Wednesday, January 8, 2014

မီယာမီကမ်းခြေတလျှောက်..

မင်္ဂလာပါရှင်~~
ဒီတခါတော့ သင်္ဘောစီးပါပြီ..အပေါ်က သင်္ဘောကြီးလို့ ထင်နဲ့ နော်...အဟဲ.. :))))
မယ်ငီးသဘောင်္စီးတဲ့အကြောင်းပြောမယ်ဆိုတော့၊ ဒီသဘောင်္ကြီးများလားလို့ ထင်ယောင်သွားမိရင်
တော့ ကျေးဇူးအရမ်းတင်ပါတယ်။ အရမ်းကြီးစီးဖူးချင်တာပေါ့ရှင်။ လုံးဝမဟုတ်ရပါဘူးလို့ ။ သေဘာၤႀကီးနဲ ့
ခရီးထွက်ရအောင်ဆွယ်လည်း အိမ်ကကျေးဇူးရှင် တုတ်တုတ်မှမလုပ်ဘူး( သူရေမကူးတတ်လို့ တဲ့..ကဲ)

 
 ဒီသင်္ဘောထက်တော့နဲနဲကြီးသား...
ထုံးစံ..တန်းစီ၊သဘောင်္ပေါ်တက်တော့ အပေါ်ဘဲနေရာယူရမလို အောက်မှာဘဲထိုင်ရမလိုနဲ့ ..နောက်ဆုံး
အပေါ်ထပ်မှာနေရာယူလိုက်ပါတယ်။

သဘောင်္ထွက်တော့ အနောက်ဖက်က Bayside ဈေးတန်းကိုပြန်ကြည့်ရင် ဒီလိုမြင်ရတယ်။ ပတ္တရောင်ရဲ
တွေလည်း အပြည့်ဘဲ။

 မော်တော်ဘုတ်လေးတွေတန်းစီနေတာဘဲ.အဲဒါမျိုးဌားစီးရင်လည်းရတယ်..။
 ရာသီဥတုလည်းကောင်း..အရမ်းကြီးသာယာတာပါဘဲ..
မော်တော်အကြီးအသေးစုံနေတာဘဲ၊ တချို့ ဟာတွေဆို အင်္ဂလန်တို့ တခြားပင်လယ်ရပ်ခြားက
နေမောင်း လာကြတယ်။

ပါတီတွေပေးဖို့ တညဌားရင်လည်းရတယ်..တဲ့
အထဲမှာ  လှမ်းမြင်ရတာက မီးဖိုချောင်တွေကော အိပ်ခန်းတွေကောဘဲ..
 သူဋ္ဌေးတွေများတဲ့နေရာဆိုတော့ ကိုယ်ပိုင်မော်တော်တွေလည်းများလိုက်တာ...
 ထိုးထိုးထောင်ထောင်မိုးပျံတိုက်တွေနဲ့ မီယာမီ...
 ဒီဟော်တယ်ကနံမည်ကြီးတဲ့..ဘုရင်တွေ နိုင်ငံခေါင်းဆောင်တွေလာတည်းခိုကြတာလို့ ပြောတယ်။
လေကတဖြူးဖြူး..ဆံပင်ကတလွင့်လွင့်..တကယ်ငြိမ့်တာဘဲ..ဂိုက်မမလေးက ပြောပြရှာတယ်..ထုံးစံပေါ့ရှင် သူတို့ စပိန်စကားနဲ့ အရင်ရှင်းပြပါတယ် ပြီးမှ English လိုထပ်ရှင်းပြတာ..။
ရှေ့ ကမြင်ရတဲ့ကျွန်းလေးကို ပင်မကုန်းပေါ်ကနေတိုက်ရိုက်ကားလမ်းမပေါက်ဘူးတဲ့။ တကဲ့သူဋ္ဌေးသူကြွယ်
တွေနေတာ မော်တော် လေယာဉ်ပျံတွေနဲ့ ဘဲသွားလာရတာတဲ့။ ကျွန်းပေါ်မှာ ဂေါက်ကွင်း ဈေးဆိုင် ဘာ ညာဘာညာတွေတွေ အစုံရှိတယ်လေ..။ Fisher Island လို့ ခေါ်ပြီး Condos ဈေးက အနိမ့်ဆုံး ဒေါ်လာ ၁ သန်းကနေစပါတယ်တဲ့..။ ကျွန်းရဲ့ မူရင်းပိုင်ရှင်က လူမည်းသူဋ္ဌေးတယောက်ဖြစ်ပါတယ်။ အဲဒီမှာ ကိုယ်ပိုင်
စာသင်ကျောင်း တခုလည်းရှိတယ်။

