Friday, April 20, 2012

giftshop ဆိုင်ဖွင့်ကြမှာလား..

မင်္ဂလာပါရှင်~~~
တူမတော် တယောက်က သူ giftshop ဆိုင်ဖွင့်ထားတယ်။
အန်တီလေး ပစ္စည်းတွေကို ထိုင်းကနေပြန်လာရင် ၀ယ်လာပေးပါ ဆိုလို့ ။
ကျမ ယောင်လည်လည်နဲ့ ဘန်ကောက်က ဆိုင်တွေမှာ သွားလှည့်ပတ်ပြီး၊
ဝယ်သွားပေးခဲ့ရပါတယ်။
အဲဒီမှာ  မလေးက စင်ကာပူက မမလေးတွေလည်းအများကြီးဘဲ..။
ထိုင်းတွေရောဘဲ..။ကျမကိုဘယ်နယ်အတွက်လဲလို့ တောင်မေးနေတာ..။
အဟဲ..ကြွားတာထိုင်းလို ကြီကြီကြကြနဲ့ ရေပက်မ၀င်အောင်လုပြောပြီးဝယ်ရတယ်လေ..။
ပြန်ရောင်းဖို့ ဝယ်နေကြတယ်။လက်ကားဖြန့် တဲ့နေရာကိုး..။
ကျမတော့ ဘာတွေဝယ်ရမှန်းလဲမသိပါဘူး။
လူကလည်းခပ်တုံးတုံး မော်ဒယ်အောက်အောက်ပါဘဲ..ဟီး။
ကိုင်း....၀ယ်ထားတဲ့ပစ္စည်းလေးတွေ ပြချင်တယ်။
လှလားလို့ ...။









အားလုံးက ခေါင်းမှာထဲ့တာလေ..။
ခေါင်းစည်းခေါ်မလား ဘီးကုတ်ခေါ်မလားဘဲ..။
ဖက်ရှင်ကိုတော့ဒီလိုတုံးပါတယ်..။အခေါ်အဝေါ်တောင်သိဘူးးးးး။














အဲတာကျတော့ ကလစ်လေးတွေပါ။
လိပ်ပြာရုပ်လေးတွေက လှုပ်တုတ်တုတ်တုန်တုန်လေးတွေနဲ့ ချစ်စရာလေးးးးး။






အဲလိုမျိုးဝမ်းဒါးဆက် ကြီးတွေလည်းမသွားပေးလိုက်ပါတယ်။

ခြေကျင်းတွဲလောင်းလေးတွေတဲ့...။
ကောင်လေးလက်ပတ်တွေရောဘဲ...။
မြန်မာငွေနဲ့ ၃ သိန်းကျော်ဖိုးလောက်ကို တပုံခေါင်းကြီးရတယ်။
ရောင်းပါလေ့...။
တူမလေးကရောင်းကောင်းတယ်တဲ့..။
ကျမ အ၀ယ်တော်လုပ်မလားလို့ ပါ။
လိုချင်ရင် ဆက်သွယ်နော်...ဟီးးးး။
ရန်ကုန်က အထည်တွေအများကြီးလာဝယ်နေတာတောင်တွေ့ ရတယ်။
အိတ်ကြီးအိတ်ငယ်တွေ နဲ့ ...။
ရန်ကုန်နဲ့ ဘန်ကောက် ဟိုကပစ္စည်းဝယ်လိုက်ဒီမှာရောင်းလိုက်၊
ဒီကဟာတွေဝယ် ဟိုမှာပြန်ရောင်းနဲ့ ဆိုရင်တောင် စီးပွားဖြစ်လောက်တယ်။
.......................။
စီးပွားရေးတွေကြီးပွားတိုးတက်ကြပါစေနော်..။
မီးမီး

14 comments:

  1. အစ်မ တစ်ခုလောက် လက်ဆောင်ပေးပါလားဟင်? :P အားလုံးက လိုချင်စရာလေးတွေ။ :)

    ReplyDelete
    Replies
    1. မြန်မာပြည်မှာပြန်ဆုံရင်ပေးတာပေါ့ကွာ..။
      :))))

      Delete
  2. မီးမီးက မော်ဒယ်ရော အိုင်ဒီယာရော မအောက်ပါဘူး ...။ အဲဒါမျိုးလေးတွေ ဒီမှာမတွေ့သေးဘူး...။ အောက်က နားဆွဲနဲ့ လက်ကောက်တွဲထားတာလေးတွေသိပ်ကြိုက်တယ်...။ ဖန်စီသရဲလေ တို့က ဒါပေမယ့် ကလတ်ဆစ်ဖြစ်တာကို ပို့ကြိုက်တယ်...။

