Friday, September 14, 2012

ဟိုဖက်ကမ်းကမီးထိန်ထိန်...

မင်္ဂလာပါရှင်~~~~

ဟိုဖက်ကမ်းကို ကျမတို့ရှမ်းလိုအသံထွက်မယ်ဆိုရင် "လှိုင်နား"လို့ပြောနိုင်ပါတယ်။
တာချီလိတ်မြို့တဖက်ကမ်းမှာရှိတဲ့ မယ်ဆိုင်မြို့ကို ဒေသခံတွေက လှိုင်နား လို့ဘဲခေါ်ကြပါတယ်။
ဘယ်သွားမလဲ..လှိုင်နား သွားမယ်...ဒီလိုဖြေရင် ရှမ်း၊နို့မို့ရင်မြို့ခံလူတွေဘဲလို့မှတ်ယူလို့ရပါတယ်။
တခြားဒေသကလူတွေကြတော့ မယ်ဆိုင်..ဘာညာ.. နဲ့ပြောကြတယ်တဲ့။

ထိုင်း-မြန်မာနိုင်ငံ တာချီလိတ်မြို့အဝင်နယ်စပ်ဂိတ်ဝ(ထိုင်းဖက်ကနေရိုက်တာ)
ကဲ..ဒီတခါတော့၊ အဲဒီ လှိုင်နား မီးထိန်ထိန်ညီးတဲ့ မြို့လေးနဲ့အစပြုပြီး၊ကျမရဲ့ထိုင်းနိုင်ငံက ၁ဝနှစ်၊
တာအတွေ့အကြုံတွေကို ဖေါက်သည်ချဖို့လမ်းခင်းလိုက်အုံးမယ်။
ကျမ တာချီလိတ်ကို ပထမဦးဆုံး ရောက်ဖြစ်တာက အထက်တန်းကျောင်းသူဘဝကတဲကပါ။
အမေ့ဝမ်းကွဲအကိုဆုံးတော့ ကျမတို့မိသားစု (အဖေ၊အမေ၊မမ နဲ့ကျမ) သွားကြပါတယ်။
အဲဒီခေတ်ကာလက ကားလမ်းအခြေအနေဟာ အတော်ကြီးကို ဆိုးဝါးလွန်းပါတယ်။
ဒီမိုင်တစ်ရာကျော်လေးကိုဘဲ ၂ညအိပ် ခရီးနဲ့သွားရပါတယ်။ သူများတွေ ပြောနေတဲ့
မှောင်ခိုခေတ်ကြီးမှာပေါ့။ အဲဒီမှောင်ခို ဆိုတာကြီး မရှိရင်လည်း တာချီလိတ် မပြောနဲ့ကျမတို့
ကျိုင်းတုံကလူတွေ ရိက္ခာပြတ်သေတာ ကြာလှပေါ့။
တောင်ကြီး-ကျိုင်းတုံ ကားလမ်းက ၅ရက်ကနေ တပတ် ၁ဝရက်ကြာတတ်တယ်။
ဒီတော့ ဆန် ငါးပိ ငါးခြောက် ကြက်သွန် ငရုပ်သီး ဒီလို ကုန်ခြောက်တွေက လွဲလို့၊
လူသုံးကုန်ပစ္စည်းတော်တော်များများ နဲ့ အဝတ်အထည်ကအစ ပေါ့ ဟိုဖက်ကမ်းကြီးကိုဘဲ၊
အားကိုးလာခဲ့ရတာပါ။ ခေတ်အခြေအနေလည်း ဒီလို နယ်စပ်ဖြတ်ကျော် ကူးသန်းရောင်းဝယ်မှု့တွေကို၊
တရားဝင် ပိတ်ထားတော့၊ မှောင်ခိုဆိုတဲ့ စကားလေးနဲ့ပြောင်ဘဲကူးသန်းရောင်းဝယ်ကြရပါတယ်။

ထိုင်းဖက်ခြမ်း မယ်ဆိုင်ကနေအထွက်ဂိတ်ဝ၊တံတားထိပ်ပေါ့
ဟိုဖက်ထိပ်ကသစ်ပင်တွေကမြန်မာဖက်ခြမ်း

