Thursday, January 16, 2014

ကနေဒီအာကာသစခန်း..

မင်္ဂလာပါရှင်~~~
Kennedy Space Center ဆိုတာ ဒီယူအက်စ်ကနေ အာကာသပေါ်လွှတ်တင်သမျှ ဂြိုလ်တုဒုံးပျံလေယာဉ်
အားလုံး ဒီစခန်းကနေစရတာချည်းဘဲပေါ့..။ ကျမအတွက်တော့ အန်မတန်မှ စိတ်ဝင်စားစရာကောင်း လှပါတယ်။ သွားဖို့ ကို သေသေချာချာကြည့်လိုက်တော့ ညနေမှာ ဒုံးပျံတစင်းတင်မဲ့အစီအစဉ်ပါရှိတယ်တဲ့။

ဟော..ဒါဆိုဓါတ်ရှင်တွေထဲမှာလို ခေါင်းတွေမော့ မျက်မှန်မဲကြီးတွေတပ်ပြီး ဒုံးပျံကြီးမီးတဟုန်းဟုန်းနဲ့ ရူးက
နဲ ကောင်းကင်ပေါ်တက်သွားတာ အရှင်လတ်လတ်မြင်ဖူးရတော့မယ်ဆိုပြီး ကြိတ်ပျော်နေခဲ့တာပေါ့။

စခန်းအဝင်ဝလည်း ရိုးရိုးရှင်းရှင်းလေးပါဘဲ။ ဒီစခန်းမှာ စဦးဆုံးလွတ်တင်ခဲ့တာကတော့ ၁၉၆၈ ဒီဇင်ဘာလ
ကတည်းကပါဘဲ။တည်နေရာကတော့ Merritt Island, Florida, ရဲ့ မြောက်ဖက်၊အနောက်မြောက် Cape Canaveral ရဲ့ အလယ်လောက်မှာ Atlantic Ocean နဲ့  ကပ်ရပ်ဖက်မှာပေါ့။ အရှည်က34 miles (55 km) အကြမ်းအားဖြင့် 6 miles (10 km) ကျယ်ဝန်းပါတယ်။စတုရန်းမိုင်နဲ့ တွက်ရင်တော့ 219 square miles (570 km2)လောက်ကိုကျယ်တာပေါ့။အဲအကျယ်ကြီးထဲကို သူတို့ စီစဉ်ပေးတဲ့ကားနဲ့ ပတ်ကြည့်ခွင့်ရတယ်။

အဲဒီစခန်းမှာ2011 ခုနှစ်မှတ်တမ်းအရ အလုပ်သမားပေါင်း  13,100လောက်ကိုရှိတာတဲ့။ အဲ့ထဲမှာမှ
2,100 လောက်က အစိုးရရဲ့ အမြဲတမ်းခန့် အလုပ်သမားတွေဖြစ်ပြီး ကျန်တာတွေကတော့ အချိန်ပိုင်းနဲ့ 
အလုပ်လိုအပ်ချက်ပေါ်ရင်ပေါ်လာသလိုခန့် တဲ့ ယာယီအလုပ်သမားတွေ ခေါ်ရမလားဘဲ၊ ဒါတွေပေါ့။ ဒီမှာက ကန်ထရိုက်နဲ့ ခန့် ကြတာတွေများတယ်လေ..။ ဒီအလုပ်ရဲ့ ၃နှစ်ဆိုလည်း ၃နှစ် လိုအပ်သလို စာ ချုပ်နဲ့ ခန့် တာပါ။ တခြားခံစားခွင့်တွေမရတတ်လို့ သူကလစာတွေပိုကောင်း တတ်ပါတယ်။
ကဲပါလေ..မနက်စာစားသောက်ပြီး Tour ဝယ်ထားတဲ့နေရာက စီစဉ်ပေးတဲ့ကားလာခေါ်တော့ ကော့ကော့
လေးထိုင်ပြီးရောက်ခဲ့တာပေါ့ရှင်။ ကျမအဝင်ဝမှာ အိန္ဒိယကကျောင်းသားလူငယ် ၁၄ ၁၅ နှစ်ပတ်ဝန်းကျင်

