Tuesday, January 21, 2014

လွန်းပျံယာဉ်စီးအတွေ့ အကြုံနဲ့ အာကာသစခန်းတခွင်...

မင်္ဂလာပါရှင်~~~
ကနေဒီအာကာသစခန်းထက် Nasa ဆိုတဲ့နာမည်ကကျမတို့ ပိုပြီးနားယဉ်ကြတယ်။ တကယ်တော့
ကနေဒီ ဆိုတာက စခန်းရဲ့ အမည်ဖြစ်ပြီး နာဆာကတော့ ဒီစခန်း တခုလုံးကိုကြီးကြပ်အုပ်ချုပ်ကွပ်ကဲရတဲ့
(စစ်တပ်ဖက်ကနဲ့ မဆိုင်ပါဘူး )အရပ်သားအဖွဲ့ အစည်းတခုရဲ့ အမည်ပါ။ အရှည်လိုကြတော့ National
Aeronautics and Space Administration
(NASA) ဖြစ်ပါတယ်။ အာကာသ နဲ့ ပတ်သက်တဲ့

လေ့လာမူ့ မျိုးစုံရော သူတို့ နိုင်ငံက အာကာသပေါ်တက်သမျှကို Earth Observing System
heliophysics Solar System robotic missions ဖြစ်တဲ့ New Horizons, researching astrophysics topics တွေဖြစ်တဲ့ Big Bang, တွေရော Great Observatories နဲ့ တကွ တခြားနိုင်ငံတွေကိုပါ အာကာသနဲ့ ပတ်သက်တဲ့အချက်အလက်တွေကိုဝေဌပေးပါသေးတယ်လေ။ဒါတင်မကသေးဘူး
Greenhouse Gases Observing Satellite
နဲ့ ကမ္ဘာ့ အိုဇုန်းလွှာတွေ ပျက်စီး ဖြစ်ပေါ်နေတဲ့အခြေအနေ
တွေကို ဂျပန်နဲ့ တကွတခြားနိုင်ငံနဲ့ ပူးပေါင်းလေ့လာနေတဲ့ အဖွဲ့ ဝင်တခုလည်းဖြစ်တယ်တဲ့။ဒါနဲ့ စကား

မစပ် သူတို့ လည်းလူတော်တွေတွေအများကြီးလိုအပ်လို့  လူငယ်လေးတွေကိုဖိတ်ခေါ်လေ့ကျင့်ပေးနေ
တယ်တဲ့။ စိတ်ဝင်စားရင်ဆက်သွယ်လို့ ရတယ်နော့်။ 
( wiki တချက်နှိပ်ပြီး ဟိုကစာတွေ နဲ့ နဲနဲပါးပါးကပ်ရွှီးတာပါနော့်... ဘိုလိုတိုက်ရိုက်မပြန်တတ်တော့
ဘဲဒီးဆော်ဒီးပေါ့ဗျာ...)
ကဲ..နိဒါန်းပြီးရင် နိဂုံးပေါ့..အဲလေ..ဟုတ်ပါဘူး..ဒီတခါလည်း လွန်းပျံယာဉ်တွေပြတဲ့နေရာ visitor
Complex ကနေမခွါနိုင်သေးပါဘူး.. ဟိုတပတ်ကအဆက်ကို ပြန်ဆွဲဆန့် ပါရစေ...လွန်းပျံယာဉ်အခန်း
ပြီးတော့၊ ပစ္စည်းတွေကို locker တွေထဲမှာထားခဲ့ခိုင်းတယ်။ လူချည်းဘဲ ဟိုအာကာသမောင်းသလို
စီးရတဲ့အတွေ့ အကြုံမျိုးရနိုင်တဲ့ ဘယ်တော့မှအထက်ကိုမတက်တဲ့ လွန်းပျံထဲကို မြွေလိမ်မြွေကောက်တန်း
စီပြီးဝင်ရတယ်..။ကင်မရာတွေထားခဲ့ရတာဆိုတော့ ပုံမရိုက်ရဘူးပေါ့..။

