Friday, April 25, 2014

ဖက်ရှင်....

မင်္ဂလာပါရှင်~~~
ခေါင်းစဉ်အတိုင်း ဖက်ရှင်အကြောင်းနဲနဲပါးပါးပြောချင်သား...၊ အဲ..ဒီအရွှယ်မှ ဘာစိတ်ကူးပေါက်ခါ သူငယ်
ပြန်ဖက်ရှင်အကြောင်းတွေဘာတွေနဲ့ပါလားလို့တော့မထင်ပါနဲ့အုံးလေ..။ဒီလိုရှိတယ် ကိုယ်နားလည်တဲ့ ဖက်ရှင်ဆိုတာက ကာလဒေသံအလိုက် သင့်လျှော်ပြီး သက်တောင့်သက်သာနဲ့ အဆင်ပြေစွာ(မြင်ရတဲ့
သူကော၊ဝတ်ဆင်သူအပါအဝင်ပေါ့) ဝတ်စားဆင်ယင်တတ်တာ ကိုဖက်ရှင်ကျတယ်လို့ထင်တာပါဘဲလေ..။


ကဲ..မိတ်ဆွေများကော..ဘယ်လိုအမြင်ရှိကြလည်း...ပြီးခဲ့တဲ့ အပတ်က မြင်ရတာတွေနဲ့ ကိုးကားပြီးပြော ကြားချင်လိုက်တာနော်။ ဘာရှိမလဲ..အော်..ရေသဘင်ပွဲတော်ပေါ့ရှင်..ပွတ်သဘင်မဟုတ်ပါဘူး..ရေသဘင်
တဲ့။ ကိုယ်တို့ခေတ်ခါတုံးက ရေပက်ခံထွက်ကြတော့ ပိတ်စထူထူတွေ ပန်းတွေပါတဲ့ ရေပက်ရင် အထဲက
အသားတွေကိုဖေါက်ထိုးမမြင်ရတဲ့ အစတွေနဲ့ ရန်ကုန်က ရေကစားကြတာမြင်ဘူးတာဘဲ။ ကိုယ်တို့ဆီမှာ
တော့ အပေါ်ကနေမိုးကာတွေထပ်ဝတ်ကြတယ်..။ ထူးဆန်းလေစွနော်..^_^


Thai ကျိုင်းမယ်မှာ အလုပ်လုပ်တော့ သင်္ကြန်ရက်လည်းလုပ်ရတာပါဘဲ။ နားချင်တဲ့မမတွေကိုကျမကလူစား
တောင်လုပ်ပေးသေးတာ။ သင်္ကြန်ကို သိပ်ရင်မခုန်တတ်တာငယ်ငယ်ကတည်းက။ သင်္ကြန်ရက်နီးလာရင်
အလုပ်မှာ အလုပ်ဝတ်စုံအစား ယောက်ကျားလေးဆိုရင် နက်ပြာရောင်ရှမ်းဘောင်းဘီ၊ လည်ကတုံးအိပ်ကပ် ၂ဖက်နဲ့ အဖိုးကြီးစတိုင်အင်္ကျီမိန်းမတွေကျတော့ ထမိန်၊ဇာအင်္ကျီတွေဝတ်ရတယ်။ ကျမတို့ အလုပ်တခု တည်းမဟုတ်ပါဘူး။ တမြို့လုံးပါဘဲ..ကျိုင်းမယ်မြို့ သွားလည်ရင် မြင်ရမှာပါ။ ရေပက်ခံထွက်ကစားကြတဲ့ သူတွေရောဘဲ..တမြို့လုံးနက်ပြာရောင် နီးပါးပေါ့..။ ကိုယ်တော့ မိန်းမထမိန်မဝတ်ဘူး၊ရှမ်းဘောင်းဘီတ ကားကားနဲ့ပေါ့။ဆိုလိုချင်တာ ရေပက်ခံတာ စိုရွှဲကြတာပေါ့။ ဒီတော့ ရာဘာဖိနပ်တို့ ကြက်ပေါင်ဖိနပ်တွေနဲ့ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါးပါဘဲ...။