ဒီလို ရှမ်းအရှေ့ဖက်ခြမ်းဒေသရဲ့ လိုအပ်ချက်တွေကို အဲဒီလိုင်နား အပေါက်ကနေ သဲ့ယူနေရတယ်လေ။
ကျမတို့များများယူလေ ဒင်းတို့မြို့လေးက ထိန်ထိန်ကြီး လင်းလို့ဝင်းလို့ စီးပွားရေးတွေ တက်ကြတာပေါ့။
အဖေတို့ပြောပြဖူးတာက မယ်ဆိုင်မြို့လေးက အရင်က ရွှာငယ်လေးတခုအနေနဲ့ဘဲရှိတာတဲ့။
လမ်းဘယ်လောက်ကြမ်းလဲဆိုတော့ သူတို့နိုင်ငံပြည်မဖက်ကိုသွားရင်  မြင်းနဲ့ဘဲ သွားရတာတဲ့။
မယ်ဆိုင်မြို ့လွန်သွားရင် တောင်တန်းကြီးတွေရှိတယ်။ အဲဒီနေရာတဝိုက်မှာ တရုတ်တွေများတယ်။
(ကွန်မင်တန်တရုတ်အနွယ်တွေလို့ အကြမ်းအားဖြင့် ကျမတို့ဒီလိုဘဲသိထားခဲ့ပါတယ်။
ကျမတို့ကျိုင်းတုံမြို့ကတရုတ်တွေများတယ်။သူတို့တွေက တရုတ်စာကိုအဲဒီဒေသမှာ
သွားသင်ယူကြတယ်။သူတို့တွေလည်းမြင်းတွေနဲ့ဘဲသွားရတယ်လို့ပြောကြပါတယ်။
ခုတော့ သူတို့အားလုံးက ထိုင်ဝမ်မှာအခြေချနေကြတာများပါတယ်။)
ကျိုင်းရိုင်းဖက်ရောက်မှ ကားတွေရှိတာလို့ပြောဖူးပါတယ်။ သူတို့က ပြန်ပြီး တာချီလိတ်ဖက်ကမ်းကို
အားကိုးခဲ့ရတာ။မြန်မာငွေ ၁ကျပ်ကို ဘတ်ငွေ ၅ ဘတ်-၆ဘတ် လောက်ရတယ်။
အဖိုးတို့အဖေတို့က ကျမတို့ဆီက ပစ္စည်းကိုယူပြီး ဟိုဖက်ကမ်းသွားရောင်းခဲ့တာပေါ့။


ထိုင်းဖက်ကမ်းကနေ တာချီလိတ်ကိုလှမ်းမြင်ရတဲ့ပုံ

နောက်ပိုင်း ကပြောင်းတိကပြောင်းပြန်တွေဖြစ်ပြီး ကျမတို့အားလုံးဟာ သံကွန်ချာအောက်လူသားတွေဖြစ်သွားတော့၊ ဟိုဖက်က ပစ္စည်း ဒီဖက်ပြန် စီးဆင်းလာရတယ်လေ။
အဖေ့မိတ်ဆွေယောက်(ဟိုဖက်ကမ်းကလူပါ) သူ့အိမ်မှာ ထိုင်းဘုရင့်ပုံ နဲ့အဲဒီခေတ်က
မြန်မာ့ပြည်ကအကြီးဆုံးပုဂ္ဂိုလ်ရဲ့ ဓါတ်ပုံ ချိတ်ထားတယ်။ အဖေက မေးတော့ သူကပြောပြတယ်၊
ထိုင်းဘုရင်ကနေစရာပေးပါတယ် ကျေးဇူးရှင်တဲ့။ နောက်တခြား ပုဂ္ဂိုလ်ကြီးက သူတို့ရဲ့ကျေးဇူးရှင်စစ်စစ်ပါဘဲ။ သူလုပ်ပေးလို့ဆင်းရဲတဲ့ဘဝကနေလွှတ်မြောက်ပြီး၊
ခုလိုဆိုင်ကြီးနဲ့ချမ်းသာလာတာ သူ့ကိုလည်းကိုးကွယ်ထားရမယ်တဲ့...ကဲ...။

အဲဒီအချိန်တုံးက တာချီလိတ်မြေကွက်တွေ အိမ်တွေ ဈေးကြီးကြီးဆိုရင် ဟိုဖက်ကမ်းက လူတွေဘဲ၊
လာဝယ်ကြတယ်လေ..။ အော်..နိုင်ငံခြားသားက ဘယ်လိုလုပ် မြေဝယ်နိုင်လည်း...!!!
ဂလိုမမေးနဲ့လေ....နယ်စပ်ဆိုတာ ... ပိုက်ဆံရှိရင်...ဘာမဆိုဖြစ်နိုင်တယ်လို့ဘဲမှတ်...:P
ကျမတော့ ဈေးနူန်းကြားရတာနဲ့တင် ..အိုး..ပိုက်ဆံရှိလိုက်ကြတာ၊
ဘယ်သူတွေ ဘာလုပ်လို့ဂလောက်တောင် ချမ်းသာပါလိမ့်ပေါ့...စဉ်းစားပေးရတာ..အမော..။

