Saturday, June 25, 2016

သူတို့ကိုတောင်ကျော်လို့လည်းခေါ်ကြသတဲ့..

မင်္ဂလာပါရှင်~~~
အရင်တုံးက ပို့စ်တွေမှာ မယ်ငီးတယောက် ပြောပြခဲ့ဖူးပါတယ်။ ထိုင်းနိုင်ငံ ချိုင်းမယ်(ဇင်းမယ်)ကို တာချီလိတ် မယ်ဆိုင်ကနေတဆင့် ရောက်လာခဲ့ပုံအဆင့်ဆင့်ပေါ့။ အဲ့ဒီတုံးကတော့ "တောင်ကျော် "ဆိုတဲ့ စကားအသုံး
အနူန်းကို နားမလည် မကြားဖူး မသိဖူးခဲ့ပါဘူးရှင်။ နဲနဲအနေကြာလာမှ ဘန်ကောက်မှာရှိတဲ့ ပတ်စ်ပို့ကိုင် မြန်
မာနိုင်ငံသားတွေတွေ့မှဘဲ သူတို့ရဲ့ အပြောအဆိုကနေ ကြားခဲ့သိခဲ့ရတာပါ။ သူတို့ကတော့ BKK ကို TG နဲ့
လာတာပါတဲ့။ ကျမတို့က တောထဲတောင်ပေါ်ကနေ လာတဲ့ တောင်ကျော် TG ပါတဲ့..အဟီး..အတော်စကား
ပြောတတ်တဲ့ကိုယ့်လူတွေဘဲ...။ ခုတော့လည်းရွှေ့ပြောင်းအလုပ်သမား..တဲ့..😁

ပြောချင်တဲ့အဓိပ္ပါယ်ကတော့ အဆင့်အတန်းချင်းမတူဘူးပေါ့လေ။ တခြားနိုင်ငံသား လူမျိုးခြားဆိုတာကြီးတွေ
နှိမ်တာထက် ကိုယ့်အချင်းချင်း နိုင်ငံသားအချင်းချင်း လူမျိုုးအချင်းချင်း နှိမ်ကြတာလောက်ခံရခက်တာမရှိဘူး။
ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံအရကလည်း အချင်းချင်းဆို နှာတဖျားကဘယ်လိုသာကြောင်း ပြရမလဲဆိုတဲ့ လူတန်းစားကဘဲ များနေတာခက်ပါ့ဗျား...။

ခုတလောသတင်းဖတ်ရ ကြားရတော့လည်း လက်ကယားကျိကျိ ပါးစပ်ကဟစိဟစိ ပြောချင်ရေးချင်တာပေါ့
လေ။ ခုနောက်ပိုင်းမှ ရွှေ့ပြောင်းအလုပ်သမားဆိုပြီးနံမည်ပေး ခေါ်ကြတာပါ။ တကယ်ဆိုရင် ထိုင်းမှာနေကြ တဲ့မြန်မာနိုင်ငံသား အားလုံးနီးပါး(လူမျိုးပေါင်းစုံပေါ့) စစ်ဘေးကြောင့် စီးပွားရေးကြောင့် နိုင်ငံရေးကြောင့်
ပညာရေးကြောင့်..စတဲ့ ဘာကြောင်းကြောင့်ဘဲဖြစ်ဖြစ်ပါ ရေကြည်ရာမျက်နုရာရှာဖွေဖို့ထွက်လာကြတာပါ
ဘဲလေ။ ရောက်ခါစဆိုရင် လူတိုင်းအတွက် ဘာသာစကား အနဲနဲ့အများခက်ခဲကြတာပါဘဲ။ တရားဝင်သည်
ဖြစ်စေ မဝင်သည်ဖြစ်စေ နေရာ အစားအသောက် ပတ်ဝန်းကျင်အသစ်မှာ ယောင်လည်လည်နဲ့ဒုက္ခတွေခံ စားရတာချည်းပါဘဲ။အခြေခံအလုပ်သမားတွေ ဆိုရင် တဖက်ကလည်း စားဝတ်နေရေးရုန်းကန် လူပ်ရှားနေ ရသလို  ပုလိပ်မြင်လည်းကြောက် စစ်သားမြင်လည်းကြောက် တွေ့သမျှယူနီဖေါင်းဝတ်တွေကို "ဟဲယား"
(ထိုင်းလို သူဋ္ဌေး အရာကြီးပေါ့) ခေါ်ပြီး ပိုက်ဆံလေးပေး လာဘ်ထိုးလို့ တကဲ့အကြောက်တရားနဲ့နေကြရပါ
တယ်...ဆိုတာ မဟာချိုင်က မြန်မာနိုင်ငံသားတွေမေးကြည့်တောင်စရာမလိုဘူး။ ထိုင်းတနိုင်ငံလုံး မှာရှိတဲ့
မြန်မာအခြေခံအလုပ်သမားတိုင်းသိပြီးနားလည်လို့ ဒီလိုနဲ့ဘဲနေခဲ့ကြရတာပါ။

နောက်ပိုင်း လူတွေတအားများလာ၊ ပြသာနာတွေဖြစ် သူဋ္ဌေးတွေမဖြေရှင်းပေးနိုင်တော့ အလုပ်သမားမှတ်ပုံ
တင်တွေ ဘာတွေနဲ့ အရင်က စစ်အစိုးရလက်ထက်မှာဘဲ ထိုင်းအစိုးရနဲ့ညှိပြီး စလုပ်ပေးခဲ့တာပါ။ အဲ့ဒီမှာမှ တကဲ့ နောက်ထပ် လူတန်းစားတရပ်ကပေါ်ထွက်လာတော့တာ...မျက်မြင်ပါဘဲ..ဒီအလုပ်သမားလူတန်းစား
တွေအတွက် လက်မှတ်သက်တမ်းတိုးတာ လက်မှတ်တွေလုပ်ပေးတာတွေနဲ့ ဘတ် သိန်းချီ သန်းချီပွသွားတဲ့
လူတန်းစားတွေထဲမှာ ထိုင်းလူမျိုး ထိုင်းရဲအကြောင်းက ခဏအသာခေါက်ထားလို့ အချင်းချင်းဆိုတဲ့ နိုင်ငံ သားအချင်းချင်း လူမျိုးအချင်းချင်း အကြောင်းလေး အရင် လက်တို့ပါရစေရှင်....
 
