ကျမတို့မြို့လေးမှာ ဗမာလိုကမ္ဘာအေးစေတီ ရှမ်းလို ထပ်စွမ်လွဲ ဆိုတာ လေယာဉ်ကွင်းကျော်ပြီးသွားရင်နာရီ
ဝက်လောက်ဆိုရောက်ပါတယ်။ မိတ်ဆွေများကို အဲ့ဒီနေရာခေါ်လည်အုံးမယ်လေ...။
အရင်ခလေးဘဝ တုံးက အဝေးကြီးလို့ထင်ရတာ။ ခုတော့နီးနီးလေးဘဲ။
ပြီးခဲ့တဲ့နှစ်က၂ခါပြန်တော့ ၂ခေါက်ရောက်ခဲ့တာပေါ့ရှင်...။

တချို့ကထင်မယ်..ကမ္ဘာအေးစေတီပုံစံက ရန်ကုန်ကမ္ဘာအေးနဲ့တူလို့ တုပပြီးဆောက်ထားတယ်ဆိုပြီး...။
မဟုတ်ရပါရှင်ရယ်...ဦးနုဝန်ကြီးချုပ်ဘဝက ကျိုုင်းတုံရောက်ပြီး အဲ့ဒီစေတီကိုလာဖူးတယ်။ သဘောကျလို့
ပုံစံတူ ရန်ကုန်မှာ တည်ဆောက်ခဲ့တာပါတဲ့။

သမိုင်းကြောင်း ကမ္ဘာပေါ်မှာအတိုဆုံး လက်တန်းပြောရရင်တော့ တောင်ယာလုပ်တဲ့ လွှိုင်ရှမ်းတိုင်းရင်းသား လင်မယား၂ယောက်ထဲတည်ခဲ့တာပါတဲ့။ ဆင်းရဲတဲ့ တောင်သူတောင်သားတွေဆိုတော့ ဘာမှလည်းမပြည့်စုံ၊ တနေ့တနေ့နဲ့တည်နေတာမပြီးနိုင်ဘူးတော့။ နေ့လည်ဆိုရင် အဖိုးကြီးတယောက်ကလာပြီး ကူညီ တည်ပေးနေတာတယ်တဲ့။ ညညဆိုရင် ပျောက်သွားရော..နောက်တော့ သိကြားမင်းက လာကူတယ်လို့ပြောကြပါတယ်။ ကြီးလေးတဲ့အခွန်ကောက် စော်ဘွားတွေကိုလည်း စိတ်နာတော့ ကျိန်စာနဲ့တိုက်ပြီးတည်ခဲ့တာပါ။
ကျိုင်းတုံအုပ်ချုပ်မင်းလုပ်တဲ့စော်ဘွားမျိုးတွေမဖူးရပါစေသား..တဲ့။အထဲကိုလည်းအမျီုးသမီးတွေ
တက်ခွင့်မရှိ ပါဘူး..။

ရှေးဟောင်းဓါတ်ပုံအိုလေးထဲက ထပ်စွမ်လွဲ...

အရင်တုံးက ရူခင်းတွေကြည့်ဖို့ ပုံမှာ မြင်ရတဲ့ကျောင်းဆောင်ကြီးမရှိပါဘူး..နောက်ပိုင်းမှဆောက်ထားတာ။
ခုတော့နိုင်ငံခြားသားတွေ sunset view ဆိုပြီး ကြည့်ကြတဲ့နေရာပေါ့...ရောက်ရောက်ချင်းအဲ့နေရာကိုအရင်
ဝင်ရတယ်...
ခုတော့နိုင်ငံခြားသားတွေ sunset view ဆိုပြီး ကြည့်ကြတဲ့နေရာပေါ့...ရောက်ရောက်ချင်းအဲ့နေရာကိုအရင်
ဝင်ရတယ်...



ထိုဖူးသုပ် နန်တုံ ခပ်မူ(ဝက်ခေါက်ကြော်) နမ့်ဖစ် ကျမတို့အားလုံးဈေးထဲသွားပြီး ဝယ်ကြတယ်။ ကိုယ်စားချင် တာကိုယ်ဝယ်လာကြတာ အားလုံးကအတူတူချည်းဘဲ..ဟီး..။အဲ့ဒီတုံးက နံမည်ကြီးနေတဲ့( မြို့ထဲက တရုပ်
အမျိုးသမီး အိမ်မက်အရ သွားကြည့်တော့ သစ်ပင်တွေဖုံးနေတဲ့ရှေးဟောင်းစေတီ) နေရာပေါ့။

မသိကြတော့ဘူး။ ကျမဝမ်းကွဲအကိုလင်မယား၂ယောက်လုံးလည်းဆုံးသွားကြပြီ။ ကျန်တဲ့ဝမ်းကွဲတွေလည်း
အနယ်နယ်အရပ်ရပ် ရေကြည်ရာမြက်နုရာဆီ သွားကုန်ကြပြီလေ...။





ဒီလိုအနုပညာလက်ရာမျိုးကို ဝန်ကြီးချုပ်ဟောင်းဦးနု သဘောကျတာလည်းမဆန်းပါဘူးနော်..နှစ်ပေါင်း ရာချီ
ကြာခဲ့တာတောင်..လှပခန့်ညားနေဆဲပေါ့..
ကြာခဲ့တာတောင်..လှပခန့်ညားနေဆဲပေါ့..


