Monday, August 8, 2011

စီနီယာ ဟာရှင်း


လွန်ခဲ့တဲ့၃-၄ နှစ် နှစ်ဦးပိုင်းရဲ့ ပထမဆုံးအပတ်မှာ၊ခပ်သုတ်သုတ်နဲ့ ရန်ကုန်ကိုပြန်ခဲ့တုံးကပါ။ဘန်ကောက်ရန်
ကုန် ခရီးစဉ်မြန်မာ့လေယာဉ်ပျံကြီးနဲ့ ပေါ့။အဲဒီနေ့ ရဲ့ လေကြောင်းလိုင်း အားလုံး ဆိုပါတော့။လေယာဉ်ပျံ ခရီး စဉ်အားလုံးရဲ့ ၉၉.၉၉% ဟာ မက္ကာပြန်ဘုရားဖူးတွေပါ။


တယောက်နဲ့ တယောက် ဟာဂျီမဘယ်သူရေ.. ဘယ်ဝါရေ နဲ့ အော်ဟစ်နူတ်ဆက်ကြ၊ဖျာလိပ်ကြီးခေါင်း
ပေါ်ရွက်ပြီး၊စာအုပ်ပိုက်(သူတို့ ရဲ့ ကျမ်းစာ)နဲ့ ကြက်ပေါင်ဖိနပ်နဲ့ အဝတ်ထုပ်နဲ့ အရမ်းမိုက်တာ။ ^_^

အဝတ်ထုပ်လို့ ဆိုရတာက တကယ့်အဝတ်နဲ့ ပတ်ပြီးထုပ်ထားတာတွေ့ ရလို့ ပါ။ :P ကျမတို့ရဲ့နိုင်ငံသား
ခရီးသွားစတိုင်ကို နိုင်ငံခြားသားကိုတိုးရစ်တသိုက်၊ဓါတ်ပုံတွေတဖြတ်ဖြတ်နဲ့ မှတ်တမ်းတင် ရိုက်ယူလို့ ။
(နောင်အခါ အတုယူဖို့ နဲ့  တူတယ် )...ကျမတောင်ဓါတ်ပုံတွေရိုက်ယူထားပေမဲ့ မပြချင်ပါဘူး။သူများတွေရဲ့
privacy ကြီးရယ်မကောင်းပါဘူးလေ။


လေယာဉ်ပေါ်မှာကျမနဲ့ ကပ်ရပ်က လင်မယားခပ်ငယ်ငယ်လေးပါဘဲ။စကားပြောလည်းတိုးတိုးလေးဘဲ။
လေယာဉ်မယ်က မုန့်ဘူးတွေလိုက်ဝေတော့ သူတို့ မစားရဲဘူး။တိုးတိုးလေးပြောနေကြတာသေသေချာချာ
နားထောင်ကြည့်မှသိရတယ်။ထိုင်းစကားဖြစ်နေတာ..ကျမတို့ ကျိုင်းတုံရှမ်းတော်တော်များများကလည်း

ထိုင်းစကားနားလည်ကြပါတယ်။ဒါနဲ့ စေသာနာပါလပွဂျီးနဲ့ ပါ(စပ်စုတာပါ..ဟီး) ဆဝပ်ဒီခ့ါ..ကနေစလိုက်
ပါတယ်။


အားရဝမ်းသာနဲ့ သူ့ရဲ့ဒေသကတခြားလူတွေပါ ဒီလေယာဉ်ပျံပေါ်မှာပါတယ် ဆိုပြီးအော်ဟစ်မိတ်ဆက်
ပေးပါတယ်။ရှေ့ နောက်တောင်မြောက်မတ်တပ်ရပ်လည့်ပတ်ပြီး ခါ့ ခါ့လုပ်လိုက်သေး။စုစုပေါင်း
၁၇ ယောက်တိတိး((

