Friday, September 30, 2011
Fall......
မင်္ဂလာပါရှင်~~~
Elangen,Germany
Fall ဆိုတာ ရွက်ကြွေချိန်၊
စိမ်းလန်းဖူးပွင့်ခဲ့တဲ့ သစ်ရွက်လေးတွေ၊
အိုမင်းဝါရင့်ပြီးမြေမှာခတဲ့အချိန်၊
ကျမတို့ က၊ သစ်ရွက်ရောင်စုံလေးတွေနဲ့ လှပနေလိုက်တာလို့ ၊
ခံစားသိမြင်ပြီးတကူးတကနဲ့ ဓါတ်ပုံရိုက် မှတ်တမ်းတင်ကြတယ်။
သစ်ရွက်လေးတွေရဲ့ အလှတရားရှာဖွေကြတယ်။
မြေပေါ်ကြွေကျလည်း လှတယ်၊
အပင်ပေါ်မှာလည်းလှတယ်၊
Elangen,Germany
Elangen,Germany
Elangen,Germany
လူတွေလူ့ ဘ၀ကနေကြွေလွင့်သွားကြတဲ့အချိန်မှာတော့.....
အလှတရားတွေလည်း မရှိတော့ပါဘူး၊
ဝမ်းနဲပူဆွေးကြေကွဲလိုက်ရတာ။
မှတ်တမ်းဓါတ်ပုံဆိုတာလည်း ကြည့်တိုင်းရင်နာရတယ်။
 ဒီသစ်ရွက်ကြွေချိန် ဆောင်းအချိန်တွေမှာဘဲ၊
ကျမရဲ့ အရင်းနှီးဆုံးအချစ်ဆုံးတွေ ကြွေလွင့်သွားကြပါတယ်။
၂၀၀ရ ဖေဖော်ဝါရီလ မှာ အဖေ၊
၂၀၁၀ နိုဝင်ဘာလမှာ အကိုငယ်၊
၂၀၁၁ စက်တင်ဘာလ မှာအကိုကြီး၊
အသီးသီး ကွယ်လွန်သွားကြတယ်။
အဖေရဲ့ ကြီးမားလှတဲ့မေတ္တာတရား၊
အကို ၂ ယောက်ရဲ့ အေးချမ်းလှတဲ့ ချစ်ခြင်းမေတ္တာတရားတွေကို၊
(အဝေးရောက်နေတော့ ဓါတ်ပုံလေးနဲ့ ဘဲဖြေသိမ့်ရတယ်လေ)။
ကျမရှာဖွေပြီးရင်ထဲမှာ ထာဝရသိမ်းထားလိုက်ပါတယ်။
သူတို့ တွေသက်ရှိထင်ရှားရှိစဉ်တုံးကလည်း၊
ကျမအတွက် အားကိုးအားထား နွဲ့ ဆိုးဆိုး လို့ ရတဲ့၊
ကျမအတွက်တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာတွေပါ၊
အဖေလက်ကိုင်ပြီးစက်ဘီးစီးသင်ပေးခဲ့တာ၊
နောက်ပြန်လှည့်ကြည့်လို့ လက်လွှတ်လိုက်တာသိတာနဲ့ ၊
ချက်ချင်းလဲကျတဲ့ သမီး...
အဖေ.. သမီးလေ၊
အဖေ မရှိပေမဲ့ဒီခရီးအထိ စီးလာနိုင်ပြီ..အဖေ~~~~
တက္ကသိုလ် ၄ နှစ်လုံးတက်တာ ကျောင်းသားရေးရာ၊
ကျောင်းလခဆိုတာ ဘယ်လိုထည့်ရမှန်းတောင်သိခဲ့ဘူး။
အားလုံးအကို၂ ယောက်ဘဲလုပ်ပေးခဲ့တာ။
၁၀ နှစ်သမီးဘ၀ ကတဲက တောင်ကြီးမှာကျောင်းတက်တော့၊
တနှစ်ကိုတခါ ကျိုင်းတုံပြန်ရတာ။
အ၀တ်အိတ်ကို အမေပြင်ပေးတယ်။
လေယာဉ်ကွင်းရောက်တော့ ထိုင်ခိုင်းတဲ့နေရာမှာဘဲ ၊
ကုတ်ကုတ်လေးစောင့်နေရတယ်။
အားလုံးပြီးမှ လေယာဉ်ပေါ်တက်ဆိုတက်လိုက်တာဘဲလေ။
အစစအရာရာ လိုက်လုပ်ပေးလို့ ၊
ဘာတခုမှ မလုပ်တတ်၊မသိတတ်ဘူး၊
ခုထိ ပြန်ရင်လာကြိုဖို့ တကူးတက သူတို့ မြို့ ကနေလာရတယ်။
ခုတော့ ကိုကို ညီညီ....ညီမလေး ကိုကြိုပေးမဲ့သူရှိတော့ဘူး။
အချိန်မှီ မရာက်ပေမဲ့ ညီမလေးပြန်လာပြီး၊
အမေနဲ့ မမ(အမကလည်းမုဆိုးမ)ကိုစောင့်ရှောက်မယ်~~~
Fall ဆိုတာ ကြွေလွှင့်တာတဲ့နော်......
