Wednesday, January 29, 2014

အိုးနင်းခွက်နင်းသူငယ်ချင်းများ...

မင်္ဂလာပါရှင်~~~

သူတို့တွေနဲ့ စတွေ့တာကလည်း ပြောမဆုံးပေါင်တောသုံးတောင် ဆိုသလိုပါဘဲပေါ့...သူငယ်ချင်းဆိုတာက
ငယ်ငယ်ကတဲ ပေါင်းသင်းလာခဲ့တဲ့ သူငယ်ချင်းသာမက ခုထက်ထိဘဝတကွေ့မှာ ခဏတွေ့ပြီး ခင်မင် ရင်းနှီးသွားဖူးရင်ကိုဘဲ ကျမက သူငယ်ချင်းအပေါင်းအသင်းစာရင်းထဲ ထည့်လိုက်တာပါဘဲ။ တချို့ က
တော့သူငယ်ချင်းကသပ်သပ် အပေါင်းအသင်းက သပ်သပ် ၂မျိုးကွဲပါသတဲ့ ။ ထားပါလေ ဒါတွေကသူများ

တွေရဲ့ သဘောထားပါလေ..။

ကဲ..ပထမဦးဆုံး၊ ခုလောလောဆယ် ဒီမှာတွေ့ တဲ့အပေါင်းအသင်းထဲက ဒီအာကျုးမားတယောက် အကြောင်း ဖေါက်သည်ချပြပါရစေရှင် ။ အရင်က ကျမပြောဖူးခဲ့သလိုပါဘဲ နေတာက ကကြီးတောထဲမှာ
တခါခါ သူတို့ super market ထဲရောက်ရင် ဆိုးလ် ဘဲရောက်သွားသလိုလို..အညာဆီးယို အညာဟစိဟစိ
ရောနေကြတာပါဘဲ။ နေတဲ့ apartments ထဲမှာလည်း ၇၅ % က သူတို့ တွေပေါ့ရှင်။ ဒီမှာက အရင်နေခဲ့
ဖူးတဲ့နေရာတွေလိုမဟုတ်ဘဲ အဝတ်လျှော်စက်က အခန်းထဲမှာမရှိပါဘူး။ Laundry ဆိုတဲ့နေရာက တိုက်
တန်းတွေရဲ့အောက် မြေတိုက်ခန်းလိုနေရာမှာရှိပါတယ်။ ၂နေရာရှိတာပါ။ ကိုယ်တော့ အနီးဆုံးနေရာ သုံးတာပေါ့။ ကဒ်ပြားလေးတခုပေးပြီး ကဒ်ထဲကို ပိုက်ဆံကဒ်နဲ့ ဘဲပိုက်ဆံဖြည့်ရပါတယ် cash မရပါဘူး..။

အောက်ထပ်ဆိုတော့ လှေခါး၅ဆင့်လောက်ဆင်းရသေးတာပေါ့။ အာကျူးမားတွေလာရင် လက်တွန်းလေး
တွေနဲ့ အဝတ်တပုံတခေါင်းတွေပါတတ်တယ်။ 

 
သူတို့ ခလေးအင်္ကျီလေးချစ်စရာကောင်းလို့ 

ကျမရဲ့ အာကျုးမားလည်း ဒီအတိုင်းပါဘဲ။ သူ့ တွန်းလှည်းလေးကို အပေါ်မှာဘဲ ထားပြီး အထုတ်တွေ တခုပြီးတခု  ဆွဲဆင်းချလာပါတယ်။ ကျမကအထွက်တံခါးကို လှပ်ပြီးစောင့်ပေးနေလိုက်ပါတယ်လေ။
နွေရာသီဆိုတာလည်း ဒီနေရာအင်မတန်မှပူအိုက်တာပါဘဲ ခုနဲ့များကွာပါ့ နေပူတာကို မအာကျုးမား တသိုက်အတော်ကြောက်ကြတာပါဘဲ..မြင်ဖူးကြမှာပါ ပျိုပျိုအိုအို အပြင်ထွက်ရင် သူတို့ ဆောင်းတဲ့နေကာ
ဦးထုတ်ကက်ကြီး တတောင်လောက်အပြားလိုက်ရှည်ထွက်ပြီး မဲမဲမှောင်မှောင်အရောင်နဲ့ လေ။ သူလည်း