မယ်ငီးကဘာလို့လူမျိုးအချင်းချင်းလို့ပြောရသလဲဆိုတော့ ဘန်ကောက်က မြန်မာသံရုံးမှာ ရခိုင် မွန် ကရင် မွတ်စလင် လူမျိုးစုံတွေ့ရတယ် အဲ့..သတိထားမိတာက သူတို့ကို ကိုယ်စားလိုက်လုပ်ပေးနေတဲ့သူတွေလည်း
သူတို့လူမျိုးဘဲဖြစ်နေကြတာ အံ့သြစရာတခုပါဘဲ။ စဉ်းစားမိတာတခုက ဘာသာစကားနဲ့ စာမတတ်ကြတာ လည်းပါပါလိမ့်မယ်ထင်ရတယ်။ စာမတတ်တာက ထိုင်းစာကိုပြောတာမဟုတ်ဘူး ။ ဗမာစာလည်း သေစာ
ရှင်စာလောက်ဘဲတတ်ကြတာ။ ဒီနေရာမှာ လက်မှတ်ထိုး ဆိုပြီး သတ်မှတ်ထားတဲ့ ပြောတဲ့နေရာမှာဘဲတုံတုံ
ရီရီနဲ့ လက်မှတ်တွေထိုးနေကြတာလည်း မြင်ခဲ့ရတာပါဘဲ။ ဒီလိုအားနည်းချက်တွေရှိလို့လည်း တရားဝင် လက်မှတ်တွေ စာအုပ်တွေထုပ်ထားပေးလည်း သူတို့အတွက်က လိုက်ပြီးလုပ်ပေးမဲ့ ပွဲစား ကိုယ်စားလှယ်
လူတန်းစားကလိုအပ်ပါတယ်။ သံရုံးကိုကိုယ်တိုင်ရောက်လာနိုင်ပေမဲ့လည်း ဘယ်နေရာကစပြီး ဘယ်လို
လုပ်ရမှန်းမှမသိတာ။ ဒီနေရာမှာ လိုအပ်တာက ဧည့်ကြိုကောင်တာလိုမျိုး သံရုံးကခန့်ထားတဲ့ လုပ်နည်း လုပ်ဟန်တွေ အဆင့်ဆင့်( သာမာန်ပတ်စ်ပို့ကိုင်ပြီး နိုင်ငံတကာသွားလာသူတွေအဖို့တော့ အသေးအမွှား
တွေရီစရာလို့ထင်ပေမဲ့ သူတို့အခြေအနေကတမျိုးလေ ပြန်စဉ်းစားပေးဖို့လိုပါလိမ့်မယ်) ရှင်းလင်းပြောပြဖို့ သံရုံးဝန်ထမ်းတွေသပ်သပ်ရှိထားပေးသင့်တယ်လို့မြင်ပါတယ်လေ။အထူးသဖြင့်ထိုင်းလို အလုပ်သမား သိန်းသန်းချီရှိနေ တဲ့နေရာမှာတော့ သံရုံးဝန်ထမ်းတွေပိုထားပေးသင့်ပါတယ်။
သံရုံးဖွင့်ချိန် ၉နာရီဆိုတာစာအုပ်ထဲမှာပါ ၉နာရီခွဲမှကောင်တာရှေ့ ကိုကိုများကြွရောက်လာပါတယ်
တွေ့လား..၉ နာရီ၁၇မိနစ်ဆိုတာစောနေပါသေးတယ်လို့ 😁
တကယ်ဆိုရင် မယ်ငီးလည်း နေခဲ့ဖူးတဲ့ကာလ ၁၉၈၉-၉၉ မှာ ပတ်စ်ပို့ဆိုတာ မြင်တောင်မမြင်ဖူးတော့ သံရုံး
ဆိုတာနဲ့လည်းအဆက်အသွယ်မရှိခဲ့ပါဘူး။ ကိုယ်တို့ခေတ်မှာက တခုကံကောင်းသွားတယ်ဆိုရမှာဘဲ.... နယ်စပ်မှာ ရှမ်းရွှာတွေ တခြားတိုင်းရင်းသား အားခါ လားဟူ (ကျမတို့ဖက်မှာကရင်တော့နဲတယ်) ကချင်ရွာ
တောင်ရှိသေးဗျား..။ အဲ့လိုရွာတွေနဲ့ပြည့်နေတဲ့ ကျိုင်းရိုင်းဒေသတလျောက် ဘုရင့်မယ်တော် တိုင်းခန်းလှည့် လည်ရင်းရောက်ပြီး မေးမြန်းကြည့်တော့ ရွာလုံးကျွတ်က ကိုယ်တို့ဖက်ကနေ ဝင်လာကြတာချည်းပါဘဲ။ တရားဝင်နေထိုင်ခွှင့်လက်မှတ်မရှိတော့ ခလေးတွေလည်း လမ်းမပေါ်မှာပြေးလွှားဆော့ကစားနေကြတာ
ပေါ့။ ဒါနဲ့ ဘုရင့်မယ်တော်က မြေယာတွေသတ်မှတ်ပေး ကျောင်းတွေဆောက်ပေး ရွှာတည်ပေး စိုက်ပျိုးရေး
လုပ်ခိုင်းပြီး သူတို့ပရောဂျာက်ကဘဲ ထွက်ကုန်တွေပြန်ဝယ်တာတို့ တချိုု့က ပရောဂျက်ထဲမှာဘဲ နေထိုင်လုပ်
ကိုင်ကြတယ်။ အဲ့နေရာတဝိုက်လည်း စိမ်းလန်းစိုပြေပြီး ဘုရင့်မယ်တော်ပရောဂျက်က ကမ္ဘာမှာတောင်
အောင်မြင်ကျော်ကြားပါတယ်။ အားလုံးလည်း အော်တိုငုပ်တုတ် သူတို့နိုင်ငံသားဖြစ်အောင် အဆင့်ဆင့် မှတ်ပုံတင်ထုတ်ပေးပါတယ်။ တနှစ်တခါ စီစစ်ထုပ်ပေးတဲ့အချိန်နဲ့ကိုက်လို့မယ်ငီးလည်းစာရင်းသွားပေး တာပေါ့ ။ ကိုယ်တို့နေခဲ့တဲ့ရွှာနံမည် ဒေသနဲ့ ဘယ်လမ်းကနေဝင်ရောက်လာတဲ့ အကြောင်းတွေမေးမြန်းပါ တယ်။ အခုဘာလုပ်ကိုင်စားသောက်နေကြသလဲဆိုတာအဓိကမေးပါတယ်။ မြို့ထဲမှာအလုပ်လုပ်ရင် အဆင်
ပြေလား။ စာသင်မှာလား။ လက်မူ့အတတ်ပညာဘာလုပ်တတ်လဲ။ သူတို့ကထိုင်းလိုမေးပါတယ်။ မယ်ငီးတို့
ကရှမ်းလိုဘဲပြန်ဖြေရတယ်။ ထိုင်းစကားမပါစေနဲ့ မယုံရင်လည်း စစ်ဆေးရေးမှာကျမှာပေါ့ရှင်။ ကျမတို့အရှေ့
ရှမ်းစကားနဲ့ ထိုင်းမြောက်ပိုင်းစကားကအတော်ကြီးတူတာကိုး..နားလည်သဘောပေါက်ကြတယ်။ သူတို့က ရှမ်းပြည်မြေပုံနဲ့ထောက်ပြပြီးမေးတာ။ တကယ့်ကို စနစ်ကျတဲ့ဘုရင့်မယ်တော်အဖွဲ့အစည်းပါဘဲ။(စာရင်းချုပ်
တော့မယ်ငီးလည်း လက်မှတ်လေးဘာလေးနဲ့ TG တောင်ကျော် တရားမဝင်သွားပြီးတရားဝင် နေခဲ့ဖူးတဲ့
အကြောင်းပြောပြတာပါ)