သူများတွေဆီကကစ်လာတာ..အဲ့..လိုထိုင်ရတယ်လေ..
နောက်အားလုံးအဆင်သင့်ဖြစ်ရင် အင်ဂျင်စက်နိုးပါတယ်..အရမ်းအသံကျယ်တာဘဲ..လူတကိုယ်လုံးလည်း
တုန်ခါနေတာဘဲ..တကဲ့တက်တဲ့ယာဉ်တွေအတိုင်း စက်ကိုနိုးတာလို့ ပြောတယ် တုန်ခါမူ့ လည်းတူညီပါ
တယ်တဲ့..။ 10, 9, 8, 7 ဒီလိုနံပါတ်တွေစပီကာကနေ အော်ပြီးနောက်ဆုံး ဖူး..ရူး..ဒိုင်း..ဆိုပြီးတက်သွား
တာပေါ့..ဒီတော့ လူလည်းတဖြေးဖြေးလှန်သွားတယ်လေ..၁၈ဝ ဒီကရီအထိပေါ့..ခေါင်မိုးပေါ်ကအဖုံး၂ခြမ်း
ကွဲသွားပြီးတမ္ဘာကြီးကို မြင်ရတာ..တကဲ့အာကာသကနေမြင်ရတဲ့ရူခင်းအတိုင်းဘဲ..မျောသွားတာဘဲ
ညဖက်ရောက်ရင် လင်းနေတာ..ဟားဟား..မြန်မာနိုင်ငံကိုအရမ်းကြီးလိုက်ရှာခဲ့တယ်...အဲ..မီးပျက်နေလို့ 
မှောင်နေတာနဲ့ ဘာမှမတွေ့ လိုက်ဘူး..ဟီး..^_^ ရင်သပ်ရူမောတယ်ဆိုတာ ဒါမျိုးလား..နော်..
ဒီလိုပုံစံအထိထိုင်ရတယ်လေ..ပက်လက်လေးပေါ့...ဒီအခန်းထဲမဝင်ခင်၊ ကြုံခဲ့ရတဲ့အတွေ့ အကြုံတခုပြော
ပြရအုံးမယ်..Locker အကြောင်းပါ ပစ္စည်းတွေခဏတဖြုတ်ထားဖို့ ဒီလိုပြခန်းတွေ ပြတိုက်တွေမှာ အများ
ကြီးရှိတယ်။ အောက်ကပုံမှာပါတဲ့ ဘီဒိုငယ်လေးတွေပါ ။ပစ္စည်းထဲ့မယ်ဆိုရင် ပထမဦးဆုံး အဲ့နေရာမှာရှိတဲ့
ကွန်ပြူတာမော်နီတာစက်ပေါ်ကနေစီစဉ်ရပါတယ်။ထဲ့ရမဲ့အခန်းလွတ်နဲ့ ကိုယ်ဘယ်လောက်အချိန်ကြာကြာ
ယူမလဲဆိုတာရှိပါတယ် နာရီဝက်လောက်ဆိုရင် ဖရီးပေးတတ်ပြီး အချိန်ကြာမယ်ဆိုရင် ပိုက်ဆံသွင်းရပါ
တယ် credit card နဲ့ ပေါ့..ကိုယ်က အချိန်ကိုရွှေးပြီး password နံပါတ်တခုရွှေးရတယ် ပြီးမှ သူ့ အော်တို
ငုတ်တုတ်ကြီး တံခါးတခုဖွင့်လာပေးလိမ့်မယ် အဲ့ထဲကိုယ့်ပစ္စည်းတွေကောက်ထဲ့ပြီး ပိတ်လိုက်ရုံပါဘဲ ။
အဟီး..အဲနေရာမှာ ကျမတို့ ခရီးအစမှာကတဲက ကားတခုထဲအတူစီးလာတဲ့ ဘရာဇီးကကောင်လေး တယောက်နဲ့ ကိုအားချားဟဲ တယောက်၊သူတို့ ကဒီ Orlando မြို့ ခရီးစဉ်ရဲ့ ပထမဦးဆုံးနေ့ ဖြစ်ပြီး ကျမ
တို့ ၂ယောက်ကိုအတင်းလာပေါင်းပါတယ် ။ပေါင်းတာက အရေးမကြီးဘူး..တချိန်လုံးသူတို့ ကိုဘဲ ဓါတ်ပုံ ရိုက်ပေးနေရတာ မချောင်ဘူးဆရာ...ဒီတော့ ကျမတို့ ၂ယောက် မြန်မြန်ကြည့်ပြီး သူတို့ မရောက်ခင် ထွက်
ပြေးကြပါတယ်.ဟိ..အကျင့်မကောင်းပုံ.. :) ဓါတ်ပုံကတနေရာတပုံလောက် ကိစ္စမရှိပေမဲ့ ဘယ် ညာ ရှေ့ 
နောက် ဝဲ ယာစုံနေတာဘဲ..ကဲ.ကျမအဆိုးမဟုတ်ဘူးနော်..ပိုက်လုံးထဲမှာကျမတွားသွားနေတာတွေ့ 
လည်းလိုက်တာဘဲ..သူတို့ အဲ့နားရူပ်နေတုံး..ကိုယ်တို့ လည်း locker မှာပစ္စည်းထဲ့ပြီး လစ်ကြပါတာပေါ့..
အဲ...မြင်သွားလားမသိဘူး..အတင်းပြေးလိုက်လာတယ်..ကျမမြွေလိမ်မြွေကောက်လမ်းအပေါ်ကနေ
သံယောဇဉ်သေးသေးလေးနဲ့  အဆင်ပြေမပြေလှမ်းကြည့်လိုက်တော့ ကိုယ်တော်ချော ၂ယောက် locker
တန်းလန်းကြီးဖွင့်ထားတာကို သူတို့ အိတ်ပစ်ထဲ့ပြီး ဂျိန်းကနဲနေအောင်ပိတ်လိုက်တာ..ကျမအပေါ်ကနေ
အော်တာမရတော့ဘူး..အိုကေ..I am coming ဆိုဘဲ သူ့ တို့ ကိုစောင့်နေတယ်လို့ များထင်နေလားမသိ
^_^ တအားရီရတယ်...