ပြုံးစားကြီး အလင်းကနေအခန်းထဲဝင်တော့ ဘာမှမြင်ရမှာဟုတ်ဘူး အထုတ်တဖက်နဲ့  သူ့ ဖာသာသူ ခလုပ်တိုက်လှဲလေရော...သူ့ မျက်နှာဖုံးနေတဲ့ဦးထုတ်ကတဖက် သူ့ အဝတ်ထုတ်ကတဖက်နဲ့ တကယ့်
ကို့ရို့ကားယား ကိုးရီးယားပါဘဲ.. :)))


ထုံးစံ လျှာရှည်တော်မူတဲ့မယ်ငီးက ကယ်တင်ရှင်ကြီးပေါ့ ..အထုတ်ကိုင်ပေး လူထိန်းပေး တံခါးလှပ်ပေး..
ဟူးးး...ဒီအာကျုးမားက တခြားတွေနဲ့ မတူဘူး ပါးစပ်နားရွှက်တက်ချိတ်လောက်အောင်ပြုံးပြ ရီပြစကား
ပြောတတ်တယ် ချုံးချုံးကျန်းကျန်း #$%^ သူတို့ ဘာသာစကားတွေနဲ့ ပြောပြီး လက်လာဆွဲတယ်...
ရော်..ခက်ပြီ..လက်သုံးတော် စကားဖြစ်တဲ့ "အိုင် အမ် နော့ ကိုးရီးယား"ထုတ်ရတော့တာပေါ့...
အဲ့ခါမှ ပိုခက်တော့တာ..သူက ဒီရောက်တာ ၆လ လောက်ဘဲရှိသေးတာတဲ့ အီး စကားမတတ်ဘူးတဲ့
စာကြည့်တိုက်မှာ အီးစကားသွားသင်နေတာတဲ့ ပြောချင်နေတာနဲ့ အတော်ဘဲနေမှာပေါ့ တောင်တလုံး
ပြောလိုက် ရင်ဘတ်ဘုတ်ပြလိုက် ဒီကလည်း"ရဲ့  ရဲ့  "ဆိုတာလိုက်ပြောပေးပါတယ် ဟုတ်တယ် ဆိုလား
လို့ ပါ..သူ့ ရင်ဘတ်ပုတ်ပြတာ သူ့ နံမည်ကိုပြောပြနေတာလေ..အင်း..ကြားမိတာက "ဟွာဟုံဟီး" တဲ့ သူကကျမကို လိုက်ပြောခိုင်းပါတယ် သူပြောတဲ့အတိုင်းမတူမခြင်းပါဘဲ ..ဟွာဟွာ..ရယ်.. ငီးငီးလည်းမောပေါ့ရှင်... ^_^


အဝတ်လျှော်တယ်ဆိုတာကလည်း အဝတ်လျှော်စက်ထဲထဲ့ ပြီး ၃ဝ မိနစ်လောက်နေ တခါပြန်ထုတ်၊ အခြောက်စက်ထဲပြန်ထဲ့၊ နောက်တနာရီသာသာ ဆိုပြန်လာယူ။ သွားလိုက်ပြန်လိုက်လုပ်နေရတာ အခါခါ။
ဟွာနဲ့ ခဏခဏတွေ့ ၊ တွေ့တိုင်းပြောရ ဘာပြောလို့ ဘာနေမှန်းလဲမသိဘူး။ ဟီး.. ဘယ်အခန်းနေလဲလို့ 
မေးတာ ကိုယ်ပြောတဲ့ဟာ သူကနားမလည် လူကိုဆွဲပြီး အခန်းလိုက်ပြရှာတယ် ဒီတော့ ကိုယ်လည်း သူ့ ကိုပြန်တွဲပြီးအခန်းလက်ညိုးထိုးပြရတာပေါ့ ဘာရမလဲနော်...ညနေဆိုကိုယ်က အားကစားကွင်း
ထဲသွားပြေးတဲ့ အကြောင်း ကြွားတာပေါ့။ သူကတော့ ကားမောင်းသွားရတယ်တဲ့ အဲ..နီးနီးလေး လမ်းကြားကနေဖြတ်သွားလို့ ပြောမိခါမှပိုဆိုးတယ်..လိုက်ပြပေးပါတဲ့...အိုကေလေ..ရက်တွေ အချိန်တွေ
ချိန်းကြတာပေါ့..ဟီး... ကြည့်ရတာခဏလေးလိုဘဲနော်..တကယ်တော့ နာရီနဲ့ ချီပြီးပြောဆိုနေရတာ လက်ဟန်ခြေဟန် အားလုံးပါတာပေါ့ရှင်....အတော်မောပေါ့..ရှင်..