ထိုင်းတွေကစိုက်ပျိုးရေးမှာ သူတို့ မဦးဆောင်လို့ မရဘူးလေ...။တောင်ယာခုတ်တဲ့ အားခါလူမျိုုး တွေက ၂နှစ်တခါလောက် တတောင်ပြီးတတောင် ပြောင်းပြောင်းခုတ်တာ တောတွေပြုန်းပါလေရော့..ဒါနဲ့သူတို့ထိုင်း
တွေက တောစားဘီလူး ဆိုပြီးနံမည်ပြောင်ပေးထားတာ အဲ့မှာစကြားခဲ့ဖူးတာပါဘဲရှင်။ စစချင်းသူတို့လည်း တခါထဲမှတ်ပုံတင်မပေးပါဘူး အရောင်သတ်မှတ်ပြီးပေးတာပါ။ အပန်းရောင် ပြီးအဝါရောင်နောက်မှ အဖြူ
ရောင်လို့ခေါ်တဲ့ သူတို့တွေကိုင်သလိုမျိုးမှတ်ပုံတင်ရတာပါ။ သတ်မှတ်ထားတဲ့နှစ်တွေအကြာကြီးစောင့်ရပါ
သေးတယ်။ အမ်...ထိုင်းဖက်ရောက်သွားပြီ...ဟုတ်သေးဘူး..ပွဲမှာခွစားတဲ့ပွဲစားအကြောင်းပြန်ဆက်အုံးမှ...
ကံအကြောင်းမလှတာလား လှလို့လားမသိဘဲ၊ မယ်ငီးလည်း ၂၀၀၇ ကနေ ၂၀၁၂ အထိ ဘန်ကောက်သံရုံး
နှစ်တိုင်းရောက်ရပါတယ်။ တနှစ်တခါသက်တမ်းတိုးတာတို့ဘာတို့ပေါ့ တခြားနိုင်ငံဆက်သွားရင် မြန်မာပြည်
ကပါလာတဲ့ ဘာသာပြန်တွေ နိုတြီတွေ လက်မှတ်ထိုး သံရုံးတံဆိပ်ရိုက်။ မယ်ငီးကမှ တကဲ့ဂေါက်တဲ့အလုပ်
လုပ်ရတာ တချို့နိုင်ငံတွေက မြန်မာကနေ အင်္ဂလိတ်ဘာသာပြန်ထားတာကို သူတို့ဘာသာနဲ့ပြန်မှရမယ်ဆို
တော့ သွားဘာသာပြန်ရ ရှိသမျှ သံရုံးတံဆိပ်တွေထုရနဲ့...။ ဒါကလည်းတပိုင်းပါ ဆိုလိုချင်တာက ထိုင်းမှာ တနှစ်တခါ နွေရာသီလောက်ဆိုရင် ပြန်လာရတတ်တယ်။ သံရုံးသွား အခွန်ဆောင် ..အဲ့တုံးကအခွန်ဆောင်
နေရသေးတယ်။ နောက်ပိုင်းမှ မဆောင်ရတော့တာ..။သံရုံးမှာ မနက်ဖွင့်တဲ့အချိန်ရောက်အောင်သွား စာရွက်
ထပ်ပြီး..တရေးတမောအိပ် လမ်းကြားထဲက စားသောက်ဆိုင်မှာ ထမင်းသွားစား နေ့လည်ဆိုရင် ပြန်ရတတ်
တယ်။ စာအုပ်ပြောင်းရင်တာ ကြာတတ်ပါတယ်။ လူလည်းသိပ်မရှိပါဘူး..။ ဒါပေမဲ့ အဲ့ ကတဲက မျက်မှန်း တန်းနေမိတဲ့ အမျိုုးသမီးခပ်ငယ်ငယ် နဲ့တရုတ်လိုလိုကောင်လေး ကျောင်းဆရာလိုလို လူကြီးတယောက်
ဒါတွေကိုတော့ နှစ်တိုင်းတွေ့ရတယ်။ ပွဲစားတွေဆိုပါတော့။ ဒီလို ၃-၄ နှစ်လောက်ကြုံရသေးတယ်။

