဆံထောင်း၊
      ကုလားအော်သီးနူတ်နူတ်စင်း၊
      ခရမ်းချဉ်သီးမီးဖုတ်၊
      ကြက်သွန်နီရိတ်ရိတ်လေးလှီးရေဆေး၊
      သိပ်မချဉ်တော့၊
      သံပုရာလေးကူ...း))
      အပါးပါး...တကယ်ဘဲ၊
      ကောင်းမှကောင်းလို့ဆိုပါရစေရှင်...
      :D

      Delete
  5. အခွန်လွတ်အောင် ခိုးရောင်းရတာ တစ်မျိုး အမြတ်နည်းသွားမှာကြောက်လို့ ထုပ်ပိုးမှု သန့်ရှင်းမှု လျော့တာက တစ်ဖုံ ဟုတ်တော့ဟုတ်နေတာပဲ။

    ReplyDelete
    Replies
    1. ဟုတ်တယ်၊ကိုယ်တို့လူမျိုးကိုက၊
      ဒီလိုခိုးကြောင်ခိုးဝှက်လုပ်ရတာဝါသနာပါကြတယ်နဲ့တူတယ်။
      ပစ္စည်းထုတ်လုပ်ရင်လည်း၊ခိုးကြောင်ခိုးဝှက်လုပ်ကြသလားမသိပါဘူးလေ..။
      စစ်ဆေးမူ့မရှိ၊ဘာမှကျမ်းမာရေးအာမခံချက်မရှိထုတ်လုပ်နေကြတယ်လေ။
      ကိုယ်တို့ကလည်းဝယ်ယူအားပေးကြတာကိုး..။
      တကဲ့ကိုဟုတ်နေတာပေါ့...။

      Delete