လောက်ရှိတဲ့ လူငယ်လေးတသိုက် ကောင်မလေးတွေလည်းပါတယ် ကုတ်အင်္ကျီနဲ့ ကျောင်းတံဆိပ်နဲ့ ကျ ကျနနလေးတွေ ဝတ်စားလို့  ၇ ယောက်လောက်တွေ့ ခဲ့တယ်။ ကြည့်ရတာ စာတော်တဲ့ခလေးလူရည်ချွန်
တွေကိုလေ့လာရေးပို့ ပေးတာလားမသိဘူး။ အုပ်ချုပ်သူဆရာမတယောက်ပါတယ် ။ ဆရာမစကားပြောနေ ရင်မျက်တောင်တချက်မခပ်ဘူး..ဆိုတာမျိုးဘဲ စူးစူးစိုက်စိုက်နားထောင်ကြတယ် အားလုံးကျောပိုးအိတ်နဲ့ 
သူတို့ တက်ပလက်တွေကိုလည်းဆရာမကထုတ်ပါပြောမှ တညီတညွတ်ထဲ အိတ်ထဲကနေ ထုတ်ကြ တယ်။ အားလုံးမျက်မှန်ထူနဲ့ တကဲ့စာကြပိုးတွေနဲ့ တူတယ်။


ဒီလိုနေရာမျိုးကို မြန်မာခလေးတွေအားလုံး လာလေ့လာစေချင်တယ်။ ဒါမှတီထွင်ကြံဆမယ် ကြိုးစားမယ် ဆိုတဲ့စိတ်ဓါတ်တွေ အနဲနဲ့ အများတော့ရသွားကြ မှာပါဘဲ။ အားချားဟဲတွေ ကမ္ဘာမှာ နည်းပညာအပိုင်း ဘယ်လောက်အထိထိပ်တန်းရောက်သလဲဆိုတာ တကယ်ပြောပြ ချင်ပါတယ်။ကျမတို့ အိမ်နီးချင်းတရုတ် ကို ဘဲမြင်နေတာ တကယ်တန်း ဒီအိန္ဒိယတွေ ပညာရေးနဲ့ ပတ်သက်ပြီး လူငယ်ရောလူကြီးတွေပါ..
ကမ္ဘာမှာ လက်မထောင်နေကြတယ်။(ကိုယ်တို့ ဆီမှာတော့ ဘာတဲ့ ၁ဝတန်းမှာ ဘာသာစုံ အမှတ်ပြည့်ရ ဖို့ နဲ့ the whole Burma first ဆိုလား ဒီလိုရည်မှန်းချက်ဘဲ မိဘတွေကထားကြတယ် ဆရာတွေအများစု
ကလည်းဒီရေစီးကြောင်းထဲမှာဘဲမျောလိုက်နေကြတာဘဲ တွေ့ ခဲ့တယ်။ ကျမမိတ်ဆွေတွေ ပြန်တုံးတွေ့ ကြ
တာ သူတို့ ခလေးအကြောင်းပြောရင် သားကလေသမီးကလေ  ပုဂ္ဂလိကကျောင်းမှာတက်နေတာ နို့ မို့ 
ရင်လည်း၁ဝတန်းကို ဂုဏ်ထူး ၄ခု ပါတယ်။ အခုဆေးကျောင်းတက်နေတယ်။ သားကနိုင်ငံခြားထွက်
မလို့  ...ဒါတွေပါဘဲကျမတို့ ခေတ်ကတဲကမပြောင်းလဲတဲ့ ခေတ်လူငယ်ပုံစံခွက်ထဲက အကြောင်းအရာ
တွေဘဲထပ်တလဲလဲကြားခဲ့ရတယ် နိုင်ငံရေးတော့ သိပ်နားမလည်တော့ တိုးတက်ပြောင်းလဲဖို့ ဆိုတာက
ကိုယ်တို့ စာသင်နေတဲ့ ပုံစံ စာစစ်ပုံစံ ခံယူချက်တွေပြောင်းအောင်လုပ်ဖို့ အတော်ကြီးကို ခက်ခဲမယ်လို့ 
ထင်တာပါဘဲလေ...)


