တခါတရံ
"ခိုးရာပါအထုတ်နဲ့ တကွသူခိုးကိုလူမိသွားပါသည်" ဆိုသည့်သတင်းမျိုးဖတ်ရ
ကြားရင်ဖြင့်၊
သူခိုးရင်ထဲဘယ်လိုမျက်နှာထားမျိုးနဲ့ရင်ဆိုင်မလဲလို့...တွေးမိခဲ့ပါသည်။
အနှီသူခိုးကိုမှ ကိုယ်ချင်းစာ
နာရပါသနည်းဆိုလျှင်လည်း မိမိကိုယ်တိုင် က်ျကဲ့သို့သော အတွေ့အကြုံမျိုးရှိခဲ့ဖူးပါသည်။ အဲ..က်ျသို့
ဆိုခဲ့လျှင်လည်း အများကမိမိကိုကဲ့ရဲ့ကြပါမည်။ "အဒိန်နာဒါနာ ဝရေမဏိ" ဟု မနက်တခါ ညတခါ ဖင်ဗူး
တောင်းထောင်ကုန်းရုန်းခါ တောင်ခုနှစ်အိမ်၊မြောက်ခုနှစ်အိမ်ကြားအော်ဟစ်ရှိခိုးနေသော မယ်ငီးသည်
ကား အလကားမမ ပါတည်း၊ ဟူရ်ျ တိုးတိုးတိတ်တိတ် အဖေ့ဘုတ်အုပ်တက်ကာကြိတ်ရေးနေကြပါ
လိမ့်မည်။ ၄င်းကဲ့သို့ အဖြစ်မခံနိုင်။
လိမ့်မည်။ ၄င်းကဲ့သို့ အဖြစ်မခံနိုင်။
မိမိသည် မိမိ၏အတိတ်ဇာတ်ကြောင်းကို ကွန်ပြူတာပျက်လျှင် format ချသကဲ့ သို့သာပြုလုပ်လိုသော
စိတ်ဆန္ဒရှိပါသော်လည်း
တကယ့်လက်တွေ့ဘဝတွင်ကား မဖြစ်နိုင်ပါ။ ထို့ကြောင့် အကျွန်ုပ်အလျှင်
အမြန်ဖြေရှင်းချက် တစောင်ထုတ်ရန် လုံ့လပြုရ်ျ အားထုတ်ရေးသားရပါသည်။
ယခုအခါသာမညဝယ်
ကမ္ဘာ့လူသားများစွာတို့သည်
မိမိတို့၏ ငယ်ဘဝ ကြီးဘဝ ခုဘဝ များစွာလှသောဘဝအကြောင်းကို ဘုတ်အုပ်
ဟုမိမိနားလည်ထားသော သင်ပုန်းကြီးထက်ဝယ် နေ့စဉ် အက္ခရာတင်ရေးသားဖော်ထုတ်ခြင်း
အမူ့ကို ပြုလုပ်ကြပေသည်။ မိမိနှင့်ပတ်သက်ရာများသည် မိမိထက်ဦးစွာ
က်ျဖြစ်ရပ်ကို အက္ခရာတင်ခြင်း
မူ့ပြုခဲ့လျှင်ကား ဘုတ်အုပ်ထက်ဝယ် လူတကာ လက်ညိုးတို့ရာ ပက်လက်မျောရှာပေလိမ့်မည်။ မဖြစ်ချေပါ။
မူ့ပြုခဲ့လျှင်ကား ဘုတ်အုပ်ထက်ဝယ် လူတကာ လက်ညိုးတို့ရာ ပက်လက်မျောရှာပေလိမ့်မည်။ မဖြစ်ချေပါ။
က်ျဖြစ်ရပ်မျိုးသည် ဖြစ်ခဲ့ပါသည်။အကျွန်ုပ်နေထိုင်ကျက်စားခဲ့ဖူးသောစားကျက်မြေတနေရာတွင် ဖြစ်ပျက်ခဲ့
ပါသည်။
အချိန်ကား မိမိဘဝ၏ နှင်းဆီဖူးလေးများသဏ္ဍန် ဖူးငုံလို့တဆယ့်ခြောက်နှစ်ပတ်လည် မလည့်တလည်
အချိန်ပေတည်း။
မိမိသည်( မယ်ငီးနံမည်..မိမိဟုပြောင်းခြင်းမဟုတ်ရပါ ^_^) တက္ကသီလာမြကျွန်းသာ
ဟုတင်စားခေါ်ဝေါ်ရသော (ရန်ကုန်တက္ကသိုလ်မဟုတ်ပါ) သစ်ပင်ကြီးငယ်အုပ်ဆိုင်းကာ
တက်ကြွသော လူငယ်လေးများ ပျားပန်းခပ်လူပ်ရှားခဲ့ဖူးတဲ့
