Monday, July 29, 2013

သတင်းစာထဲကလူသားများနဲ့ တွေ့ ဆုံဖူးခြင်း...

မင်္ဂလာပါရှင်~~~~

ကျမအတွက်တော့သတင်းစာထဲမှာပါတဲ့အကြောင်းအရာ၊လူတွေနံမည်တွေဟာ၊ တကယ်ဘဲစာတွေထဲမှာရှိ
တဲ့အရာလို့ မှတ်ယူခဲ့တာပါဘဲ..။ကျမတို့ နေတဲ့မြို့ လေးကိုသတင်းစာကလည်း နေ့ တိုင်းလာဝေတာမှမဟုတ်
တာ..။(ခုတော့မသိဘူး..ခုခေတ်သတင်းစာဆိုတာလစဉ်ယူဖို့ နေနေသာသာ၊ဖတ်ရကောင်းမှန်းတောင်မသိ

တော့ပါဘူး...အမှန်အတိုင်းဝန်ခံရရင် မမြင်ဘူးတာတောင်ကြာပေါ့..အိမ်ကလည်းမယူတာ ဆယ်စုနှစ် တခု
တောင်မကတော့ ..ဘူးတဲ့)သတင်းစာတခါလာရင် အထပ်လိုက် ၅ရက်စာ တပတ်စာ ဒီလိုလာတာလေ..။ ဖတ်ဖို့ တောင်ခက်ခဲနေတာ...။ အဲဒီအထဲကပါတဲ့ အကြောင်းအရာကလည်း ထူးဆန်းစွာနဲ့  ကျမတို့ ဖြစ်နေ တဲ့ အကြောင်းအရာတွေနဲ့ လုံးလုံးကြီးဆန့် ကျင်ဖက်..ရှင့်...။(ဘယ်နေ့ ကို...ဘာအစည်းအဝေးကြီး ကို..ကြိုဆိုထောက်ခံသောအားဖြင့် ပြည်သူတွေကတပျော်တပါးကြီး သန့် ရှင်းရေး၊သစ်ပင်စိုက်၊မြောင်းရှင်း ကြပါသည်..ဆိုတာမျိုးတွေလေ..တကယ်တော့တအိမ်တယောက်မလာမနေရ သူကြီးအမိန့် နဲ့  ကိုယ့်ပေါက် တူးကိုယ်ဘယ်လာရန် မနက် ၆နာရီအရောက်..ဒီလိုနဲ့ ဒေါ်မီးတို့ အိမ်မှာ ကျားကျားယားယား ဆိုလို့  ဆြာမ ငယ်ငီးငီးဘဲ ရှိတော့ ပေါက်ပြားသေးသေးလေးထမ်းပြီး သွားခဲ့ရတာ... တလမ်းလုံး တပျော်တပါးကြီး ရွတ် ဖတ် ကျိန်ဆဲခဲ့ဖူး တယ်လေ ...ဟင်း..) ဒီတော့ ဒေါ်မီးစိတ်ထဲမယ် သတင်းစာဆိုတာကိုယ်တို့ နဲ့ မနီးစပ်တဲ့  တခြားကမ္ဘာ ကလိုပါဘဲ...။ကဲပါလေ.. ကျမပြောတဲ့သတင်းစာကတော့၊ ဟိုး..ကာလတခု ကဆိုပါတော့...။

အဲဒီအချိန်ဆိုရင် သောင်းကျန်းသူရွှာမီးရှို့ လို့ ၊မှောင်ခိုကုန်တွေဖမ်းမိလို့ ...ဘယ်အဖွဲ့  (နံမည်တွေကလည်း A ကနေ Z အထိရှိတယ်.၊ အဖွဲ့ တွေလည်းအများကြီး နံမည်တွေလည်း အမျိုးမျိုးဘဲ)...က ဘယ်သူ ဘာညာ နံမည်တပ်တပ်ပြီး ရေးတာတွေလည်း ဖတ်ဖူးမြင်ဖူး ကြတာပေါ့...။ ဘယ်မူးယစ်ရာဇာ ဘာညာ ဘယ်
ဘယ်ကောင် ဘယ်ဝါ..ပေါ့...(ဟွန့် ....နောက်တော့ သာ.. ဦးတွေဘာတွေနဲ့  ရိုသေတတ်ပါတယ်....။
တော်သေး တယ်..သတိုးသီရိ..မဟာ ဘာညာကွိကွ ဘွဲ့ တွေမပေးလို့ ..) အမှောင်ကမ္ဘာကလူ၊(ဒါဆိုရင် ဂုဏ်ပုဒ် ထင်းကနဲမြင် သာအောင်ပါတယ်)၊အလင်းရောင်နယ်ကလူ(ဒါကြတော့ ရာထူးတွေနဲ့ ပေါ့..)
အဟဲ....ဂလိုလူသားများနဲ့ ဒေါ်မီး ဘဝတကွေ့ မှာခဏတွေ့ ဖူးခဲ့ကြတယ်...သိလား...^_^

