Saturday, July 13, 2013
ဂျာမာန်ဘီယာဂါးဒင်းဂရိလယ်သမားဈေးကိုးရီးယားစူပါမားကက်
မင်္ဂလာပါရှင်~~~~
မတူတဲ့အကြာင်းအရာတွေကိုအတင်းဆွဲစေ့ပေးတတ်တဲ့ မယ်ငီးတယောက်တော့...ဒီတခါ မှာအစားအစာဆိုတဲ့(သူများတွေနေ့ စဉ်စားသုံးကြပေမဲ့လည်း)ကာလဒေသလူမျိုးကွဲပြားခြားနားတော့ 
သူတို့ စားတာတွေ ကျမအတွက် အထူးအဆန်း ကြီးဖြစ်နေလို့ ...နဲနဲအာလူးလေးပေးရအုံးမယ်...^_^
သူတို့ ဆီကဘီယာဂါးဒင်းတွေဆိုရင်ဘီယာချက်စက်ရုံမှာဖွင့်ထားတာများတယ်။
ဒီတော့ဂိုဒေါင်ပုံစံအဆောက်အဦမှာသစ်လုံးတွေသစ်သားထိုင်ခုံကြမ်းကြမ်းကြီးတွေနဲ့ လေ။
နောက်တလဆိုရင် ကျားကျားပရောဂျက်ကပြီးတော့မယ်(ပြောင်းဖို့ လည်းအသင့်ပြင်ထားရတယ်၊
ဒီတခါဘယ်ဌာနေရောက်အုံးမှာလဲမသိသေးဘူး) ဒီတော့ သူ့ အလုပ်ထဲကဂျာဂျာကြီးတွေ..အော်.. ဂျာမာန် ကုမ္မဏီ ဆိုတော့ ဂျာတွေချည်းဘဲပေါ့။ ဖဲရားပွဲလေးလုပ်ပါတယ်...။သူတို့ လည်းတနှစ်လာနေတာ၊ ရှာ တတ်ပါတယ်၊သူတို့ ရဲ့ ဘီယာဂါးဒင်းကို...၊တကယ့်ဂျာမဏီကိုခဏရောက်သွားတဲ့အတိုင်း၊ အပြင် အဆင် 
စားစရာရောပေါ့..။ဘီယာတွေလည်း အင်ပို့ စ် ဂျာမာန်ဘီယာပါ...။နေရာက ဟတ်ဆန်မြစ် ကမ်းနှဘေး လေးမှာ (အော်...ဒီတခါသူတို့ ရဲ့ ပရောဂျက်နာမည်တောင် ဟတ်ဆန် ပရော ဂျက်လို့ ပေးထားတာ).....ဟတ်ဆန်မြစ်ဆိုတာ နယူးယောက်နဲ့  နယူးဂျာစီကိုခြားထားတဲ့မြစ်ပေါ့...။
ကျမတို့ နေတဲ့နေရာကဂျော့ဝါ ရှင်တန် တံတား နဲ့ ပိုနီးတဲ့ဖက်အပိုင်းပေါ့...။
အမဲသားအစိမ်းကို တောက်တောက်စင်းပြီး ပေါင်မုန့် နဲ့ စားတာ..
သူတို့ အခေါ်Steak tartare.....