အစဉ်စိမ်းလန်းစိုပြေတဲ့ အင်းယားလေးဒေသတွင် ကောလိပ် ဟူသော ကော့ကော့လေး
လူးလိမ့်ပျော်မွှေ့ရာနေရာတခု၌ ပညာရည်ဆည်းပူးခဲ့ရပါသည်။ ထိုနေရာနဲ့
မနီးမဝေးသော နေရာတခုတွင်တနယ်တကျေးမှလာသော ကျောင်းသူလေးများ ရက်ပေါင်းများစွာ ညအိပ်
ခေါင်းချတည်းခိုရာ အဖြစ်အဆောင်ဟုခေါ်ဝေါ်သမုတ်သော ခြံကျယ်တခုရှိခဲ့ပါသည်။ ထိုအဆောင်သည် အစဉ်အဆက်ကာလကနှင်းဆီပန်းခြံများနှင့်လွန်စွာလှပတင့်တယ်ခဲ့သည်ဟူရ်ျကြားသိရသော်လည်း အကျွန်ုပ်တို့ သွားရောက်ခေါင်းချနေထိုင်သောအခါတွင် နှင်းဆီခြံမှ ကြက်မွေးသော ကြက်ခြံဘဝသို့ တမ ဟုတ်ချင်းပြောင်းလဲနင်းကီးဆိုက်သွားသည်ဟူသတတ်။
( Obama say Change :P ) (ဟမ်..ဘာမှလည်းမဆိုင်ဘူး..)

ထိုကဲ့သို့ ကြက်ခြံထဲကြက်ဘဝမရောက်မှီကာလ( ဟိုက်..ရှားဘားစ်..ဟုတ်ပေသေးဘူးလေ ) အထက်တန်း
ပညာကို ရန်ကုန်မြို့ရဲ့ အထက်တန်းကျလှစွာသော အထက်တန်းကျောင်းတကျောင်းတွင် ကျောင်းအိပ်
ကျောင်းစားဘဝနှင့်ဖြတ်သန်းခဲ့ရပါသည်။ တတိယထပ်တွင်အိပ် ဒုတိယအထပ်တွင်စာသင် အောက်
ဆုံးထပ်တွင်
ထမင်းစား၊ အထပ်ထပ်နှင့်နေထိုင်ရပါသောကြာင့်
အထပ်တန်းစားဟူရ်ျလည်းခေါ်ဆိုနိုင် ပါသည်။ က်ျကားစကားချပ်တည်း....။
အထပ်တန်းစားပညာသင်သားဘဝတွင် မြန်မာနိုင်ငံတလွှားအနယ်
နယ်အရပ်ရပ်မှ မတစ်ထောင်သား..(မှားပါသည်) မတစ်ထောင်သမီး များစွာနှင့်ဆက်ဆံရပါသည်။
အိပ် စား စာအံ ဟူသော ၃ရပ်သော ကြိယာပြုစရာသာရှိပေသော အရပ်တွင်နေထိုင်ခဲ့သောကြောင့် မိမိ
သည်
(မယ်ငီးပါ..အဟီး) စားခြင်းဟူသော ကြိယာပုဒ်ကို
အလွန်အမင်းနှစ်ချိုက်သဘောကျကာ၊ အိမ်အပြန် တွင်သာမက ယခုချိန်ထိ
တစိုက်မက်မက်ရင်ဝယ်ပိုက်ခါနေခဲ့ပါသည်။
မိမိ၏အပေါင်းအသင်းများသည်လည်း ထိုနည်းလည်းကောင်းပါ။ ယခုအချိန်ကာလ ဘုတ်အုပ်တွင်ပြန်
တွေ့သောအခါ ၄တောင်ကွင်းထမိန်လည်း မဆန့်တော့ပါဟူသောစကားများအရ ၄င်းတို့က မိမိထက်ပိုရ်ျ
သဘာဝကျသော ပေါင် ၂ဝဝခန့် အလေးချိန်ရှိ ခန္ဓာပိုင်ရှင်များက သက်သေထူနေပါသည်။ မည်သို့ပင်
ဖြစ်စေကာမူ အထပ်တန်းစားဘဝမှ ကြက်သားဘဝကာလ(ဘွာတေး ဘွာတေး)...ကြက်ခြံနေကောလိပ်
ကျောင်းသူကာလအချိန်အထိ အတူတကွ လည်ပင်းဖက် စားဖက် အတင်းတုတ်ဖက် ဖြစ်ခဲ့ကြပါသည်။