အရင်ဆုံးတော့...ကျောင်းတက်စဉ်ကာလက...အတန်းထဲမှာ ကောင်လေး တစ်ယောက်ရှိတယ်...။ စကားလည်းသိပ်မပြောဘူး။ ခပ်တည်တည်နဲ့ နေတတ်တယ်။ ကျောင်းကပျော်ပွဲစားထွက်တော့မှ 
စကားပြောဖြစ်တယ်...။အဲ....သူ့ အဖေက ဝန်ကြီးတဲ့...(ထိုင်းဝန်ကြီးဟုတ်ဖူး..ဟာ..ဗမာဝန်ကြီးလည်း ဘယ်လိုလုပ်ဖြစ်မှာလဲ စုတ်တီး စုတ်ဖတ်ကျောင်း ဘယ်....ကိုယ်တို့ ရွှေနိုင်ငံကဝန်ကြီးသားသမီးတက်မလဲ
လာမေးနေသေးတယ်...။သိက္ခာကျတယ်နော်... @_@ ) သူကနံမည်ဘဲပြောတာပါ...သူပြောတဲ့နံမည်
ကကြားဖူးနေတယ် ထင်နေတာ နောက်မှသတိရတယ်..သတင်းစာထဲမှာမြင်ဖူးနေတာကိုး....စော.....

ဘာညာဘာညာ...ပေါ့...။သူကမိုင်းထိဖူးတော့ နှာခေါင်းအသားပဲ့သွားဖူးတယ်။ ပြန်ချုပ်ကပ်ထားတော့
အမှတ်တမဲ့ ကြည့်ရင်နှာခေါင်းက ၂ထပ်လို့ ထင်ရတယ် ..ကျမသူ့ ကိုခေါ်တာ နှာခေါင်း၂ထပ်နဲ့ လူ.. :P
ခု....ဘယ်ဆီဘယ်ဝယ်ရောက်လို့ ဘယ်ဘဝမှာဘာကြီးဖြစ်နေကြာင်း!!!!!

နောက်အလုပ်လုပ်တော့ Mအမအပ်ပေးတာ၊ ကျိုင်းမယ်မြို့ က ဗိုလ်ချုပ်(သူတို့ ထိုင်းနိုင်ငံက အရှေ့ ၊နောက်၊
တောင်၊မြောက် ဆိုပြီးတိုင်းကြီးတွေခွဲထားပြီး တိုင်းဒေသအလိုက်အကြီးဆုံးစစ်ဗိုလ်ချုပ်တယောက် ရှိတယ်)

ကျမဝင်လုပ်တဲ့ကုမ္မဏီက တောင်ပိုင်းဒေသ အကြီးဆုံးဗိုလ်ချုပ်မိန်းမရဲ့ ပိုင်ဆိုင်မှု့ တခုပေါ့...။
တောင်ပိုင်းဆိုတော့ မြန်မာနိုင်ငံနဲ့ နယ်နမိတ်ထိစပ်နေတာလေ...မဲဆောက်၊မယ်ဆိုင်..အများကြီးပါ...။
ဒီတော့နယ်စပ်မှာရှိတဲ့လက်နက်ကိုင်တွေအဖွဲ့ အစည်းတွေနဲ့ နဲ့ သူတို့ နဲ့ ခင်မင်ရင်းနှီးကြတာမဆန်းပါဘူး.။ သူ့ မွေးနေ့ ရောက်တော့ ဝန်ကြီးဝန်ကြား (ဝန်ကြီးက ထိုင်းဖက်..ဝန်ကြားက နယ်စပ်ကလေ..အဟဲ... 
ကိုယ်ကဒီလို ရှုပ်ထွေးကြမှာစိုးလို့ ခွဲခြားပြီးရေးပြတာပါ...ရှမ်းမက အသုံးအနူံးသေချာအောင်ရွှေးရတာ အမောရှင့်...)အများအပြား တက်ကြရောက်ပါတယ်...။ 

ဗိုလ်ချုပ်အိမ်လည်း ၂လုံး ၃လုံးတောင် ရှိတော့ နယ်ကလာတဲ့လူတွေ အတွက်တည်းခိုဖို့ လည်းသူ့ အိမ်
ကိုတောင်ပေးထားပါတယ်။ ဧည့်သည်တွေရတနာဆိုင်ကိုလာလည်တော့...နယ်ခြားကလာတဲ့ပုဂ္ဂိုလ်ကြီး
တယောက်ဟာ ကျမတို့ ဝန်ထမ်းတွေ ကိုလာစကားပြောပါတယ်။ကျမတို့ ဝန်ထမ်းတွေအားလုံးကို 
ထိုင်းလို့ ဘဲမှတ်ယူတာလားမသိဘူး...။ အီးဂလိတ် လိုလာမှုတ်ပါတယ်.။ဟေး..."တူးယူနိုးဟူးအိုင်အမ်"...
တဲ့...။ထိုင်းမ..ဆိုတာ...နံမည်နဲ့ လိုက်ပါတယ်..ထိုင်းတယ်လေ။မဖြေကြပါဘူး..ဒီအတိုင်းကြည့်နေကြတာ.။
လျှာရှည်မယ်ငီးကို..ဘယ်မှီလိမ့်မတုံး... "အိုင်တုံးနိုး"...(အိုးလာလား..ပြောရအရသာရှိ...) သိမှမသိတာကို လာမေးနေသေးတယ်ပြောစရာရှိပြောပါ့လား..နော့်...။ "အိုင်....မီးနီးစတား..စော.ဘာညာဘာညာ"...တဲ့၊ 
အော်..နှာခေါင်း ၂ထပ်ရဲ့ အဖေပါလား....။အရပ်ကတော်တော်ပုပါတယ်...။အဲဒီခေတ်က ပါးဖောင်းဖောင်း လူကြီးပြီးရင် သူက ဒုတိယလေ...။သတင်းစာထဲအမြဲပါတတ်တဲ့နံမည်တခုပေါ့..။

