Sunday, January 5, 2014

Airboat in Miami နဲ့ ဘေးမဲ့တောတိရစ္ဆာန်များလေ့လာရေး..

မင်္ဂလာပါရှင်~~~
ဒီတခါမော်တော်ဘုတ်အသေးလေးနဲ့ သဘာဝအင်းအိုင်တလျှောက် လေ့လာရေးထွက်ခဲ့တဲ့အကြောင်းပေါ့။
ဒီလိုစီးဖို့ အတွက်တမျှော်တခေါ်ကြီးလာရတာ မော်တော်ပေါ်တက်ထိုင်နေရာယူပြီးတာနဲ့ တစီးပြီးတစီးတန်း
စီလို့ ထွက်ခဲ့ကြတယ်..ချောင်းဝကကျဉ်းကျဉ်းလေး..စက်နိုးလိုက်ရင် ..အိုး..ဘယ်ပြောကောင်းပါလိမ့်

နားကွဲမတတ်ပါဘဲ..ဝုန်းဒိုင်းကြဲဘဲ..လိုက်ဝေထားတဲ့နားကြပ်လေးတွေ အမြန်ကောက်တပ်ရတယ်။
မော်တော်မထွက်မှီ ဂိုက်ကလှမ်းအော်တယ်..ဓါတ်ပုံရိုက်ပေးမယ်တဲ့..ခပ်မြန်မြန်လေး အိုက်တင်ပေးလိုက်
တယ်ပေါ့..။
မော်တော်ကိုစက်နိုးလိုက် သာသာလေးလိမ့်သွားရင် စက်ရပ်ပြီး ကျမတို့ ကိုဘေးပတ်ဝန်းကျင်ကြည့်ပါ ။ ဌက်တွေအများကြီးတွေ့ လိုက်မယ်လို့ ပြောပါတယ်..။ ဟောတွေ့ ပြီ..သူတော့ ပြောပါတယ်..ကိုယ်ကနား
မလည်ဘူးလေ..တွေ့ တယ်ဟုတ်လားဌက်ကြီး...လည်ပင်းကြီးကထွက်လို့ ..:))))
 နောက်တကောင်ကသစ်ပင်ပေါ်မှာ..လည်ပင်းကလိမ္မော်ရောင်နဲ့ ..ဘာဌက်လည်း !!!
 ဒီတကောင်ကိုတော့ရှင်းရှင်းမြင်ရပြီး သေသေချာချာမရိုက်လိုက်နိုင်ဘူး..။
မော်တော်ပြေးရင် ပျော်စရာကြီး ဝေါ်ကနဲ မြန်လိုက်တာ..ရေပေါ်မှာပေါက်နေတဲ့ အဲ..ထိုးထိုးထောင် အပင်တွေကို နင်းချေဖြတ်သန်းသွားတာဘဲ..
ချောင်းဝကနေကျော်ပြီး အလယ်လောက်ရောက်တော့ ခဏရပ်ပေးတယ်..
 တောင်ကြည့်မြောက်ကြည့် ကိုင်းတွေမြက်ပင်တွေမျက်စိတဆုံးပါဘဲ..
 ဗေဒါပင်ကြားထဲမှာ လိပ်လေးလည်းတွေ့ ရတယ်...
 မိချောင်းသေးသေးလေးတွေများ ပြွတ်ခဲနေတာဘဲ..
ဟော..ဟိုးမှာ နောက်မိချောင်းတအုပ်...
 မော်တော်ဖြတ်သန်းသွားရာလမ်းတလျှောက်မှာကြည့်လို့ မကုန်နိုင်အောင်ပါဘဲ..ရေထဲမှာ သစ်ပင်ပေါ်မှာ..
မော်တော်ရှေ့ တည့်တည့်မှာ စာရေးကပ်ထားတာ Tips ပေးတဲ့အကြောင်းပေါ့..သူ့ ခမျှာရှင်းပြပြောပြ နေပူ
ပူကြီးထဲမှာ သနားပါတယ်..ပေးတဲ့သူသိပ်မရှိဘူး..အရှေ့ ဖက်မှာထိုင်တဲ့ အာချားဟဲရော နောက်ကမူတူး
တို့ ရောခပ်တည်တည်ဘဲ ဆင်းသွားတယ် ကျမတို့ ဘတ်စ်မှာများသောအားဖြင့် အင်္ဂလန်ဖက်ကလူတွေ
လေ ကပ်စီးကုပ်တယ်။ လူငယ်တွေကပေးတယ် ကိုယ်တို့ တော့တယောက် ၁ ဒေါ်လာစီဘဲပေးခဲ့တာပါ
ဟီး..ဒါကိုစကားလုပ်ပြီးပြောနေသေး @_@