ကျမအရင်က Longisland NY မှာနေတော့ သူတို့ ကုန်စုံဆိုင်မှာ ဈေးဝယ်ဖြစ်တယ်။ ကားတွေမောင်းလာ ကြတာ BMW,Mercedes,Rolls royce,Cadillac တပြားမှမလျှော့ပါဘူး...ဂျပန်ကားစီးရင် ဒီမှာမျက်နှာငယ် တယ်ဆိုဘဲ..။ သူတို့ ကလုပ်ငန်းပိုင်ရှင်တွေ ကုန်စုံကြီးဆိုင်ပိုင်ရှင်တွေ ဆေးရုံဆေးခန်းတွေပိုင် ကုမ္မဏီက ဒါရိုက်တာကြီးတွေ ဆော့ဝဲကုမ္မဏီရှိတဲ့လူငယ်လေးတွေ ၄၆ လမ်းဖက်မှာရှိတဲ့ စိန်ပြခန်းတွေရတနာကုမ္မဏီ
တွေပိုင်ကြတာကိုး....သုံးနိုင်ပြီပေါ့...။ သူတို့ ဒီကိုထွက်လာတာလည်း သူလိုငါလိုတွေများကြပါတယ်။ ကြိုးစားတယ် စာတော်တယ် ကုပ်ခြစ်ပြီးသင်ယူလေ့လာကြတယ် တယောက်နဲ့ တယောက်လည်း ပြိုင်ကြ တယ်တဲ့ ကြိုးစားခြင်းပြိုင်တာပါ အဟဲ..(ကျမနဲ့ ခင်ခဲ့တဲ့ အာချားဟဲတွေ ဆီက သိရတာတွေပြန်ပြောပြတာ ပါ ) သူတို့ ကစည်းရုံးတယ် အချင်းချင်းကူညီပေးတယ် ဒါကကျမတို့ နဲ့ အများကြီးကွာခြားတယ်လို့ ပြောရင်
မယ်ငီးမလွန်ပါဘူးနော်...ကျမကိုယ်တွေ့ ပါ ရောက်လာရင် အကူအညီတောင်းမှာစိုးလို့  မခင်ရဲတာတွေ
မပြောပြချင်တာတွေရှိတယ် ...အဲ...အာကာသစခန်းကနေ..ဘယ်ရောက်သွားပြီကြောင်း...!!!! ^_^

ကဲ..စခန်းထဲဝင်ကြစို့ ....အရှေ့ မှာရပ်ပြီး ဒီထိုးထိုးထောင်ထောင်ကြီးအားလုံးပါအောင် ရိုက်ယူရတာ လူလည်း ပိန်ရှည်ရှည်ဖြစ်သွားတယ်..(တကယ်လည်းရှည်ချင်ပါတယ်..အရပ်ပြောတာပါ..တကယ်တမ်း ရှည်နေတာက "လျှာ" လေ..အဟိ)
ကျမတို့ Tour ကစပယ်ရှယ်စီစဉ်ပေးတာတဲ့ တကဲ့အာကာသယာဉ်မူးဟောင်းတဦးက အခန်းတခုထဲမှာ
နူတ်ခွန်းဆက်ကြိုဆိုပါတယ်။ သူ့ အတွေ့ အကြုံနဲနဲနဲ့ ဒီစခန်းအကြောင်းပြောပြပါတယ်။