ကမ္ဘာကြီးကို အာကာသကနေရူစားပြီးထွက်လာ ကိုယ့်ပစ္စည်းကိုယ်ယူပြီး သွားမယ်ကြံတော့ ကိုယ်တော်
၂ယောက် ဖွင့်မရဖြစ်နေတာ..meemee help me..:))) ပေါ့..လျှာရှည်တဲ့ကျမနဲ့  အပေါင်းအသင်းဖြစ်
လို့ လေ.. တာဝန်ရှိပုဂ္ဂိုလ်တွေကိုလိုက်ရှာပြီးရှင်းပြရတယ် တကယ်သူတို့ ပစ္စည်းတွေအထဲမှာရှိပါတယ်
သက်သေထူရသေးတယ်...အဟဲ..အံမယ်ခုတော့ အီးမေးတွေဘာတွေပို့ ကြနဲ့  တော်တော်ဟုတ်နေပြီ
ကိုအားချားဟဲက Business man ဆိုဘဲ ဘရာဇီးကကောင်လေးတော့ IT လောကထဲကပါ။
နောက်တော့ visitor Complexကနေသူတို့ စီစဉ်ပေးတဲ့ကားပေါ်တက်ပြီးပုံမှာပါတဲ့အတိုင်း
နေရာတွေလှည့်ပတ်ကြည့်ရူခွင့်ရပါတယ်။
 
ကားပေါ်ကိုထိပ်ဆုံးတက်ပြီးနောက်ဆုံးမှာနေရာယူတဲ့ကျမချစ်ချစ်ကြီး ..အဲနေရာမှာအဘွားတထောင်ပေး
လိုက်ချင်ရဲ့ ...

 ကားမောင်းတဲ့သူကသူ့ ကိုသူမိတ်ဆက်ပေးပြီး တလမ်းလုံးဂိုက်လုပ်ပေးပါတယ် ရှင်းပြပါတယ်
 ဂြိုလ်တုနံမည်တွေပြောပြီး ဘယ်ဟာကဘယ်နေရာမှာလွတ်တယ်..ဘာညာပေါ့...
 ဒါကတော့ google တံခိုးနဲ့ ရှာလာတဲ့ပုံ၊ အဲ့ဒီဒုံးကြီးဘယ်သွားတဲ့လမ်း အကြောင်းလည်းရှင်းပြတယ်။
လမ်းကိုဆွဲပြီးရိုက်နေတာနဲ့ သေသေချာချာမကြားလိုက်ဘူး..နေပူတော်မှာ ဒီလိုဖြူးဖြူးဖြောင့်ဖြောင့်လမ်း
လေးသူတို့ လုပ်ပေးခဲ့ရင်ကောင်းမှာ ဆိုပြီးချင်ခြင်းတနေလို့ .. :D

လမ်း..ဘယ်နေရာကလမ်းမဆို နေပူမိုးရွှာ ထဲမှာဘဲဟာ..ပျက်စီးမူ့ တော့ရှိကြတာပါဘဲ..အဲ..ထိန်းသိမ်း
စောင့်ရှောက်မူ့ ကပိုအရေးကြီးသလားလို့ ...ဟုတ်ပါဘူးလေ..ခပ်ချာချာဖေါက်ထားရင်တော့ ဘယ်လိုထိန်း
ကြမလဲ... !!!!!