 သူတို့ ကားယားကြီးအိပ်နေလိုက်ကြတာ...
စုစုပေါင်းမိနစ် ၂ဝလောက်ဘဲလားမသိပါဘူး..သိပ်မကြာဘူး..ပြီးတော့ ကမ်းပြန်ကပ်ပါတယ်။ မိချောင်းတွေ မွေးထားတဲ့နေရာနားမှာ ပြပွဲတခုရှိတယ်။
ကောက်ရိုးအမိုးနဲ့ ထန်းပင်အုန်းပင် တွေမြင်ရင် အမေရိကားလို့ ကိုမထင်မိဘူး..ကိုယ်တို့  တိုင်းပြည်လို့ 
ဘဲထင်နေတာ..။
ဒီတဲလေးမှာ အဲဒီကတာဝန်ရှိသူတယောက်က အကောင်ပလောင်တွေ တခုပြီးတခုထုပ်ပြရှင်းပြခဲ့ပါတယ်။
ကင်းမီးကောက်ကြီး...
ဖားပြုတ်ကြီး...
မိချောင်းသေးသေးလေး..
ကြက်တူရွှေး..
မိချောင်းနဲနဲကြီးတယ်..အသည်းယားစရာ..ကျမကလျှည်တော်မူပြီး ရှေ့ ဆုံးခုံမှာထိုင်မိတယ်.. :((
သိပ်မကြာပါဘူး..ခဏလေးပါ.. ကျမတို့ ပြီးတာနဲ့ ချက်ချင်းပြန်ခဲ့ကြပါတယ်..ပင်လယ်ကမ်းခြေတလျောက်
သဘောင်္သွားစီးကြရအုံးမယ်လေ...။

ဒီတခါအပြန်မှာ ဂုံးကျော်လမ်းတွေဆောက်နေတာ တွေ့ ရပါတယ်..ဂိုက် ပြောပြတာဒီမံကိန်းချပြီးဆောက်
နေတာ နှစ်တွေကြာပြီဆိုတဲ့အကြောင်း..ဒီပြည်နယ်မှာ အကြီးဆုံးအကောင်းဆုံးဂုံးကျော်လမ်းလွဲ နေရာတခု
ဖြစ်လာမယ်တဲ့..

