Tuesday, April 17, 2012

ညောင်ချဉ်ဖူးဟင်း(ဖတ်ဟိ့)နဲ့ရာသီအစားအစာများ

မင်္ဂလာပါရှင်~~~
ကြွေဇွန်းတပ်ထားတဲ့ခွက်က ဖတ်ဟိ့ ပေါ့...
 ဒီလိုနွေဦးကာလရယ် နွေရာသီလောက်ဆိုရင် ကျမတို့ ဆီမှာ ဖတ်ဟိ့ လို့ ခေါ်တဲ့၊
ညောင်ချဉ်ဖူး တွေလှိုင်လှိုင်ပေါ်ပြီပေါ့။
ကျိုင်းတုံမှာတော့ များသောအားဖြင့် ဟင်းရည်အဖြစ်ချက်စားကြပါတယ်။
ကျိုင်းမယ်(ဇင်းမယ်)မှာတော့ ပြုတ်ပြီးသုပ်စားကြတာများပါတယ်။
ကျမဒီတခါပြန်သွားတာအနပ်တိုင်းနီးပါးစားခဲ့တယ်လေ။
ကြိုက်လို့ ..။ဝက်သားစားရင် ၀က်နံရိုးလေးနဲ့ ချက်ပေါ့။
ကြက်ရိုးနဲ့ လည်းအိုကေပါတယ်။
ချက်နည်းကလည်းလွယ်လွယ်လေးပါ။



ကျမတော့ အဲဒီညောင်ချဉ်ဖူးလေးတွေကို ချက်ဖို့ ရွေးရင် သူ့ အခွံတွေအများကြီးမထဲ့ဘူး။
ဖန်လို့ ။ရေစင်စင်ဆေးပြီး ဟင်းအိုးထဲအရိုးနဲ့ တခါထဲထဲ့ပြုတ်လိုက်တာပါဘဲ။

ရန်ကုန်မှာကျောင်းတက်တုံးကတော့ စီးပွားရေးတက္ကသိုလ် ရှေ့ မှာအပင်ရှိတယ်။
အဲနားတ၀ိုက်သွားကောက်ပြီး ချက်စားဖူးတယ်။
ဟင်းအိုးထဲကို ခရမ်းချဉ်သီး ကြက်သွန်နီ ငရုတ်သီးလှော်နဲနဲလေး ပဲပုပ်တချပ်(မီးကင်ပြီးထောင်းထားတာ)၊
ဆား ငံပြာရည်နဲနဲလေး အားလုံးကောက်ထဲ့လိုက်တာဘဲ။
နူးအိလာမှ ကြက်သွန်ဖြူဆီသတ်ပြီး လောင်းထဲ့လိုက်ရင် အင်မတန်မှ စားကောင်းသော..။
ရှမ်းဟင်းတခွက်ရပြီပေါ့ရှင်...။

ကျမရောက်တဲ့နောက်နေ့ မှာချက်စားတာက ဖတ်ဟိ့(ပဲပုပ်ခပ်)၊နမ့်ဖစ်ခရမ်းချဉ်သီးထောင်း(ပဲပုပ်ပါတယ်)
ဒရင်ကောက်ရွက်ကြော်(ပဲပုပ်လေးဖြူးတယ်)..အဟီး..။
ကဲ..ပဲပုပ်မမ ကွ..။
အိမ်သားတွေက ထုံးစံအတိုင်း ပွစိပွစိပေါ့..။
တက်တာ ချက်တာ နောက်မှ..အရင်ဆုံးစားလိုက်တယ်လေ..။
ကြာကြာတည်လေအရည်ကျလေ ပိုကောင်းလေ..။
အနံတွေမွှေးကြိုင်နေတော့ ဟင်းအိုးကြာအောင်တောင်မစောင့် နိုင်ဘူး။
ဘုနးကြီးကျောင်းမှာဆွမ်းကပ်တာလည်း ညောင်ချဉ်ဖူးဟင်းကလည်းထိပ်ဆုံးကပါဘဲ။
နေ့လည်ပိုင်း ၃ နာရီလောက်ဆို သာရေစာ စားဖို့ အချိန်ရောက်လာပြီလေ..။
ခေါက်လန်ဖိန်း (ချဉ်ငံစပ်)၊
ထိုဖူးနောင်း (ထိုဖူးဖြူပျော့ပျော့တုန်တုန်လေးပေါ်မှာနဲ့ ဂျင်းနဲ့ ပြုတ်ထားတဲ့ကြံသကာရည်ဆမ်း)
ခေါက်ဆွဲခက်(လင်ဘန်းသေးသေးလေးနဲ့ ခေါက်ဆွဲအချပ်သေးသေးလေးလုပ်တာ)
ညှပ်ပြီး ငရုတ်သီးဆီချက် ငရုတ်ချဉ်ရည် ပဲငံပြာရည် မြေပဲဆံထောင်း ဆလပ်ရွက်လေးထဲ့သုပ်ထားတာ။
စားစရာအများကြီးထဲက ဘာစားရမှန်းတောင်မသိဘူး။
ဒီတခါတော့ တူမတယောက် က ခေါက်ဆိန့် ပါလာတူး(ငါးသေတ္တာငါး) လုပ်ကျွေးပါတယ်။