မှတ်မှတ်ရရ တခါမှာတော့ အဝေးကနေလှမ်းမြင်ရတာ သံရုံးရှေ့မှာ လူတွေအများကြီး..အဲတာကို ကျားကျား
နဲ့ပြောမိသေးတယ်..ဆန္ဒပြနေလားမသိဘူး..လို့။ အထဲဝင်လိုက်မှ အိုးမိုင်ဂေါ့.ရွှေ့ပြောင်းအလုပ်သမားတွေ
ရဲ့ကိစ္စတွေကိုပါ လုပ်ပေးနေတာတွေ့ရတယ်..။ ဇာတ်လမ်းက အဲ့မှာစတာဘဲ..အရင်ကမျက်မှန်းတမ်းမိနေတဲ့
ပွဲစားလေးတွေက ပွဲစားကြီးတွေဖြစ်လို့ ကော်ပီကူးစက်တောင် ရှေ့မှာချထားပြီး သံရုံးထဲမှာဘဲ သူတို့ကိုပိုက် ဆံပေးကူးယုံဘဲ ခုံတန်းလျားတွေလည်း သူတို့ရဲ့ office ကြီးကိုဖြစ်လို့ အလုပ်သမားထုကြီးရဲ့စာအုပ်တွေ ဆိုတာ ခြင်းတောင်းနဲ့တထပ်ကြီး သူတို့မှာ လက်ထောက်တွေဘာတွေနဲ့..အဟဲ..မိုက်ထှာဗျာ...။

သံရုံးရှေ့မှာလည်း ကွမ်းယာဆိုင် ဘာယာကြော်ဆိုင်တွေဘာတွေနဲ့ အထဲမှာလည်း အရင်ကတဲက နဲနဲအနံ့ ထွက်ချင်နေတဲ့ အိမ်သာနံ့ကတော့ ဟောင်နေတာဘဲ..။ လူများလာတယ်..။အိမ်သာကပိုစုတ်လာတယ်။ ပိုနံ
လာတယ်။ စပ်စုစိန်မယ်ငီး အသာလေး ထိုင်စောင့်နေတဲ့ ဘေးကအလုပ်သမားလေးတွေနဲ့ စကားပြောကြည့်
တာပေါ့..။ ပွဲခဘယ်လောက်ပေးရလဲ..လို့...ဘတ်သောင်းကျော်ပေးရတယ်တဲ့။ အလုပ်ကခွင့်ယူလာရလို့ ပိုက်ဆံလည်းအဖြတ်ခံရပါတယ်တဲ့..။ တရားဝင်က ဘတ် ၃ဝဝဝ ကျော်လောက်ဘဲကြတယ်လို့ပြောကြတာပါ
ဘဲ။ မှန်တာပြောရရင် ဒီ တရားဝင်ကုန်ကျစရိတ်ကိုတော့ မယ်ငီးမသိပါဘူး..။ ဒါပေမဲ့ စုစုပေါင်း ၁သောင်း
ကျော်ဆိုတာကတော့ တကယ်ဘဲ မျက်စိပြုးပါတယ်။ စာအုပ်တအုပ်(သူတို့က ကျမတို့ပတ်ပို့စ်လိုမျိုးတရား  
ဝင်နေထိုင်အလုပ်လုပ်ခွင့်ကိုစာအုပ်လို့ခေါ်ကြတယ်) ကို ဘတ်တသောင်း၊ တယောက်ကို စာအုပ်ရာနဲ့ချီပြီး
ပွဲစားလုပ်ပေးနေရတာ..ပေတီးခေါက်ပြီး မယ်ငီး အဲ့အလုပ်ကိုလုပ်ချင်စိတ်တောင်ပေါက်မိပါတယ်ဆို...။
နေ့တိုင်း...နေ့တိုင်း..မအားရဘူးတဲ့။ မြင်ဖူးတဲ့ပွဲစားမမလေး ကိုကိုလေးတို့လည်း ဖြူဝင်းလှပပြီး ဝဖြီးနေကြ
တာကိုတော့ နောက်ဆုံးအခေါက်မှာ ကောင်းကောင်းမှတ်မိလိုက်ပါတယ်။ အထဲကကိုကိုတွေကို သူတို့ဘယ်
လောက်တောင် ပံံ့ပိုးထားသလဲဆိုတာ ဘယ်သူမှမသိနိုင်ပါဘူးလေ။

ပုလိပ်ပေးရ အချင်းချင်းဆော်လို့ပေးရ အိမ်အပြန်လမ်းမှာလည်း ပေးရ အလုပ်မှာလည်း ပြည့်ပြည့်ဝဝမရ....
အဖက်ဖက်ကအနိုင်ကျင့်ခံနေရတဲ့ ရွှေ့ပြောင်းအလုပ်သမား တောင်ကျော်လူတန်းစားတွေရဲ့ ဝဋ်ဒုက္ခကို
တကယ့်စိတ်ရင်းနဲ့စာနာသနားမိပါတယ်..။ ဒီလိုှရှာဖွေရလာတဲ့ပိုက်ဆံကိုမှ လှမ်းနိုက်ချင်ကြတဲ့ လူသားတွေ
ကိုတော့ တကယ်အံသြမိပါတယ်...။



ဟိုး..အပြာရောင်နဲ့ပြူတင်းပေါက်နားကမိန်းခလေး
သူ့ရှေ့မှာစာအုပ်တွေတထပ်ကြီးဘဲ
သံရုံးဆိုတာသူတို့ရဲ့ရုံးခန်းပါဘဲလေ.. ဟီး

ကောင်တာရှေ့မှာ ဒီလိုဘဲပိတ်ရပ်နေကြတာ ဘာမှလဲမဟုတ်ဘူး
ထိုင်ခုံမလောက် လူကကြပ်ညှပ် ကိုယ့်နံမည်အော်သံနားစွန့်ထား
ကြားရင်ပြေးသွား..ဒါပါဘဲ
တောင်ကျော်ဖူးတဲ့ တောင်ပျော်တဲ့ တောင်ပေါ်သူကျမ မယ်ငီးအခွင့်ကြုံရင် ထိုင်းပုလိပ်တို့ အကြောင်း ဆက် ကြသေးတာပေါ့ရှင်..

အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
မီးမီး
အရင်ကရေးဖူးခဲ့တဲ့ထိုင်းကိုစရောက်တုံးကအကြောင်းအရာတွေပါ..

