Wednesday, June 5, 2013
သစ်ပုတ်ပင်တွေကစေတီပုထိုးအိုကိုဝါးမြိုလို့ (Ta Prohm ကမ္မောဒီးယား)
မင်္ဂလာပါရှင်~~~~
ကို့ ယို့ ကားယားကြီးဓါတ်ပုံ ရူခင်းတွေနဲ့ တွဲမြင်ယောင်မိတတ်ကြတယ်။
သစ်ပင်ကြီးတွေနဲ့ စေတီရှိတဲ့နေရာ၊အဲဒီနေရာလေးကို Ta Prohm လို့ ခေါ်ပါတယ်။
နိုင်ငံခြားသားခရီးသွားအများဆုံးစိတ်ဝင်စားကြတဲ့နေရာလေးတခုပေါ့ရှင်။
ကျမတို့ တော့ပထမရက်က အစောကြီးထ နေထွက်တာကိုစောင့်ကြည့်ပြီး၊ Angkor Wat,Angkor Thom,
Bayon ဒီ၃ ခုဘဲလည်ရသေးတယ်။နေ့ လည်စာစားပြီးတော့၊ မခံနိုင်ပါဘူး။စားသောက်ဆိုင်မှာ ထမင်းလုံးစီပြီး၊မဟန်တာနဲ့ ၊ဟော်တယ်ပြန်အိပ်ရပါတယ်။ညနေမှ နေဝင်တာကိုသွားကြည့်ကြတယ်။
နောက်ဆုံးစရင်းချုပ်တော့ နောက်တရက်ပြန်လာရတာပေါ့။ ဝင်ကြေးကို တရက်ဘဲလာမယ်ဆိုပြီး ၂ဝ တန်ဘဲ ဝယ်ခဲ့တယ်လေ။ ၁ရက်ကို ၂ဝ$၊ ၃ရက်ကို ၄ဝ$၊  ၇ ရက်ကို ၆ဝ$  ဒီလိုဝင်ကြေးပေးရပါတယ်။
ဟင်းဟင်း....အလှုလုပ်တယ်လို့ သဘောထားလိုက်တာပေါ့၊ နဲနဲစိတ်ချမ်းသာသွားပါတယ် :P
(ကပ်စီးကုပ်..မယ်မီး...)
စောစောထလာတုံးက မိုးလည်းရွှာ၊မှောင်ကလည်းမှောင်တော့ ဓါတ်ပုံရိုက်လို့ မကောင်းဘူး။
ဒီတခါတော့ လူတွေနဲ့ ရော၊တိုးခွေ့ လုပြီး ဓါတ်ပုံရိုက်ရတယ်။ ဒါက အဝင်ဂိတ်ဝနေရာပါ။
ရှေ့ တည့်တည့်မှာတော့ တရက်ခရီးအတွက်ရောင်းပြီး၊နောက်ဖက်မှာ ၃ရက်နဲ့ ၆ရက်စာတွေရောင်းပါတယ်။ ဓါတ်ပုံရိုက် ကဒ်လေးလုပ်ပေးပါတယ်။လူတယောက် ၂ဝနှုံးနဲ့ ဘဲတွက်အုံး..။
လူပေါင်းသောင်းဂဏန်းရှိမယ်နဲ့ တူတယ်။ဝင်ကြေးတင်ဘဲ..သူတို့ မနည်းရနေပါပြီ။ 
(ကားသမားက ဒီအကြောင်းတွေတလမ်းလုံးပြောပြလာပါတယ်၊တနှစ် ၃ သန်းဆိုတဲ့လူတွေဆီက 
ရတဲ့ပိုက်ဆံတွေ ဘယ်ရောက်သွားလဲဆိုတာ သူတို့ အစိုးရလည်း သေသေချာချာ စရင်းမပြနိုင်ပါဘူးတဲ့..။ 
ဒီဒေသခံတွေကတော့ ခရီးသွားတွေကိုဘဲ မှီခိုလုပ်ကိုင်စားသောက်နေကြတာပါ။ 
ဒါတောင်နောက်နှစ်တွေမှာ ဒီဒေသတခုလုံးရဲ့ ခရီးသွားလုပ်ပိုင်ခွင့်လိုင်စင်ခေါ်မလား...၊
အန်ကောဝပ် နေရာအတွက် Tour လုပ်ငန်းအဝဝကို ကန်ထရိုက်ပေးမယ်လို့ ပြောနေကြတယ်တဲ့။)