ဟိုး..အရင်ပို့ စ်တွေမှာရေးခဲ့ဖူးပါတယ်။ ဒီမီယာမီမြို့ မှာ ပင်လယ်ကူးဇိမ်ခံသင်္ဘောကြီးတွေရဲ့ ပင်မကုမ္မဏီ
ရုံးခန်းတွေအများကြီးရှိတယ်ဆိုတဲ့အတိုင်းဘဲ ။
ပင်လယ်ကူးသဘောင်္ကြီးတွေကို ၅စင်းလောက်တွေ့  ခဲ့တယ်..။ဘေးကနေ တူတူ ဆိုပြီးသဘောင်္ကြီးတစင်းဖြတ်သွားတယ်။ ပထမဦးဆုံးနယ်သာလန်မှာ စတွေ့ တော့ အရမ်းသဘောကျတာဘဲ တောင်ပေါ်သူတယောက်အတွက်တော့ သဘောင်္နဲ့ ပင်လယ်ဟာ တစိမ်းဆန်နေပါသေး တယ်လေ..။
 နောက်ကနေတစင်းလုံး ခြုံငုံရိုက်ယူတာ...။
 အနီးကပ်ရိုက်တာ.သူတို့ တွေကိုကြည့်ရတာ .ပျော်စရာကြီး ..
 နောက်မော်တော်ဆိပ်ကမ်းတခု...
မော်တော်ကြီးငယ်တွေပြေးလွှားနေ ပြည့်နေတာပါဘဲ ..
 ဒီလိုကွန်တိုတိုက်ခန်းတွေမှာတော့နေချင်သားဘဲ..တကဲ့လေကောင်းလေသန့် ရမှာသေချာတယ်..။
ဘဘောင်္ရှေ့ နောက်ဘေးဝဲယာတလျှောက် ကြည့်စရာတွေများလွန်းလို့ ..ဂိုက်မမရှင်းပြတာတွေလိုက်
နားမထောင်အားပါဘူး.. သူပြောချင်ရာပြောပေါ့..ကိုယ်ငေးချင်ရာငေးမယ် ကြည့်တယ် ဓါတ်ပုံရိုက်ခဲ့
တယ် တကယ့်ကောင်းခန်းရောက်မှ ကင်မရာ ၂လုံးစလုံး ဘက်ထရီဒေါင်းသွားပါတယ်။ Note book

လေးကလည်း ဒေါင်း..ဟီး..ဖုံးစုတ်နဲ့ ဇွဲမလျှော့တန်းနဲနဲရိုက်ခဲ့သေးတယ်..
 ဒီကျွန်းပေါ်က အိမ်ပိုင်ရှင်တွေဟာ နံမည်ကျော်ကြားချမ်းသာကြပြီး သူတို့ ရဲ့ နွေရာသီစံအိမ်တွေဟာ
 ဈေးလည်းအရမ်းကြီးပါတယ်..။ Creek Island လို့ ခေါ်ပါတယ်။

ကဲ..နောက်တော့ ဒီမီယာမီကမ်းခြေတလျောက်က နံမည်ကြီးသူဋ္ဌေးတွေရဲ့ နွေရာသီစံအိမ်တွေကို လိုက်ပြ
မယ်လေ..