ကျမတို့ က ထိုင်းနဲ့ နီးတော့ ဟိုမရောက် ဒီမရောက်၊ရှမ်းလည်းမဟုတ်၊ထိုင်းလည်း မဖြစ်တဲ့ ၊
စားနည်း သောက်နည်းများစွာရှိပါတယ်။
ခုပြောပြမဲ့  ခေါက်ဆိန့် ပလာထူး ကလည်း အဲဒီကနေပေါက်ဖွားလာတဲ့ မုန့် တမျိုးလို့ ဆိုရမှာပေါ့။

ကျမတို့ ဆီမှာ မုန်တီဖတ်ကို ၂မျိုးခွဲထားပါတယ်။
အချဉ်ဖေါက်တဲ့ မုန့် တီ ဖတ်ကို ခေါက်ဆိန့် ဝှစ် လို့ ခေါ်ပါတယ်။
အချဉ်မဖောက်တဲ့ မုန့် တီကိုတော့ ကျိုင်းတုံခေါက်ဆိန့် လို့ လူသိများတဲ့ ဟင်းရည်နဲ့ စားတာပါ။
အခုဟာက အချဉ်ဖေါက်ထားတဲ့ ခေါက်ဆိန့် ဝှစ်နဲ့  စားကြမယ်လေ။
လုပ်ရတာလည်းလွယ်ပါတယ်။
ကျမ မိတ်ဆွေများကြိုက်နှစ်သက်မယ်လို့ ထင်ပါတယ်။
ပါလာထူး...

ပါလာထူး ဆိုတာထိုင်းမှာပေါင်းပြီးရောင်းပါတယ်။
အဲဒါကို ကြော်ပြီး သုံးတာပါ။မရှိလည်းရိုးရိုးငါးသေတ္တာငါးလည်းဖြစ်ပါတယ်။
ပြီးတော့ ဆလပ်ရွက် ဖားဖားကြီးကြီးလှလှလေးတွေပေါ့။
ရေနဲ့ ကြာကြာသာစိမ်ထားပါ။ခုခေတ်က ဓါတ်မြေသြဇာတွေသိပ်သုံးကြတယ် ဟုတ်လား။
အချဉ်ရည်အတွက်က ကြက်သွန်ဖြူ ကုလားအော်လို့ ခေါ်တဲ့မိုးမျှော်ငရုတ်သီး သံပုရာသီး၊
ဆား သကြား ဂျင်း နံနံပင် ငံပြာရည် မြေပဲဆံထောင်း ရေနဲနဲလေးထဲ့ပေးရပါတယ်။
ထုံးစံအတိုင်းထောင်းထုပြီး ကျမတော့ဇလုံအကြီးကြီးနဲ့ ဖျော်ပါတယ်။
အားလုံးကိုကိုယ့်စိတ်ကြိုက် ခပ်ပြစ်ပြစ် ခပ်ကြဲကြဲ ကြိုက်သလိုပေါ့ဗျာ..။
ရောသမသာမွှေလိုက်ပါ အိုကေပါတယ်။

