Friday, September 9, 2011
နှစ် ၆၀၀ပြည့်ကျိုင်းတုံမြို့ အပိုင်း(၂)
မင်္ဂလာပါရှင်၊
ကျိုင်းတုံသင်္ကြန်ဓါတ်ပုံတွေပါ။
ဖားစည်တင်ဖို့ အဆင်သင့်ပြင်ထားတာ၊
ကျိုင်းတုံစော်ဘွားဟော်။
ဒီနှစ်သိကြားမင်းတော့မြင်းစီးဆင်းလာတာ။
အဲဒီအနီရောင်ဝတ်ထားတဲ့သူတွေစည်တီးရတာ။
လူကြီးတွေကိုလက်ဆောင်၊မုန့် ပေးတာ၊။
နတ်ဒေ၀ါတွေကိုပူဇော် ပသတောင်းဆိုရတာတဲ့။
ဒါးသိုင်းကပြီးစည်တီးတာ။ဒုတိယမြောက်ကတဲ့အကိုကြီး၊
ရှမ်းဘောင်းဘီကျွတ်ကျသွားတယ်။ဟီး..ခါးဝတ်လေးပြေသွားတာပါ၊
ကွင်းလုံးဟုတ်ဘူး:P
၁၃ ရက်နေ့ ညနေပိုင်းလူအုပ်ကြီးကိုမတိုးနိုင်လို့ ၁၄ရက်မနက်မှသွားလောင်းရတယ်
သိကြားမင်းလည်းရေဒဏ်ကိုမခံနိုင်ရှာဘူးဘဲ။
အပြင်ကသိကြားမင်း..ဟီး။
အရုပ်သိကြားမင်း၊ခါတိုင်းလူကထမ်းပြီးသွားတာ၊ခုတော့ MRTV 3 ဆိုလား
မှတ်တမ်းတင်ရိုက်လို့ မြင်ကွင်းကောင်းအောင်လုပ်ရတယ်တဲ့။
စည်တော်လည်းကားနဲ့ လည်ရတယ်။
နောက်ကလိုက်တဲ့လူအုပ်။
တခါထဲမြို့ ပြင်ကိုထွက်ပြီးသူတို့ ရွာတန်းပြန်ရပါတယ်။
တမြို့ လုံးပါးလိုက်တဲ့တနှစ်စာမကောင်းဆိုးဝါး ကံအညံ့တွေ၊ ယူသွားတော့ သူတို့ လည်းထုံးစံကို
ခေါင်းလျှော်ရေချိုးကြပါတယ်။ အညစ်အကြေးအားလုံးကုန်အောင် သန့် စင်လိုက်တယ်ပေါ့။
ကျမတော့ သဲချောင်းအထိလိုက်ဖို့ အခွင့်မသာပါဘူး။
အဲဒီဓါတ်ပုံတွေရိုက်ပြီး လေယာဉ်ကွင်းတန်းပြေးရတယ်လေ။ နောက်၃ ရက်လောက် လေယာဉ်
ခရီးစဉ် ရှိတော့ဘူး။
နှစ်ဆန်းတရက်နေ့ မှာ ကျမပြန်ထွက်လာရလို့ ပါ။ အရမ်းပျော်ခဲ့တယ်။
ဖွင့်ပွဲလုပ်တဲ့နေ့ ကသေသေချာချာမရိုက်လိုက်ရပါဘူး။
အမေနဲ့ အမေ့ မောင်နှမတွေ၊ဦးလေး၊အဒေါ်၊ကြီးကြီးတွေကို ထမင်းချိုင့်ပို့ ဖို့ ချက်နေလို့ ။
ထောပတ်ထမင်း ကြက်သားဟင်းနဲ့ လူကြီးတွေကိုကတော့ခဲ့တယ်။
ကျမသိထားသလောက်မျှဝေတာပါ။ မှားတာတွေပါသွားရင်လည်း၊မျက်စိမိတ်၊စဉ်းစားပေးလိုက်ပါ။
တော်တော်တုံးတဲ့မယ်မီးပါလားလို့ ။  အဟီး :D
ကျမ ဇာတိမြေနဲ့ ဝေးတာ နှစ်ပေါင်း ၂၀ ကျော်ပါပြီ။ ပြန်လည်ဖို့ ကြုံတာ ၄-၅ ခါဘဲရှိသေးတာ။ 
မရောက်ဖူးတဲ့သူရှိရင်လည်း မြင်ဖူးသွားတာပေါ့။ ရောက်ခဲ့ ကြုံခဲ့ဖူးတဲ့ သူဆိုလည်း လွှမ်းရတာပေါ့။
ရွှင်လန်းအေးချမ်းကြပါစေ~~
ခင်မင်တဲ့
မီးမီး
2 comments:
  1. အန်တီကျိုင်းတုံမြို.ကိုမရောက်ဖူးပါဘူး။ဒါပေမဲ့သွားချင်
    တဲ့မြို.ထဲမှာတော့ပါတယ်။အရင်ကသွားဖို.အလွန်ခက်
    တယ်နော်။ခုတော့မသိဘူး။ဒေသခံတွေကလွဲလို.
    အလည်သွားဘို.ကလေယာဉ်ပျံလက်မှတ်ကခက်
    တယ်လေ။သ္မီးကြောင့်တော်တော်လေးသိလိုက်ရ
    ပါတယ်။ဓါတ်ပုံလေးတွေကလဲကြည်လင်ပြတ်သား
    လှပပါတယ်။နောက်လဲစာတွေအများကြီးဆက်ရေးပါနော်။
    အားပေးနေပါတယ်။လင့်လေးလဲချိတ်ထားပါတယ်။
    ReplyDelete
  2. အန်တီ...
    အခုထိလေယာဉ်လက်မှတ်က၊
    ခက်တုံးပါဘဲ။:(
    လေကြောင်းလိုင်းတွေကလည်း
    သူ့ ရက်နဲ့ သူ။
    အစိုးရလေယာဉ်က ၅၀၀၀၀ကျပ်၊
    မှောင်ခိုက ၁၀၀၀၀၀။
    ပုဂ္ဂလိက ၁၀၀၀၀၀ ကျော်ကျော်လေး။
    အန်တီရေ.သမီးလည်းအားနေလို့ ၊
    ရေးကြည့်တာပါ။
    စာရေးတော့ အင်မတန်မှညံပါတယ်။
    ဒါကြောင့်ဓါတ်ပုံများများထဲ့တာလေ။
    လင့်ချိတ်ထားတာကျေးဇူးတင်ပါတယ်။
    သမီးတော့ ဘယ်လိုလုပ်ရမှန်းတောင်၊
    သိသေးဘူး။
    ကွန်ပြူတာလည်းကျွမ်းကျင်ဘူး ရီရတယ်။
    စိတ်ကူးတည့်ရာ၊
    လျောက်စမ်းကြည့်တာ။ :)
    ReplyDelete