မီးမီး
15 comments:
  1. တို့ရဲ့အချစ်ဆုံးတွေလည်း ဆောင်းဦးမဟုတ် ဆောင်းလ ဒီဇင်ဘာတွေမှာ ကြွေလွင့်ခဲ့ရတာ တိုက်ဆိုင်လို့ ခံစားချက်ကို တကယ် ကိုယ်ချင်းစာပါတယ်။
    Mandy
    ReplyDelete
  2. Mandy,
    ကျေးဇူးတင်ပါတယ်။
    အဝေးကနေတယောက်ထဲ ကြေကွဲရတဲ့၊
    အဖြစ်ကတော်တော်ရင်နာစရာပါဘဲနော်။
    သူကလည်းအလုပ်ဖိနေတဲ့ အချိန်၊
    တရားထိုင်တောင်စိတ်မငြိမ်နိုင်သေးဘူး။
    ခဏပြန်အုံးမယ်။
    ReplyDelete
  3. လူတိုင်းမလွဲမသွေလျှောက်ရမဲ့လမ်းပါနော်။အန်တီမှာ
    လည်းမိဘနှစ်ပါးလုံးမရှိတော့ကိုယ်ချင်းစာမိပါတယ်။
    ကျန်တဲ့အမေကိုပြန်တဲ့အခါကျေနပ်အားရအောင်ပြုစုပါ။
    အစားထိုးမရနိုင်တာမိဘမေတ္တာမှုတ်လား။လူတိုင်းကံစီမံရာ
    နာခံနေရတာဘဲလေ။ဆရာလုပ်တယ်မထင်ပါနဲ.နော်။
    စေတနာနဲ.အားပေးတာပါ။
    ReplyDelete
  4. အန်တီဦးရေ..
    အားပေးစကားကိုတကယ်ကျေးဇူးတင်ပါတယ်။
    ကျမကအပေါင်းအသင်းလည်းနဲပါးတယ်။
    ဒီမှာ ဘယ်သူ့ နဲ့ မှသိဘူး။
    နေရာအတည်တကျမရှိဘဲ၊
    လျှောက်ပြောင်းနေရလို့ ၊
    လားသိပါဘူးလေ။
    တကယ်တမ်းဝမ်းနဲပူဆွေးအားငယ်နေရင်၊
    အဝေးကဖြစ်ဖြစ်အနီးကဖြစ်ဖြစ်၊
    အားပေးစကားလေးတခွန်းက၊
    ကျမအတွက်အားတက်စရာပါ။
    အန်တီကျမ်းမာချမ်းသာလိုအင်၊
    ဆန္ဒပြည့်ဝပါစေနော်။
    ခင်မင်တဲ့
    မီးမီး
    ReplyDelete
  5. စိတ်မကောင်းပါဖူး မီးငယ်လေးရယ်.... ကွန်မန်းတွေနဲ့ ခင်ခဲ့ကြပေးမယ့် မီးငယ်လေးကို ငယ်ပေါင်းသူငယ်ချင်းတယောက်လို ခင်မိတယ် သိလား
    ReplyDelete
  6. ဖတ်ပြီးစိတ်မကောင်းဖြစ်မိတယ်...ကိုယ်ချင်းစာခံစားရပါတယ်...ကျန်ခဲ့တဲ့အမေနဲ့အမကို နွေးနွေးထွေးထွေးပိုဂရုစိုက်ရင်း စိတ်ကိုဖြေနိုင်ပါစေလို့ ဆုတောင်းပါတယ်နော်...စု
    ReplyDelete
  7. မီးမီး
    ကျန်းမာရေးဂရုစိုက်ပါ။ တွေ့ ဆုံကြုံကွဲ ကျမတို့ အားလုံးလည်းတနေ့ ဒီလိုပဲခွဲသွားကြရမှာပါ။
    ReplyDelete
  8. ကျမရဲ့ ကိုးရီးယားကသူငယ်ချင်းလေး..