ဒီမယ်ဆိုင်မြို့ကြီးချမ်းသာလာတာ မပြောနဲ့ကျမတို့တောင်၊ထိုင်းပစ္စည်းလေး ရန်ကုန် တောင်ကြီး၊
ကျောင်းတက်ရင်း ဘယ်သွားတာတောင် ပိုက်ဆံတွေအများကြီးရတာ။
လေယာဉ်ပျံနဲ့ဘယ်ကြ၊ ကားလမ်းနဲ့ဘယ်ကြ၊ ကံမကောင်းရင် အဖမ်းခံရ၊ ဂိတ်ကြေးတွေပေး၊
ကာစတန်တွေပေးနဲ့ခေတ်ကာလရဲ့ကူးသန်းရောင်းဝယ်မှု့နဲ့ကျမတို့မြို့ရဲ့အသွင်ပြင်ပေါ့။
မှောင်ခိုမြို့ဆိုပြီးလေ..။ပြောရရင်...ကျိုင်းတုံ၊တာချီလိတ်ကလူတွေတောင်အခြောက်တိုက်နာမည်ကြီးလို့။
ပစ္စည်းအကောင်းစားသုံးတယ်ဆိုပြီးလေ...အဟဲ...။ မိတ်အင်ထိုင်းလန်း ကိုဘဲကျမတို့အတွက်တော့၊
အကောင်းဆုံးဖြစ်နေတဲ့ အချိန်လေ...။

ကျောင်းပြီးတဲ့အချိန်အထိကျမတို့နယ်ကလူတော်တော်များများ ထိုင်းမှာဘဲ အလုပ်သွားလုပ်ကြပါတယ်။
မြန်မာကျောင်းကို မူလတန်းအထိဘဲနေပြီး၊ဆက်မတက်တဲ့ကောင်လေးတွေဆိုရင် ထိုင်းသွားအလုပ်လုပ်။ အိမ်ဆေးသုတ်၊ မေးလိုက်ရင် ဘာလုပ်လဲ။ ဆေးသုတ်။
ကျမလည်း ဘန်ကောက်ရာက်ဖူးတာဟုတ်ဘူးလေ..။ရန်ကုန်လောက်ဘဲ ရောက်ဖူးတော့၊
ဒီဘန်ကောက်တမြို့လုံး အိမ်ဘဲဆေးသုတ်နေကြတယ်ထင်ခဲ့တာ။
တိုက်ကြီးတာကြီးနဲ့ဟီးနေတာ သိမှမသိတာ..အဲဒီတုံးကပေါ့..:P
ကောင်မလေးတွေလား...ဟူး...ဒီအကြောင်းပြောရင် တကယ်ရင်လေးတယ်။ရင်နာတယ်။
နောက်တော့ပြောပြမယ်လေ..ခုတော့ ဖန်ပေါင်းချောင် အခန်းထဲမှာအလုပ်လုပ်ကြတယ်လို့ဘဲမှတ်လိုက်ပါ။
ကောင်းကောင်းသွားပြီး ရိုးရိုးသားသားလုပ်စားတာလည်းရှိပါတယ်။ အများအားဖြင့်ပြောတာပါ..။
ကျမတောင် အလည်ဆိုပြီး သွားလိုက်တာ ၉နှစ်ကျော်ကြာခဲ့သေးတယ်လေ..:))) 
အလုပ်လုပ် ကျောင်းတက်နဲ့အချိန်တွေ ဘယ်လိုကုန်သွားမှန်းတောင်မသိလိုက်ဘူး..။