ကျမတို့ တော့ ..ဘီရုမာနဲနဲပီသသွားပါတယ်..အဟီး...အချိန်နာရီဝက်တိတိနောက်ကျပါတယ်...။
နယူးယောက်ကိုသွားမဲ့တံတားပေါ်အတက် ကားလမ်းကနေခွဲသွားရတဲ့နေရာဆိုတော့ သိတဲ့အတိုင်း နယူးယောက်ထဲဝင်မဲ့ကားတန်းကြီးထဲမျောလိုက်နေရတာ...ဆင်ခြေပေးလို့ ကောင်းပေမဲ့၊စောစောကတဲက
ကြိုတင်ထွက်လာသင့်ပါတယ်...။
ပုဂံအကြီးကြီးနဲ့ ပြည့်မောက်နေတဲ့အစားအစာတွေမြင်ပြီး၊ ဘာမှာစားရမှန်းတောင် မသိဘူး...။
ဂျာမာန်ရောက်ခါစက ကြုံဖူးခဲ့တဲ့အကြောင်းတခုပြောရအုံးမယ်...။သူတို့ ရုံးချုပ်ကို ကျမတခါမှမလိုက် 
သွားဖူးဘူး..။Erlangen ဆိုတဲ့မြို့ လေးမှာပေါ့။ မဒမ်ကြီးရောက်လာတယ်ဆိုတော့ (အဟီး)....ဒင်းနားကြမယ်ဆိုပြီး..ဒီလိုဘဲဘီယာဂါးဒင်းကို ချိန်းကြတယ်လေ...။ တရုံးထဲနေတာတောင်
တပတ်အလို ကတဲကအီးမေးတွေနဲ့ ချိန်းကြပြုကြနဲ့ လေ..။ထုံးစံသောကြာနေ့ ညနေခင်းပေါ့..
ကျကျနနပြင်ဆင်ဝတ်စားလို့ သွားပါတယ်..။ ဟိုရောက်တော့ ဘီယာချက်စက်ရုံတခုပါ..။
အစားကတော့ခြံအဝင်ဝနားကရုံလေးမှာတန်းစီ ဂျာမာန်ဝက်အူချောင်းကင် ပေါင်မုန့်  ကော်ဖီထုပ်ချဉ် ဒီလိုလေးတွေရတယ်..။ ကျန်တာတော့ဘီယာ...။တခွက်မှာရင် တခွက်ရှင်း....စားစရာကြိုက်တာယူ..
ကျသလောက်ပေး..ထိုင်ခုံတန်းရှည်ကြီးမှာ.. မျက်နှာချင်းဆိုင်ထိုင်၊ ခွီးခွီးခွခွ အစ်အစ်အ့အ့ စကားတွေပြော..
(အဟဲ..ဂျာမာန်စကားနားမလည်ရင်သူတို့ ပြောတာဒီအတိုင်းဘဲကြားကြမယ်ထင်ပါတယ်...:P )
နောက်ဆုံးတော့ ကိုယ့်ဖာသာကိုရှင်းလာရတယ်...ဒါမှ ဂျာမာန်စတိုင်...။အရင်တုံးက ရန်ကုန်မှာပြော  
လေ့ရှိတာ အမေရိကန်စတိုင်ကိုယ်စားကိုယ်ရှင်း..ဘယ်ကလာ...အမေရိကန်တွေမှ ကျွေးပါသေးတယ်...။
ဒီတခါသွားတာ ဘယ်လိုစတိုင်နဲ့ ညားမလဲဆိုပြီးကြည့်နေတာ တဝက်ရှင်း သောက်တာတွေကျွေးမယ် 
တဲ့...အဟဲ...:))))
အမဲသားစတိတ်နဲ့ အာလူး...။ သွားမကောင်းတော့၊ကိုက်လို့ မရဘူး...။ဒါလည်းမဖြစ်...။
ဂျာဂျာလေးတွေမှာစားတာတွေပါ....။ဘီယာခွက်တွေလည်းအမျိုးစုံရောင်စုံ...။
ကျမက ဝက်အူချောင်းကင်မှာတယ်..အဲလိုအကင်ဆိုရင် အဆောက်အဦထဲက ဟိုးနောက်ဖက်မှာ ကိုယ့်ဖာသာကိုယ်တန်းစီဝယ်တဲ့...ကျန်တာမှာရင် လာပို့ ပေးမယ်ဆိုဘဲ...။တောသားကလည်း မီနူးထဲကမကြိုက်တတ်..ဒီတော့ အစားကိုဝယ်၊အရည်ကိုသူတို့ ကျွေးတာပေါ့...။ အယ်ကိုဟော်ဖရီးဘီယာ