    ကျေးဇူးဘဲကျုတီရေ....
    ကိုးရီးယားဆိုင်သွားရင်၊
    ကျုတီဘလော့ဆီအရင်ဝင်လည်ရသေးတယ်။
    ဟိုမှာနားမလည်တဲ့၊ဘူးသီးခပေါင်းကျော်၊
    စာတွေချည်းဘဲလေ။
    ဘလော့မှာစာရေးထားတာလေးတွေက၊
    ချစ်စရာကောင်းတယ်။
    အစားအစာလေးတွေကိုလည်း၊
    ကြိုက်တယ်။ခုတလောစိတ်ရူပ်နေလို့ ၊
    ကျေးဇူးတင်ပါတယ်၊ငယ်သူချင်းလိုသဘောထားတာ။
    ကျုတီကိုလည်းခင်မင်တဲ့
    မီးမီး
    ReplyDelete
  9. စု..
    အားပေးစကားပြောတာရော၊
    ဖုံးဆက်တာရော၊
    ကျေးဇူးအများကြီးတင်ပါတယ်။
    အားတင်းပြီး၊စိတ်ဖြေနေပါတယ်။
    အိ..
    ဟုတ်တယ်နော်၊
    တနေ့ မှာအားလုံးသွားကြမဲ့သူတွေပါဘဲလေ။
    အနှေးအမြန်ဘဲကွာတာ၊
    ကျေးဇူးတင်ပါတယ်။
    မီးမီး
    ReplyDelete
  10. တနေ့တော့ အားလုံး သွားကြရမယ်ဆိုပေမဲ့
    ကြုံတွေ့လာရတဲ့ အခါမဖြေနိုင်ဘူးနော်
    ကိုယ်ချင်းစားပါတယ်။ ကိုယ်ဆိုလည်း
    နိုင်ငံခြားမှာ နေတဲ့ ၁၃နှစ်တာကာလမှာ
    ဆွေမျိုးနဲ မိသားစုဝင်ပေါင်း ၁၀ယောက်ထက်မနည်း
    ဆုံးရှူံးခံခဲ့ရသူပါ။ မေမေနဲ့ မမကို ပိုအတိုးချပြီး
    ဂရုစိုက်ရင်း စိတ်ဖြေပါး( မီးမီးငယ်ရဲ့ ဖေဖေ၊ ကိုကိုနဲ့ ညီညီတို့ ကောင်းရာမွန်ရာ ရောက်ပါစေလို့ ဆုတောင်းပေးပါတယ်။
    ReplyDelete
  11. ကျေးဇူးတင်ပါတယ်.
    မဘေဘီ...
    မဘေဘီကိုလည်းကိုယ်ချင်းစာနာပါတယ်။
    အဲဒီတုံးကလည်းခံစားရမှာဘဲနော်။
    အဝေးကနေမျှော်နေတဲ့၊
    အမေနဲ့ အမကို ပြန်ရောက်ရင်၊
    အားပါးတရ စကားတွေပြောမယ်။
    ကိုယ့်လက်ရာလေးတွေချက်ကျွေးအုံးမယ်။
    ReplyDelete
  12. MA MEE MEE,
    DO YOU REMEMBER SAYAR ' S TEACHING ?
    ANICCA = IMPERMANENCE
    DUKKHA = SUFFERING
    ANATTA = EGOLESSNESS
    WE ARE VERY SORRY SAME AS YOU FOR THIS NEWS.
    YOURS DHAMMA BROTHER & SISTER ( U K )
    ReplyDelete
  13. Ko AK& Ma Su..
    Thanks..
    Since I started to join the mediation group,I understand very well about ANICCA DUKKHA ANATTA...
    That why I am suffering..
    I am still hang around with ANICCA DUKKHA ANATTA..........
    meemee
    ReplyDelete
  14. aww ama yae... ဒီစာ လေး ဖတ် ပြီး ဆု မျက် ရေ ၀ဲ မိ တယ်။ ကောင်း ရာ သက တိ သို ရောက်ပါစေ။
    ReplyDelete
    Replies
    1. ကျေးဇူးတင်ပါတယ်..TTSweet,
      ကျမလေ အဲဒီတုံးကရူးမတတ်ပါဘဲ။
      စိတ်ဆင်းရဲလိုက်တာဆို အဝေးကနေမှန်းဆပြီး။
      ကန်တော့လိုက်ရတာဘဲရှိတယ်။
      သူတို့ ကျမပျော်နေတာကိုဘဲမြင်ချင်ကြမှာဘဲလေ။
      ပျော်အောင်ကြိုးစားနေရတာပေါ့။
      Delete