အိမ်ပိုင်ရှင်တွေကိုလည်းနံမည်ပြောပြတယ်..ဒါက ဖေ့ဘုတ် founder တွေထဲကမိန်းကလေးတယောက်ရဲ့ 
အိမ်လို့ ကြားမိတာဘဲ... တခြားလူတွေတော့ မော်ဒယ်မယ်၊အဆိုတော်၊အားကစားသမား၊..အများကြီးဘဲ..
 
နောက်ထပ်အများကြီးရှိပါသေးတယ်..ပြဖို့ ရာကဓါတ်ပုံမရှိတော့ဘူးလေ ။ ဖုံးစုတ်လေးနဲ့ ဆိုတော့ ဖီလင်မရှိ လို့ ထိုင်ရာမထရိုက်ပါတယ်..။အဟိ(ကံကောင်းသွားတာပေါ့နာ်)
ဘာဖြစ်လို့ များဈေးကြီးရတာလဲလို့ မေးခွန်းထုတ်တဲ့မယ်ငီးအဖြေတခုတော့ ဂူဂဲတန်ခိုးနဲ့ တွေ့ သွားပြီ...
နေဝင်ချိန်ဆိုရင် သူတို့ အိမ်ထဲကနေ အပြင်မျှော်ကြည့်လိုက်ရင်..ဒီလို သာယာလှပနေမှတော့...ရှင်..
ပြောစရာမလိုတော့ပါဘူးလေ..။
ဒီအိမ်ကတော့ နံမည်အကြီးဆုံးအိမ်လို့ ပြောလို့ လည်းရပါတယ်...အိမ်ရှေ့ မှာရှိတဲ့အုန်းပင်ထန်းပင်..ဘယ်
လိုခေါ်ရမလဲ..အဲဒါကိုတခြားတိုင်းပြည်ကနေဝယ်လာတာ တပင်ကို ၃ဝ,ဝဝဝ ပေးရတယ် အပင်ပေါင်း
၎ဝကျော်ရှိတယ်ဆိုလားဘဲ..ပိုင်ရှင်ကတော့ ဒေါက်တာနဲ့ တပ်ခေါ်တာဘဲ ဆေးဝါးထုတ်လုပ်တယ်ဆိုပါတယ်
အဲ..သူတီထွင်ထုတ်လုပ်တဲ့ဆေးကတော့ ကမ္ဘာကျော် ice လို့ ခေါ်ပါသတဲ့ :P သူ့ အိမ်က သန်း ၆ဝ ကျော်
ပါတယ်..။
(စကားမစပ် ice ဆိုတာ မူးယစ်ဆေးဝါးတခုပါ မိတ်ဆွေတယောက်ရှင်းပြလို့ မနေ့ တနေ့ ကမှကြား
ဖူးတာပါ မိတ်ဆွေကြီး တော်ပါပေတယ်..ကျုပ်ခပ်တုံးတုံးလေးကို အများကြီးပြောပြသွားပါတယ်)
နောက်ဈေးကြီးတဲ့အိမ်တွေက ပုံမှာတွေ့ ရတဲ့အတိုင်း ကျွန်းသေးသေးလေး ၄ ခုထဲက အိမ်တွေပါ...
ဒါကအမေရိကားမှာရှိတဲ့ အပန်းဖြေလို့ လည်းကောင်းတဲ့အိမ်တွေဈေးကြီးတာမဆန်းပါဘူး..တနေ့ က ကျမရန်ကုန်မှာ ရှိတဲ့အိမ်ခြံတွေကြော်ငြာတခုဖတ်မိတယ်...ဖရားဖရား..တကယ်ကို ဖျားသွားပါတယ်...
သိန်းထောင်ချီတယ်ဆိုတာ ဘာဟုတ်လို့ လည်း..သိန်း သောင်းချီတာကြီးပါလား...ဒီကဝင်ငွေနဲ့ စားစရိတ်
တွက်ကြည့်ရင် ရန်ကုန်အိမ်ဈေးကွက်က တာဝတိမ်သာထိပ်ဖျား သိကြားမင်းဖင်တက်ဆောင့်နေပါပြီ..