ထုံးစံအတိုင်းဘဲပေါ့ရှင် နီးစပ်သော လူကြီးမင်းများရကြတာပေါ့..ကဲ..ဒါလည်းတူပါတယ်..ဆို..:)
လူတွေကြိတ်တြိတ်တိုးပါဘဲ...။မြေပုံလေးဓါတ်ပုံရိုက်မယ်ဆိုတာ...တိုးမပေါက်ခဲ့ပါဘူး..။                     
ကဲ...ကားပေါ်ပြန်တက်ပြီး Ta Prohm ကိုသွားရအောင်..။ အရှေ့ ဂိတ်အဝင်ဝကိုမြင်လိုက်ကတဲက၊ အထဲမှာ
ဘယ်လောက်တောင် ယိုယွင်းနေမယ်ဆိုတာခန့် မှန်းနိုင်တယ်..လေ။
ဒီနေရာကိုတော့ အိန္ဒိယနိုင်ငံနဲ့ ပူးပေါင်းပြီး ပြင်ဆင်နေကြပါတယ်။
အန်ကောဝပ် ကြတော့ ဂျပန်နဲ့ ပေါင်းတာလေ..။
ကျောက်စာနဲ့ နံရံပေါ်ကရုပ်ပုံပန်းချီတွေအရ ပြိုကျနေတဲ့ ကျောက်တုံးကြီးတွေကို သူ့ နေရာနဲ့ သူပြန်တပ်ပြီး၊
ပြင်ဆင်ထားကြတယ်။
 ဒါတောင် နောက်ကျောက်တုံးစုစုပေါင်း ၆ဝဝဝဝ အတွက်ဘယ်နေရာမှာ ထားရမှန်းမသိဘူးတဲ့..။
ကျမသေသေချာချာကြည့်ခဲ့ပါတယ်။ သူတို့ တကယ်စိတ်ရှည်လက်ရှည်နဲ့ အသေးစိတ်လုပ်နေကြတယ်..။
လှေခါးအောက်မှာရောက်နေတဲ့ ကျောက်တုံးကို လူ၂ ယောက်ဆွဲထုတ်ပြီး နေကြတာ။
အဝင်လမ်းက အရှည်ကြီး။သစ်ပင်တွေနဲ့ မို့ လို့ တော်သေးတယ်။ အရိပ်လေးအောက်ကနေ လျောက်သွားရုံပါဘဲ။
လမ်းတဝက်လောက်မှာ ဒီအဖွဲ့ လေးရှိတယ်။ကမ္မောဒီးယားစစ်ပွဲမှာ မိုင်းထိပြီးခြေပြတ်လက်ပြတ် သွားတဲ့သူတွေပါ။ သူတို့ သီချင်းလေးသွင်းပြီးစီဒီအခွေရောင်းတယ်။ သနားစရာလေးတွေ..ပါ။
ကဲ..အဝင်ဝမှာကတဲကတွေ့ ရပြီ။ ဒီသစ်ပင်ကို ဗမာလိုဘယ်လိုခေါ်သလဲကျမ မသိပါဘူး..။ ဘိုလိုတော့
Tetramelaceae nudiflora အဲလိုရေးတာတွေ့ တယ်။ google လုပ်ရင်းနဲ့ တွေ့ တာပါ။ 
ရန်ကုန်တက္ကသိုလ်ဝင်းထဲမှာလည်း တပင်ရှိတယ်တဲ့။ သစ်ပုတ်ပင် လေ...။ 
သစ်ပုတ်ပင်ဆိုတာ အဲဒီအပင်တပင် ထဲကိုဘဲပေးထားတဲ့နာမည်လား..။အားလုံးကိုသစ်ပုတ်ပင် လို့ ခေါ်လား..။ အင်း...ကျမလည်း..မသိဘူး... :P
(အာလူးပေးနေပါတယ်ဆို...ဒီလိုတိတိကျကျတော့လည်း..မယ်မီးမသိ  :)
ကဲ...သစ်ပုတ်တောကိုသွားကြည့်ကြရအောင်....။
ဒီအဝင်ဝတပင်တော့ တော်တော်ကိုရှည်ပြီးဖြောင့်နေတာဘဲ...။
ကရိန်းတွေ၊ငြမ်းတွေနဲ့ ဆင်နေပြင်နေကြတယ်။ 
အဲဒီတံခါးပေါက်ကြီးက ကျောက်တချပ်လုံးကိုအလယ်ကနေဖေါက်ပြီး အပေါက်လုပ်တာပါတဲ့...။