Monday, June 13, 2016

ဘန်ကောက်မှ စားစရာများ ၃

မင်္ဂလာပါရှင်~~~
မနှစ်ကဒီဇင်ဘာ ဘန်ကောက်ကနေ မန္တလေးသွားပြီးအပြန် သုဝဏ္ဏဘူမိ လေယာဉ်ကွင်းမှာ နှစ်ပေါင်း ၃ဝ
လောက်မတွေ့ရတော့တဲ့ သူငယ်ချင်းဟောင်းတယောက်နဲ့ပြန်တွေ့တယ်။ သူကအားပါးတရ မယ်ငီးကို ခေါ်
တာ။ ကိုယ်တွေက ခွေးချီသွားရင်တောင် မှတ်မိပါတယ်ဆိုတဲ့ရုပ်အင်္ဂါရှိလေတော့ လူတိုင်းကမှတ်မိတာပေါ့။
အဟီး..မယ်ငီးကသာ မျက်မှန်တဝင့်ဝင့်နဲ့မှတ်ဉာဏ်လည်း ခပ်ချာချာ ကပ်ကျော်သွားခဲ့ရင်လည်း သည်းခံပေး
ကြပါရှင်။ သူငယ်ချင်းက နောက်နေ့ သူ့နဲ့နေ့လည်စာစားဖို့ခေါ်တယ်။ သူတို့ကဆေးခန်းလာပြတာ မြို့ထဲမှာ
တည်းတာဒီတော့ သူတို့ဟိုတယ်နဲ့နီးတဲ့ central world,Nara Thai Cuisine မှာအိ(eat)ကြတာပေါ့။
ဒီNaraဆိုင်ဆိုတာထိုင်းနိုင်ငံရဲ့ထိုင်းအစားအစာမှာအကောင်းဆုံးဆုတွေအများကြီးရထားတာပေါ့။ နိုင်ငံခြား အစားအသောက် မဂ္ဂဇင်းကပေးတာပါ။ ပထမဦးဆုံးပုံက ထိုင်းကြက်ကင်ပါ။ ထိုင်းထုံးစံအရသာအချိုကဲတဲ့ ကြက်ကင်နဲ့တွဲပေးတဲ့အချဉ်ရည်လေးက ကောက်ညှင်းဆန်လှော်မူန့်နဲ့ချဉ်စပ်လေး...ဂွတ်တာပေါ့..နော့်
နောက်တော့ ပုဇွန်အစိမ်းသုပ်..သိပ်အဆန်းကြီးမဟုတ်ပါဘူးလေ..
ကျမက မိူဟင်းရည်ကိုကြိုက်တယ်။ ဒီလိုဆိုင်တွေကျတော့ နိုင်ငံခြားသားတွေအဓိကထားတဲ့အတွက်အရသာ
မပြင်းဘူးလေ။ ငါးပိသိပ်မနံ့ဘူးပေါ့..လမ်းဘေး လေးဘန်းဆိုင်တွေဆိုရင် ငါးပိရည်နံ့ဟောင်နေတာဘဲ။

တခုချင်းစီဆီတော့ မပြောတော့ပါဘူး..စာရင်းချုပ်တော့ သူ့သမီး ၂ယောက်အပါအဝင် ကျမတို့ ၄ယောက် ချ
သမျှအပြောင်ရှင်းနိုင်ခဲ့ပါတယ်။ ထမင်းက ၂လုံးဘဲမှာတာလေ..။ ထမင်းနဲနဲ ဟင်းများများ(လူကိုမဝစေဘူး အဲ့
လိုစားနော့် 😁) ကြက်ဥဂဏန်းပျော့ ကိုက်လံ တုမ့်ယမ်း ကြက်သားကုန်းဘောင် ငါးဖယ်..အားပါးပါး..
တကယ်အုပ်ခဲ့ကြတာဘဲ.. ထိုင်းရောက်ခဲ့ရင် သွားမြည်းစမ်းကြည့်ကြပါ။ Nara တဲ့...

ခလေးမလေးတွေက အချိုဆိုရင် ရေခဲမူန့်တဲ့..ကဲ..နဲနဲလောက်မြည်းခဲ့ရသေးတယ်..ကျမ ၂ဝဝ၇ longisland
NY မှာနေတုံးက Cold Stone တခါဘဲစားခဲ့ဖူးတာ။ ခုဘန်ကောက်မှာလည်းရတာ မသိဘူး..။ ရေခဲမူန့်အမျိုး
အစားကိုယ်ကြိုက်တာနဲ့ topping တွေရောပြီး အေးခဲထားတဲ့ဂရင်းနိုက်ကျောက်ပြားပေါ်မှာ သံဇွန်းပြားကြီး
တွေနဲ့နှယ်ဖတ်ပေးတာပေါ့...အရသာလား..တကယ်ကောင်းပေါ့ရှင်..အနဲဆုံး၃မျိုးလောက်ရောဖို့မမေ့နဲ့ဗျို့..
 