ရလားဆိုတော့ မရဘူးတဲ့။ ဂျာမဏီမှာတော့မျိုးစုံရတယ်။တော်သေးတယ်၊မရှိတာမှာတော့ သောက် 
စရာမလိုတော့ဘူးပေါ့။
 မိုးချုပ်လာတော့ တိုက်နံရံပေါ်မှာ ပရိုဂျက်တာနဲ့ တီဗီပြပါတယ်...။အဆောက်အဦထဲမှာထိုင်ရင်တော့ 
အဲယားကွန်းနဲ့ ဆေးလိပ်မသောက်ရဘူးပေါ့..။အပြင်ဖက်မှာတော့လွှတ်လပ်တယ်.နဲနဲပူတာပေါ့၊ ဒါပေမဲ့
လေတော့တိုက်ပါတယ်...။ စားပွဲထိုးမလေးတွေလက်၂ဖက်နဲ့ ဘီယာခွက်ကြီး ၄ ၊၅ ခွက်ဘယ်လာနိုင်တာ၊
တကယ်ချီးကျုးတယ်...။
ဂရိအစားအစာတဲ့...အလယ်ကလွတ်နေတဲ့ဗူးက မယ်ငီးလက်ထဲရောက်သွားတယ်လေ..:P
ဥရောပဖက်ကပြောင်းလာတဲ့ လယ်သမားကြီးတွေဖြစ်နေတော့ သူတို့ အစားအစာတွေဘဲရှိတယ်။
 ချိုပြီးအီစိမ့်နေတာဘဲ...အဲ..တဗူးလောက်စားပြီး၊ဗိုက်ကြီးတတောင်ပူထွက်လာတယ်ထင်ရတယ်...။
ဂရိအစားစားတွေတဲ့....ချိစ်တွေသစ်သီးစေ့တွေ...နဲ့ ...လားမသိဘူး။မုန့် နာမည်တောင်မေ့နေပြီ..။
အဖိုးကြီးတယောက်ထဲရောင်းနေတာ သနားလို့ ဝယ်စားခဲ့တယ်...။
 ကြင်ကင်နဲ့ bita bread ...(စားချင်စရာပုံကိုမထွက်ပါဘူးဆို...)
 ဈေးလေးကဆိုင်နဲနဲဘဲရှိတယ်။
နောက်တနေရာကတော့ ကျမတို့ နဲ့ နီးတဲ့ ကိုးရီးယားစူပါမားကက်ပါ။ တခြားရောင်းတဲ့ဟင်းရွှက်သားငါးတွေတော့ ကကြီးအကြိုက်သူတို့ အစာတွေပါ..။
ကိုယ်နဲ့ ချက်လို့ အဆင်ပြေမဲ့အရွက်တွေဘဲရွှေးဝယ်တတ်ပါတယ်..။
အဲဒီမှာကျမစိတ်ဝင်စားပြီးဝယ်လေ့ရှိတာက၊သူတို့ ဟင်းတွေနဲ့ တခြားမုန့် တွေ ချက်ရောင်းတဲ့နေရာပါ။
တချို့ ဟာတွေဆိုကိုယ်လည်းမစားဖူးဘူး...။ တလောက အစာအဆိပ်ဖြစ်ကတဲက လျှာရင်းလေး လိပ်သိမ်းထားရတယ်...။အဟီး @_@
ပေါက်စီ၊အသားပေါင်း တို့ ကတော့ စားလို့ ဖြစ်ပါတယ်...။သတ်သက်လွတ်ဟာမျိုးတွေရှာယူတယ်..။
ပေါက်စီအထဲကို ခွဲကြည့်တာ..ကျမကျားကျားကတော့ သူတို့ မြက်တွေအများကြီးထဲ့တာတဲ့..:P
ကျမတော့ ကြက်သွန်နီနဲ့ အသား၂ မျိုးဘဲထဲ့ရင်ပိုစားကောင်းတယ်လို့ ထင်တယ်။
သူတို့ ဟင်းရည်တွေ...သူတို့ က ငါးနဲ့ အမဲသားကိုအဓိကထားပြီးဟင်းရည်ချက်တာကိုး...။
(အဲ့ဒီအထဲမှာပါတာတွေ ဖတ်ကြည့်တာ...)
