Friday, August 5, 2011

ရေညှိထမင်းလိပ်

သခွါးသီးအစား ဂေါ်လခါးသီး
carrot ကလည်းဘေဘီလေးဘဲ
ကြက်အူချောင်းက အီတလီ ချိစ်နဲ့ 
ကြက်ဥ ကအဖြူရောင်(ဒီအနောက်နိုင်ငံတွေက ဘာလို့ ဖြူသောကြက်ဥရှိရတာလဲ!!!!)

ကြက်ဥကြော်တဲ့စတိုင်က မိတ်ဆွေဒေါ်ရှင်လေးဆီက အတုယူတာ
အသီးတွေကို ဆားနဲ့ ပြုတ်ရင်ရပြီလေ
ထမင်းက ရှာလကာရည်နဲ့ သကြား ဆားနဲနဲဆိုအိုကေပြီ..
အားလုံးပေါင်းပြီး ရေညိုပလပ်စတိတ်ကအညွန်းအတိုင်း.
ဟိုလိမ့် လိုက်ဒီဖက်လိမ့်လိုက်နဲ့ ..
နောက်ဆုံးတော့ လည်းမလုံးဝန်းသော ချွန်တွန်တွန်လေး..
ဘာနဲ့ ကပ်စားရင်ကောင်းလဲ
အော် ပန်းသီး...:)) အိုးမိုင်ရေညှိလေးက ချိစ်နံသင်းသင်းလေးနဲ့ 
အမေက မှာထားတယ်လေ..
သမီးရယ်...ရှိတာလေးနဲ့ ဝအောင်စားတဲ့..
အိမ်နားမှာ sushi ဆိုင်လာဖွင့်တာစားချင်လို့ .
ရ္စေယောက်ကျားကမကြိုက်တော့..အာသာပြေလေးပေါ့ဗျာ...
တယောက်ထဲလဲမသွားချင်ပါဘူးလေ...



4 comments:

  1. အဲသည်ထမင်းလိပ်ကိုတော့ ခုထိ ဘယ်လိုမှ မကြိုက်သေးဘူး :P တခါစစားပြီးကတည်းက ထပ်မစားတော့တာ

    ReplyDelete
  2. ကျမတို့ ကျိုင်းတုံရှမ်းတွေက
    ရေညှိကို(တောင်း(၀်))လို့ ခေါ်တယ်
    အမျိုးမျိုးလုပ်စားတယ်
    ကင်.ကြော်.သုပ်စားကြတယ်
    အခုခေတ်စားနေတာက ရေညှိကို
    ဆား ငရုတ်သီး ကြာ်သွန်မြိတ်ခြောက်တွေနဲ့ 
    ရောနှောပြီး.
    အချပ်ပြားကြီး(နံပြားအရွယ်လောက်ပေါ့)
    အခြောက်လုပ်ပြီးရောင်းတယ်
    အဲဒါကို မီးလေးနဲ့ 
    ကင်ပြီးကျွတ်ကျွတ်လေးဝါးစားရရင် တအားကောင်းတယ်

    ReplyDelete
  3. ဒီတခေါက်ရှမ်းပြည်ဖက်လည်တော့ ရေညှိချပ်တွေတွေ့ခဲ့တယ်.. ကိုးရီးယားရေညှိအချပ် ဒီတိုင်းစားဖူးတယ်။ ငန်ငန်လေးနဲ့ ကြိုက်တယ်။ ကျိုင်းတုံကရေညှိချပ်လည်း မီးကင်ပြီး ဒီတိုင်းစားရင် ကြိုက်မယ်လို့ထင်တယ်။ ထမင်းလိပ်တို့ ဆူရှီတို့ကျတော့ အထဲကထည့်လိပ်တဲ့ အဆာတွေကိုမကြိုက်တာ။ ထမင်း၊ ကြက်အူချောင်း၊ ကြက်ဥကြော်၊ ငါးစိမ်း၊ သခွားသီး၊ မုန်လာဥနီ အဲဒါတွေကိုလုံးဝမကြိုက်ဖူး :D

    ReplyDelete
  4. အဲ..
    မကြိုက်တာများလို့ ဘဲ
    လူခဲ..:))

    ReplyDelete