နောက်တခါတော့ နေ့ လည်ကြောင်တောင်ကြီး အင်္ကျီလက်ရှည် ဘောင်းဘီရှည် ဦးထုတ်ငိုက်ထားတာ
မျက်နှာဖုံးမပြောနဲ့  ဟိုးမေးစေ့အထိတောင်ဖုံးတယ် အိမ်တံခါး တဝုန်းဝုန်းလာခေါက်တယ်လေ အားကစား
ကွင်းသွားမယ်ဆိုဘဲ...အော်..အာကျုးမားရယ် နေ့လည်သိပ်ပူလွန်းလို့  အပြင်သိပ်မထွက်ဖို့ တောင်
ကြော်ငြာထားပါတယ်ဆို UV ကျတော့သိတယ်ဗျား.. သူ့ ကိုပြလိုက်တယ် ဒီအချိန် UV ဘယ်လောက်

ရှိလဲလို့ ..ဒါနဲ့ခဏလေးပါနေရာလိုက်ပြပါဆိုတော့ ဒီကလည်းထီးအကြီးကြီးဆောင်းပြီးလိုက်ပြရပါတယ်
တလမ်းလုံး သူပြောချင်ရာ ပြောကိုယ်လည်းပြောချင်ရာပြောပေါ့ပ..ရီရတယ်နော်..လက်ဟန်ခြေဟန်နဲ့ 
လည်း အိုကေကြတာဘဲ..နောက်တော့ အိမ်ယာဝန်းထဲမှာခဏခဏတွေ့ ကြ စကားပြောကြနဲ့ ပေါ့..
တခုသောတနင်္ဂနွေ ကျမတို့ 
လည်းမြန်မာဘုန်းကြီးကျောင်းသွားဖို့ ပြင်ဆင်ပြီးထွက်လာ သူလည်း Churchသွားဖို့ ကားမောင်းထွက်လာ တယ်။ ကျမကိုတွေ့တော့ အားရပါးရခေါ်ရှာတယ်"မြောင်မြောင်း" တဲ့...^_^ အော်..သူများတကာချစ်စနိုးလေး..မီးမီး..ဆိုတာ..ဒင်းကြီးလုပ်လိုက်မှ..အေးပေါ့လေ.
ဒီကခေါ်တဲ့"ဟွာဟုံဟီး" ဆိုတာလည်းသူ့နားထဲတော်တော်ဆိုးမှာဘဲ..


နောက်တယောက်ကျတော့ အဆန်းဗျ... ကျမတို့က ကားဂိုဒေါင်ထဲမှာ သန့် ရှင်းရေးတွေလုပ်နေကြတာပေါ့
ပစ်တန်ပစ် သိမ်းထားတန်သိမ်း ပုံးတွေထဲထဲ့ ဒီလိုအချိန်မှာပါဘဲ အမျိုးသမီးတယောက် ဖုံးပြောနေရင်းဖြတ်
သွားတယ် သူ့ ကိုကျမခဏခဏတွေ့ တယ် အမြဲဖုံးဘဲပြောနေတာပါဘဲ.. သူကတခါပြန်ကွေ့ လာရင်းနဲ့  ကျမကိုမေးပါတယ် "ဟန်းကောကု..ရော"ဆိုလားဘဲ..ဒါတော့နားလည်သွားပြီ ကကြီးလားလို့ မေး တာလေ ကဲ..မပြောဘူးလား အမြဲလက်သုံးတော်စကားတခုရှိရပါတယ်ဆို .."အိုင် အမ် နော့ ကိုးရီးယား"