ဒီဒုတိယ တခေါက်တော့ ၂ဝမ်းကွဲအမက လားရိုးကနေရောက်လာတာနဲ့ကြုံလို့၊ သူတို့နဲ့အတူတူ သွားကြ တာပေါ့။ သူက ကဲ..ရှမ်းမတွေ မောင်းတီးရအောင်တဲ့...တကယ်တီးခဲ့ကြတာနော်..


ကျောင်းပိတ်ရက်ဆရာခေါ်ပြီး အိမ်မှာ ဂုံစာသင်ခိုင်းတယ်လေ..။ ဆရာကအိမ်ရှေ့ပေါက်ရောက်ရင် အိမ်
နောက်ဖေးကနေအုတ်တံတိုင်းကျော်ခုန်ထွက်ပြေးကြတာ...။ ခုတော့ တကယ်ဘဲနောင်မှတတဲ့နောင်တရ
ပါတယ်..။ ရှက်စရာကောင်းလှပါတယ် ကိုယ့်လူမျိုးစာကိုတောင်ကိုယ်ကမဖတ်တတ်ဘူး..း((((

တယ်။

ကြည့်လေ...





မယူဘူ..အသက်ကြီးလို့ကန်တော့ပါရစေဆိုပြီး အတင်းကန်တော့ခဲ့ပါတယ်..ကျမယပ်တောင်ဦးထုပ်ကို လည်း အမျတ်တရဆိုပြီးပေးခဲ့လိုက်တယ်..။

လုံးဝမတောင်းရဘူး..ဧည့်သည်တွေကိုလည်း မှာထားတယ် ပိုက်ဆံမပေးဖို့..ပစ္စည်းတွေဘဲပေးကြတယ်။ အကျင့်စာရိတ္တပျက်စီးမှာဆိုးလို့..တဲ့..။ သူတို့က မတောင်းတဲ့အပြင် ရှိတာတောင် အတင်းပေး ချကျွေးနဲ့..
တကယ်ဘဲ ပြောစရာစကားတောင်မရှိဘူး..ရိုးသားကြတာလေ..။





များတယ်။ ဒါကာ ဒါကာမတွေက ထိုင်းလူမျိုးတွများတယ်..။ ရွှာနီးနားက ကလေးတွေ မိဘမဲ့တွေ ကိုရင်ဝတ်
ပေးပြီး စာသင်ပေးနေတာပါ..။ကိုရင်လေးတွေ ဆိုင်ကယ်စီးလို့...




တွေထိန်လင်းလို့ပေါ့...

အဲန် အဖွားကြီးကျွေးလိုက်တဲ့ စကောထမင်းဝိုင်းကြီးပေါ့..လက်ကတုန်တော့ မူန်နေတာဘဲ.. အဟဲ.. စားခါနီးလေ ငရုပ်သီးထောင်း အပွင့်တမျိုးဘဲ(ကျမမခေါ်တတ်ဘူး) ချက်နဲ့ ခေါက်ဆွဲထုပ်ပြုတ်..တို့စရာ.. နိုင်ငံခြားသားတွေလည်း အဲ့လိုချကျွေးရင် အရမ်းစားကြတာဘဲတဲ့။
အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
မီးမီး
အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
မီးမီး
ရောက်ခဲ့ရင်သွားလည်အုံးမယ်..ဗျာ
ReplyDeleteလာလည်ပါရှင်...
Deletewanna go there.. :)
ReplyDeleteTTW
Always welcome.. :D
Deleteကျိုင်းတုံကိုရောက်ဖူးချင်တယ်ကွယ်။
ReplyDeleteဘာမှန်းမသိတဲ့အပွင့်ချက်လည်းစားချင်တယ်ကွယ်။
အိုင်အိုရာ
အဟဲ...အရောက်သာလာခဲ့ပါ
Deleteဘာမှန်းမသိတဲ့ ဟင်းတွေချက်ကျွေးမှာ...
สวัดดีจ้า ก็ มาเที่ยว มีมีแง่นะจ้า สัไปดีไหม
ReplyDeleteฉันสบายดี.
Deleteขอบคุณค่ะ
สวัสดี ฉันก็สบายดีจะ ไม่ได้เขี่ยน ภาษาไทย นานแล้ว. คีดถึงจาง
ReplyDelete