နောက်လူတယောက်ကတော့ အဲဒီတုံးက သူ့ မိသားစုနဲ့ တွေ့ ဖူးရင်းနှီးဖူးခဲ့ပေမဲ့၊ အခုမှသူ့ နံမည် ကို မြန်မာ
ပြည်က သတင်းစာထဲမှာခဏခဏဖတ်ရနေရတတ်တယ်။ သူ့ ကိုကျတော့ ကျမရဲ့ ကော်ပီကူးတဲ့ဆိုင်မှာပေါ့။
အမြဲအမှတ်ရနေတယ်..။လက်ထောက်တွေဘာတွေရလာတော့ ကောင်လေးက အလှုမီနီယံမှန်ဆွဲတံခါးကို
မနက်မနက်အသေပြောင်နေအောင်တိုက်တယ်လေ..။ပြောင်လက်နေတာပေါ့...။ဆရာဝန်လားဘာလား
တော့မသိဘူး သူ့ နဲမည်ရှေ့ မှာဒေါက်တာ ဆိုပြီးထဲ့ထဲ့ခေါ်တယ်..။သူဆိုင်ကယ်နဲ့ လာတယ်..။ဆိုင်ကယ်

ဦးထုပ်ကိုမချွတ်တန်းဆောင်းပြီးဆိုင်ထဲဝင်လာတယ်..။ပြီးပြန်ထွက်တာတံခါးကိုမဆွဲဖွင့်ဘဲ ဒီအတိုင်းထွက်
တယ်လေ သူ့ ဦးထုတ်နဲ့ မှန်တံခါး ညားကြတော့ ခွိုင်း..ကွိုင်း..ဒုန်း ဆိုတဲ့အသံတွေပြီးနောက် မှန်တွေလည်း အစိတ်စိတ်အမွှာမွှာ...ကွဲလေရော...။စာရင်းချုပ်တော့ ပြန်လျှော်ရတာပေါ့.ရှင်.။သူ့ မှာသမီးမိန်းခလေး ၃  ယောက်လားရှိတယ်.။ Sunday school အမြဲလာတတ်လို့ သိတာပါ။သူလည်း ကချင်လူကြီးတယောက်
လွှတ်တော်ထဲဝင်ဖို့ ဆိုလား ပါတီထောင်ဖို့ ဆိုလား...အလုပ်တွေရှုပ်နေတယ်တဲ့..။


နောက်ညီအမ၂ယောက်...ကျမနဲ့ ကုမ္မဏီအတူတူအလုပ်မလုပ်ဖူးပါဘူး...။ဒါပေမဲ့ နယ်ပယ်တခုထဲမှာမို့ 
တွေ့ ဖူးခင်ဖူးမြင်ဖူးတာပါ။ နောက် ကျမဒုတိယပြောင်းတဲ့ ကုမ္မဏီမှာသူတို့ အလုပ်အကြာကြီး လုပ်ခဲ့ဖူး တယ်တဲ့။ ဆယ်စုနှစ်တခုကျော်ကျော်လောက်မတွေ့ မိကြဘဲ..ရန်ကုန် ကျမအလုပ်လုပ်တဲ့နေရာမှာ

မမျော်လင့်ဘဲ တွေ့ လိုက်ကြတယ်...။သူတို့ က ခပ်တည်တည်နဲ့ ထိုင်းကလာတာပါလို့ ပြောလိုက်လို့ တွေ့ မိ
တာပါ..။ ကျမကိုလည်းတွေ့ ရော...စကားတောင် ၃ ခွန်းပြည့်အောင်မပြောတော့ဘူး. .ပြေးလိုက်တာ တန်းနေတာဘဲ...။ ခုတော့ ရန်ကုန်မှာ ရေပေါ်ဆီလူတန်းစားထဲမှာနံမည်ကြီး...ဂျာနယ်သတင်းတွေထဲမှာ ခဏခဏဓါတ်ပုံတွေပါလာလို့ ...အိုး..တကယ် လွှတ်တော်တွေဘာတွေထဲတောင်ပါနေတယ်တဲ့....။