ရွှေတြိဂံဒေသကကာစီနိုကစားဝိုင်းတဲ့(ပိုင်ရှင်ကဘယ်သူလို့ထင်လဲ..ထင်တဲ့အတိုင်းပါဘဲ:P )
နောက်ပိုင်း တာချီလိတ်ဖက် သွားမဲ့ကောင်မလေးတွေဆိုရင် ကျိုင်းတုံအထွက် ကားဂိတ်တွေမှာ မှတ်ပုံတင်နဲ့သေသေချာချာစစ်လာတယ်။ အသက်ပြည့်၊မပြည့်ပေါ့..။ 
အသက်မပြည့်ရင် အုပ်ထိန်းသူ မိဘ ပါရတယ်။ ထောက်ခံစာပါရတယ်။
အဲးဒီ မိဘ ကိုယ်တိုင်က သွားရောင်းစားတယ်ဆိုရင်...ဘယ်လိုပြောကြမလဲ....:(((
ကဲပါလေ..လိုရင်းကိုမရောက်နိုင်တော့ဘူး။သူတို့ဖက်ကဘဲကျမတို့ကယူတာဟုတ်ပါဘူးလေ။
ချိန်ခွင်ညှိပေးတဲ့သဘောနဲ့ကျမတို့ဖက်ကလည်း တင်ပို့တာတွေ(အော်..မေးနေသေးလား မှောင်ခိုပေါ့ :P)
ပေါပေါများများရှိတဲ့ ပိုင်ရှင်ဘယ်သူမှန်း လက်ညှိးထိုးပြစရာမရှိသေးတဲ့ ..(အဲ..အားလုံးပိုင်ကြတာပါနော်)
ကျောက်စိမ်းတို့၊ပတ္တမြားတို့၊ကျွန်းသစ်တို့၊ကောင်မလေးငယ်ငယ်ချောချောတို့..မှားပြန်ပြီ...
{ကောင်မလေးတွေကိုစရင်းကနေဖယ်ထုတ်ပေးပါရန်...:)))ရှေးဟောင်းပစ္စည်းတွေနဲ့အစားထိုးဖတ်ရန် }
ဒီလို အတုံးလိုက် အတစ်လိုက်ပစ္စည်းများကို တဖန်ပြန်လည်တင်ပို့သွားပေးပါတယ်:P

ကုန်သွယ်ရေးလောကပေါ့ဗျာ..။ကျမလည်း ခပ်ထူထူလူဆိုတော့ သိပ်နားမလည်ပါဘူး..။
ဒီလိုနဲ့ ကွေးသောလက်မဆန့်ခင် ဆိုတဲ့သင်္ခါရကြီးအတိုင်းပါဘဲ...။
ဗြုံးဆို..တရုတ်ကြီးကတက်လာ..။ ကိုယ်တို့ဆီက တံခါးလေးနဲနဲဟလို့။ရေစီးတွေ ပြောင်းလာရပြန်ပေါ့။ 
တရုတ်ပစ္စည်းတွေဒလစပ်ဝင်လာ ဈေးကချို၊ ထိုင်းကြီး ဂန့်ချင်နေတဲ့အချိန် 
လူတကာ အဲ..မှားတတ်နေတယ် :)ပိုင်ပစ္စည်းတွေလည်းစာရွက်ကြီးတွေနဲ့ကုန်တင်သဘောၤကြီးတွေစီးလို့၊
ခန့်ခန့်ကြီးခရီးသွားလာနိုင်တဲ့အချိန်၊ နယ်စပ်က ဖြူနီဝါပြာဆေးလုံးလေးများ ကမ္ဘာအနှံခြေဆန့်သွားနေတဲ့အချိန်၊ အဲလို အချိန်မျိုးမှာပေါ့၊ 
ကျမမယ်ငီးတယောက် အမျိုးသားကို ခေါ်ပြီး ကျမနယ်မြေကိုသွားလည်ခဲ့တယ်။မယ်ဆိုင်လေ..။
အချိန်မရရင် ကျမအိမ်အထိမပြန်နိုင်ဘူး။ နယ်စပ်ကနေ ငေးမောကြည့်ရူပြီး ပြန်လာရပါတယ်။