တကဲ့ အံ့မခန်းပါဘဲ...။ ဘယ်နေရာကြည့်ကြည့် မှတ်တမ်းတင်ယူချင်စရာတွေချည်းဘဲ။
ဒီနေရာမှာတွေ့ တဲ့ကျောက်စာတွေအရ Ta Prohm အရင်က Rajavihara လို့ ခေါ်တာတဲ့။ 
အခြေခံအုတ်မြစ်ချတာကတော့ AD 562 ကတဲကလို့ ဆိုပါတယ်။
ဒီနေရာရဲ့ ထိပ်ပိုင်းထောင့်လေးမှာတွေ့ လား..။သစ်ပင်ရဲ့ အမြစ်က တွယ်နေတာ..။
ဓါတ်ပုံရိုက်ဖို့ နေရာလေးလည်းလုပ်ထားပေးပါတယ်။ ရှပ်ရုင်တောင်လာရိုက်ကြသေးတယ်လေ...။
tomb raider အန်ဂျိုလီ နဲ့ လေ..။ခုတော့လည်း tomb raider မယ်မီး ပေါ့..ဟီးဟီး...။
သံချောင်းတွေ သစ်သားပျဉ်တုံးတွေနဲ့ ထောက်ထားရတယ်လေ...။
သစ်ပင်ကြီးကိုဖယ်လို့ လည်းမရ၊ သစ်ပင်ကြီးသေအောင်လုပ်ရင်လည်း မဖြစ်။နိုင်ငံခြားသားတွေကို ဒါလေးနဲ့ ဘဲဆွဲဆောင်ရတာ..ဘယ်လို target နဲ့ ပြင်ကြတာလဲဆိုတာ..တကယ်စိတ်ဝင်စားတယ်။
လူမပါအောင်ဓါတ်ပုံရိုက်ဖို့ စောင့်ရတာက ပိုအချိန်ကြာတယ်။
အုတ်တံတိုင်းကြီးလည်း မကျန်ဘူး...။
၁၇ ရာစုနှစ်နောက်ပိုင်းခမာအင်ပါယာပြိုလဲသွားတော့ ဒီနေရာကိုစောင့်ရှောက်မဲ့သူမရှိဘဲပစ်ထားကြလို့ တဲ့။
အဲဒီကျောက်တုံးမျိုးကိုလိုချင်တယ်။(အိမ်မှာ တံတိုင်းခတ်ချင်လို့ ..:))
ဒီ..ကိုကိုလေးက.တယောက်ထဲ၊စာအုပ်လေးကိုင်ပြီးသေသေချာချာကြည့်၊လက်နဲ့ ပွတ်ကြည့်၊ဒါဘဲလုပ်တာ။
သူကကျမကို..ဓါတ်ပုံရိုက်ဘဲရိုက်နိုင်လွန်းတယ်ဆိုတဲ့အကြည့်နဲ့ ကြည့်...။
ကျမလည်းသူ့ ကို စာဖတ်ပြီးပွတ်ဘဲပွတ်နိုင်လွန်းတယ်ပေါ့..ဒင်းက..ဟင်း....။
ဒီလို အပြန်အလှန် ပြူးကြည့်ကြောင်ကြည့် ကြတာပေါ့...ဘာရမလဲနော်...။
ဒီကင်ချီတသိုက်မလွယ်ဘူး...ကိုယ်ပိုင်ဓါတ်ပုံဆရာရှိတယ်လေ..။
အကွက်ကောင်း၊ရူခင်းကောင်းတဲ့နေရာဆို..သူတို့ တတွဲပြီးတတွဲ say ကင်ချီဆိုပြီး..သွားဖြီးနေကြတာ။
ပြီးကိုမပြီးတော့ဘူး...။ မယ်ငီး...တိုးလို့ မနိုင်...:(
ကမ္မောဒီးယားမှာ ဓါတ်ပုံရိုက်ရင် ဒီလို ရှိခိုးရမယ်လို့ များဥပဒေရှိလားမသိပါဘူး..။
လူတိုင်းလက်အုပ်ချီလို့ ...။
သူများတော့လက်ဖျားလေးနဲ့ ထိနီုင်ပေမဲ့၊ငီးငီးတို့ က၅ပေ ဆိုတော့ မမှီဘူးတော့...:P
ဒါကပြုပြင်ပြီးပုံ...