အရွက်ကြော်တဲ့...ကျမတို့ လို ကြက်သွန်ကြာ်၊ဘူးသီးကြော်...လိုနေမှာပေါ့...။
ဂဏန်းနဲ့ ဝက်သားပြားကြော်...။ကျမကျေးဇူးရှင်တော့ ပုဇွန်ပေါင်းဝယ်လေ့ရှိတယ်...။သူကြိုက်တယ်လေ...။
အဝင်ဝက မုန့် ဆိုင်...။မုန့် တွေက အရမ်းကြီးချိုတယ်..ကျမမကြိုက်လို့ နေမှာ(ကျမအချိုသိပ်မစားဘူးလေ)
ကကြီးတိုင်းပြည်ရောက်နေသလိုဘဲနော်....။
ဒါတော့ ကျမတို့ ဆီကနဲ့ အတူတူဘဲ..ပါးညောင်းအောင်ဝါးရတယ်...။ ၁.၉၉ ဘဲပေးရတယ်...။
ဒါကကိုးရီးယားကောက်ညှင်းမုန့် တဲ့..ပဲနဲ့ သူတို့ မုန့် တွေတကယ်ပါးညောင်းအောင်ဝါးရပါတယ်လေ...
အမေရိကားအရှေ့ ဖက်ပိုင်းမှာ ဒီဆိုင်က အကြီးဆုံးဆိုင်လို့ ပြောတယ်...
ဟင်းဟင်း....အိမ်အကြောင်းကနေ စားစရာအကြာင်းရောက်သွားပြန်ပြီ...။
ရေးထားတာလေးတွေပြန်ကြည့်တော့ဂျာမဏီမှာနေခဲ့တဲ့အကြောင်းတွေသိပ်မရှိဘူး...။
နဲနဲကြုံရင်..ပြောပြအုံးမယ်လေ...။အူကြောင်ကျားဖြစ်ခဲ့တာတွေပါ...။
ပြောချင်ရေးချင်တာတွေတော့များပါတယ်...။ကလောင်သွေးကမထက်တော့ နဲနဲအချိန်ယူရတယ်...ဟီး..
အားလုံးဘဲရွှင်လန်းချမ်းမြေ့ ကြပါစေ
မီးမီး
14 comments:
  1. Ma Mee Nage !!! How are you?I I like Greek Food , Mostly Greek Coffee.
    Khine
    ReplyDelete
  2. မီးမီး..
    ကိုယ့်ရဲ့ နေရာသစ်မှာလည်းလယ်သမားဈေး၂ဈေးနီးနီးနားနားရှိတယ်။
    အားလုံးဘိုပစ္စည်းတွေချည့်ဘဲ။
    အိမ်နားကဈေးမှာတော့တရုတ်အစားအစာဖရက်ရှ်ကြော်လှော်ရောင်းတဲ့ဆိုင်ရှီတယ်။ ဒါပေမဲ့အဲဒါကျတော့လည်းဝယ်မစားချင်ဘူး။ ကိုယ်လုပ်တတ်တာတွေချည့်ကို။ ကော်ပြန့် တို့ ဘာတို့ လိုမျိုးတွေလေ။
    အသီးအရွက်တော့ကိုယ့်နေရာဟောင်းလိုရှိဘူးရယ်။
    တခါနဲနဲလှမ်းတဲ့ဈေးကိုသွားတုန်းကတော့ရှားရှားပါးပါးမုန်ညင်းဖူးတွေတွေ့ လို့ ဝယ်လာခဲ့တယ်။
    အစည်းခပ်သေးသေးကို ၄ ကျပ်နဲ့ ဝယ်ခဲ့ရတယ်။ နေရာဟောင်းမှာဆို ဘာဝယ်ဝယ် ၁ကျပ်ဘဲ။
    နေရာဟောင်းက ဈေးကိုရိုက်ထားတာအများကြီးဘဲ။ တော်တော်အားမှတင်ဘို့ ကြိုးစားလိုက်အုန်းမယ်။