ဂလိုဂလို.. :P(စကားကိုတောင်အမှန်မပြောရဲဘူး..အတိတ်ဘဝကိုလည်းမဖော်ရဲဘူး..)
ဒါပေမဲ့...ဟင်းဟင်း..ခေါင်းဆောင်တန်းဝင်တယ်ဟေ့...ရူးတိုးတိုးနော်...ဒေါ်မီးပြောတာလို့ ပြောနဲ့ ^_^

ကျမရဲ့ ဒုတိယအလုပ်တခုလည်းကျောက်မျက်ရတနာရောင်းတဲ့ နေရာတခုပါဘဲ.အဲ့မှာ နှစ်နဲနဲကြာသွားတာ။
ကျောက်မျက်ရတနာဆိုပေမဲ့ကြေးထည်ကြေးရုပ် ကျောက်စိမ်း ယွန်းထည် ရှေးဟောင်းပစ္စည်း အစုံပါဘဲ..
နိုင်ငံခြားသားခရီးသွားတွေကိုအဓိကရောင်းတဲ့နေရာမှာပေါ့...။ တနေ့ နေ့ tour bus တွေအနဲဆုံး ၁ဝ စင်း ကျော်နဲ့ တခြားကားအငယ်တွေအများကြီးလာတယ်..။တနေ့ ကို ဧည့်သည် ရာချီထောင်ချီရောက် တဲ့နေရာတွေပေါ့...။ကျမတို့ နေတုံးကဆိုဈေးရောင်းတဲ့လူချည်းဘဲ ၅ဝကျော်ရှိတယ်..။ဘာသာစကား အလိုက်ခွဲခြားထားတယ်..။မနက်အလုပ်ထဲရောက်ကတဲက ရောင်းလိုက်တာ ညနေ၅နာရီအထိမပြတ်ဘူး..။

ကော်မရှင်နဲ့ လခရတယ်လေ ဘာသာစကားများများတတ်လေ များများရောင်းရလေ လခကောင်းလေပေါ့။
အဲဒီမှာ အပေါင်းအသင်းတွေအစုံတွေ့ ခဲ့ရတယ်..။ ပြင်သစ်ဂိုက်မလေးတယောက်(ထိုင်းမ) ဗမာစကား 
ကောင်းကောင်းတတ်တယ်။ သူခေါ်လာရင် ပြင်သစ်စကားပြောတွေပေါ့..ဧည့်သည်အစုံပါဘဲ..တခါခါ
ကျွန်းနိုင်ငံကလည်းပါတယ်..။သူတို့ က ပြင်သစ်ကိုလိုနီဆိုတော့ ပြင်သစ်စကားပြောတာကိုး။


တခါကျတော့(သူ ဧည့်သည်ဆိုရင် ကျမကကြည့်စရာမလိုဘူး၊ကျမက E နဲ့ ဂျာမာန် ဘဲပြောတာ ပြင်သစ်က လူသိပ်များမှနဲနဲပါးပါးလိုက်တာလေ..)သူက မန်နေဂျာဆီ ကျမကိုနံမည်နဲ့ ခေါ်ပြီး လွှတ်ခိုင်းတယ် ...။
သူ့ ဧည့်သည်ကို အဝေးကနေ လှမ်းကြည့်လိုက်တော့လည်းမဲမဲသည်းသည်းကြီး...။ဧည့်သည်တွေရောက်ရင် စက်ရုံကိုအရင် ဝင်ကြည့်ကြတယ်လေ...။ပြီးမှ တခုချင်းဆီလိုက်ရှင်းပြ ကျောက်စိမ်းတွေရုပ်ထုလုပ် တဲ့နေရာအထိခေါ်လာ၊နောက်အပေါ်ထပ်ကအရောင်းခန်းထဲခေါ်လာပြီးဈေးရောင်းတာပေါ့...။
သူ့ ဧည့်သည်ကို ကျမထင်တာက ကျွန်းနိုင်ငံသားလို့ ထင်တာပေါ့...လူမည်း၊(တချို့ ကမမည်းတမည်းလေ)။ ဒီတော့ ကျမသူငယ်ချင်းနာမည်က ထိ့တာ(မြန်မာလိုသီတာ) ကျမသူ့ ကိုဗမာလိုဘဲပြောတာလေဟေ့ကောင် ထိ့တာ...နင့်အမည်းကောင်ကြီးပြင်သစ်စကားပြောကို ဘာကိစ္စနဲ့ နင်ကငါ့ကိုခေါ်ရတာလည်း ဘလားဘလား နဲ့ nonstop  မယ်ငီး ပြောနေတာ...သူက မီးမီးနင်...ဟီးဟီး..ဆိုပြီးရီလိုက်သေးတယ်..။ 
ထိုင်းလို တော်တော့ တော်တော့..ဒါဘဲပြောနေတာ...။ နောက်သူကမိတ်ဆက်ပေးတယ်လေ..
ကျမသူငယ်ချင်းမီးမီးပါတဲ့.ဗမာလို..အဲတော့...ကဲ...မျက်ခွက်ကြီးဓါးနဲ့ လှီးထုတ်ပစ်ချင်ထှာ၊
သူတို့ က ခရီးသွားကုမ္မဏီကြီးတခုရဲ့ ပိုင်ရှင်တွေတဲ့  သူတို့ ကုမ္မဏီနဲ့ ဆက်စပ်ပြီး ရန်ကုန်မှာ နောက်ထပ် ချဲ့မဲ့အစီအစဉ်တွေအတွက်လာတာတဲ့ ထိ့တာတို့  သူဋ္ဌေးရဲ့ စပယ်ရှယ်ဧည့်သည်ဆိုဘဲ...။ဝယ်ဖို့ တော့မ ဟုတ် ပါဘူး...ဦးတို့ ကလုပ်ငန်းသဘာဝကိုလာလေ့လာတာပါတဲ့...။ အဲဒီ..ဦးကြီးတွေကလေ...အသားက
လည်းသပိတ်ရောင်နီးပါးဆိုတော့ သမီးလေး မယ်ငီး နားလည်မှု့ တွေလွဲကုန်တာပေါ့...လို့ .နောက်ထိ့တာ 
ပြောတော့ လမ်းမှာ ကတော်ကတော်လို့  အသံထွက် အော်တတ်တဲ့ အမျိုးအစားနဲ့ တူတဲ့လုပ်ငန်းများစွာ
တွေကိုလည်း  ကိုယ်တိုင်ကွင်းဆင်းပြီးဆောင်ရွှက်တော် မှုတယ်တဲ့။ ရန်ကုန်ပြန်ရောက်တော့သတင်းတွေ ဂျာနယ်တွေမှာ ဦးကြီးတို့ ကိုတွေ့ ဖူးသွားတယ်...။
tour (ဥရောပတိုက်သားအဓိက)ပိုင်ရှင်...နံမည်ကြီးတွေဘဲ ဟီးဟီး...ရီရတယ်...ဗြဲ...:)))))

