Monday, August 15, 2011

Bus tour to London

ပြီးခဲ့တဲ့နှစ် ၂၀၁၀ ဒီဇင်ဘာလလယ်လောက်ကလန်ဒန်ကို Bus Tour နဲ့ ဒတ်ခ်ျ Tourist
(အားလုံးကပင်စင်စားတွေများတယ်) ကြားထဲမှာ.ကျမတို့ ၂ယောက် လိုက်လည်ခဲ့ပါတယ်။
Netherlands ကနေ Belgium-France ဖြတ်ပြီး France ကူးတို့ ဆိပ်ကတဆင့် Ferry နဲ့ ပင်လယ်သမုဒ္ဒရာဖြတ်သွားရတာပါ။
အဲဒီလို အတွေ့ အကြုံလေးလိုချင်လို့ ဒတ်ခ်ျ တလုံးမှမတတ်ဘဲနဲ့ လိုက်သွားကြတာ ပြန်စဉ်းစားရင်တော့
တကယ့်ကို အူကြောင်ကြားပါ။ Guide ကတော့ သဘောကောင်းတာနဲ့ 
သူ့ အုပ်စုကို ဒတ်ခ်ျရှင်းပြပြီးရင်English လိုကျမတို့ ၂ ယောက်ကို ပြန်ပြီးရှင်းပြပေးတယ်။


ဒါကတဖက်ကမ်းကိုကူးမဲ့၊ ပြင်သစ်ဖက်ကမ်းက ဆိပ်ကမ်းပါ။
အဲဒီမှာ အင်္ဂလန်ဖက်ကလူတွေရဲ့ လ ၀ ကရုံးရှိပါတယ်။အားလုံးက ယူရိုပီယံတွေဆိုတော့ passportကိစ္စဘာမှထွေထူးမရှိပေမဲ့ကျမတို့ ၂ ယောက်တော့ရှိတယ်ဗျ။
ကျမအမျိုးသားနံမည် ကသူတို့ နိုင်ငံထဲဝင်ဖို့ ဘမ်းထားတဲ့ ဗိုလ်ချုပ်တယောက်ရဲ့ နံမည်နဲ့ တူနေလို့ :))
ထိပ်ဆုံးကနေ ၀င်သွားတာ အားလုံးပြီးသွားတာတောင်ကျမတို့ ၂ ယောက်တော်တော်နဲ့ မပြီးပါဘူး။
စာအုပ်အသစ်လှဲထားတာတွေ့ လို့ ၊နောက်ပြီးစာအုပ်ဟောင်းတွေပြလိုက်လို့ ၊ထွက်လာခဲ့တာကြာမှန်းသိလို့ 
( ၂၀ နှစ်လောက်ရှိတော့မယ်)။
ဒါတောင်ဟိုမေးဒီမေးနဲ့ နောက်မှဒိုင်း..ဆိုပြီးတံဆိပ်တုံးကြီးထုပေးလိုက်ပါတယ်။
ကံကောင်းလို့ Muti entry visa နဲ့ ရထားပေလို့ ဘဲလေ...။

ကားတွေ ဘတ်စ်တွေ ကုန်ကားတွေအများကြီး သူ့ လိုင်းနဲ့ သူစောင့်ရတယ်။
အဲဒီဖယ်ရီကြီးနဲ့ ကားထားတာတောင် ၂ထပ်ရှိတာ။

ကျမတို့ ရဲ့ ကားဆရာအရပ်ကလည်းမိုးထိုးလောက်အောင်ရှည်တာ:(
guideကပြောထားတယ် ကိုယ်ကားပေါ်ကဆင်းပြီး
အပေါ်ကိုတက်တဲ့အပေါက်ရဲ့ အရောင်နဲ့ နံပါတ်ကိုမှတ်ထားရမယ်။
ဒါမှအပြန်ကျရင် ဆင်းလာရမဲ့ လှေခါးကိုမှတ်မိပြီးကားရှာရတာလွယ်မယ်တဲ့ ။
ဘတ်စ် ကားကြီးတွေက အစီးပေါင်း ၂၀-၃၀ လောက်ရှိမယ်နဲ့ တူတယ်။

အဲဒီထဲမှာ ပိုက်ဆံလှဲတဲ့နေရာ ဘဏ် စားသောက်ဆိုင် ကာစီနို စုံလို့ ပေါ့။
အပြင်ကိုထွက်ကြည့် လို့ မရဘူး။မှန်တွေကာထားတာလည်း ဓါတ်ပုံရိုက်တော့ သိပ်မကြည်ဘူး။

ဆောင်းနေ၀င်ချိန်လေး လှပနေတာ။ချာတိတ်လေးက ကျမကင်မရာတကိုင်ကိုင်နဲ့ ဆိုတော့
သူလည်းဘဲသူ့ ကင်မရာလေးနဲ့ ကျမကိုဓါတ်ပုံရိုက်ပါတယ်။
အော်..တောသားခရီးသွားကို၊ခလေးတောင်မျက်စိနောက်သွားတယ်:((
ဒါက အင်္ဂလန်ဖက်ကမ်းတက်တာ.ကားက အသားကုန်အမြန်မောင်းတာ..။
လက်တွေတုန်တော့ပုံတွေလည်းမူန်ကုန်တာ။

ဒါကတော့ အင်္ဂလန်ဖက်ဆိပ်ကမ်းကပါ။

အပြန်ခရီးမှာရိုက်ယူတာ။

ခုတလော အင်္ဂလန် အကြောင်းဘဲသတင်းထဲမှာမြင်တော့ ပြန်ပြီးသတိရလာလို့ 
ခရီးစဉ်လေးဟောင်းသွားပေမဲ့လည်း အမှတ်တရပေါ့။

4 comments:

  1. dover ဖက်ကို ကူးတာလား။ တို့တွေလည်း သွားခဲ့တယ်။ ဗမာပတ်ပို့စ်မို့ အသားကုန်စစ်တယ်။

    ReplyDelete
  2. ဟုတ်တယ်..
    ကိုယ်တို့ ကိုတော့
    ဗမာပတ်ပို့စ် တခါမှမမြင်ဖူး
    လို့ .ပြီးနာမည်တူတဲ့ ကိစ္စ..
    အင်း..တခါခါလည်း.
    စိတ်ပျက်စရာကောင်းတယ်နော်.

    ReplyDelete
  3. ဒေါ်ကြီးရေ ပို့စ်လေးကကောင်းလိုက်တာ..မမြင်ဖူးတော့ ဗဟုသုတရတယ်...ဒါမျိုးလေးတွေတင်ပါအုန်း..သတိလဲရတယ်...စု

    ReplyDelete
  4. ဒေါ်ကြီးရန်ကုန်မှာလည်း
    ဖတ်လို့ ရတယ်လား!!
    ပျော်နေတယ်ပေါ့နော်
    NJ ရောက်နေတယ်လေ
    ဟင်းချက်စရာမလိုတော့
    စာရေးအချိန်ဖြုံးနေတာလေ..ဟီး

    ReplyDelete