 
ဟိုကြည့်..ဒီကြည့်ပေါ့..
 
ပုံမှာပါတဲ့ မျှော်စင်ကြီးတွေ လှည့်ပတ်ကြည့်ပြီး Apollo Staurn V Center မှာရပ်ပါတယ်။ လမ်းမှာ လင်း
ယုန်ဌက်သိုက်တွေ့ ခဲ့တယ် အရမ်းကြီးတာဘဲ အခု ဥ ၂လုံးရှိနေတယ်လို့ ပြောတယ်..အဲ ဌက်သိုက်က ၁၃ နှစ်လောက်ရှိပြီတဲ့...။


နှင်းမုန်တိုင်းကြားထဲမှာ ပြာလဲ့လဲ့ကောင်းကင်နဲ့ ပူနွေးတဲ့နေရာကအကြောင်းရေးရတာ တမျိုးကြီးဘဲ...

ကြံဖန်ရွှီးရရင်တော့ နံမည်ကြီးစာရေးဆရာကြီးများ.ပြည်တွင်းရောပြည်ပမှာရောဘဲကြားဖူးတယ်၊
စာရေးရင် အိမ်မှာမရေးဘူးတဲ့ ဟော်တယ်မှာ နှစ်ရှည်လများနေပြီး ရေးတယ်ဆိုဘဲ....
အဲ....မယ်ငီးလည်း..ဆြာရေးချာ၈ီး..စတိုင်ပေါ့ဗျာ..ဟိုတယ်မှာ ဒူးနန့် ပြီးရေးတာနော့် :P ^_^ 0_0


ခုဒီမှာ နှင်းမုန်တိုင်းနောက်ထပ်တခု ကျနေပါတယ်..အပြန်ခရီးအတွက်စိတ်ပူလို့ ..ကျမနှင်းတွေကို မျက်စောင်းသွားထိုးလိုက်ပါအုံးမယ်... ဒီတော့ နောက်တခါ အပိုလိုယာဉ်တွေအကြောင်း
ပြောဖို့ ချန်ထားပါရစေနော်.. :)))))


အားလုံးဘဲရွှင်လန်းချမ်းမြေ့ ကြပါစေ~~~
မီးမီး
 
ကနေဒီအာကာသစခန်း

6 comments:

  1. Ma Mee Nage!
    Great Great one.
    Khine

    ReplyDelete
  2. ဟိုတယ်မှာရေးတဲ့စာကို
    ဟိုတယ်မှာဒူးနန့် ပြီးဖတ်ချင်လိုက်တာနော်။
    ခုတော့အိမ်ကcouch ပေါ်မှာစောင်လေးခြုံပြီးဖတ်နေရတယ်။း)
    အိုင်အိုရာ

    ReplyDelete
    Replies
    1. အဟီး..
      မအိုင်အိုရာ..ကျားကျားနောက်လိုက်လာပြီး
      ဟင်းချက်စရာမလိုဘဲ ဒူးနန့် ပြီးငတ်နေတာ
      ၅ ပတ်ရှိပြီ အရင်ကတပတ်တခါပြန်တာ
      ဒီတခါ၂ပတ်ဆက်တိုက်နေရတာ
      နှင်းတွေကြားမှာဘာလုပ်ရမှန်းမသိ
      ပျင်းလွန်းလို့ အားကစားခန်းထဲမှာဘဲ
      ပြေးနေတော့တာဘဲ..
      ပေါပေါကြီးပြောကြည့်တာလေ..
      ဟိ :)))))

      Delete
  3. မမီးတို့ ကတော့ ရောက်တဲ့နေရာမှာ သူငယ်ချင်းအသစ်တွေ ရတယ်...တော်ချက်...း)

    ReplyDelete
    Replies
    1. အိုးနင်းခွက်နင်းရင်းတွေ့ ခဲ့တာတွေကများနေတယ်လေ..
      :))))

      Delete