စိတ်ဝင်စားစရာအကောင်းဆုံးကတော့ ၁၉၉ဝ ကျော် တုံးကဘဲ..ဘယ်လောက်လဲတော့မမှတ်မိတော့ဘူး.။
တနေ့ တော့ ဆိုင်မှာလည်းလူတအားများတယ်..ပြေးလွှားရောင်းနေတုံး သူဋ္ဌေးမကြီးအတင်းလိုက်ဆွဲခေါ်
တယ်။ဇင်းမယ် မြို့ ဝန် နဲ့ စစ်တပ်ကလူကြီးတွေဖုံးဆက်လို့ တဲ့...နင်တို့ ဆီကလူကြီးလာမလို့ ..မီးမီး..
သမီးရယ် ဧည့်သည်ကိုကောင်းကောင်းဧည့်ခံပေးပါတဲ့...။(သူဋ္ဌေးမ ၃ယောက်ရှိတာ သူက အကြီးဆုံးလေ ဇင်းမယ်မှာနံမည်ကြီးပေါ့ သူတို့ တရုတ်ကုန်သည်ကြီး အသင်းမှာ သူကခေါင်းဆောင် တန်းမှာ ရှိတယ်။ မယ်ငီးကိုလည်းတော်တော်ချစ်တယ်...ဧည့်သည်ကြီးတွေဆိုရင် ကြည့်ခိုင်းတယ်)။ ဒါပေမဲ့ဧည့်သည်ကြီးတွေ
ဆိုတာက ပစ္စည်းမဝယ်တတ်ဘူး။ ဒီအတိုင်းဘဲရှောက်ကြည့်တာဘဲရှိတယ်..။ဒီတော့ ကိုယ်တို့ နဲ့ မကိုက် ဘူးလေ..။ကိုယ်တို့ ကရောင်းမှကော်မရှင်ရတာကိုး...။ ဒါပေမဲ့ငြင်းလို့ မှမရတာကိုး...မျက်နှာသိပ်မကြည်စွာ
နဲ့ ရွှေဧည့်သည်ကြီးတွေကို အလုပ်ရုံမှာ သွားမြော်ရပါတယ်။ လာပါပြီလေ...စစ်ကားတွေတတန်းကြီးပါဘဲ။

ထုံးစံအတိုင်း မယ်ငီး အနှီလူကြီးကို မမြင်ဖူးပါဘူး...။ရင်ဘတ်ကနံမည်ကဒ်ပြားလေးကို မသိမသာလေးဖွက်
ထားတယ်..ဟီး...မီးမီး..ဆိုရင်..သူတို့ သိကုန်မှာတော့ ..ကိုယ်က တောင်ကျော် TG လေဟာ..:)


နောက်ကလူတွေတတန်းကြီး ပြုံးပြုံးကြီးတွေနဲ့ ...ကိုယ်လည်း ကိုယ့်ရဲ့ ယုန်သွား ၃၂ ချောင်းပေါ်အောင်၊
ဖြီးထားရပါတယ်..။ အဟမ်းဟမ်း..ဟယ်လို..ဂွန်ထမောနင်း..ဂျင်းထရယ်မန်း...ဝဲကမ်းတူ အာဝါ ဖက်ထရီ..