    ကိုရီးယားမားကက်ကြီးကမိုက်တယ်နော်။ သွားချင်တာ။ ကိုယ်ဆိုကိုရီးယားဆိုင်က ပဲပုတ်စေ့ရယ်၊ မုန်လာဥအရွက်ပါတာရယ်၊ မက်ကရယ်ငါးပိကောင်ရယ်၊ ငါးခြောက်သေးသေးလေးတွေရယ်၊ ဍရင်ကောက်ဖရိုးဇန်းရယ်၊ ငရုတ်သီးမှုန့် ရယ်၊ နှမ်းရယ်၊ ဆီးဝိဒ်ရယ်၊ တင်ပူရာမှုန့် ရယ်ဝယ်လေ့ရှိတယ်။ တချို့ ဟာတွေဝယ်လာရင်ကုန်အောင်မစားဖြစ်ပဲပစ်လိုက်ရတာများတယ်။
    ဥပမာ ဖစ်ရှ်ကိတ်လိုမျိုးတွေလေ။
    ပဲပုတ်စေ့ချက်စားချင်ရင် ကိုရီးယားဆိုင်သွားလိုက်တယ်။ ပြီးတော့မုန်လာဥအရွက်ပါတာပါဝယ်လာပြီးချက်စားဖြစ်တယ်။
    ဒီနေရာမှာတော့ကိုယ်ငတ်နေပြီ။ မနည်းဖန်တီး(မကောင်းမွန်ဝင်းပြောသလို) အစားထိုးချက်စားနေရတယ်။ သနားစရာ။း)
    အိုင်အိုရာ
    ReplyDelete
    Replies
    1. မရေ..
      ကျမတို့ ဖက်မှာလည်း ဘိုလယ်သမားများနေတယ်..။
      လာတီးနိုတွေလည်းသိပ်မရှိဘူး...။
      အာချားဟဲဆိုင်လည်းတော်တော်သွားရတယ်။
      ဒါကြောင့် ကကြီးဆိုင်နဲ့ ဘဲညားနေရတယ်။
      ကကြီးတွေဘယ်လောက်များသလဲဆို၊
      အိမ်ကိုဖုံးလာလို့ ကောက်ကိုင်ရင်၊
      အညာဇီးယို ကနေစတာပါဘဲ..။
      တံခါးလာခေါက်ရင်လည်း ဟစိဟစိရော..နဲ့ ၊
      သူတို့ ကျောင်းမှာဗလန်တီယာ လုပ်ဖို့ လာခေါ်တယ်..:P
      သူတို့ ပဲပုပ်စေ့ဝယ်ပြီးရှမ်းခေါက်ဆွဲ၊
      ချက်စားကြည့်တာသိပ်မမိုက်ဘူး..။
      အချိုဓါတ်များနေတယ်...။
      ငါးဆားနယ်၊ငါးပိကောင်လည်းဒီတခါဝယ်လာမိသေးတယ်။
      ကိုက်လံရွှက်နဲ့ ငါးပိကောင်ကြော်စားမလို့ ၊
      ခရုဆီနဲနဲထဲ့ရင်ရပြီလေ..ထိုင်းစတိုင်..၊
      ကျမတို့ ၂ယောက်ထဲ၊များသောအားဖြင့်ဝဲရတာများတယ်။
      ခုတော့အစားထိုးကြံဖန်နေတတ်ပြီ..။
      သနားပါတယ် မလည်းအရင်ကလိုမြန်မာဟင်းနဲ့ အူမစိုတော့ဘူးပေါ့ :))
      ဟားဟား..ကျမတို့ နယ်သာလန်ရောက်ခါစလိုပေါ့...နော့်
      အခုကျမကထိုင်းစူပါမားကက်လေးလိုက်ရှာနေတာ..။
      Delete
  3. ဘ၀တူတွေပေါ့နော်။
    တရုတ်ဆိုင်ကောနီးဘူးလား။
    ကိုယ်ပြောတဲ့ပဲပုတ်စေ့ကလုံးဝအချိုမပါဘူး။ ဘူးနဲ့ ဟာကချိုတယ်။ ဘူးအစိမ်းနဲ့ ပဲပုတ်စေ့ဝယ်တာချိုချိုကြီး။ တခါဘဲစမ်းစားဖြစ်တယ်။