လို့ တောင်မပြောရသေးဘူး.."နီဆေ့ကျုံကောယိုင်မား "..ဟား..ဒါလည်းများတို့ သိတယ်နော်..အိစန်ကွား
လားလို့ မေးတာ စန်လည်းမကွား ယားလည်းယားဘူးဟေ့.. ဒါဗြဲ.." မြဲန်တဲ့န်" YOU KNOW!!!
နီုင်ငံခြားသားတော်တော်များများ ဘားမား ဘိရိုမား မြန်မား သွားမပြောလေနဲ့  သူတို့ မသိကြဘူး...
ဒါကကျမရဲ့ အတွေ့ အကြုံနော်..ဒါတောင် ပြည်ကြီးစီလုပ်မတယောက် သူ့ ဆိုင်
မှာ (ဘူးဖေးဆိုင်ပါ)
သွားစားနေကြ လာမေးတာက မြန်မာက သူတို့ နိုင်ငံရဲ့ ပြည်နယ်တခု ဟုတ်လားတဲ့..စိတ်နာလိုက်တာ..
တော်..အဲ့..ဆိုင် နောက်ယောင်လို့ တောင် နဲနဲလေးမှလှည့်ကြည့်ဘူး... :(((

ကဲပါလေ...မမကျဲ့ကျဲ့က တရုတ်ဖွား ငယ်ငယ်ကတဲက ကိုးရီးယားထွက်သွားပြီး အဲ့မှာကြီး ထိုင်ဝမ်မှာ စာသင် အိမ်ထောင်ကျ နေတာက စပိန်မှာ ..@_@ ချာချာလည်သွားပြီရှင့်..ဒီတော့ ကကြီးစကားနဲ့ စပိန်စ ကားပိုအပြောသန်ပါသတဲ့..ကျမနဲ့ ပြောတော့ တရုတ်+ကကြီး+စပိန် ဒီကလည်း လက်ဟန်ခြေဟန်မျက်နှာ
အမူအရာ အားလုံးပါရတာပေါ့ရှင်....အင်္ဂလိပ်လိုတော့ တလုံးမှမတတ်ပါတဲ့....မိတ်ဆွေတွေ..လာလိုက်ရင်
ဂလိုတွေ..အာကျုးမားနဲ့ သူငယ်ချင်းတဲ့ အာကျုးမားက မြောင်မြောင်း အကြောင်းတွေပြော ထားလို့သိနေ တာပေါ့လေ ဟီးဟီး...


ဒီလို တောင်ပြောမြောက်ပြော ကိုယ့်ဖာသာကိုဘာသာပြန်ပြီးနားလည်ကြ လက်ခံကြနဲ့  တူနယ်ဂျင်းတွေ..
တနေ့ တော့ ပေါက်ချလာပါတယ်...သူစိတ်မကောင်းလို့ တဲ့..သူ့ အားကစားရုံသွားကစားမလို့ အဖော်လိုက်
ပေးပါဆိုလို့  သနားတာနဲ့ လိုက်ပေးပါတယ်..။စက်ပေါ်ပြေးနေရင်း သူကရှင်းပြပါတယ် ဘာတွေမှန်းမှ မသိတာ "စိမား..တွီ့ တွီ့" ဟီးဟီး..ဒါက follow စကားလေ..ဟုတ်လား..အော်..အေးပေါ့..
ဒါမျိုးနေမှာပေါ့ဗျာ...နောက်တော့ သူက အိပ်ပြ ပလပ်ပေါက်ထဲထိုးပြမှ နားလည်တာ သူ့ ယောက်ကျားကို
လျှပ်စစ်ဖျာ ကော်ဇောဆိုပါတော့ ထုတ်ပြီးသန့်ရှင်းရေးလုပ်ခိုင်းပါတယ်တဲ့ ဒါကို ဦးကြီးက ချော်တောငေါ့ပြီး
သွားပြစ်ခိုင်းတယ်ထင်လို့ အမှိုက်ပုံးထဲသွားပစ်တာတဲ့..အဲဒါဈေးကြီးတယ် သူ့ အမေကိုးရီးယားကနေဝယ်
ပြီးပို့ ပေးတာတဲ့..ပြောပြီးမျက်ရည်ကျပါတယ်....