ကဲ..စားတော့မယ်..။
လက်ဆေးထားကြ..။ဒီအတိုင်းဘဲစားလည်းရတယ်။
ပန်းကန်တွေဘာတွေ ရူပ်ပါတယ်။
လက်ပါးပေါ် ဆလပ်ရွကိုရေနဲနဲလောက်ခါပြီးဖြန့် တင်လိုက်ပါ။
မုန့် တီဖတ်လေး နဲနဲထဲ့လိုက်ပါ။ငါးတဖတ်လောက် ဖဲ့ပြီးထဲ့ပါ။
ဇလုံထဲက အချည်ရည် တဇွန်း လောက်အပေါ်ကနေ ရွဲရွဲလေးလောင်းလိုက်ပါ။
နောက် တော့..အားပါးတရ ပါးစပ်ဟပြီးသာ သွင်းလိုက်ပေတော့။
ပလုတ်ပလောင်းနဲ့ အင်မတန်စားကောင်း...။
စားပွဲအလယ်မှာ အားလုံးခင်းထားပြီး ၀ိုင်းစားကြတာ ပျော်စရာကြီးပေါ့။
ငရုတ်သီးစပ်စပ်နဲ့ ဆို ရူးရှဲရူးရှဲ နဲ့ ပါးစပ်ကအချည်ရည်တွေ စီးကျလာလို့ ၊
တစ်ရူးတွေ လုနေကြရတယ်။
လက်တခုလုံးပေပွနေလို့ (ကျမအတွက်မကျန်မှာစိုးလို့ ၊လုနေရတယ်လေ)
ဓါတ်ပုံလေးနဲ့ မှတ်တမ်းမတင်နိုင်ခဲ့ဘူးးးးးးဟီး(သီးခံပါရှင်..၂ခါရှိလေပြီ:P)

ကျမအဒေါ်ကတော့ လူကြီးစတိုင်လ်လုပ်ပါတယ်။
ဆလပ်ရွက်ကအတူတူဘဲသုံးပါတယ်။
ကျန်တာကတော့ အန်စာတုံး ပုံးစံမျိုး လုပ်ထားတာပါ။
ဂျင်း ကြက်သွန်ဖြု မြေပဲဆံလှော် ၀က်ခေါက်ကြော် ငရုတ်သီး ..။
အားလုံးကို တတုံးစီ ဆလပ်ရွက်ထဲထဲ့ပြီး ငံပြာရည်လေးတပေါက်ထဲ့။
ကွမ်းယာလိုထုတ်ပြီး ၀ါးလိုက်တာပါဘဲ...။
ပါးစပ်လေးတမြုံမြုံနဲ့ အရသာရှိပါတယ်။
ဟင်းသီးဟင်းရွှက် အစိမ်းကြိုက်တဲ့သူတွေဆိုရင် စမ်းပြီးစားကြည့်ပါ။
ကျမ်းမာရေးနဲ့ လည်းညီညွတ်ပါတယ်။

ကဲ....ဒီနေ့ နေ့ လည်မှအလုပ်ဝင်ရမှာမို့ လို့ အချိန်ရတာနဲ့  နှစ်သစ်လက်ဆောင်အဖြစ် ၊
ကျမ တို့ ရဲ့ ရှမ်းအစားအစာလေးနဲ့ အာလူး ပေးလိုက်တယ်နော်..။
နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ ဘ၀အသစ်အတွက် ပြန်စကြရအောင်....
(မကောင်းတာတွေ နှစ်ဟောင်းမှာအားလုံးထားခဲ့ကြတာပေါ့နော့်....)
မီးမီး

17 comments:

  1. ညောင်ချဉ်ဖူးဟင်းလေးကို လာကြည့်တယ်။
    ငယ်ငယ်တုန်းကဆို အာလူးနဲ့ ချက်တဲ့ အဲဒီဟင်းလေးနဲ့ ပဲပုပ်ထောင်း ငရုပ်သီးစပ်စပ်နဲ့
    စားချင်လာပြီ။

    ReplyDelete
    Replies
    1. ညောင်ချဉ်ဖူးဟင်းကို ရှမ်းလိုချက်တာဘဲစားဖူးတယ်။
      အာလူးနဲ့ ချက်တာ မသိဘူး..။