ပြောပြန်ရင်လည်း မယ်ငီးလွန်ရာကျမယ်..တလောကလုံး အမေရိကားရူးကြတာအမှန်ဘဲ..ဒီမှာတခုခုပေါ်
တာနဲ့ တမ္ဘာလုံးလိုက်ကြတာပါဘဲ..ခုလည်းကြည့်..Flozen ကာတွန်းဇာတ်ကား ဇာတ်ကောင်တွေ နေရာ
တကာ နိုင်ငံတကာ..ဇာတ်ကားဝင်ငွေအသာထားလို့ တံဆိပ်ပါတဲ့အသုံးအဆောင်ချည်းဘဲကိုဒေါ်လာသန်း
ထောင်ချီရောင်းရတယ်တဲ့..အံရော..( ရင်ထဲကြိတ်မနာလိုတာလေ..ကိုယ်သာခလေးလေးဖြစ်ရင်လည်း 
အဲ့လိုမျိုးလေးလုပ်မိမှာဘဲ... 😁
American Idol, American တီဗီထဲက ပုံစံမျိုးတွေ American food chain အားလုံးနီးပါးလောက်ဘဲ 
လိုက်ပြီးမလုပ်တဲ့နိုင်ငံဆိုလို့..နှာခေါင်းရှည် ကိုအရှေ့အလယ်ပိုင်းက တသိုက်ဘဲရှိလေမလား
(မအားလို့လေလူတွေ လိုက်သတ်နေရလို့  ) # $ @ ! ^ % &*
ကိုင်း..ဘယ်သူတွေဘာပြောပြော..ကိုယ်တို့က သရက်သီးအိုက်စကရင်လောက်ဘဲကြိုက်တာဗျ...
ရောက်တုံးအမုန်းဆွဲ..ဘဲ..
အိမ်နားက BigC မှာလိုတာလေးထွက်ဝယ်ရင်းနဲ့တောင် လှေပေါ်ကခေါက်ဆွဲခေါ်(ကွေ့သယိုလေးယား)
(ဝက်သွေး၊ အမဲသွေး အများအားဖြင့် အမဲသွေးပါ အစိမ်းတဇွန်းထဲ့ပေးတယ်။ အဲ့အပေါ်မှာ ဟင်းရည် ပူပူ
လောင်းလိုက်တော့ အပေါ်ကပုံအတိုင်းညိုညစ်ညစ်ဖြစ်သွားတာပေါ့..အရသာရှိတယ်..လေးပင်တယ်ပေါ့
လေ..)
နောက်တခါကြတော့ The Mall Bangapi က Sizzler မှာသွားအိကြတာပေါ့..သူတို့မေးတယ် set menu
ယူမလားပေါ့..။ အဲ့ဒါ ဆိုရင် ဆလတ်ဘားမှာ ကြိုက်သလောက်ယူဘဲ..စွပ် အသီးအရွက် အချိုအစုံရှိတယ်။ ဒါလောက်ဘဲစားရင်တောင် ဗိုက်ပြည့်ပေါ့..
ဘဲဘဲကြီးကတော့ ကြက်ကင်နဲ့ ငါးကြော်တဲ့...အားလုံးချောင်းကြော် mash potato မယူရင် ထမင်းမှာလည်း
ရတယ်။
ကိုယ်တွေတော့ ဆော်လမွန်..နဲနဲမှမလျှော့ဘူး...
ဒါကာမကတော့ ပုဇွန်ကင်တဲ့(ကျမမွေးစားသမီးလေး)..အော်ဒါနဲ့ အဲ့ဒီဆိုင်ကအကင်တွေဘဲရောင်းတာလေ..
ပြီးတော့ ရေခဲမုန့်..ဒီဆိုင်နံမည်တောင်မေ့နေတယ်..ဘာကိုဘယ်လိုမှာရမှန်းမသိတဲ့ဆိုင်ဆိုပါတော့...
ဒီတပွဲကတော့ အနီးစပ်ဆုံးဘာသာပြန်ရရင် နို့ရေခဲခြစ်ထဲက ရေခဲမုန့် စတော်ဘယ်ရီဆမ်း..တဲ့ ဘာမှန်းမသိပါဘဲနဲ့ အတော်စားကောင်းပေါ့ဗျာ... 😂
အထပ်သားချော်ကလက်ပေါင်မုန့်ပေါ်က ဗာနီလာရေခဲမုန့် ချော်ကလက်ဆော့ဆမ်းပြီး ဝှစ်ကရိမ်နဲ့..
ဟင်းဟင်း..အတော်ဘာသာပြန်ရခက်တဲ့ အအေးတပွဲ...အသေကောင်းပေါ့ရှင်...ရှလွတ်ရှလွတ်နဲ့ကို
လွှတ်ကောင်းပေါ့..အော်သတိရပြီ.. after you dessert cafe တဲ့ မမေ့နဲ့နော်..ရေခဲမုန့်သူရဲများ..ဟီး
ရောက်ခါစနေ့ကအိပ်ယာထနောက်ကျလို့ MacDonald မှာ(အအေးခန်းကြီးကအေးစိမ့်လို့ အဓိကပါ)
မှာထိုင်းစတိုင်ထမင်းစားခဲ့သေးတယ်..ကြက်သားသုတ်နဲ့ကြက်ဥကြော်ထမင်းတဲ့...

ကိုင်း..မိတ်ဆွေတွေအတွက်..အမြင်အာရုံနဲ့နှိပ်စက်ပြီးသွားပြီ..ဗိုက်ဆာရင် အမြန်ထိုင်းကိုသွားကြပေတော့
နောက်တပိုင်းကျန်သေးတယ်...မကြာမှီလာမည်..မျှော်... 😋😁

အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
မီးမီး
ဘန်ကောက် အပိုင်း(၂)
ဘန်ကောက်အပိုင်း(၁)

