Thursday, August 11, 2011

သူလည်းဘဲပဲပြုတ်လေးပါရှင်

သူများတွေ ပဲပြုတ်ထားတာတွေ့ ရင်အရမ်းအားကျတယ်။
လိုက်ပြုတ်တယ်။ရေစိမ်လိုက် ပေါင်းလိုက် မဖြစ်ဘူး။
ပြန်လုပ်တယ် ဆိုတာထည့် ရေစိမ် ရေလှဲ ထမင်းအိုးနဲ့ ချက်တယ်။
အဲတာလည်းတူးပြဲမနပ်ပါဘဲ။
နောက်ဆုံးတော့ chick Peas နဲ့ ဘဲအဆင်ပြေပါတယ်။
တခါဝယ်ရင် ၆ ဗူးဝယ်တယ်။
အိမ်က အညာသားကြီးကြိုက်တယ်လေ။

ထမင်းလေးနဲ့ ကြော် လဘ္ဘရည်လေး ထိုဖူးချဉ် နဲ့ ဆို....၊
တနင်္ဂနွေမနက်ခင်းလေးက မြန်မာဆန်ဆန်လေးပါ။
ထိုဖူးချဉ်ဆိုတာ သူများတွေကဆီထိုဖူးလို့ ခေါ်ကြပေမဲ့....
ကျိုင်းတုံကရှမ်းမတော့ ဆီမပါတာဘဲကြိုက်လို့ ၊
ကျိုင်းတုံကနေ၀ယ်လာခဲ့ တဲ့ထိုဖူးချဉ်လေးပါ။

မျှစ်နဲ့ ရောကြာ်ရင်လည်း ဟင်းကပ်လေးတခွက်ရတယ်။
ဆီစိမ်းနဲ့ သုပ်ပြီးရင် ကုလားဆိုင်က နံပြားနဲ့ ဆိုလည်း..မဆိုးဘူးဗျ။
ချက်ပြုတ်ခြင်း နည်းပညာအားနဲတော့လည်း....
အစားထိုးလေးနဲ့ ကျေနပ်လိုက်ရပါတယ်လေ။
သူလည်းဘဲ ပဲပြုတ်လေးပါရှင်။

ပဲပြုတ်ကျွမ်းကျင်တဲ့ ညီမလေးများ မမများ အားလုံးကိုလေးစားပါတယ်။
:P
မီးမီး

5 comments:

  1. တိုဖူးချဉ်က ကုန်တော့မယ်နော် ဟဲဟဲ

    အိမ်က တိုဖူးချဉ်ပုံးထဲက တပုလင်းတပြည့် ဖိသိပ်ယူလာတာ ဒီရောက်တော့ ပျက်သွားတယ်။ နှမြောလိုက်တာ။ လက်ဆွဲက အဲလိုတွေပေးမသယ်တော့ အိတ်ကြီးထဲထည့်ရတော့ ဆီမစိမ်ခဲ့ဘူးလေ။
    တို့လည်း ဒီပဲကို ပဲပြုတ်အစားသုံးတယ်။ ပဲပြုတ်ဖို့ စိတ်မရှည်ဘူးလေ။ တခါလုပ်တာမရလို့ ခုတော့ဒါပဲစားတယ်။ ကောင်းတယ်။ ပဲပြုတ်လိုဘဲ။

    ReplyDelete
  2. အဟီး..
    စားတိုင်းကုန်တော့မယ်.
    ကုန်ခါနီးလေးဆိုပြီးတိုင်းစားနေရတာ.
    ဒိတပါတ်မှာတော့ တာတာပြသွားပြီ.
    ဒီလိုဆီမစိမ်တဲ့ အချဉ်မျိုးက.
    စူးနွယ် ခပ်တဲ့ဇွန်းတွေ ပုလင်းတွေက
    ဆီမပြောင်ရင်လည်း.
    ပျက်တတ်တယ်.
    ကျမ မြန်မာပြည်ကနေ ဒီတခါ
    ဒီတမျိုးဘဲဘယ်လာတယ်:))

    ReplyDelete
  3. ဟင်း..အဲ့ဒီပဲပြုတ်ထမင်းကြော်နဲ့ကြက်ဥမကျက်တကျက
်ကြော်လေးရယ်၊လက်ဘရည်ပူပူလေးရယ်..ရှလွတ်..ပြောရင်းနဲ့တောင်စားချင်လာပြီ..လုပ်စားအုန်းမယ်...စု

    ReplyDelete
  4. စားချင်လာပြီ၊ ဆီတို့ဖူးစားတာ တနေကုန်အိမ်နေတယ် မတည့်ဘူးလားမသိ၊သွေးကနဲနဲလေးတော့တိုးလာတယ်..အိမ်တာကအသကုန်..စု

    ReplyDelete
  5. ဒေါ်ဒေါ်စု..
    အိပ်စက်ခြင်းသည်၊
    လူနဲ့ တည့်၏။
    ဟီး..ဟုတ်တယ်။
    သွေးတိုးတတ်တယ်။
    အရက် တရုတ်မဆာလာအစုံပါတာကိုး။

    ReplyDelete