ဘာညာ..ကစလို့ မိုက်လေးကိုင် ဘိုလိုမှုတ်ပြီး ကြိုဆိုလိုက်ပါတယ်။ အဲ..လူကြီးက ချောတယ် ဖြူတယ်
ရုပ်သန့် သန့် လေးပါ အဟီး ဘာပြောပြောသိုင်းကျုးကလွဲပြီးဘာမှကိုပြန်ပြောဘူး။ ကြေးထည်တွေကြည့်ပြီး

တော့ ယွန်းထည်တန်းဖက် ကျောက်စိမ်းစက်ရုံဖက်ရောက်လာတယ်။ ဒါတွေ တို့ ဆီမှာလည်း ရှိတာပေါ့...။
ကျမကိုမပြောပါဘူး..သူ့ နောက်ကလိုက်လာတဲ့ လူတွေကိုပြောတာပါ ။

ကျောက်စိမ်းစက်ရုံ မှာ မြန်မာနိုင်ငံမြေပုံတခုရှိတယ်။ အဲဒီမြေပုံက ရွှေပြည်ကြီးရဲ့ ဒေသတွေမှာတွေထွက်   
သလဲ..ဆိုတာပြတာပါ။ကျိုင်းတုံမှာကျောက်စိမ်း၊ပတ္တမြားထွက်တယ်တဲ့...။ထိုင်းတွေ...ရေးချင်ရာရေး
တာဘဲ..။ အဲဒါကြည့်ပြီး သူတို့ တွေဝိုင်းရီကြတယ်လေ။ နောက်အရောင်းပြခန်းရောက်တော့ လက်ဝတ် ရတနာတွေလိုက်ကြည့်ပြီးတနေရာရောက်တော့ သူရပ်ပါတယ်။သေသေချာချာကြည့်ပြီးမှ သူ့ နောက် မကမ်းမလှမ်းမှာ အသင့်စောင့်နေတဲ့ သူကို(နံမည်တောင်နဲနဲမေ့နေပြီ) မျိုးဝင်း..ဆိုပါတော့ ဟေ့ မျိုးဝင်း
ဒါပါလဲကွ လို့ မေးတယ်... လူငယ်တယောက် ပါဘဲ..သူက ကျမကိုအရမ်းပီသတဲ့ ထိုင်းလို နဲ့ မေးပါတယ်။ ကျမလည်း English လို black onyx လို့  မပြောဘဲ ထိုင်းလို"နိမ်း"  ဖြေလိုက်ပါတယ်...။သူတကယ်
တော်တယ်..တိုင်းမူးခင်ဗျား..မဟူရာပါတဲ့။တချို့ ဆို ကိုယ်နဲ့ မဆိုင်တဲ့ နယ်ပယ်ကအခေါ်အဝေါ်အသုံး
အနှုံးတွေဆိုမသိကြ ဘူးလေ...။ တို့ ဆီမှာလည်းရှိတယ်ကွဲ့ .ဒါပါဘဲသူတို့ တွေအားလုံးဒါဘဲပြောတယ်.။
အဲဒီအချိန်မှာပြင်သစ်ဘတ်စ် ဂျာမဏီဘတ်စ် တွေ ၂ စင်းရောက်နေတာ..မယ်ငီးရောင်းချင်နေထှာ
တပိုင်းကိုသေလို့ ..တချက်ချက်သူဋ္ဌေးမကိုလည်း  ချောင်းကြည့် နေရတယ်.သူက စောင့်ကြည့်နေတာ
ကျမသေသေချာချာမရှင်းပြမှာစိုးလို့ လေ ရှေးဟောင်းပစ္စည်းတွေထားတဲ့ အခန်းရောက်တော့မယ်ငီး
နဲနဲချွန်ပေးလိုက်ပါတယ်....။
Most of antique are from Burma,I have no idea how can we find in Thailand many 
Burmese antiques.We can sell a lot, western people like it very much.
ဘလားဘလားဘလား..နဲ့ ပြောတာပေါ့ ရတနာအခန်းထဲမှာလည်း မြန်မာ့ပတ္တမြား ကကမ္ဘာမှာ အကောင်း ဆုံးလို့ ပြောပေးတော့သူ့ နောက်လိုက်ဦးလေးကြီးတွေက ပြောကြပါတယ် ....
we are from Burma....we know it...တဲ့ ....ဟိ... ။