အမိုးက ဒီအတိုင်းကျောက်သားတွေစီထပ်ထားတာ...။
အဟောင်းနဲ့ အသစ်လေ....။ စုစုပေါင်း ၆ဝဝဝဝ ကျော်တဲ့ ဘယ်လိုလုပ်ကြမလဲနော်...။
ကိုင်း...နောက်တနေရာ..Pre Rup ဆိုတဲ့နေရာလေးသွားရအောင်...
မြင်ရတဲ့အတိုင်းကုန်းရုန်းတက်ရမယ်ဆိုတော့..ကျေးဇူးရှင်ကားပေါ်မှာဘဲဟောဟဲလိုက်နေတာ။
တယောက်ထဲတက်ခဲ့တာပေါ့..။ သဲကျောက်၊အုတ်၊laterite ..၃ မျိုးရောစပ်ပေါင်းပြီးဆောက်ထားတဲ့ ခပ်နီကျင်ကျင်လိုလို အရောင်နဲ့ ဟိန္ဒူနတ်ဘုရား စေတီပေါ့...။
အဲဒီအချိန်မှာ တခြားဘာခံစားချက်မှမရှိပါဘူး..။ပူတာရယ်ရေသောက်မယ်၊ရေအိမ်သွားမယ်..ဒါဘဲ..။
(တခုကောင်းတာ..ရေအိမ်ကို နိုင်ငံခြားသားဆို အလကားတက်ရတယ်၊သူတို့ နိုင်ငံသားဆိုပိုက်ဆံကောက်)
ဒါကတော့....ကိုယ်တို့ ဆီကနဲ့ မတူပါဘူး...နိုင်ငံခြားသားဆိုများများကောက်...ဒါဗြဲ...:P
ဘယ်လောက်မြင့်အောင်သွားသွား၊ထိပ်ဆုံးရောက်ရင်ပြန်ဆင်းလာရမယ်တဲ့...။
ကဲ..ဆင်းမယ်ဗျို့ ...။
သူတို့ မပါအောင်.. ဓါတ်ပုံရိုက်ရခက်ပါတယ်ဆို....
ကဲ....မောနေကြပြီ....။
ရေသောက်ဗိုက်မှောက် လိုက်အုံးမယ်...။
နားနားပြီးပြောမယ်....မောမောနေမှာစိုးလို့ ပါ...အဟား....။
အားလုံးဘဲရွှင်လန်းချမ်းမြေ့ ကြပါစေရှင်~~~~
မီးမီး
6 comments:
  1. Ma Mee Nage !!! nice Trip and Nice Photo
    Khine
    ReplyDelete
  2. ဓတ်ပုံအတွက်ကျေးဇူးတင်ပါတယ်
    ReplyDelete
    Replies
    1. အမြဲတမ်းအားပေးတဲ့အတွက်..
      ကျေးဇူးအထူးတင်ပါတယ် :)
      Delete
  3. ဟယ်..သစ်ပင်မြစ်ကြီးကကြောက်စရာကြီးနော်...
    အိုင်အိုရာ
    ReplyDelete
    Replies
    1. ဟုတ်ပါ့..မရာ...
      တချို့ များလူထက်တောင်ကြီးမားတုတ်ခိုင်နေတာဘဲ။
      ရန်ကုန်တက္ကသိုလ်ကို ၅ဝ နှစ်လောက်ပစ်ထားလိုက်ရင်၊
      နောင်အခါမှာဒီလိုတွေဖြစ်လာနိုင်ပါ့မလား...လို့ စဉ်းစားမိသေးတယ်..။
      အဟိ...:P
      Delete