တကယ်ကြီးကိုကြီးမားပါတယ်လေ...
google တန်ခိုးနဲ့ ရှာလာတဲ့ပုံပါ..
သေချာတာက သူတို့ ကောင်းသထက်ကောင်းအောင်အချိန်ယူပြီးဆောက်ကြတယ်..။ အမြတ်ငွေကျန်တာ ထက် ကုမ္မဏီနာမည်ကောင်းရအောင် အသည်းအသန်ကြိုးစားကြတယ်။
ပရောဂျက်တခုလုံးအပေါ်ကနေစီးမြင်ရတဲ့ပုံ..တဲ့..google တန်ခိုးနဲ့ ရှာလာတဲ့ပုံပါ..
ဒီလို ပရောဂျက်ကြီးမှာအောင်မြင်သွားရင် နံမည်ရသွားပြီး နောက်ဆက်တွဲအလုပ်တွေက ဝင်လာတော့မှာ ကိုး..ကြုံတုံး..နဲနဲအာလူးဖုတ်လိုက်အုံးမှ..
ကျမကြားဖူးတဲ့ ကျမတို့ ဆီက နံမည်ကြီးအမြန်လမ်းတခုကတော့ စီမံကိန်းတခုလုံးကိုရတဲ့သူကအပိုင်း လိုက် ပြန်ပြီး ကန်ထရိုက်ပေးတယ်..တဆင့်ကန်ထရိုက်ရတဲ့သူက ပြန်ပြီး ထပ်ပိုင်း ထပ်ဆင့် ကန်ထ ရိုက်ပေးပြန်တယ်.အနဲဆုံး၃/၄ဆင့်လောက်ရောက်မှာ တကယ်ဆောက်မဲ့သူလက်ထဲ ရောက်လာပါ တယ်တဲ့။ အလုပ်လုပ်ပြီဆိုတော့လည်းကျန်အောင်လုပ်ရပြီပေါ့ အထက်က ပထမအဆင့် ဒုတိယအဆင့်
တွေစာရွက်ပြောင်းယုံနဲ့ လမ်းလေးတပိုင်းကို သိန်း ၂ဝဝဝ ဆိုတာ အပျော့လေး...တဲ့..။ ကဲ.. ခု..လမ်း မကောင်းဘူး..လမ်းမညီကားမှောက် လူသေ..ဘယ်သူ့ ကိုအပြစ်ဖို့ ကြမှာလဲ...။နိုင်ငံခြားနည်းပညာမယူ

မြန်မာ့နည်း မြန်မာ့ဟန်နဲ့ တည်ဆောက် ဆိုတာ သတင်းစာထဲမှာ ခဏခဏရေးတာဖတ်ရဖူးတယ်။ ကိုယ်ကလည်း နည်းပညာတော့ နားမလည်ပါဘူးလေ..ကိုယ့်ဖက်မှာ အသာပြာတွေ ကျန်အောင်လုပ် တတ်တဲ့ မြန်မာ့နည်းကိုပြောတာလားလို့ တောင် ထင်မိတယ် ^_^ ( အသိတယောက်ပြောပြတာ
သူတောင်တစ်ပိုင်းရလို့  ဆောက်လိုက်တာ ၂ဝဝဝ မြတ်တယ်ဆိုလား...အဲဒီနေရာဘယ်မှာမှန်းကိုတောင်
မသိလိုက်ပါဘူးတဲ့..ထိုင်ရာမထ ဖုံးတချက်နဲ့ စကားတခွန်းနဲ့ အလုပ်ပြီးသွားကြတာပါဘဲ)


(စကားမစပ် အမြန်လမ်းကနေသူဋ္ဌေးဖြစ်ဖို့ က ကျမတို့ တိုင်းပြည်ကလွဲလို့ ဘယ်နေရာမှ သွားရှာမနေပါနဲ့ 
တကယ်ပါ...ဟီး... ဟိုကလူတွေ သူဋ္ဌေးတွေချည့်ဘဲ ငွေတွေပေါများလိုက်ကြတာ...ကိုယ်တို့ က လခ အပြင်ဘာမှရတာဟုတ်ဘူး..ကျန်ရစ်လေသူတွေတော့ သိန်းထောင် သောင်းဂဏန်းဘဲပြောကြတယ်တဲ့ :)


ကဲပါလေ...မီယာမီဖက်လှည့်ရအောင်.. ဟိုး..တချိန်အခါက..ကျမတို့ ကြားဖူးကြတာဘဲ..ကျုးဘားက နဲ့ အမေရိက ပြသာနာတွေတက်ကြတာ ကျမတောင်မမွေးသေးပါဘူး..ကျမတို့ ကုလသမ္မဂဦးသန့်  ဝင်ပြီးဆိုဗီယက်နဲ့ အမေရိက ကြားထဲမှာ ဖြေရှင်းပေးရတယ်။ အတိုချုပ်ပြောရမယ်ဆိုရင်ကိုယ်တော်
အမေရိကတွေပါဘဲ တူရကီမှာ nuclear ဒုံးကျဉ်စခန်းထားချင်တယ်။ ဒီတော့ဆိုဗီယက်က ကျုးဘားမှာ