သူတို့ တွေကအိမ်ပြောင်းရင်ပစ်တာဘဲ ဘယ်ခကပိုဈေးကြီးလို့ လေ
လာပြီလေ..ကောင်းခန်းကဒီမှာဗျို့ ...ဒန့် ဒန်း...ဒန်...ဓါတ်ရှင်ထဲကလို အရင်ကအကွက်ကိုပြန်ပြခါနီးတီး
လုံးလေးပေါ့...တညနေခင်းမှာ မယ်ငီးပေါ့ရှင် ကားဂိုဒေါင်(အော်..ဂိုဒေါင်က တလ ၇၅ $ နဲ့ ဌားရပါတယ်
မယူချင်လည်းရတယ်ကားထားတဲ့နေရာရှိပါတယ် ကျမတို့ ကနှင်းကျရင် မခြစ်ချင်လို့ ပါ) ထဲမှာ ပန်ကာ အသေးသွားယူပါတယ် အကင်တွေလုပ်ရင် မီးဖိုက ဝှီးဝှီးတခုနဲ့ လောက်ဘူးလေ..နံ့တယ် လေနဲ့ မြန်မြန် မူတ်ထုတ်ရတာပေါ့ အဲ့တလောက ငါးတွေတော်တော်စားဖြစ်တယ် တော်ကြာနေ အမိုက်သွားပစ်လိုက်
ဒီလိုကူးချည်သန်းချည်လုပ်နေတာလေ အဲဒီမှာ အထုတ်ကြီးတထုတ် အမိုက်ပုံးဘေးနားချထားတာတွေ့ မိ

တယ်..စပ်စုစိန်ဘဲဟာ ဘယ်နေလိမ့်မတုံး..အထုတ်ကလည်း အရှည်ကြီး ဖျာလိပ်အလတ်တလိတ်လောက်
ပေါ့ အိတ်စွပ်ထားသေးတာ ညနေခင်း ညီအကိုမသိတသိအချိန်ဘဲ ခပ်မှောင်မှောင်လေး..ဇာစ်ကိုဆွဲဖွင့် လိုက်သေးတာ..အထဲမှာအကွက်ကွက်လေး ပလပ်ပေါက်တွေတွေ့ တာနဲ့ ကျမတန်းသိလိုက်တယ်လေ..
(ဒါကလည်း အရင်ရန်ကုန်မှာနေတုံးက ကကြီးနိုင်ငံကို ကျောက်စိမ်းပြားလေးတွေ လက်ကောက်ဖေါက်ပြီး
အထဲကအဝိုင်းပြားလေးတွေပါ အဲဒါတွေကို export လုပ်ဖူးတယ် သူတို့ က ဒီလိုလျှပ်စစ်ဖျာနဲ့ ဖင်ထိုင်ခုံ
လေးတွေလုပ်တာလေ...ကျောက်စိမ်းကလျှပ်ကူးမြန်တော့ အပူပေးတာနဲ့ ပူလွှယ်တယ်) 


ဂလိုအတွေ့ အကြုံလေးကရှိထားတော့ ဟင်း...ဒီလောက်တန်ဖိုးရှိတဲ့ပစ္စည်းကိုလာပစ်ထားတယ်ယူချင်
လိုက်တာ.."မ"ကြည့်တော့လည်းမနိုင်ဘူး..လေးထှာ.. ဟိ..ဒါနဲ့ အခန်းပြေးပြီး ချစ်ချစ်ကို သွားခေါ်ရပါတယ်
ခဏလောက်ကူညီပေးပါနော်..အိမ်ထဲတန်းမသယ်သေးပါဘူး..ဂိုဒေါင်ထဲဘဲထားပြီး ကြည့်အုံးမယ်.
နောက်ကောင်းမှယူမယ်မကောင်းရင်ပြန်ပြစ်ပါ့မယ်..အပြင်မှာဒီပစ္စည်းကိုမမြင်ဖူးလို့ ပါ..စာအုပ်ထဲဘဲမြင်
ဖူးတာ..ဘာညာပေါ့..ချွဲရသေးတယ်..သူလည်းအလေးကြီးမပြီးဂိုဒေါင်ထဲထည့်ပေးခဲ့ပါတယ်..
နောက် Chicago ဖက်ခရီး ထွက်သွားပါတယ်..နောက်နေ့ ကျတော့ ကျဲ့ကျဲ့မမ..လာငိုပြတာဘဲလေ...
သူပြောတာသဘောပေါက်မှ သူ့ ကို "ပူရောက်ခူ့ ".မငိုနဲ့ ..(အဲ..ရုပ်ရှင်ထဲကလိုပြောကြည့်တာဟုတ်သား...)
လက်ဆွဲပြီး ဂိုဒေါင်တံခါးကိုလှပ်ပြတယ် သူနားမလည်သေးဘူး..ဒါနဲ့ လက်ဟန်ခြေဟန် စကားများစွာပြောမှ
သဘောပေါက်တယ်.ဒါပေမဲ့ ပြန်မယူဘူး..လုပ်နေလို့ မနဲတောင်းပန်ပြီးပြန်ပေးလိုက်ရတယ်လေ..0_0
တောက်ကွာ အထဲ ကိုတောင်မဖွင့်ကြည့်လိုက်ရဘူး...ဟီးရှက်ထှာ..အမှိုက်တခါလေကောက်ခါမှ... :P