ကိုဖိုးမောင်ကြီး ဘယ်လောက်ကြီးသလဲဆို အောက်ခြေကထောင်ထားတဲ့အခြေတောင် ကျမအရပ် ထက်မြင့်ပါတယ်လေ.. :)))
Thanks you very much အခါပေါင်းမြောက်မြားစွာနဲ့ အာကာသမူးကိုနူတ်ဆက်ပြီး အဆောက်အဦ
အကြီးထဲဝင်ခဲ့ကြပါတယ် Space Shuttle ကျမတို့ အခေါ်လွန်းပျံယာဉ်အကြောင်း ရုပ်ရှင်တိုလေးပါ

မြင်ရတဲ့အခန်းရှေ့ မှာခဏစောင့်နေရပြီး အထဲဝင်ခဲ့ရပါတယ်..။အထဲမှာတော့ထိုင်စရာမရှိပါ
မတ်တပ်ရပ်ပြီးကြည့်ဖို့ ရာလည်းအဆင်မပြေဘူး..အောက်ကြမ်းပြင်မှာဖင်ထိုင်ချလိုက်မှဘဲ အားလုံး
ဂွတ်နဲ့ ကွတ်တိဖြစ်သွားတာဘဲ...

ခလေးတွေလူငယ်လေးတွေများပါတယ်။ ကြည့်ရတဲ့ပိတ်ကားချပ်ကိုတခုသဘောကျခဲ့တာက ၃၆ဝ ဒီဂရီပါ
ဘဲ ပတ်ပတ်လည်ရော ခေါင်းပေါ်ပါလှန်ကြည့်ယူရတယ်..

ရုပ်ရှင်က ပထမဦးဆုံးအာကာသပေါ်ရှရှားတွေအရင်ဆုံးရောက်တော့ အမေရိက က တအားဘဲမခံချင် တာနဲ့ သူတို့ သမ္မတရောဖိအားတွေပေးပြီး လေ့လာတီထွင်ကြတဲ့အကြောင်းဆိုပါတော့..( က်ျကားမယ်ငီး
အတိုချုပ်လိုက်သောစကားများဖြစ်ပါသည် အရှည်ရေးရင်တော့ ၂ထောင်နဲ့ ၂ညလည်းကုန်နိုင်မည်မထင် )