      Delete
  2. ပုံမမြင်ရဘဲသွားရည်ကျသွားပါတယ်။စားခဲ့တဲ့ရှမ်းစာတွေအကြောင်းဆက်ရေး
    ပါအုံး.စောင့်ဖတ်နေပါတယ်။

    ReplyDelete
    Replies
    1. အန်တီရေ..ကျမကြိုက်တဲ့ဟင်းတွေကလည်း၊
      ဆီမပါတဲ့ဟင်းတွေ၊
      လူကြီးကြီးကြိုက်ဟင်းတွေဘဲ..။
      မုန်ညှင်းအမျိုးမျိုး ချက်နည်းလေးပြောပြအုံးမယ်နော်..။

      Delete
  3. ညောင်ချဉ်ဖူးကို အရင်တုန်းက မကြိုက်ခဲ့ဘူး။ အခုဆို ကြိုက်မှာပဲ။
    ပလာတူးငါးတွေ ရန်ကုန်မှာရပါတယ်။

    အပြုံးပန်း... မကြာခင်စားရတော့မယ်မဟုတ်လား :D

    ReplyDelete
    Replies
    1. စားကြည့်လေစူးနွယ်လေး..။
      ကောင်းတယ် သိလား..။
      အပြုံးပန်းက ရှမ်းပြည်သွားလည်မယ်နဲ့ တူတယ်။
      :))

      Delete
  4. ညောင်ချဉ်ဖူးဟင်းအားသေ၇ကျသွားပါသည်။ခေါက်ဆိန်.ပလာထူးတော.တခါမှမစားဘူးသေးပါ။

    ReplyDelete
    Replies
    1. ခေါက်ဆိန်ပလာထူး..။
      စားကြည့်ကြိုက်သွားမယ်နော်..။
      ကျမလည်းအစက အင်တင်တင်..။
      နောက်တော့..ရေရေလည်လည်ကောင်းဆိုဘဲ..။

      Delete
  5. ညောင်ချဉ်ဖူးစားချင်တယ်...
    မစားရတာ ၁၀ နှစ်ကျော်ပီ... ပြင်ဦးလွင်မှာဆိုရှိတတ်တယ်..

    ReplyDelete
    Replies
    1. ပြင်ဥိးလွင်မှာလည်း ရှမ်းတွေများတယ်နော်။
      ဈေးထဲက ထိုဖူးဝါတွေဆိုကောင်းမှကောင်းဘဲ။
      ကျမကြိုက်တယ်။

      Delete
  6. ညောင်ချဉ်ဖူးအရမ်းကြိုက်။
    ရှမ်းပြည်ရောက်တိုင်းရှမ်းစာတွေ့ သမျှစားတယ်။ အနည်းဆုံးမန္တလေးရောက်ရင်တောင်ရှမ်းဆိုင်မှာဘဲထမင်းသွားစားတယ်။ ရှမ်းစာအရမ်းကြိုက်တယ်။
    ဒီပို့ စ်ကတော့နောက်ထပ်ပြန်လာကြည့်ရမဲ့ပို့ စ်ဘဲမီးမီးရေ။
    အိုင်အိုရာ

    ReplyDelete
  7. အင်းးး..။
    ခုလည်း ရှမ်းအစာဆိုလို့ ၊
    ရှမ်းနဲ့ နီးစပ်တဲ့ လော(လာအို)အစားအစာဖတ်ပြီး၊
    အာလူးလေးဖုတ်ဖို့ စဉ်းစားနေတာ..။

    ReplyDelete
  8. ညောင်ချဉ်ဖူးရွက်ဆိုတာ မမြင်ဖူးဘူး မမီး..စားချင်တယ်

    ReplyDelete
    Replies
    1. အေးဟယ်...။
      ဓါတ်ပုံလေးနဲ့ ပြချင်လိုက်တာကွယ်။
      စားလို့ ကောင်းတယ်သိလား..။

      Delete
  9. ညောင်ချဉ်ဖူးကိုတို့စားရတာလဲကြိုက်တယ်မီးမီးရေ

    ReplyDelete
    Replies
    1. မမာရေ..
      ကျမ ဖေးပရိတ်ပေါ့။

      Delete
  10. Looks so yummy! I want to eat a lot! :(

    ReplyDelete