တော်ပြီ..ကျုပ်တောဘဲပြန်တော့မယ်..အရမ်းအေးခဲနေတဲ့ အခါမှာ ဒီလိုသာသာယာယာရာသီအကြောင်း
လေးရေးရတာကိုဘဲ..ရင်ထဲနွေးသွားပါတယ်ရှင်...


တကယ်ဆို ကျမတို့ Tour ကမပြီးသေးပါဘူး။ ကားပေါ်ပြန်တက်ပြီး နောက်ကမ်းခြေတခုထပ်သွားပါသေး
တယ်။ မိုးကအသည်းအသန်ရွာတယ် ။ ညမှောင်နေပြီ လေကလည်းတိုက်နဲ့ ကားပေါ်ကဆင်းတော့ ဘယ်
သွားရမှန်းလည်းမသိဘူး ဒါနဲ့ ချစ်ချစ်လက်ဆွဲပြီး ကျမကမ်းစပ်ကိုအတင်းပြေးတာ လူတွေကကမ်းစပ်ကနေ
အပေါ်ကိုပြေးလာတာ..ဟီး..ဒီကလည်းအကြံနဲ့ ..လူရှင်းတာနဲ့  ဘာရမလဲ အားပါးတရ ခင်သက်ထွေးလုပ်
လိုက်တာပေါ့..မီယာမီသဲသောင်ပြင်ရယ်... @_@


အားလုံးဘဲရွှင်လန်းချမ်းမြေ့ ကြပါစေရှင်~~~
မီးမီး
မီယာမီမြို့ သို့ တနေ့ တာ...
Airboat in Miami နဲ့ ဘေးမဲ့တောတိရစ္ဆာန်များလေ့လာရေး..

13 comments:

  1. ရောက်ဖူးသွားသလို ခံစားလိုက်ရတယ်၊ နွေရာသီစံအိမ်တွေက အပြင်ကကြည့်ရင်တော့ သိပ်မသိရဘူးပေါ့နော်၊ နေဖူးတဲ့ အတွေ့အကြုံရှိမှ ကောင်းမကောင်း၊ အရသာတွေကို သိနိုင်မယ်ထင်တယ်။ :)
    သဘောင်္ကြီးကတော့ အရမ်းကောင်းတယ်နော်။

    အပြုံးပန်း

    ReplyDelete
    Replies
    1. Reply ပြန်တာ
      ရေးတဲ့နေရာမှားသွားတယ်..
      :))))
      အိမ်ပြီးပြီလား...

      Delete
  2. အိမ်ထဲကအပြင်အဆင်တွေကို
    ဂူဂဲနဲ့ ကြည့်လိုက်တယ်
    သပ်ရပ်ခန်းနားနေတာပေါ့
    အဟီး..ဒါနဲ့ ဒီကထီပေါက်ခဲ့ရင်တော့
    နေဖူးသည်ရှိအောင် တလလောက်နေအုံးမှ.
    :))))

    ReplyDelete
  3. သင်္ဘောကြီးက မိုက်တယ်။ သွားစီး ကြည့်မှပဲ။

    ReplyDelete
    Replies
    1. သွားရင်လက်တို့ အုံး...
      :P

      Delete
  4. ကိုယ့်ချစ်ချစ်ကတော့အဲလိုသဘောင်္ကြီးနဲ့ အရမ်းအပျော်ထွက်ချင်တာ။
    အဲလိုကျွန်းတွေကိုအရင်ကတော့သိပ်သဘောကျပြီးနေချင်ခဲ့တာ။ ဆူနာမီတွေမြင်ရကြားရပြီးတော့ကြောက်သွားပြီးနေချင်စိတ်မရှိတော့ဘူး။ ကြောက်စရာကြီးလို့ ပဲမြင်နေတယ်။ မပိုင်တာကောင်းပါတယ်မီးမီးရယ်နော်။ အဟဲ..
    အဲလောက်ကြည်လင်နေရာကနေမိုးတွေရွာချတယ်နော်။ ...
    ခင်သက်ထွေးကတော့စံနမူနာပါဘဲတော်။း)
    အိုင်အိုရာ