အရင်ကဒုံးကျဉ်တွေလွှတ်ရင်ဘေးက လေယာဉ်ဆီဖြည့်ထားတဲ့ ယာဉ်ရော ပင်မယာဉ်ရော ၂ခုလုံးပြန် သုံးလို့ မရတတ်ဘူးတဲ့ နောက်တော့ ကြိုးစားရင်းနဲ့ ၂ခုလုံးပြန်သုံးလို့ ရတဲ့အကြောင်းနဲ့ တခါတက်ခါစ
မှာဘဲပေါက်ကွဲသွားတဲ့ ယာဉ်အကြောင်းကြားဖူးမှာပါ။ ၁၉၈၆ Space Shuttle Challenger တက်ပြီး ၇၃
စက္ကန့် မှာဘဲ တကမ္ဘာလုံးဝိုင်းကြည့်နေတဲ့အခိုက်မှာဘဲပေါက်ကွဲပျက်စီးသွားပါတယ်။ ဒါကလည်း သူတို့ တွေရေးကြပြောကြတဲ့အဆိုအရဆိုရင် အထက်က လူကြီးမင်းများက အတင်းလောပါတယ် ဟိုရှရှား
ကတခုပြီးတခုလွှင့်တင်နေတာ သူတို့ ဆီက နောက်ကျလိုက် ဟိုဟာဖြစ်လိုက်နဲ့ မပြီးနိုင်ဘူးတဲ့။ အဲဒါ အထက်လူကြီးရဲ့ အထက်က မဟာ့မဟာလူကြီးက ရေဗူးပေါက်တာမလိုချင်ဘူး ရေပါတာပေးပါဆိုတာနဲ့ 
ကဲဟာ..ဆိုပြီးလွတ်လိုက်တာ ...ဝုန်းဒိုင်းဆိုပြီး အာကာသမူး ၇ယောက်သေပါရော့လား...
(အော်...လူကြီး..လူကြီး..ပြောချင်ရာပြောဘဲ... @_@ )
( အဲဒါအကြောင်းတွေရောဘဲ ပြပါတယ်..ပေါက်တဲ့အချိန်ရော ယာဉ်ကြီးကိုစက်နိုးရင် ထိုင်နေတဲ့ကြမ်း
တောင် သိမ့်ကနဲတုန်အောင်လုပ်ပေးတာ တအားကြည့်လို့ ကောင်းတယ် ပါးစပ်လေးဟောင်းလောင်း နဲ့ ပေါ့ရှင်..)
ပြနေရင်းနဲ့ ခုတော့ ဘယ်လိုအောင်မြင်လာတယ်ပေါ့.. ဆိုပြီး အာကာသယာဉ်ကြီးပျံနေတာ နောက်ပိတ်
ကားကအပေါ်တက်သွားတော့ တကယ့်အာကာသယာဉ်က ရှေ့ တည့်တည့်မှာ အဲဒီပုံစံအတိုင်း တန်းလန်းကြီး..ခလေးရောလူကြီးရော..ဟေး..ဟား..ဆိုပြီးအော်လိုက်တာ..ကျမတောင်တကယ်ဘဲ အရမ်း
အံသြသွားတယ်..တကယ်ကောင်းတဲ့အစီအစဉ်ပါဆို....အားပါးတရထပြီးပြေးဝင်သွားကြည့်ကြတာပေါ့ရှင်.

တွေ့ လား...အရှေ့ မှာ အာကာသယာဉ်ကြီး...
မြင်ရတာတွေတော့ တကယ်ဘဲ တီထွင်တဲ့သူတွေကိုချီးကျုးပါတယ်...နဲတာကြီးမဟုတ်ဘူး...
ကြုံတုံးလေးမောင်းကြည့်တာပါ...ဟီး...
သူ့ အင်ဂျင်ကြီး ပိသာချိန်နဲ့ ရောင်းစားရရင်တော့ကိုက်မယ်...
 တစီးလုံးခြုံရိုက်တော့သိပ်မကြီးသလိုပါဘဲ...
 စာဖတ်လိုက် ပုံကြည့်လိုက် ဓါတ်ပုံရိုက်လိုက်...အံသြလိုက်နဲ့ ပေါ့..

အဝမှာဖိနပ်ချွတ်ပြီးလေးဖက်ထောက်တွားသွားကြတယ်..အကာသပေါ်မှာဒီလိုဘဲနေရတယ်တဲ့..
ကိုယ်တို့ လည်းဝင်စမ်းခဲ့တာပေါ့..ဒူးနာလိုက်တာဗျာ.. ^_^
ဒီဓါတ်ပုံထဲမြင်ရတဲ့ ပိုက်လုံးကြည်ကြည်ထဲဝင်ခဲ့တာလေ...

လွန်းပျံပေါ်တက်မဲ့ အာကာသလေယာဉ်မူးတွေစီးကြတဲ့ ဘတ်စ်ကား ...

ကြည့်စရာတွေများတယ်..လေ့လာစရာတွေ အတုယူအံသြစရာတွေတလှေကြီးပေါ့..အဓိက ကတော့
တကယ်လုပ်မယ်ဆိုရင် တကယ်ဖြစ်တယ်တဲ့....
တကယ်ရေးတော့ တပိုင်းထဲရတော့ဘူးပေါ့နော်...ကဲ...နောက်ဆက်ရန်လေးထားလိုက်အုံးမယ်နော်..