    ကိုယ်ပြောတဲ့ပဲပုတ်စေ့ကမြန်မာပြည်ရန်ကုန်ကထက်ကောင်းတယ်။ ရှမ်းပြည်တို့ အညာတို့ ကလိုမျိုး။
    plastic wrap နဲ့ အိမ်လုပ်လိုမျိုးဘဲပြားပြားဝိုင်းဝိုင်းလေးထုတ်ထားတာ။ လက်တ၀ါးမရှိတရှိလောက်ရှိမယ်။ မှန်ဖရီဇာတို့ မုန့် တို့ ပန်ကိတ်တို့ လိုမျိုးတွေနားမှာထားတတ်တယ်။ မီးမီးကြိုက်မယ်ထင်တယ်။ ကိုယ်လည်းအချိုဘူးမစားဖြစ်လို့ ဝဲလိုက်ရတယ်။ အဲဒါမျိုးတွေက ပလတ်စတစ်ဘူး အစိမ်းတို့ အနီတို့ နဲ့ သပ်သပ်ယပ်ယပ် brand name တို့ ingredients တို့ ဘာညာ စာတွေတံဆိပ်တွေပါတယ်။ ကိုယ်ပြောတဲ့ပဲပုတ်စေ့က ဘာတံဆိပ်မှမပါဘူး။
    ကိုယ်ပဲပုတ်စေ့ဟင်းစားချင်ရင် ဂျပန်လုပ် Ngatho ဘူးသေးသေးလေး ၃ဘူးတွဲလေး ရယ် အဲဒီကိုရီးယားထုတ်ရယ်ဝယ်စားတယ်။ ဂျပန်ဘူးက အစေးတွေပါတယ်။ ဂျပန်အမေရိကန်ကပြားသူငယ်ချင်းကစားလို့ သိသွားတာ။
    ထိုင်းဆိုင်လည်းရှာသေးတယ်။ Restaurant ဘဲရှိတယ်။ မမိုက်ဘူးကွာ။
    အိုင်အိုရာ
    ReplyDelete
    Replies
    1. ဟုတ်ပါ့..ဘဝတူတွေ..။
      ပလပ်စတစ်နဲ့ ပြားပြားလေးထုတ်ထားတာဝယ်ဖူးတယ်။
      တဆိုင်နဲ့ တဆိုင်အရသာကွဲတယ်နဲ့ တူတယ်။
      အရင်က H&Y ဆိုတဲ့ဆိုင်မှာဝယ်တယ်(Longisland)မှာနေတုံးက။
      အဲဒါစားကောင်းပြီးခုဝယ်တာချိုတိုတိုနဲ့ ခေါက်ဆိန့် ၊
      ဟင်းရည်ထဲကိုရှာလကာရည်လောင်းရပါတယ်ဆို..:)
      Ngatho ဟုတ်တယ်ဒီလိုခေါ်တယ်တဲ့..။
      ဟော်လန်မှာကြတော့ အင်ဒိုနီးရှားတွေရဲ့ ပဲပုပ်က၊
      အုန်းသီးဖတ်လိုဖြူပြီးမှိုတက်နေသလိုမျိုး..။
      အရမ်းစိမ့်တယ်..အနံမရှိဘူး။
      သူတို့ ကပဲပုပ်ထဲဂျင်းမထဲ့ဘူးနော်..။
      ကျမတို့ ပဲပုပ်ချဉ်ကအဓိကဂျင်း၊ငရုတ်သီးလေ...။
      အနောက်ဖက်ကမ်းမှာ ထိုင်းမားကက်ပေါတယ်လို့ ကြားတာဘဲ၊
      ခုလောလောဆယ်တော့ နွေပူပူမှာ၊
      လက်ဖက်ထမင်းသုပ်နဲ့ ကြက်ကင်၊ပုဇွန်ကင်၊
      ဒါဘဲလည့်ပတ်လုပ်စားဖြစ်နေတယ်။
      :)))
      Delete
  4. Sorry, Natto..လို့ ပေါင်းတယ်ထင်တယ်။ ဂျပန်ပဲပုတ်ခပ်ချွဲချွဲကို။း)
    အိုင်အိုရာ
    ReplyDelete
    Replies
    1. ဟီးဟီး...