အပေါ်ဖက်ရောက်သွားတော့ မယ်ငီးလည်း စောင့်ကြည့်ခြင်းကနေလွှတ်ကင်းသွားတာနဲ့ သူတို့ ကို စိတ်မဝင်စားတော့ဘူး..။ပြင်သစ်တသိုက်ကို bonjour နဲ့ ပြောဆိုပြီး ဈေးခိုးရောင်းပါတယ်...အဟဲ..။
သူများပိုက်ဆံပေးတော့ ကောင်တာကိုမသွားရဲဘူးလေ..အနားကထိုင်းမတွေနဲ့ လှည့်ပတ်ညာခိုင်း၊
ဂျာမာန်တွေကို လည်း အိုင်းစွမ်းသရိုင်းနဲ့ ပစ္စည်းရောင်းလိုက်သေးတယ်...။ တချက်ချက်ဦးကြီးတွေကိုလည်း အစွမ်းကုန် သွားဖြီးထားပေးရတယ်။ ဒီတခါ ဦးကြီးတွေလေ...မယ်ငီးကို သေသေချာချာကြည့်ပြီး ဒီကောင်
မလေးတကယ်လည်တယ် တကယ်တော်တယ်တဲ့ ..ဟား..ချီးကြူးခြင်းခံရတယ်..သိလား...@_@

နောက်သိုင်းကျုးပေါင်းမြောက်များစွာပြောပြီး ပြန်သွားတယ်..သူ့ နောက်ကလိုက်နေတဲ့ မြန်မာတွေသာ
ဘာမှမပြောတာ...ထိုင်းပုပုလေးတယောက်(ဒီလူထိုင်းလူကြီးတွေလာတိုင်း အမြဲပါလာတတ်တယ်။  
မြင်ဖူးကြပါလိမ့်မယ်ဗမာစကားပြောတာများပီသလိုက်တာ.) ချက်ချင်းကျမအနား ကပ်ပြီး မေးပါတယ်.. မင်းဘာလူမျိုးလည်း ထိုင်းတော့ မဟုတ်ဘူး..တဲ့..မင်းအီးဂလိတ်စကားကထိုင်းနဲ့ မတူဘူးတဲ့...။ 

တကယ်လည်တယ်..ဒီလူ..။(ဘယ်တူမလဲ ...မြန်မာအီးစကားပြောမတူအောင်ပြောတာကိုးစကားပြော
သင်ဖူးတာ suriwong book  center chiang mai က အယ်ဒီတာ အင်္ဂလိတ်တယောက်(သူက အမေရိကားမှာကြီးတာ ဆရာပြောပြတယ် နေရာဒေသအလိုက်ဘယ်လိုဝဲကြသလဲဆိုတာလေ..)    သူ့ ဆီမှာသင်ဖူးတယ်M အမအပ်ပေးတာလေ..။နောက်တော့ AUA မှာညကျောင်းတက်တယ်လေ...။
အလုပ်မှာလူပေါင်းစုံနဲ့   ပြောတော့နိုင်ငံအလိုက်ဝဲတာကိုလိုက်တုပြီးပြောကြဟားကြတာ..အရသာ...။ 
တကယ်တော့ မြန်မာဖြစ်ပြီး အင်္ဂလိတ် စကား မြန်မာ လိုဝဲတာ ရှက်စရာ မဟုတ်ပါဘူးလေ ..ကိုယ်က ရှမ်းမဆိုေ တာ့ရှမ်းသံဝဲတာလည်း ရှက်ပါဘူး) ဒီတခါထိုင်းထောက်လှမ်းရေးကသာသွားပြီနော်..:)  
အော်...လူကြီးနံမည်.. .ပြောပြီးပြီ လို့  ထင်နေတာ.. သူကအဲဒီတုံးက ရှမ်းပြည်ကတိုင်းမှုးတဲ့  ဇင်းမယ်ကို အစည်းအဝေးလာတက်တာ နယ်စပ်ကနေလာတာတဲ့  ချစ်ကြည်ရေးတွေ စတင်နေတဲ့အချိန်နေမှာပေါ့.. သူ့ နံမည်က တလုံးထဲလေ....ကဲသိပြီဟုတ်လား.....။

စကားမစပ်(တကယ်ဆို အတင်းဆက်စပ်ပြီးပြောတယ်လို့ မှတ်ပါရန်..:P ) ဒီနေ့ ကြက်သားဟင်းချက်တာ အာလူးလေးရော မဆာလေးထဲ့နဲ့ ..အရမ်းအရသာရှိတဲ့ဟင်းတခွက်ရသွားတယ်။ ဒီလိုဘဲ..ဒီနေ့ လည်း
အာလူး ဘူးသီး မီးပူ ငါးခု လူထု..ရောသမမွှေလိုက်တော့....ဖတ်လို့ ကောင်းသွားပြီနော်....
(အင်း...ဒါလည်း သူများအတင်းတုပ်နည်းတခုပါဘဲလေ...မယ်ငီးအကျင့်မကောင်းတော့ဘူးနော်.. :(  )


အားလုံးဘဲရွှင်လန်းချမ်းမြေ့ ကြပါစေရှင်~~~~
မီးမီး
နောက်တခါကျရင်နောက်တခြားနိုင်ငံက သတင်းစာလူတန်းစားအကြောင်းပြောချင်ပါသေးတယ်လေ....