တောင်မေးမြောက်မေးနဲ့ နေတဲ့ဒေသက ထိုင်းဖက်ကမ်း..ဗမာစကားတလုံးမှမတတ်...မြန်မာပတ်ပို့စ်အ
သစ်စက်စက်လေးတွေနဲ့ ..ရန်ကုန်တခါမှမရောက်ဖူး..(မက္ကာထွက်တဲ့အချိန်တုံးကတော့ လာတယ်အခုပြန်
တယ်) ဒါဘဲ။အော်....ဆိုင်ရာဆိုင်ရာ တွေက ကုသိုလ်အလုပ်ဆိုတော့လည်းကူညီပေးကြတာပေါ့နော်..
ဟိုနိုင်ငံဒီနိုင်ငံ စည်းမတားတော့ပါဘူး(ဟီး)


အဲ..လိုရင်းမရောက်သေးဘူး..လာပြီ လေ..arrival card မဖြည့်တတ်ပါတဲ့။အင်း ၁၇ ယောက်လုံးတော့ ကျုပ်လည်းမကူညီနိုင်ဘူး။ဒီ ၂ ယောက်ကိုဖြည့် ပေးမယ် ကျန်တာတွေယူကြည့်ပြီးလိုက်ဖြည့်..ဟုတ်ပြီနော်..
ကဲပြော နာမည် လိပ်စာ အဖေနာမည်..ဟာရှင်း..ဟုတ်ပြီ။လိပ်စာက ဟိုဖက်ကမ်းလိပ်စာဘယ်ဖြစ်မလဲ.

အပ်ချလောင်း..မယ်မီးဖန်တီးပေးမယ်လေ... @_@

အဖေနာမည်..ဟာရှင်း.. ဟာရှင်း..မဟုတ်ဘူးလေ...ခက်ပြီ သူကဟာရှင်း၊ အဖေကလည်းဟာရှင်းတဲ့ ။
ကဲလာ..အဖေ စီနီယာဟာရှင်း...အိမ်အမှတ် !!!ဈေးလမ်း ...မြို့ ၊ကျေနပ်လား ဆိုင်းတော့ကိုယ့်ဖာသာ
ကိုရေးပါ ဆရာဟာရှင်းရယ်..ဆိုတော့..။အားပါးပါး..အရမ်းဝမ်းသာကျေနပ်လွန်းလို့ ဆော်ဒီအာရီဗျ ပိုက်ဆံ၊

တချပ်ပေးသွားတယ် အမှတ်တရပေါ့နော်တဲ့ :)))))

သူတို့ ပြောကြပါသေးတယ် ခုလေယာဉ်ဆိုက်တာနဲ့ စီစဉ်ထားတဲ့ခရီးစဉ်နဲ့ တန်းပြန်ရမှာ..။
ရန်ကုန်ကိုလည်း...လည်လည်မထွက်ရပါဘူးတဲ့~~~~~~~~

သူတို့ ကထိုင်း-မွတ်စလင်တွေလေ......
ကဲ....ဘာပြောကြမလဲ....ပိုက်ဆံရှိရင်...ပိုက်ဆံပေးနိုင်ရင်..
ကျမတို့ နိုင်ငံမှာ...ဘာမဆိုဖြစ်တယ်ဆိုတာ...တကယ်လားဟင်!!!!!!!!!!!!!!

မီးမီး

2 comments:

  1. အဲလိုလည်း ရှိတယ်နော်
    ဒီမှာလည်း တယောက်တွေ့ဖူးတယ်
    ဗမာပတ်စ်ပို့စ်ကိုင်ပြီး ဗမာစကားတောင်ကောင်းကောင်း မတတ်ဘူး။ နေတာက ထိုင်းဖက်ကမ်းမှာ။ ထိုင်းစကားလည်းကောင်းကောင်းမတတ်။ သူတို့တိုင်းရင်းသားစကားပဲတတ်တယ်။ လုပ်တော့ဗမာပတ်စ်ပို့စ်နဲ့။

    ReplyDelete
  2. သူတို့ ကတိုင်းရင်းသားဟုတ်ဘူး
    ထိုင်းမှာနေတဲ့ မူဆလင်ဘာသာဝင်.
    ကော့သောင်းတဖက်ကမ်းကတဲ့..

    ReplyDelete