(မီယာမီနဲ့ ကျုးဘားမိုင်၃ဝဝကျော် ဘဲဝေးတာ)အလားတူ စခန်းထားမယ်လုပ်တာပေါ့..အမေရိကကန့် 
ကွက်တာပေါ့ ။သူလည်း အီတလီနဲ့ တူရကီ ၂နေရာထားမယ်လုပ်ရော..။USSR လို့ ခေါ်ခဲ့တဲ့ ဆိုဗီယက်က Khrushchev နဲ့ ကျုးဘားက Fidel Castro တို့ ကတဖက် John F. Kennedy ကလည်းအသက်ခပ်ငယ်
ငယ်နဲ့ဆိုတော့ စစ်ဖြစ်ဖို့ နဲနဲလေးဘဲလိုတာ ကျမတို့ နိုင်ငံက ဦးသန့် အဲဒီအရေးအခင်းမှာ ကမ္ဘာကျော်
သွားတာဘဲ..ကြားထဲကနေဖြန်ဖြေပေးတာလေ..အဲဒီခေတ်ကာလ အကြောင်းပြုပြီး စပိုင်ဝတ္တုတွေ ရုပ်ရှင်
တွေဆိုတာ အရမ်းကြည့်လို့ ကောင်း ဖတ်လို့ ကောင်းပေါ့..ဟီး..လိုရင်းရောက်သေးဘူး...ကဲ..အမေရိက
ထုံးစံပေါ့..ကျုးဘားကကွန်မြူနစ်နိုင်ငံဖြစ်နေတော့ သူကအဲဒီအချိန်မှာ ကျုးဘားကလူတွေ ဘဲရီးဝဲကမ်း
တရားဝင်အများကြီးလက်ခံလိုက်တယ်..(ခု.ကိုယ်တို့ နိုင်ငံကလူတွေကို အမေရိက ကခေါ်သလိုပေါ့)
သူတို့ ကကပ်ရပ်ဆိုတော့ လှေတွေ သဘောင်္တွေနဲ့ အုံလိုက်ကျင်းလိုက်လာကြတယ်လေ အဲဒီအချိန်မှာ
ကိုကက်စရိုကြီးက သူတို့ ဆီက ထောင်ဖွင့်လိုက်ပြီး အင်မတန်ဆိုးသွမ်းလှတဲ့ ရာဇဝတ်အကျဉ်းသားတွေ
အားလုံးလွှတ်ပေးလိုက်ပြီး..ဒီနိုင်ငံကိုအားပါးတရမောင်းထုတ်လိုက်တာပေါ့.. @_@(ဟဲ..တူတယ်နော်..တချက်မဟုတ်တချက်..)