ဟင်းဟင်း.ဘုတ်အုပ်ပေါ်မှာ တွေ့ရတဲ့ ဝတ်စားဆင်ယင်မူ့ဆိုတာ မြင်တော့ အိုးမိုင်ဂေါ့ ရပါတယ် ။ငါးဖမ်း
ပိုက်ခေါ်မလားခြင်ထောင်စလေလား..ပြီးBoot သားရေဖိနပ်နဲ့၊ ခရမ်းလွန်ရောင်ခြည်ဆိုတာ ခဏမေ့ထား
ကြပုံပါဘဲ။ ကုန်ဈေးနူးန်းတွေကြီးလို့လား..အပေါ်အင်္ကျီကိုမဝယ်နိုင်တော့တာလား..ဟီးဟီး..ပါကိုမပါတော့
တာ ဝေဖန်တဲ့သူ လေကန်တဲ့သူ ကြိုက်သူမကြိုက်သူများစွာနဲ့ ဓါတ်ပုံတွေတပုံတခေါင်းကြီးမြင် ရတော့ဒီက
လည်းပြောချင်လာတယ်..။ ဟီး..ဟိုမှာတော့ ဘယ်ပြောရဲမလဲ၊ ဒီမှာက ကိုယ့်ခွင်လေ..။သေချာတာတခုက
ပွတ်သဘင်ပွဲတက်တဲ့ အဲလေ ရေသဘင်ပွဲဆင်နွဲတဲ့သူတွေဆိုပါတော့ အသားတွေနီရဲနေ လောင်ပြီး ခရမ်း
လွန်ရောင်ခြည်ဒဏ်ဆိုတာနဲ့ ဒီအချိန်မှာ နပန်းလုံးနေလောက်ပါပြီ..နေလောင်ခံခရိမ် လား..သေချာတယ်..
တနေကုန်သူကနေမှာလား ပွတ်သဘင်ပါဆို ပွတ်တာနဲ့ကုန်သွားပေါ့..(ဟမ် @_@ )


ခြေထောက်တွေလည်း ခူနာတွေ ယားနာတွေ မပေါက်ကြဘူးလားမသိဘူး^_^တနေကုန်သားရေဖိနပ်နဲ့
ရေအုပ်ထားကြတာလေ..နူးပြီးပြဲလောက်ပြီပေါ့.. ။ FB ဓါတ်ပုံတွေမှာwalking shoe တွေနဲ့လည်းတွေ့ခဲ့ရ

လို့ပါ..။ ကိုယ်တို့တွေ့ကြုံဖူးခဲ့တာနဲ့ အတော်ကြီးခြားနားတော့ ရင်သပ်ရူမောမိတာအမှန်ပါဘဲ။ ခေတ်ကာလ
ဝတ်စားဆင်ယင်တာကို လက်ခံပါတယ်။ ရိုးရာယဉ်ကျေးမူ့ပွဲတော်ကိုအလေးမထားတတ်ကြတာကိုတော့
အသည်းယားတာအမှန်ပါဘဲ။ အဝတ်အစားတွေလည်းဝတ်တာလည်း ည club သွားတယ်ဆိုရင်တော့
လည်းမလွန်ပါဘူး..။ ခုလို ရေပက်ခံဖို့ဝတ်လာကြတာကိုဘဲ...ဟင်းဟင်း...ဖက်ရှင်ဖက်ကနေဘဲပြောပါ
တော့မယ်လေ..မှားနေကြတယ်လေကွယ် သမီးတို့ရယ်...။ ဒီတော့ အပြောခံရပြီပေါ့..။ (စက်ဆီ :P sexy
အတွက်ဆိုရင်တော့ မယ်ငီးဘွာတေး..ဗျို့... )


ဒီတနှစ်မှာလည်း ကိုယ်ကမပြန်နိုင်.သူများတွေပျော်နေကြတာ ငေးမော ကြည့်ရုံပါဘဲ..။ ကျမတို့ မြို့သင်္ကြန်
ရေကစားပုံတွေကို မိတ်ဆွေအားလုံးကိုခေါ်ပြချင်ပါတယ်...။ တကယ်ပါ... ရှမ်းတွေက သူတို့ကိုသူတို့ "တိုင်း" လို့ခေါ်ကြပါတယ်။မိတ်ဆွေများ google မှာ Shan သို့မဟုတ် Tai ဆိုတာလေးနဲ့ ရှာကြည့်ရင်
တွေ့မှာပါ၊ သူတို့ ရေကစားကြတာဘယ်လိုဝတ်စားဆင်ယင်ကြပါသလဲဆိုတာ..။ ဟီး.ဒီထက်ပိုပြောရင် မယ်ငီးထိပ်ထုခံရလို့ ပိုပုသွားနိုင်ပါတယ်..။မဝတ်တတ်တော့ ဖြဲသလို ကိစ္စကြီးခဏရပ်လို့ ဝတ်တတ်သူများ
တွေကို တချက်ကြည့်ရအောင်..။( အဲလိုမရေးရင်လည်း အဓိပ္ပါယ်ကွက်ကွက်ကွင်းကွင်းမမြင်နိုင် စကား
လုံးကြမ်းသွားပါက ခွှင့်လွှတ်ပါရန်... ဟိ )