    ReplyDelete
    Replies
    1. ဟုတ်လား..။
      တိုးတိုးပြောပြမယ်...။
      ကိုယ်လည်းရုပ်ကြမ်းကြီးနဲ့ အဲဒါတွေကိုယ်တိုင်၊
      လုပ်တတ်အောင်လို့ စာအုပ် ပုတီးစေ့ ၀ါယာတွေ၊
      အားလုံးဝယ်ပြီး အစမ်းလုပ်ကျင့်ဖူးခဲ့တယ်။
      လူတကာကိုလိုက်ပြီးလက်ဆောင်ပေးရတယ်။
      ဟီးးးးလူကကဗျာလည်းမဆန်ဘဲနဲ့ အနုအလှလေးတွေ၊
      တခါတခါတော့ ကြိုက်မိသား..။

      Delete
  3. ထိုင်းပစ္စည်းရောရန်ကုန်ပစ္စည်းရော တရုပ်ပစ္စည်းထက်တော့သာပါတယ်။ ကိုယ်တော့ဒီမှာယူအက်စ်ဆိုပြီးတရုပ်လုပ်တွေချည့်တွေ့ နေရတာစိတ်ပျက်လွန်းလို့ ။
    ထိုင်းကအထည်တွေကိုလည်းဒီကအထည်တွေထက်ကြိုက်တယ်။ ပိုလည်းပစ္စည်းကောင်းတယ်။ ဈေးချင်းတူရင်တောင်။
    ကြိုးလေးတွေနဲ့ နားကပ်လေးတွေအားလုံးလှတယ်။
    အိုင်အိုရာ

    ReplyDelete
    Replies
    1. ကျမလည်းကြိုက်တယ်။
      ကိုယ်တိုင်ဝတ်ဖို့ ဟုတ်ဘူး။
      ဒီအတိုင်းဘဲလှလို့ ကြိုက်မိတယ်။
      အကြိုက်ချင်းတွေတူနေပြီ အိုင်အိုရာရေ့....။

      Delete
  4. မော်ဒယ်အောက်တယ်သာ ပြောတယ်..ရွေးတတ်လိုက်တာ..လှမှလှ..ဖန်စီကြိုက်တယ်..

    ReplyDelete
    Replies
    1. အင်း..ဒါဆိုဒေါ်မီးတယောက်မော်ဒယ်အောက်သေးဘူးပေါ့နော်..။
      ပျော်စရာကြီးးးးမုန့် ကျွေးမယ်လာခဲ့။

      Delete
    2. ဆရာမရဲ့ Mini Europe မှာ Ousterreich ကို သြစတြေးလျဆိုပီး လုပ်ထားပါတယ်။
      ဥရောပဆိုတော့ သြစ်ထရီးယားပါ (Austria) ဖြစ်မယ်ထင်ပါတယ်။

      Delete
    3. ကျမရေးတာက Austria ပါဘဲ..။
      စာလုံးပေါင်းလိုက်တော့လည်း အတူတူကြီးဖြစ်သွားပါတယ်။:P
      သြစ်ထရီးယား ဆိုတဲ့စာလုံးပေါင်းကိုတခါမှမပေါင်းဘူးသလိုဖြစ်နေတယ်။
      အဟဲ..အသက်ကြီးလာတော့ မှတ်ညာဏ်မကောင်းတာဖြစ်ရမယ် :))
      ခုပြန်ပြင်လိုက်ပါတယ်။(ကျမနည်း ကျမဟန်ဆိုပါတော့:P )
      ပြောပြတာ ကျေးဇူးနော်...

      Delete
  5. အမရေ အဲဒီပစ္စည်းလေးတွေ ၀ယ်တဲ့နေရာလေး ပြောပြပေးပါလား

    ReplyDelete
    Replies
    1. ညီမလေးရေ..
      ဆိုင်လိပ်စာက ထိုင်းမှာကျန်ခဲ့တယ်။
      ဒါပေမဲ့ ဟို The Platinum Fashion mall.
      ဆိုတာသိလား။အဲဒီရဲ့ အပေါ်ဆုံးထပ်လှေကားတက်တက်ချင်းဘယ်ဖက်ဘေးကနေလှည့်။
      ထပ်ဆုံးဆိုင်နဲ့ သူ့ နဲ့ ကပ်ရပ်ဆိုင် ၂ ဆိုင်မှာဝယ်ခဲ့တယ်။
      ဆိုင်ပိုင်ရှင်ကအခြောက်ဘဲ။
      ညီမလေးသွားရင်တွေ့ ရမှာအသစ်တွေအများကြီးဘဲ။
      သူတို့ ကိုယ်တိုင်လုပ်တာတဲ့။

      Delete
    2. ကျေးဇူးပဲ မမီးရေ ကိုယ်တိုင်သွားမှာတော့ မဟုတ်ဘူး သူများကိုမှာမလို့ပါ ညီမက ထိုင်းတခါမှ မရောက်ဘူးသေးဘူး စင်္ကာပူမှာနေတာပါ

      Delete
  6. ချစ်ချာလေးတွေ..ဒီမှာဆိုဒါမိုးတွေကရှာရခက်တယ်။

    ReplyDelete