12 comments:

  1. မမီးရယ်..လာဖတ်သွားပါတယ်နော်း)
    ချစ်တဲ့
    ဆုမြတ်

    ReplyDelete
    Replies
    1. ကဗျာဆရာမလေးရေ..
      ကဗျာလည်းရေးချင်တာဘဲ..၊
      မရေးတတ်တာလေ..
      ရေးဖွဲ့ တတ်တဲ့လူတွေကိုအားကျတယ်နော့်။
      :D

      Delete
  2. မမီးငယ်ပြောတဲ့ ညီအမနှစ်ယောက်က မခေါင်နန်းတို့ဘာတို့ဖြစ်မယ်နော်။ The Rich Gems ဆိုလားဘာလား ဂျာနယ်တွေ မှာ ဖတ်ဘူးတယ်။ ကြုံဖူးတယ်အဲလိုများ ကိုယ့်ဦးလေးရဲ့ သုဝနအိမ်ဘေးက သားအမိတွေ။ ယိုးဒယားပြောင်းသွားတယ်။ နောက်လဲကျရော Hotel Equatorial သွားတော့ သူတို့ GM ယိုးဒယားနဲ့ မိတ်ဆက်ပေးမယ်ဆိုပြီး ခေါ်သွားတော့ အိမ်ဘေးကပြောင်းသွားတဲ့လူဖြစ်နေတယ်တဲ့။ အဲဒါနဲ့ ဦးလေးလဲ သူ့အသိ မန်နေရဂျာကို တိုးတိုးတိတ်တိတ်သတိပေးရတာပေါ့။ ၀န်ထမ်းတွေက မသိဘူးတဲ့။ ယပလက် ဗမာစကားမတတ်ဘူးထင်ပြီး ကောင်းကောင်း အတင်းချနေခဲ့တာတဲ့။ သူ့အမေကြီးကိုလဲခေါ်လာပေမယ့် သူ့အမေကလဲ စကားတခွန်းမှမပြောပဲ ဗမာလိုနားမလည်ချင်ယောင်ဆောင်နေဆိုပဲ။ ဖြစ်ပုံက။ ကိုယ့်ဦးလေးနဲ့လဲတွေ့ရော အိုးတို့အန်းတန်းတွေနဲ့ ပြေးရောပဲတဲ့။

    ReplyDelete
    Replies
    1. ဟုတ်လား..
      ဒီလိုခဏခဏကြားဖူးတယ်။
      ဟိုမှာနေတုံးကသုံးတဲ့နာမည်ကတမျိုးပါ။
      သူများပါစင်နယ်မပြောလိုပါဘူး။
      ပေါ်တင်ကြီးယပက်လက်လုပ်ချင်နေတာတော့၊
      တကယ်ဘဲရီချင်တယ်။
      ကျမတို့ ဆီလာတော့ခလေးမတွေအားလုံးက၊
      ကျိုင်းတုံ၊တာချီလိတ် ကလေ..၊
      ထိုင်းလိုအားလုံးတတ်ကြတယ်..။
      ဒါပေမဲ့သူတို့ ကဘောစ်ပုံစံဆိုလို့ ၊
      ကျမကိုခေါ်တာနဲ့ ထွက်လာတာ..၊
      မျက်နှာချင်းဆိုင်တွေ့ တော့စကား၃ ခွန်းလောက်ပြောပြီး၊
      အပေါက်ဝမှာတင်ပြန်ထွက်သွားကြတယ်လေ.. :P

      Delete
  3. ၇ီ၇တယ်။။ဆက်ရေးနော် အစ်မရေ

    ReplyDelete
    Replies
    1. ကိုယ်တိုင်ကလည်းပေါက်ကရရှစ်ဆယ်၊
      ကြုံတာတော့ပေါက်ကရရှစ်သောင်း...၊
      :)))

      Delete
  4. အဟီး..
    ဗဟုသုတကလည်း မနှံ့စပ်၊ နည်းနည်းလည်း ဝေးတော့ ဘယ်သူတွေလဲဆိုတာ မတိဘူး..
    =)
    -m

    ReplyDelete
    Replies
    1. အပေါ်ဆုံးက သားအဖ၂ယောက်က၊
      တော်လှန်ရေးခေါင်းဆောင်ဗိုလ်မြရဲ့ နိုင်ငံခြားရေးဝန်ကြီး...
      မှန်ခွဲလိုက်တာကဒေါက်တာတူးဂျာ...
      Tour ပိုင်ရှင်က နံမည်မေ့သွားပြီ..
      အဆိုတော်က မွန်းအောင်...
      ညီအမ၂ယောက်က အပေါ်တယောက်ပြောတာဖြစ်မယ်..
      တိုင်းမူးက ဗိုလိချုပ်မောင်အေး....
      ကဲ....အဖြေကဒီမှာပါ....

      Delete
  5. Thanks for giving the answer at the end. I was confused too. lolz

    ReplyDelete
  6. That Spice Mix for Chicken and Potato Curry, So Yummy!! Ma Mee Nage.
    Khine

    ReplyDelete