ကဲ..အဝတ်အစားဆိုတာ သူ့ တံဆိပ်နံမည်ကြီးမှ အကောင်းစားဖြစ်မှ လှတာမဟုတ်ပါဘူးလေ..။ ကိုယ်နဲ့
ဘယ်လိုလိုက်ဖက်မူ့ရှိသလဲ ဘယ်လိုနေရာဒေသတွေမှာ သင့်တော်သလဲဆိုတာ ရွှေးချယ်တတ်ရင် ဖက်ရှင် ဆိုတာကျလို့ပေါ့..။ ဒီတပတ်မှာဖတ်ခဲ့ရတဲ့စာအုပ်ထဲက အဝတ်အစားလေးနဲ့ ကျမရဲ့ ဖက်ရှင်ကြီးကိုအဆုံး သတ်ပါမယ်လေ..။


စာအုပ်ထဲမှာ ပါတာက ဘောင်းဘီ ၄ထည်၊ ဂါဝန် ၂ထည်၊ စပို့ရှပ်လည်ကတုံးလေး ၊ဆွယ်တာ အပါးလေး၊ ဂျိုင်းပြတ်အင်္ကျီပါး၊ ကုတ်အင်္ကျီ၊ ဂျင်းရှပ် ၊စကဒ်၊ ဒါတွေကတထည်စီ၊

 
ပြီးဖိနပ် ၄၇ံ၊ ပါဝါ ၁ထည်၊ ခါးပတ်၁ ချောင်း...ဒါတွေပါဘဲ...ဈေးနူန်းလည်းသိပ်မကြီးဘူး..အကောင်းစားကြီး
သိပ်မဟုတ်ပါဘူး..။




ဒါတွေကိုဘဲ လှည့်ပါတ်ဝတ်သွားတာ ၂၄ မျိုး..ဝတ်နိုင်တယ်..ပေါ့ပေါ့ပါးပါးလွတ်လွတ်လပ်လပ်ကြော့ရှင်းနေ
တာဘဲ..တချို့တွေထင်တာက အမေရိကားတို့လို အနောက်နိုင်ငံတွေမှာ ဟိုဖော်ဒီဖော် ဝတ်ကြမယ်လို့ ၊။
ဒီလိုရိုးရိုးသားသားနေ့စဉ်သွားလာလူပ်ရှားနေကြတာ ရိုးရိုးဘဲဝတ်ကြတာပါ။ တချို့သော သက်မွှေးဝမ်း
ကြောင်းပြုသူတွေမှဘဲ ပြူးးပြူးပြဲပြဲ ဂူးဂူးဂဲဂဲတွေ ဝတ်ကြတာပါ့..။


အလုပ်တဖက်နဲ့ဆိုတော့ တနေ့နဲနဲနဲ့ ၃ရက်တောင် အချိန်ပေးရေးလိုက်ရပါတယ်ရှင်....။

အားလုံးဘဲဖက်ရှင်ကျကျ လှကြပါစေရှင်..
မီးမီး

ကျမတို့မြို့ကဒီနှစ်သင်္ကြန်ရေကစားကြပုံလေးပါ.... မိတ်ဆွေရဲ့ fbကနေယူလာပြီး ဒီကမိတ်ဆွေတွေကို...
ပြတာပါရှင်...ကွာခြားချက်တခုတော့တွေ့ရမှာပါလေ..။(မိုးကာအင်္ကျီတွေ့တယ်နော်း)
)))

6 comments:

  1. ပေါ်မလာတာအတော်ကြာလို့၊
    ဘာများဖြစ်နေသလဲလို့...
    km

    ReplyDelete
    Replies
    1. ဒီလိုပါဘဲ..ဟိုလိုလို..ဒီလိုလိုနဲ့..
      တနေ့တာက ဘာမှမလုပ်ရသေးခင်၊
      ကုန်မြန်လွန်းနေတယ်..။
      ခုထိတော့ ALWAYS FIGHTING FOR LIFE ပါဘဲ
      ;)))))

      Delete
  2. မြတ်​ကြည်​​တောင်​ လိုက်​မမီ​တော့ဘူး ရန်​ကုန်​သကြန်​။

    ReplyDelete
    Replies
    1. ကဲ..မြတ်ကြည်လေးတောင်..လိုက်မမှီဘူးဆိုတော့..
      ကိုယ်တို့က နှစ်ပေါင်း ၂ဝဝလောက် နောက်ကျကျန်ခဲ့ပြီပေါ့ကွယ်..