အသစ်ဖွင့်တဲ့နောက်မြန်မာဖက်ကူးတံတားတခု
အဲဒီတုံးက ဓါတ်ပုံလေးတွေပါ။ ကျမ ထိုင်းဖက်က ကားသမားတွေ၊ စတိုးဆိုင်ရှင်တွေ ဟိုဟိုဒီဒီ ဗျုးခဲ့၊ မေးခဲ့
စပ်စုစိန်လုပ်ခဲ့သေးတယ်။ သူတို့ပြောပြတယ်။ သူတို့မိဘ တွေရှာထားပေးလို့တာ နေစရာအိမ်ရှိတာ။
နေရာကောင်းတွေ လမ်းမတန်းက အိမ်ကြီး ခြံကြီးတွေကို မင်းတို့ဖက်ကလူတွေဘဲ ဝယ်နိုင်တာ...။
ဈေးဆိုရင် ဘတ်သန်းပေါင်းများစွာဘဲ။ အရင်ကလူတွေရောင်းပြီး မြို့စွန်ပြောင်းကြပြီလေ။
ဟိုဖက်ကမ်းက လူတွေဘဲ ချမ်းသာတာ(ဟော..သူတို့လည်း..ကျမတို့ကိုဟိုဖက်ကမ်းလို့ဘဲခေါ်တာဗျ) ။
အသုံးအဆောင် အဝတ်အထည်ဆိုရင်လည်း သင်္ကြန်အချိန်ဘဲ စောင့်ရောင်းနေရတယ်။
လှိုင်နားဖက် မင်းတို့ဖက်ကလူတွေဘဲလေ...။အဲဒီအချိန်ဆိုရင် တအားဝယ်တာဘဲ။
တို့တွေမဟန်တော့ဘူး..။တကယ်လို့ တံခါးတကယ်ဖွင့်သွားရင်...။
သူတို့တွေလည်းပြန်သွားကြမှာဘဲ....။
တို့မီးရောင်တွေတော့မှိန် ကျသွားမှာဘဲ...။
gas က အစမင်းတို့ဆီကဘဲလေ...တဲ့....။ 
ဟိုဖက်ကမ်းက မီးထိန်ထိန်...
ဒီဖက်ကမ်းက မီးထိန်ထိန်...
ကမ်း ၂ ဖက်စလုံး မီးအရောင် မမှိန်စေချင်ပါဘူး..လေ.. 

အားလုံးဘဲ ရွှင်လန်းချမ်းမြေ့ကြပါစေ 
မီးမီး 

12 comments:

  1. Hi
    Ma Mee Nage. I am glad too your reply.If you will get time please call me 484-545- 1170.

    ReplyDelete
    Replies
    1. Now I am in Longisland,NY for 2/3 night.
      Just follow my husband,his business trip,
      and as usual I stay in hotel.:P
      When I back to home,I call you :)))
      OK....

      Delete
  2. ဟိုးတုန်းက ဗမာငွေဈေးမြင့်တော့ဈေးဝယ်ရတာ သိပ်ကောင်းမှာပဲနော

    ReplyDelete
    Replies
    1. ဟုတ်တယ်၊ နောက်လူလည်းဒီလောက်မရှုပ်နေဘူး။
      အခုသွားတာ ရှုပ်ရှက်ခတ်နေတာဘဲ...။
      ကားတွေ ဆိုင်ကယ်တွေ အထူးသဖြင့် ဖုန်တသောသောနဲ့ လေ..;P

      Delete
  3. မျက်စိလည်ပြီးရောက်လာပေမဲ့ 
    နှစ်သက်ပါတယ်...အားပေးလျှက်ပါ..

    ReplyDelete
    Replies
    1. မကြာမကြာမျက်စိလည်ပြီးရောက်လာ၊
      အားပေးပါနော်..:P
      ကျေးဇူးတင်ပါတယ်.ဂါဂါရေ...

      Delete
  4. Love your writing style. Can't wait to read your Thai journey.

    Fred

    ReplyDelete
    Replies
    1. Thanks Fred...
      I want to share my life in Thailand for 9 years.
      If I write, that will be for 2-3 years nonstop post:P
      Anyway I will try,thanks for cheering me up.

      Delete
  5. မမီး
    အဲ့ဒါ ရွှေတြိဂံဆိုတဲ့ နေရာလား..မမီးအဲ့မှာနေတာလား...မိုက်တယ်နော်...လိုက်လည်ချင်လိုက်တာနော်..ဒီတစ်ခါပြန်လို့ကရအောင်ကိုကပ်လိုက်ပြီးလည်အုံးမယ်....ဟိဟိ...
    စု

    ReplyDelete
    Replies
    1. စု..
      နောက်လ ၁၈ ရက်နေ့ ပြန်မယ်။
      လိုက်ခဲ့။ကျိုင်းတုံမှာနဲနဲကြာမယ်။
      နောက်၂ဝ၁၃ မတ်လလောက်မှပြန်မယ်။
      ရန်ကုန်ရောက်ရင် ခေါ်လိုက်။
      ရွှေတြိဂံ တလျောက်ဘိန်းကောက်သွားရအောင်...:P
      အဲ..ဘာတွေပြောမိပါလိမ့်..:)))
      ဟားဟား...ပေါက်ကရပြောမယ်ဆို၊ဒေါ်မီးတို့ ထိပ်ဆုံးနော်..။

      Delete
  6. လိုက်မယ်ခေါ်နော် သီတာ

    ReplyDelete
    Replies
    1. တကယ်လား..
      လိုက်ခဲ့၊ ခေါ်တယ်၊ သီတာလေးရေ...။

      Delete