မိမိတို့၏နံမည်အခေါ်အဝေါ်များသည်လည်း ငယ်နံမည်များ ငယ်ကျိုးငယ်နာများနှင့်သာ ခေါ်ဝေါ်သုံးစွဲလေ့
ရှိကြပါသည်။
ထိုအထဲတွင် တဦးသော ရောင်းရင်းစားဖက်တော်တယောက်သည် ဒင်း၏ကောက်ကွေး
တွန့်လိမ်သောဆံပင်ကိုစွဲရ်ျသော်လည်းကောင်း
နေထိုင်ရာမြို့ကိုအစွဲပြုရ်ျသော်လည်းကောင်း ကွေးကွေး ဟူသောအမည်ထွင်ပါသည်။
အနှီ ကွေးသည် အကျွန်ုပ်ကိုအလွန်မေတ္တာရှိ ချစ်ခင်ပေသည်။ ကျွေးမွှေး
တတ်ပေသည်။
တတ်ပေသည်။
ထိုကာလအချိန်သည် အကျွန်ုပ်တို့ဘဝတွင် "ဟင်းပုလင်း"ဟူသောအရာသည် ယခုခေတ် အိုင်ပက်အိုင်ပေါ့
ကဲ့သို့ပင်တည်း..။
ကင်းကွာရ်ျ မရစကောင်း။ မိဘများက လူကြုံတတန် ကားတတန် မိမိတို့ဒေသဆိုလျှင်
လိမ်ပျံတတန် အတန်တန် ချက်ပြုတ်ကြော်လှော်ပေးလိုက်ကြသော အနှီ ဟင်းပုလင်းများ
ရောက်ရှိ လာလျှင်မျှဝေစားသောက်ကြရသည်မှာ ထုံးတမ်းစဉ်လာတခုပါပေတည်း။
မိမိထံဆိုက်ရောက်လာသော
ဟင်းပုလင်းများသာမက လည်ပင်းဖက် စားဖက်များထံရောက်လာသမျှသော အရာများအားလုံးကိုလည်း
မိမိပိုင်ဆိုင် သက်ဆိုင်တကဲ့သို့ နားစွင့် ငေးမော မျှော်စား လုစားခဲ့ကြရပါသည်။ တနေ့သောအခါတွင်
စားဖက်တော် မယ်ကွေးထံ ဟင်းပုလင်းတလုံး ရောက်ရှိလာပါသည်။ ထိုသတင်းကိုကား မိမိမကြား သိလိုက်ရပါချေ။ ခြံဝန်းကြီးသည် ကျယ်ပြန့်သကဲ့သို့ ပိုင်ရှင်များသည်လည်း အမြင်ကျယ်ပါသည်။ သမုဒ္ဒရာတခွင်တွင် ကျွန်းငယ်လေးများကဲ့သို့သော အခန်းများစွာဖွဲ့ထားပါသည်။ တောင်ဖက်စောင်းတစု၊ အနောက် ဖက်တတွဲ၊ အရှေ့ဖက်တခြမ်း ဆိုတကဲ့သို့ မြွေလိမ်မြွေကောက်များစွာနှင့် တခန်းဝင်တခန်းထွက် ရန်အဆင်မပြေလှပါ ။ကြက်ခြံကြီးသည်လည်း အလည်ဗဟိုတွင်ခန့်ခန့်ညားညားတည်ရှိနေပါသည်။ စာရင်းချုပ် ဆိုရသော် မယ်ကွေးအခန်းသည် အရှေ့ဖက်အခြမ်းတွင် တည်ရှိပါသည်။ မိမိသည်ကား
တောင်ပင်လယ်စားသခင်ဖြစ်ပါသည်။
မိမိ၏ လည်ပင်းဖက်များသည် ကေတုမတီတိုင်းဌာနီမှ ပျိုမေတသိုက်မကသော အအုံအကျင်းလိုက်ဖြစ် ကြပါသည်။ ၄င်းတို့သည် မယ်ကွေးနှင့် ကပ်ရပ်အခန်းကျွန်းစုတခုထဲကဖြစ်ကြပါသည်။ အိုင်ပွတ်ရုံမျှသတင်း ရခြင်းခေတ် မဟုတ်သော်ငြားလည်း က်ျသတင်းကားလျှင်မြန်စွာ မိမိနားထဲဝင်ရောက်လာပါသည်။
( အိုင်ပွတ်=G4ဖုံးပွတ်ခြင်း)