 
တွေ့ လားအမိုက်ပုံးနဲ့ ဂိုဒေါင်နီးနီးလေး.ဝေး..ဟေးဟေး
အဟဲ.နောက်တော့ ကင်မ်ချီ ဘာညာဘာညာ တွေလာပေး..၂ယောက်အတူထမင်းသွားစားနဲ့ .တူနယ်ဂျင်း
တွေလေ...ခုလည်းကျမ ၅ ပတ်လောက်ရှိပြီ အိမ်မှာမနေရဘူး.ကျားကျားနောက်လိုက်သွားလို့ ..ခုတော့ဖျား
နေလို့ မလိုက်ဘဲနေတာ ဒီနေ့ တံခါးကိုအတင်းလာခေါက်တော့ ကျဲ့ကျဲ့ကြီး..ဟား..မီးမီး..ဘယ်သွားနေလဲ
မတွေ့ တာကြာပြီ အတင်းဘဲလာဖက် ပြောဆိုနေတယ်..အော်..သံယောဇဉ်တွေ..မနက်ဖန်တရုတ်နှစ်ကူး
လေတဲ့..အင်း..စားရတော့မှာပေါ့နော်..အော်..ဒါနဲ့ ကျမဖုံးနံပါတ်တောင်းပြီးယူသွားကြတယ်..
သူတို့ နဲ့ ဘယ်လိုဖုံးပြောပြီးနားလည်ကြရမှာလဲ..ခက်ပြီ...


ဟော..နောက်တယောက်ထပ်တွေ့ ပြန်တယ်..ဒါကတော့ မြန်မာနိုင်ငံကပါ သူ့ အသက် ၅ဝကျော်မှာ နှစ်
ပေါင်း၎ဝကျော်က တိုင်းခြားမှာ လူမျိုးခြားတွေကြားထဲနေရတာ သူပြောတဲ့မြန်မာစကားနဲ့ ရှမ်းမ ကျမပြောတာတော့ အတော့်ကိုဟုတ်နေတာဘဲ..ဘာတွေပြောလို့ ဘာနေမှန်းတောင်မသိတော့ဘူး..

ဟီး..ကျမမှာ ဒီလို အိုးနင်းခွက်နင်း သူငယ်ချင်းတွေ အများကြီးရှိတယ်နော်..

အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
မီးမီး

ကနေဒီအာကာသစခန်းတောင်ဇာတ်မသိမ်းရသေးပါဘူး...ဘဲဒီးဆော်ဒီး :)))

14 comments:

  1. တကယ် ကပေါက်တိကပေါက်ခြာတွေပါလားနော်။ ဟမ်းဂုကော လို့ပြောတာဖြစ်မယ် အစ်မ။ ဟမ်းဂုက ကိုရီးယားလို သူတို့ဘာသာခေါ်တာ။

    ReplyDelete
    Replies
    1. သိပါဘူး..လူမတွေ့လိုက်လေနဲ့၊
      တွေ့ရင် ကျုံးကျုံးချန်းချန်းတွေနဲ့..
      ဘာမှန်းမသိ..
      နဲ့..နဲ့..လို့အသံထွက်လည်းရှိသေး..
      :)))

      Delete
  2. ကိုရီးယား တွေ ကြားမှာ နေ ကြည့် ချင် လာ ပြီ။ lol

    ReplyDelete
    Replies
    1. မြောင်းမြောင်တို့နေရာလာနေလေ..
      ဟီး...