Wednesday, June 1, 2016

ကျိုင်းတုံကမ္ဘာအေးစေတီ

မင်္ဂလာပါရှင်~~~
ကျမတို့မြို့လေးမှာ ဗမာလိုကမ္ဘာအေးစေတီ ရှမ်းလို ထပ်စွမ်လွဲ ဆိုတာ လေယာဉ်ကွင်းကျော်ပြီးသွားရင်နာရီ
ဝက်လောက်ဆိုရောက်ပါတယ်။ မိတ်ဆွေများကို အဲ့ဒီနေရာခေါ်လည်အုံးမယ်လေ...။ 
အရင်ခလေးဘဝ တုံးက အဝေးကြီးလို့ထင်ရတာ။ ခုတော့နီးနီးလေးဘဲ။
ပြီးခဲ့တဲ့နှစ်က၂ခါပြန်တော့ ၂ခေါက်ရောက်ခဲ့တာပေါ့ရှင်...။
တချို့ကထင်မယ်..ကမ္ဘာအေးစေတီပုံစံက ရန်ကုန်ကမ္ဘာအေးနဲ့တူလို့ တုပပြီးဆောက်ထားတယ်ဆိုပြီး...။
မဟုတ်ရပါရှင်ရယ်...ဦးနုဝန်ကြီးချုပ်ဘဝက ကျိုုင်းတုံရောက်ပြီး အဲ့ဒီစေတီကိုလာဖူးတယ်။ သဘောကျလို့
ပုံစံတူ ရန်ကုန်မှာ တည်ဆောက်ခဲ့တာပါတဲ့။
သမိုင်းကြောင်း ကမ္ဘာပေါ်မှာအတိုဆုံး လက်တန်းပြောရရင်တော့ တောင်ယာလုပ်တဲ့ လွှိုင်ရှမ်းတိုင်းရင်းသား လင်မယား၂ယောက်ထဲတည်ခဲ့တာပါတဲ့။ ဆင်းရဲတဲ့ တောင်သူတောင်သားတွေဆိုတော့ ဘာမှလည်းမပြည့်စုံ၊ တနေ့တနေ့နဲ့တည်နေတာမပြီးနိုင်ဘူးတော့။ နေ့လည်ဆိုရင် အဖိုးကြီးတယောက်ကလာပြီး ကူညီ တည်ပေးနေတာတယ်တဲ့။ ညညဆိုရင် ပျောက်သွားရော..နောက်တော့ သိကြားမင်းက လာကူတယ်လို့ပြောကြပါတယ်။ ကြီးလေးတဲ့အခွန်ကောက် စော်ဘွားတွေကိုလည်း စိတ်နာတော့ ကျိန်စာနဲ့တိုက်ပြီးတည်ခဲ့တာပါ။ 
ကျိုင်းတုံအုပ်ချုပ်မင်းလုပ်တဲ့စော်ဘွားမျိုးတွေမဖူးရပါစေသား..တဲ့။အထဲကိုလည်းအမျီုးသမီးတွေ
တက်ခွင့်မရှိ ပါဘူး..။
ရှေးဟောင်းဓါတ်ပုံအိုလေးထဲက ထပ်စွမ်လွဲ...

အရင်တုံးက ရူခင်းတွေကြည့်ဖို့ ပုံမှာ မြင်ရတဲ့ကျောင်းဆောင်ကြီးမရှိပါဘူး..နောက်ပိုင်းမှဆောက်ထားတာ။
ခုတော့နိုင်ငံခြားသားတွေ sunset view ဆိုပြီး ကြည့်ကြတဲ့နေရာပေါ့...ရောက်ရောက်ချင်းအဲ့နေရာကိုအရင်
ဝင်ရတယ်...
ကဲ..ကျမတို့လည်းကြည့်ကြည့်ရအောင်...ပတ်ချာလည်..တောင်ကတုံးတွေရှင့်...
အနီးကပ်ဆွဲလည်း..သစ်ပင်ကျဲတဲပေါ့...ဒါပေမဲ့ တကယ်ကိုလှပတဲ့နေရာလေးပါရှင်...
ကျမတက္ကသိုလ်ကျောင်းတက်နေစဥခါမှာ အကို ၂ ဝမ်းကွဲမိသားစုက ဆိုင်ကယ်နဲ့ ကျန်တဲ့ကျမတို့ ဝမ်းကွဲ ၂ ဝမ်းကွဲ ဆွေမျီုးမောင်နှမတွေက စက်ဘီးကိုယ်စီနဲ့ စုစုပ်ေင်း ၂ဝ လောက် တန်းစီပြီး ဒီကမ္ဘာအေးစေတီ မရောက်ခင် ရှေးဟောင်းစေတီတဆူ ဘုရားဖူးထွက်ခဲ့ကြတာ အမှတ်ရနေပါသေးတယ်။ကောက်ညှင်းပေါင်း
ထိုဖူးသုပ် နန်တုံ ခပ်မူ(ဝက်ခေါက်ကြော်) နမ့်ဖစ် ကျမတို့အားလုံးဈေးထဲသွားပြီး ဝယ်ကြတယ်။ ကိုယ်စားချင် တာကိုယ်ဝယ်လာကြတာ အားလုံးကအတူတူချည်းဘဲ..ဟီး..။အဲ့ဒီတုံးက နံမည်ကြီးနေတဲ့( မြို့ထဲက တရုပ်
အမျိုးသမီး အိမ်မက်အရ သွားကြည့်တော့ သစ်ပင်တွေဖုံးနေတဲ့ရှေးဟောင်းစေတီ) နေရာပေါ့။

လွန်ခဲ့တဲ့ ၁၉၈၄-၁၉၈၈ ပတ်ဝန်းကျင်လောက်ကဖြစ်ပါလိမ့်မယ်။ အခုတော့ သူများတွေမေးကြည့်တာ သိပ်
မသိကြတော့ဘူး။ ကျမဝမ်းကွဲအကိုလင်မယား၂ယောက်လုံးလည်းဆုံးသွားကြပြီ။ ကျန်တဲ့ဝမ်းကွဲတွေလည်း
အနယ်နယ်အရပ်ရပ် ရေကြည်ရာမြက်နုရာဆီ သွားကုန်ကြပြီလေ...။

အပေါ်ကပုံတွေ နဲ့အောက်ကရုခင်းပုံတွေက သူတို့ရဲ့ sunset view ကနေရိုက်ခဲ့တာပါ..။




ကျောင်းဆောင်ပတ်ချာလည် ဘုရားဆင်းတုလေးတွေနဲ့...
ကျောင်းဆောင်ထဲမှာရောဘဲ...
ဒီလိုအနုပညာလက်ရာမျိုးကို ဝန်ကြီးချုပ်ဟောင်းဦးနု သဘောကျတာလည်းမဆန်းပါဘူးနော်..နှစ်ပေါင်း ရာချီ
ကြာခဲ့တာတောင်..လှပခန့်ညားနေဆဲပေါ့..
ကိုင်း..ဘုရားသွားကျောင်းတက်ကြိုက်တဲ့ မယ်ငီး..အမှတ်တရပေါ့..ရှင်..
ဒီဒုတိယ တခေါက်တော့ ၂ဝမ်းကွဲအမက လားရိုးကနေရောက်လာတာနဲ့ကြုံလို့၊ သူတို့နဲ့အတူတူ သွားကြ တာပေါ့။ သူက ကဲ..ရှမ်းမတွေ မောင်းတီးရအောင်တဲ့...တကယ်တီးခဲ့ကြတာနော်..
အင်း..ပတ်ချာလည်..တောင်ကတုံးလေးတွေကိုဘဲ အသည်းယားခဲ့တာအမှန်...
စေတီသမိုင်းကျောက်စာ..ဂုံရှမ်းမလည်း ဂုံစာမတတ်..အမေ့ကိုတကယ်ဘဲတောင်းပန်မိတယ်။  နွေရာသီ
ကျောင်းပိတ်ရက်ဆရာခေါ်ပြီး အိမ်မှာ ဂုံစာသင်ခိုင်းတယ်လေ..။ ဆရာကအိမ်ရှေ့ပေါက်ရောက်ရင် အိမ်
နောက်ဖေးကနေအုတ်တံတိုင်းကျော်ခုန်ထွက်ပြေးကြတာ...။ ခုတော့ တကယ်ဘဲနောင်မှတတဲ့နောင်တရ
ပါတယ်..။ ရှက်စရာကောင်းလှပါတယ် ကိုယ့်လူမျိုးစာကိုတောင်ကိုယ်ကမဖတ်တတ်ဘူး..း((((