နောက်ဆက်တွဲသတင်းတခုကားမယ်ကွေးသည် ၄င်းတို့၏ ပုလင်းများဖွင့်လျှင်အနားကပ်လာသော်လည်း သူ့၏ပုလင်းကိုကား သစ်သားသေတ္တာထဲ့ထည့်ကာ လုံခြုံစွာ သိမ်းဆည်းထားခြင်းဖြစ်ပါသည်။ ထိုခေတ်
ကာလ အဆောင်အခန်း ဆိုသည်ကား အထပ်သားနံရံပြားလေး ထောင်ကာထားသော တန်းလျှားရှည်
ကြီးပင်ဖြစ်ပါသည်။ အောက်စလွှတ်ရ်ျ အထက်လည်းပိတ်ထားခြင်းမရှိပါ။ ကုတင်ပေါ်တက် ရ်ျခြေဖျား
ထောက်ခါ စကားပြောခြင်း အတင်းပြောခြင်းများ အေးဆေးစွာပြုလုပ်နိုင်ပါသည်။ ကေတုမတီမမများသည် ပိန်သေးညှက်စိခန္ဓာပိုင်ရှင်မိမိကို မြှောက်ပင့်ပေးပါသည်။ ၄င်းတို့အခန်းမှ မိမိကိုပင့်ရ်ျ မယ်ကွေးအခန်းထဲ အခန်းကန့်ထားသောအပေါ်မှဝင်သွားရန် အကြံကောင်းများပေးပါသည်။ အများသူဌာမြောက်ပင့်ပေးလျှင် တက်အောင်ကတတ်လေသောဝါသနာရှိသည့်မိမိသည်လည်း....။

တနေ့သောအခါ မယ်ကွေးသည် ၄င်း၏အခန်းအားသော့ပိတ်ခါ အဆောတလျှင်နှင့် အပြင်ဖက်သို့ ထွက်ခွါ
သွားပါသည်။ အချိန်ကောင်းဖြစ်ကြောင်းသဘောတူကြပြီးလျှင် မိမိအားဝိုင်းမပင့်ကော်ရ်ျ မိမိသည်လည်း အခန်းထဲ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိသွားပါသည်။ ၄င်းတို့ရည်ညွှန်းသော သစ်သားသေတ္တာကို
ဖွင့်လှစ်သောအခါဝယ် ငါးခြောက်ထောင်းကြော်ပုလင်းသည် လှပခန့်ညားစွာ တည်ရှိနေ ပါသည်။ မိမိသည် ပုလင်းဖွင့်ကာ လက်ညိုးဖြင့် တကော်မျှအမြည်းသဘော စားသောက်နေပါသည်။ထိုအချိန်တွင်...
" ဟား...ပြန်လာပြီ ပြန်လာပြီ ပြေးပြေး..ဟူသောအသံနဲ့ တကွ ဝုန်း..ဒုန်း..ဒိုင်း ပြိုလှဲသောအသံများ၊
ကလောက် ဟူသောအသံသည် နောက်ဆုံးဖြစ်ပေသည် " (ကလောက်=သော့ဖွင့်သံ)အကျွန်ုပ်သည်
ဟင်းပုလင်းနှင့်တကွ ကုန်းကုန်းကွကွ ပလုပ်ပလောင်း....ဟောင်းလောင်းဟောင်းလောင်း~~~~~
(ဟောင်းလောင်းဟောင်းလောင်း=ပါးစပ်ဟောင်းလောင်းဟလေသည်)

ကိုင်း...မိတ်ဆွေများ အကျွန်ုပ်ရင်ထဲ ခေတ္တခဏဝင်ကြည့်ရ်ျခံစားပေးပါရန်.........
အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်
မီးမီး
( စာရေးဟန်ပြောင်းပါလားဆိုလာသူ မိတ်ဆွေကြီး နန်းကြည် အတွက် ကြိုးစားပမ်းစား)
မီးမီး
( စာရေးဟန်ပြောင်းပါလားဆိုလာသူ မိတ်ဆွေကြီး နန်းကြည် အတွက် ကြိုးစားပမ်းစား)