ဟော..လိုရင်းရောက်လာပြီလေ..လူဆိုးတွေ လူကောင်းတွေ သတ္တိရှိသူတွေ လုပ်ရဲကိုင်ရဲတဲ့သူတွေ ပါလာတော့ ဒီမီယာမီကြီး လောင်းကစားရုံအပါအဝင် တခြားစီးပွားရေးလုပ်ငန်းတွေ တဟန်ထိုး တိုးတက် ခဲ့တာပေါ့..အရာရာမှာ မကောင်းတာရော ကောင်းတာရောဒွန်တွဲနေပါတယ်..ဒီမြို့ မှာ အင်္ဂလိပ်စကားမပြော တတ်လည်းရတယ် 66% ကျော်က စပိန်စကားပြောကြပါတယ်။
ကျမတို့ လည်းသင်္ဘောစီးဖို့  Bayside ဆိုတဲ့နေရာကိုရောက်ပါပြီ..။
 ဗိုက်ခဏဖြည့်ဖို့ အချိန်ပေးပါတယ်..ဈေးတန်းတခုလုံးလျှောက်ကြည့်တာ ဘာစားရမှန်းကိုမသိဘူး..
မိတ်ဆွေများရောက်ခဲ့ရင်တော့ ဒီဆိုင်မှာစားပါ သူကနံမည်အကြီးဆုံးနဲ့ အကောင်းဆုံးပါဘဲ..ကျမသူတို့ စား
တဲ့ပန်းကန်ကြည့်ပြီး ရင်ထဲစို့ လာတယ်..တကယ်ကြီးတယ်ဗျာ..လင်ပန်းတချပ်စာလောက်ရှိတယ်။ ဘယ်
လိုလုပ်စားကုန်မလဲ..လူ့ ဘီလူးလည်းမဟုတ်(ကိုယ်ပိုင်အတွေးပါလေ)..သူများစားနေတာလည်း မရိုက်ရဲ ဘူး..

 အပေါ်ထပ်မှာလည်းစားစရာတွေရှိပါတယ်..
 ဟင်းဟင်း..နောက်ဆုံး  Subway Salad နဲ့ ညားသွားတာပေါ့...လေ..။
စားကြောရှည်နေလို့ မရသေးဘူးဟိုးသဘောင်္ပေါ်တက်ဖို့ တန်းစီရအုံးမယ်လေ.ပြေးပြေးလွှားလွှားရိုက်ခဲ့တယ်
 ဟိုး..အရှေ့ ဖက်မှာ သဘောင်္စီးဖို့ နေရာက..
 ကျုးဘားတွေချစ်စရာကောင်းတယ် တနင်္ဂနွေဆိုတော့ သီချင်းလေးနားထောင် ဝိုင်းကနေကြတာပျော်
ပျော်ဘဲ..ဘီယာခွက်ကိုယ်စီ...နဲ့ 

အပေါ်ကြည့်ရင်တော့ လှတယ်..ကမ်းကပ်ရပ်မှာတော့ အမှိုက်တွေနဲ့ ပါ... 
 Hard Rock Cafe ကြီးရဲ့ အပေါ်ကဂီတာပုံတော့ မုန်တိုင်းနဲ့ အတူလွှင့်သွားပြီတဲ့..
ပဲပေးသူနဲ့ ကင်မရာဝူးမန်းလေ...ဟီး...

နောက်တခေါက်ကျရင် သဘောင်္စီးရင်းတွေ့ ခဲ့ကြုံခဲ့တာတွေ၊ မီယာမီကဈေးအကြီးဆုံးအိမ်တွေ (ကမ်းစပ်
နဲ့ ကပ်ရပ်ကိုး..ဒေါ်လာသန်း၆ဝ ကျော်တယ်တဲ့...သူဋ္ဌေးသူကြွယ်တို့ နွေရာသီအပန်းဖြေအိမ်တွေ ပါးစပ်လေးဟလို့ ငေးပြီးငမ်းလာခဲ့ရပါတယ်...အဲတာတွေလာပြောပြမှာပေါ့နော့်..


အားလုံးဘဲရွှင်လန်းချမ်းမြေ့ ကြပါစေရှင်~~~
မီးမီး

10 comments:

  1. မိုင်ယာမီမှာသူငယ်ချင်းရှိလို့ သွားလည်ချင်နေတာ။
    မီးမီးရေးတာဖတ်ပြီးပိုတောင်သွားချင်လာပြီ။
    ကင်မရာဝူးမန်းကလည်းမိုက်တာကွာ။
    ခုတော့နက်ဖန်အလုပ်တက်ရမှာတွေးပြီးပျင်းနေတယ်။
    အိုင်အိုရာ