    ReplyDelete
    Replies
    1. ဟား..အမရဲ့ ချစ်ချစ်စိတ်ကူးမိုက်စ်
      (ဟိ..ကိုယ့်နဲ့ တူလို့ )
      အဲ..ဆူနာမီတော့ ဟုတ်တယ်..
      သဘောင်္စီးလုံးပျောက်သွားတယ်လို့ ကြားတယ်..။
      ဟုတ်တယ်..နေရှင်းရှင်းပူနေပြီးမှ၊
      ညနေမိုးချုပ်မှာ ဝုန်းဒိုင်းကြဲပြီး
      လေလည်းပါလိုက်သေးတယ်
      အစီအစဉ်က ကမ်းခြေမှာ ဒင်းနား..ဆိုတာပေါ့..
      နောက်ဆုံးတော့ပြေးလွှားနေရတာဘဲ..
      ဒင်းကြီးကို စိတ်နာထှာ..ရွှေမိုးပေါ့...
      ဒီကလည်းအပြိုင်သွန်ခဲ့တယ်လေ..
      ဟီး..အမှတ်တရ..ဗျို့ :))))

      Delete
    2. Ma Mee Nage!!
      Nice Trip ! How are you?
      Khine

      Delete
    3. hehe..Daw Gyi Khine ..
      I am not fine because you don't call me everyday :P

      Delete
  5. ဟန်ကြည်January 12, 2014 7:28 AM

    သည်ကရှေ့တော့ ဘလော့ဘက် ပြန်လှည့်ဦးမယ်ဗျို့...ဒေါ်မီးရဲ့ ပို့စ်တွေ အတော်များများ လွတ်ကုန်တယ်...ထန်းပင်တွေကို ဈေးကြီးပေးဝယ်တယ်ဆိုတော့ အညာက ထန်းတောတွေ ပြေးမြင်မိတယ်...ဒါတွေကို ပုဒ်ပြတ်ဝယ်ပြီး အော်ဒါပို့လိုက်လို့ကတော့ မီယာမီမှာ ကိုယ်ပိုင်အိမ်ဝယ်လောက်ကောင်းပါရဲ့...အနှီအချိန်ကျရင် ဒေါ်မီးကိုလည်း တစ်လတန်သည် နှစ်လတန်သည် အလည်ခေါ်ထားမှာပေါ့ဗျာ...ထီပေါက်အောင် စောင့်မနေပါနဲ့တော့...း)

    ReplyDelete
    Replies
    1. တချက်လောက်ပြန်လှည့်တာကို၊
      ဝမ်းမြောက်ဝမ်းသာစွာဖြင့်၊
      ကြိုဆိုပါကြောင်းးးးး
      အေးဗျာ...အိမ်တွေကိုပြတာ..
      ဒီအတိုင်းကြည့်တော့လည်း..
      ဒီလိုတွေပါဘဲ..ဘယလို့ များဈေးတွေကြီးမှန်းကို
      သိပ်နားမလည်ပါဘူး..
      ညနေ.နေဝသ်ဆည်းဆာအချိန်တော့
      အရမ်းလှပါတယ်..
      ဟီး..ဆြာဂီးစီးပွားရေးအောင်မြင်ရင်၊
      အီကိုယ်တို့ နေရတော့မယ်..ပျော်ထှာ.. :P

      Delete
  6. မီယာမီက အတော်သာယာတာပဲ..အဲဒီလို အပျော်စီး သင်္ဘောကြီး စီးချင်မိသား...း)

    ReplyDelete
    Replies
    1. မီယာမီကမ်းခြေကသဲသောင်ပြင်ဆိုတာတော့
      မမြင်ဖူးလိုက်ရဘူးလေ..
      ထပ်တော့သွားချင်နေမိတယ်.. :)

      Delete