      Delete
  3. သူတို့ က အိုးနင်းခွက်နင်းသူငယ်ချင်းဆိုရင် တို့ များက ဗရုတ်သုတ်ခ သူငယ်ချင်းတွေပေါ့နော်...း) မြောင်းမြောင်တဲ့ ကိုရီးယားနာမည်လေးက လှလိုက်တာ...အမှိုက်တခါလေး ကောက်မိပါတယ်...သူများကို အမျာကြီး ကူညီမိသွားတာပေါ့...နောက်ဆုံးပုံလေးက ချစ်စရာလေး..း)

    ReplyDelete
    Replies
    1. အဲ့လိုဟုတ်ရပေါင်ဗျာ.. :)))
      တကဲ့ အိုးနင်းခွက်နင်း..
      ခုလည်းမြောင်းမြောင်ကို..စပါး..ဆိုတာခေါ်သွားမယ်တဲ့
      စပါးဆိုလို့..ကိုယ်တို့တောသားမြောင်းမြောင်တော့..
      စပါးကြီးမြွေ၊စပါးခင်းလောက်ဘဲသိတာ..
      ဟွာဟုံဟီးနဲ့ဆီညော်ရေးကျဲ့ကျဲ့တို့ပြောတဲ့စပါးက၊
      တမျိုးတော့..တနေကုန်နေရတဲ့ ဆီတွေဖယောင်းတွေနဲ့
      အသုတ်ခံရတဲ့နေရာဆိုလား..
      ပိုက်ဆံတွေအများကြီးပေးရတာတဲ့..
      အကြောက်အကန်ငြင်းထားအုံးမှ...
      :((((

      Delete
  4. ကိုယ်တော့အေးရှန်းသဘောကောင်းတဲ့သူတွေကိုချစ်တယ်။
    ယဉ်ကျေးမှုနီးစပ်တော့နားလည်သလိုဘဲ။
    တစ်ကိုယ်ကောင်းဆန်ပြီးစကားရိုင်းရိုင်းပြောရင်တော့ဘာလူမျိုးဖြစ်ဖြစ်လုံးဝမပတ်သက်ချင်ဘူး။
    ကြည့်ရတာမီးမီးသူငယ်ချင်းတွေကမီးမီးကိုသံယောစဉ်ရှိပုံဘဲ။
    အမျိုးသားကအမြဲမရှိတတ်တော့အဲလိုခင်တတ်တဲ့အိမ်နီးချင်းရတာကောင်းပါတယ်။
    ကိုင်းကျွန်းမှီကျွန်းကိုင်းမှီပေါ့နော့်။
    အိုင်အိုရာ

    ReplyDelete
    Replies
    1. မအိုင်အိုရာ..
      ကျမလည်းရောက်တဲ့နေရာကလူတွေနဲ့
      ဒီလိုဘဲပေါင်းသင်းရတာပါဘဲ..
      ဖြစ်ချင်တော့အခုနေတဲ့နေရာမှာ၊
      ကိုယ်တို့ဌာနရွှေပြည်ကြီးကလူလည်းရှိတယ်။
      သိခါစကတော့အရမ်းစိတ်လူပ်ရှားတာဘဲ၊
      အားပါးတရသွားပြောမေးမြန်းတာပေါ့။
      ဒါပေမဲ့သိပ်ဟက်ဟက်ပက်ပက်မရှိလှဘူး။
      ဒါနဲ့စိတ်လျှော့လိုက်ပါတယ်၊
      ခင်ရာဆွေမျိုးဆိုတဲ့စကား..
      အတိုင်းပေါ့..ခုလည်း..နေတတ်သွားပါပြီလေ...
      သူတို့တွေကတကယ်ချစ်စရာကောင်းတယ်...

      Delete
  5. Ma Mee Nage !!
    You are not Fair. How are you?
    Khine

    ReplyDelete
    Replies
    1. Hi Ma Khine..
      Anyway you are the best of my friend..
      OK...now I am fair right :)))
      I will never forget you my dearest 0_0
      I was sick for a week :((((

      Delete
  6. ပျော်စရာကြီးနော် အန်တီမီးမီး

    ReplyDelete
    Replies
    1. ပျော်စရာကြီးဘဲတွေးနေတော့..
      ပျော်စရာတွေဘဲတွေ့နေရတတ်တယ်ဟာ...
      :))))

      Delete
  7. စာ အရေးအသားကလည်း ကောင်း စကားပြောဖော် မက် တဲ့ အိမ်နီးနားချင်း အကြောင်းကလည်း စိတ်ဝင်စားစရာ ကောင်းနေတော့ စိတ်ညစ်စရာလို့ မ မြင်မိဘူး..
    Happy Lunar New Year!! =)
    -m

    ReplyDelete
    Replies
    1. Happy Lunar New Year to you(m) too...
      အန်ပေါင်းပေးပါရှင့်... ^_^
      မကြာမကြာလာလည်နော့်.. :))))

      Delete