    ReplyDelete
    Replies
    1. မအိုင်အိုရာ..
      ရာသီဥတုအရမ်းကောင်းတယ်..
      အဲ..မုန်တိုင်းမတိုက်ရင်ပေါ့လေ...
      မြို့ ကတော့ တကယ်သန့် ရှင်းတယ်...
      ဒီမှာလည်းအေးချမ်းပြဲစိဖြစ်နေတယ်
      အပြင်ထွက်ရင်ဗွက်တွေနဲ့ 
      စိတ်ပျက်စရာပါ..
      ကင်မရာဝူးမန်းကြီး..လောလောဆယ်မှာ..
      ဖျားလိုက်ကောင်းလိုက်နှာစေးလိုက်သံသာရာလည်နေတယ် :P

      Delete
  2. မမီး ...အလျူတခု နဲ့ Airboat on Miami
    ကို Share ခွင့်တောင်းပါတယ်....
    ကျေးဇူးပါ ...

    ReplyDelete
    Replies
    1. ဟုတ်ကဲ့..Share နိုင်ပါတယ်..
      ဒါနဲ့ ၂ဝဝဝ အကြောင်းကိုခိုက်သွားတာလား..
      :P

      Delete
  3. မိချောင်း ကြီး တွေ ကော ချောင်းထဲ မှာ ရှိ လား

    ReplyDelete
    Replies
    1. ချောင်းထဲမှာတော့ မိချောင်းငယ်တွေဘဲတွေ့ ခဲ့တာ..
      ဒါပေမဲ့ရှိတယ်တဲ့ ရေလွှတ်တူးမြောင်းတလျှောက်မိချောင်းတွေ၊
      ရာထောင်ဂဏန်းမကဘူးတဲ့ ဒါကြောင့်အဲဒီမြောင်းတလျှောက်ရေကူးခွင့်မပြုဘူး
      အမေရိကမှာ ဒီဒေသက မိချောင်းအများဆုံးလို့ ဂိုက်ရှင်းပြတယ်
      အကောင်အရေအတွက်ပါပြောပြတယ်
      သိပ်မသဲကွဲတော့မရေးရဲဘူး..သိန်းဂဏန်းလို့ ကြားမိတာဘဲလေ..

      Delete
  4. အားပါး မိချောင်းတွေ အများကြီးပဲ.... အခု အတော်အေးနေပြီလား အမ....

    ReplyDelete
    Replies
    1. ဒီနှစ်တော့ တကယ်ကြီးအေးတာဘဲ..
      ပြီးခဲ့တဲ့သောကြာနေ့ က နှစ်ပေါင်း ၂ဝ အတွင်းဆိုးဝါးဆုံးလို့ ဆိုတယ်။
      အေးတဲ့အပြင်လေကတိုက်တော့ ပိုအေးတာ...
      ဥပမာ အခု -14ံCဆိုပေမဲ့တကယ်တမ်း -28ံC လောက်ခံစားနေရတယ်လေ။
      အဲ့မှာ..မိချောင်းကိုက်လို့ သေတာနှစ်တိုင်းရှိတယ်တဲ့။
      မိချောင်းတွေမြန်မာပြည်မှာလည်းမွေးပြီးနိုင်ငံခြားကိုပို့ တယ်တဲ့..။

      Delete
  5. အဲဒီလို Nature Wild life ကို လည်ဖူးချင်တယ်...နောက်ဆုံး ပဲပေးသူနဲ့  ကင်မရာမန်းပုံလေးက မိုက်တယ်..း)

    ReplyDelete
    Replies
    1. Guide ညွှန်ပြတဲ့နေရာနဲ့ ကိုယ်မျက်မှန်မဲကြီးတပ်လို့ 
      မမြင်မစမ်းနဲ့ ရမ်းရိုက်လာတာ
      ဘာအကောင်မှမယ်မယ်ရရ ပုံထဲမပါလာဘူးဆို..
      :(

      Delete