      တဆက်ထဲမဖတ်မိဘူး...
      ကိုယ်လည်းခပ်တည်တည်နဲ့ 
      Ngatho လို့ လုပ်လိုက်တယ်လေ..
      @_@
      Delete
  5. Hi Ma Mie Mie,
    I just across your post and I love to read it. I have spent a few days to finish your 2010 and 2011 posts. I will continue reading your 2012 posts. In the mean time I just want to say thanks for sharing interesting topics and photos.
    စာချစ်သူ(Canada)
    ReplyDelete
    Replies
    1. စာချစ်သူ...
      Thank you very much.
      Really I start to write it just for kill my spare time.
      First I don't know what to write,so only post the photo.
      Later try to use Myanmar font and write it.
      Where we visited,what we ate then I try to tell about my self,because I know very well is only myself. :)))
      Now I try to write about 9 years experience in Chaing Mai.
      Thanks again for your kindness comment.
      Delete
  6. မမီး..အဲ့ဒီပရောဂျက်ပြီးရင် ဒီဖက်ကိုပြန်လာခဲ့..ဟီးဟီး..ဖြစ်စေချင်တာတွေဇွတ်ကြီးပြောလိုက်ပြီ...စု
    ReplyDelete
    Replies
    1. စုရေ...
      ဂျာမဏီမှာနေတာတော့ကောင်းတယ်..
      စကားလည်းသိပ်နားမလည်..
      အူတူတူနဲ့ ...
      နေရတာငေါင်ငေါင်ကြီးဟယ်...
      ငါ့ညီမလေးနဲ့ တော့တွေ့ ချင်တာပေါ့လို့ ..
      ဒီနွေနယူးယောက်အရမ်းပူတယ်နော်..
      ဘယ်တော့လာမလဲ...
      မျှော်နေတယ်...
      Delete
  7. မမီး
    သာမီးလည်း အဲဒီကိုရီယားဆိုင်နဲ့  နှစ်ပါးသွားနေရတယ်...ဂျာမဏီက အကြောင်းတွေ ဖောက်သည်ချဦးလေ..ဗဟုသုတ ရတာပေါ့...
    မေရီလန်းကို လာခဲ့လေ...:P
    ReplyDelete
    Replies
    1. ကကြီးတွေတကယ်များတာနော်...
      ဘာဘဲဖြစ်ဖြစ်တရုတ်ဆိုင်တွေထက်သန့် ရှင်းပြီး
      ဈေးသုံးလို့ ကောင်းတယ်...
      မေရီလန်းမှာမြန်မာတွေလည်းအများကြီးလို့ ကြားတယ်...
      သွားလည်ချင်တယ်..
      ဒီတနှစ်ဘယ်မှမသွားရသေးဘူး..
      ဂျာမာန်အကြောင်းတွေလား..လာမယ်ကြာမယ်..အဟီး
      ကြုံရင်အာလူးဖုတ်မှာပေါ့..
      Delete