      Delete
  3. သင်္ကြန်ကိုအသုံးချပြီးကိုယ်ဖေါ်တာလူကြည့်အောင်လုပ်ကြတယ်လို့ ထင်တာဘဲ။
    ဘယ်လိုမှခံစားလို့ မရဘူးမီးမီးရေ။
    အနောက်တိုင်းယဉ်ကျေးမှုတွေကူးစက်ခံရတယ်လို့ ဆိုကြတာမီးမီးပြောသလိုဘဲ ရာနှုံးပြည့်မမှန်ဘူး။ အနောက်တိုင်းယဉ်ကျေးမှုက ကိုယ့်ကြောင့်တခြားသူကိုအမြင်အကြားအထိအားလုံးထိခိုက်မှာကိုရှောင်ကြတယ်။
    သူ့ နေရာနဲ့ သူဖေါ်တာပေါ်တာလုပ်ကြတယ်။ နေ့ စဉ်ရုံးသွားကျောင်းသွားဈေးသွားလူမြင်မကောင်းအောင်ဖေါ်မနေကြပါဘူး။ အနည်းနဲ့ အများလည်ဟိုက်တွေတော့ဝတ်ကြပါတယ်။ ဒါကလည်းပူအိုက်တဲ့ရာသီတို့ ဖက်ရှင်နဲ့ ဆိုင်တဲ့လုပ်ငန်းတို့ မှာသာဝတ်ကြတာပါ။ အများစုမဟုတ်ပါဘူး။

    ကိုယ်လည်းဖက်ရှင်ကျတယ်ဆိုတာ ရာသီဥတုရယ် ကာလံဒေသံ ရယ် ကိုက်ညီအောင်ရယ်ကိုယ့်အသားကိုယ့်အရပ်ကိုယ့်ခန္ဒာကိုယ်နဲ့ လိုက်ဖက်အောင် ၀တ်တတ်မှသာဖက်ရှင်ကျတယ်လို့ မြင်ပါတယ်။
    အိုင်အိုရာ

    ReplyDelete
    Replies
    1. ဟုတ်ပါ့..တနှစ်ထက်တနှစ်ပိုပိုဆိုးဝါးလာတယ်။
      ၂ဝဝဝ ပတ်ဝန်းကျင်ကကျမသင်္ကြန်ရန်ကုန်မှာနေခဲ့သေးတယ်။
      အင်းယားလမ်းက တခြမ်းဘဲကစားကြတာ၊
      တခြမ်းကကားဖြတ်လို့တောင်ရတယ်..။
      ရိုးရိုးရေဘဲကစားကြတာပါ..။
      အခုတော့ ရေကစားတဲ့ သင်္ကြန်ကို အသုံးချပြီး၊
      စီးပွားရေးရော..ဘာရော..ညာရော..အကုန်ဘဲ..။
      နိုင်ငံခြားသားတွေမြင်ရင် သူတို့ဘယ်လိုထင်မြင်ချက်တွေ၊
      ပေးကြမလဲ သိချင်သား..။
      ကူးစက်ခံရတာ..ဆိုပြီးလုပ်နေတာ၊
      ဒီမှာလည်းကိုယ်ကတွေ့မိတော့ ပြောရအခက်သား..၊
      အလည်ပြန်တဲ့အခါ..အထူးသဖြင့် ဗိုလ်ချူ ပ်ဈေးစကော့မားကက်၊
      ဆိုတဲ့နေရာသွားကြည့်ပါလား...အားပါးပါး...အိုးလာလား..၊
      ဆိုတော့ ကျမက ခေတ်အမြင်မရှိ တောကျပါဘိ..တဲ့..။
      သူတို့ဖက်ရှင်အမြင်ကိုတော့ ဆယ်ခါပြန်ဆလံတိုက်မိတာအမှန်ပါဘဲ..။
      မအိုင်အိုရာရေ့..ကိုယ်တို့လည်းသိပ်ခေါတောဆန်နေတာမဟုတ်ပါဘူးနော့...
      ခံစားချက်ချင်းတူပြန်ပြီ..မ..ရေ..

      Delete