စေတီ အဝင်ကလှေခါးစောင်းတန်း...အပြန်ခရီးမှာ စေတီရဲ့တောင်ခြေနားက "အန်"လူမျိုးရွာကို ဝင်လည်ခဲ့ပါ
တယ်။

သူတို့လည်း ထူးမခြားနား ထိုင်းတွေပြောသလို တောစားဘီလူးတွေပါဘဲ...သူတို့ပတ်ဝန်းကျင်ကတောင်တွေ
ကြည့်လေ...

ထင်းရှာ..ဝမ်းစာရှာ..တော့လည်း..ပြောရခက်ပါတယ်။ အုပ်ချုပ်မင်းလုပ်တဲ့သူတွေ ဖန်တီးပေးဖို့ တာဝန်ရှိ တယ်လို့ ကျမယုံကြည်တယ်။ ဒါမှလည်း တောပြုန်းတီးတာတွေ ထိန်းသိမ်းနိုင်မှာပါ..။
သူတို့ရဲ့အိမ်လေး...စလောင်းတွေဘာတွေနဲ့ဗျ...
အဲ့ဒီအန်အဖွားကြီးက အသက် ၁ဝဝ ကျော်ပြီတဲ့...
သူ့ဆီကို ထပ်စွမ်လွဲ သွားတဲ့ နိုင်ငံခြားသားတွေ ဝင်လည်တတ်တယ်လေ..
အရမ်းသဘောကောင်းပါတယ်ဆို..ကျမကိုအတင်းထမင်းကျွေးတယ်..အားနာလို့စားခဲ့တယ်..ပိုက်ဆံပေးတာ
မယူဘူ..အသက်ကြီးလို့ကန်တော့ပါရစေဆိုပြီး အတင်းကန်တော့ခဲ့ပါတယ်..ကျမယပ်တောင်ဦးထုပ်ကို လည်း အမျတ်တရဆိုပြီးပေးခဲ့လိုက်တယ်..။

တောင်းတွေယက်နေတာ..ကျမတို့ဖက်က တိုင်းရင်းသားရွှာတွေကို နိုင်ငံခြားဧည့်သည်တွေဆီကနေ ပိုက်ဆံ
လုံးဝမတောင်းရဘူး..ဧည့်သည်တွေကိုလည်း မှာထားတယ် ပိုက်ဆံမပေးဖို့..ပစ္စည်းတွေဘဲပေးကြတယ်။ အကျင့်စာရိတ္တပျက်စီးမှာဆိုးလို့..တဲ့..။ သူတို့က မတောင်းတဲ့အပြင် ရှိတာတောင် အတင်းပေး ချကျွေးနဲ့..
တကယ်ဘဲ ပြောစရာစကားတောင်မရှိဘူး..ရိုးသားကြတာလေ..။

ဒီအဖွားကြီးက ကျမနဲ့သက်တူရွယ်တူရှင့်... ^_^ ၅ဝကျော်...
သူတို့ဆေးရွက်တမျိုးငုံထားတတ်ကြတယ်..။ သူတို့ရဲ့ကွမ်းအစ်ပေါ့..
သစ်ပင်အခေါက်တမျိုးပါ...ဘာအပင်လည်းတော့မသိဘူး..
အန်ရွာကနေလှမ်းမြင်ရတဲ့ ကိုရင်လေးကျောင်း...
ဒီကျောင်းစတည်တဲ့ ဆရာတော်က သူကိုရင်ဘဝကတည်းကနေ တည်ခဲ့လို့ ကိုရင်လေးကျောင်းဆိုပြီး လူသိ
များတယ်။ ဒါကာ ဒါကာမတွေက ထိုင်းလူမျိုးတွများတယ်..။ ရွှာနီးနားက ကလေးတွေ မိဘမဲ့တွေ ကိုရင်ဝတ်
ပေးပြီး စာသင်ပေးနေတာပါ..။ကိုရင်လေးတွေ ဆိုင်ကယ်စီးလို့...

ဘုရားကျောင်းအတွင်းပိုင်း
မင်္ဂလာမောင်း...ဂုံရှမ်းဘာသာနဲ့ရေးထားတာပါ...
ဒါကတော့ ဗမာပြည်ကလူတွေသိပ်တွေ့ဖူးမှာဟုတ်ဘူး..ရေအားလျှပ်စစ်ပေါ့..တနိုင်လေ..
အဲန်ရွှာတခုလုံးနဲ့ ဒီဘုန်းကြီးကျောင်းတွေ ဒီလိုစမ်းချောင်းလေးမှာ ၃ခု လောက် တည်ထားရင် ညည မီးလေး
တွေထိန်လင်းလို့ပေါ့...

အဲန် အဖွားကြီးကျွေးလိုက်တဲ့ စကောထမင်းဝိုင်းကြီးပေါ့..လက်ကတုန်တော့ မူန်နေတာဘဲ.. အဟဲ.. စားခါနီးလေ ငရုပ်သီးထောင်း အပွင့်တမျိုးဘဲ(ကျမမခေါ်တတ်ဘူး) ချက်နဲ့ ခေါက်ဆွဲထုပ်ပြုတ်..တို့စရာ.. နိုင်ငံခြားသားတွေလည်း အဲ့လိုချကျွေးရင် အရမ်းစားကြတာဘဲတဲ့။

မီးမီး