အားလုံးဘဲရွှင်လန်းချမ်းမြေ့ ကြပါစေရှင်~~~
မီးမီး

10 comments:

  1. OMG!!
    So Amazing Ma Mee Nage.
    Khine

    ReplyDelete
    Replies
    1. You should go there with your son.
      I am sure he will love there very much.
      :)
      miss you..Ma Khine...

      Delete
  2. i always read ur post

    ReplyDelete
  3. ကောင်းလိုက်တဲ့ post.

    အချားဟဲ တွေကတော့ တကယ့်ကို နမူနာ ယူစရာပါပဲ။ တော်တဲ့လူက တကယ့်ကိုတော်တယ်။ မတော်တဲ့လူ တွေကိုကျတော့ တော်တဲ့လူက အချင်းချင်း ကူညီ ကြတယ်။ phone interview ခိုးဖြေပေးတာ က အစ ပေါ့။ lol . IT field ထဲ မှာ လည်း သူတို့ပဲ။ Deli field ထဲ မှာ လည်း သူတို့ပဲ။ Hotel business ထဲ မှာ လည်း သူတို့ပဲ။ ရွှေဆိုင် လည်း သူတို့ပဲ။ ဟူး....

    ReplyDelete
    Replies
    1. ဟုတ်ပါ့...ကိုထွန်းဝင်းရေ့ ..
      ဥရောပမှာရောဘဲ..ကျားကျားတို့ ကုမ္မဏီမှာ..
      ဒါရိုက်တာအဆင့်ကို သူတို့ လူမျိုးဘဲရှိတာ ..
      ကျန်တာ ဂျာမာန်တွေချည့်ဘဲ..
      ဘွဲ့ တွေလည်းA to Z ပါဘဲ..
      တက်ခဲ့တဲ့ကျောင်းလည်း ထိပ်တန်းဘဲ..
      လူငယ်မဟုတ်ဘူး ၆ဝ ကျော်လို့ ၇ဝ နီးနေပြီ..
      ဆိုလိုချင်တာက ခုမှတက်လာတာဟုတ်ဖူးလေ..
      ဟိုးကတဲက ကြိုးစားလာခဲ့တာကိုပြောတာ..
      အီးစံကွားတွေက ထမင်းဆိုင် take away မှာဘဲများတာ
      အောက်ခြေအလုပ်တွေမှာများတယ်
      ထိပ်ပိုင်းမှာသူတို့ လူဦးရေနဲ့ အချိုးအစားတွက်ရင်
      နဲလွန်းတယ်..ခံယူချက်တွေ နှလုံးသားတွေ ကွာခြားကြတယ်လို့ 
      မြင်တယ်ဟယ်...
      ကိုယ်တို့ အတုယူသင့်တယ်
      သင်ခန်းစာယူသင့်တယ်လို့ ထင်မိတာပါ..

      Delete
  4. သွားလည်ချင်တာ အဲဒီကို..အာကာသကို စိတ်ဝင်စားတယ်လေ...ဗဟုသုတလည်းရ ရယ်လည်းရယ်ရ...လျှာရှည်တာတော့ ကိုယ်တွေ့ ..း)

    ReplyDelete
    Replies
    1. သွားလည်ပါတော်..
      တော့်သူငယ်ချင်းတွေနဲ့ ပိုပျော်မှာ..
      အီကိုယ်တို့ လျှာရှည်ခြင်းအကျိုးကြောင့်၊
      ခုလောလောဆယ် ချဉ်ပေါင်ခြံရှိတဲ့
      လူတယောက်နဲ့ ခင်မိနေပြီလေ၊
      ဒီမှာထီပေါက်တဲ့အတိုင်းပါ့ :P

      Delete
  5. မိုက်စ်တယ် အန်တီမီးမီးရေ..တခေါက်တော့ ရောက်အောင်သွားလည်အုံးမယ်

    ReplyDelete
  6. တကယ်ရောက်အောင်သွား..
    ယောက်ကျားလေးတွေဆိုပိုကြိုက်မှာ..
    :))))

    ReplyDelete