Monday, September 26, 2011

ဂျာစီကကုလားပြည်လေးရဲ့ ဒန်ပေါက်ကြက်ဥပြုတ်

မင်္ဂလာပါရှင်~~~

ဂျာစီ ဆိုတာနယူးဂျာစီပြည်နယ်ပါ။
အဲဒီနေရာကနေ၊နယူးယောက်ကိုလှမ်းမြင်ရတယ်
နယူးယောက်နဲ့ နီးနီးလေးပါ။
ကျမရဲ့ အမျိုးသားကအလုပ်ကိစ္စနဲ့ တလ ၂ခေါက်၃ ခေါက်လောက်သွားရပါတယ်။
၂ ညကနေ တခါတလေ ၅ညအထိနေရပါတယ်။
ကျမတော့ကပ်မြောင် အနေနဲ့ လိုက်သွားတာပါ။
တည်းဖို့ ကတော့ သူတို့ ကုမ္မဏီကဘဲ စီစဉ်ပေးတာပါ။
Holiday Inn,Hampton,Comfort Suite ခုနောက်ဆုံး Hilton Hotel စသည်ဖြင့်၊
အမျိုးမျိုး လှည့်ပတ်ပြီးပို့ ပေးတာပါဘဲ။
အဲ..ပြသာနာက Hilton ကစတာပါဘဲ။

ဟော်တယ်လေးကောင်းသလောက် မနက်စာ ပါဘူးဗျ။
ကိုယ့်ဖာသာကိုယ် မှာစားပြီးရှင်းပေါ့။
ရွှေယောက်ယောက်ကလည်း မိန်းမကိုဟော်တယ်ပို့ ပြီးအလုပ်ကိုသွားပြီလေ။
ဟား..တောသားလည်း Pan Cake ကလွဲလို့ ဘာမှမစားတတ်ဘူး။

၂ ရက်လောက်တော့ စားနိုင်ပေမဲ့ ရက်ကြာရင် အပြင်ကို စနည်းစနာထွက်ရပြီပေါ့။
အပေါ်ကနေကြည့်တာပတ်ပတ်လည် တောအုပ်တွေ ရုံးခန်းအဆောက်အဦတွေဘဲတွေ့ တယ်။
တွေ့ တဲ့ရူခင်းရူကွက် တွေကိုလည်းလှမ်းမီသလောက် ဓါတ်ပုံရိုက်တာဘဲ။
အဟဲ..ဘာအလုပ်မှမရှိတာ။

စားဖို့ ဆိုင်တွေလိုက်ရှာတာလဲ တွေ့ ဘူး။
ဟိုတယ်ထဲ မှာတော့ စားသောက်ဆိုင်ရှိပါတယ်။(ဈေးကြီးတယ်လေ :P)
ဘူတာရုံ  တော့တွေ့ တယ်။
ကပ်ရပ်မှာ Microsoft ရုံးအဆောက်အဦနဲ့ အရှေ့ဖက်မှာတော့ Siemens ရုံးအဆောက်အဦရှိတယ်။

အဲဒီ မြင်ရတဲ့သင်ချိုင်းကုန်းနားကလမ်းထဲဝင်လိုက်မှ၊
တွေ့ ရတော့တယ်။ဆိုင်တွေ အိမ်တွေ apartments တွေ ပန်းခြံတွေ၊
အားလုံး ကုလား အိန္ဒိယ စာတွေနဲ့ ၊လမ်းပေါ်မှာ လမ်းလျောက်နေတာဦးကုလား၊
ပန်းခြံထဲမှာ ကစားနေတာ ကုလားလေး၊ ဈေးဝယ်နေတဲ့ အချားဟဲမမ၊
ကုလားဆာရီဆိုင်၊မင်္ဂလာဆောင် အခန်းအနားစီစဉ်ပေးတဲ့ရုံး၊ဟာလာအသားရောင်းဆိုင်၊
ဝပ်ရှော့လည်း ကုလား၊သူတို့ အခေါ်တိုဆာ(ကျမတို့ က တိုရှည်)ဆိုင်မှာလည်း သူတို့ တအုပ်လုံး။
အဲဒီတော့ ဒီဒေသကို (Wood bridge,Adv South Iselin) ကျမက နာမည်ပေးတာ၊
ကုလားပြည်လေး~~
ညနေ ရုံးဆင်းတော့ အဲဒီကုမ္မဏီကြီးတွေမှာ အလုပ်လုပ်တဲ့လူတွေဆင်းလာတာ၊
ကိုကုလားလေးတွေ၊ မအိန္ဒိယတွေ၊က ၆၀%လောက်ပါတယ်။
တန်းစီပြီးဆင်းလာကြတယ်။
ဘွတ်နဲ့ ဆုနဲ့ ကွန်ပြူတာကျောပိုးအိတ်နဲ့ ၊
ဘူတာရုံမှာလည်းသူတို့ တွေဘဲ။
တချို့ တ၀က်ကျော်ကျော်က နယူးယောက်မက်ဟဲတန်မှာသွားအလုပ်ဆင်းကြတာတဲ့။
နယူးယောက်မက်ဟဲတန် မှာဆိုနေရာဈေးကြီးတော့ ဒီမှာနေကြတာတဲ့။

ကဲ...နေရာတော့ တွေ့ ပြီ၊ညစာစားဖို့ ကုလားဆိုင်တွေဖက်ဘဲသွားလိုက်ပါတယ်။
မေနူးမှာလည်းဒန်ပေါက်မျိုးစုံ၊ကြက်ဥဒန်ပေါက်တောင်ပါသေးတယ်။
ကြက်သားဒန်ပေါက်ဘဲမှာပေမဲ့ ကြက်ဥပြုတ် ၂ ခြမ်းပေးပါတယ်။
တိုဆာဆိုတာလဲစမ်းစားကြည့်တယ်။
နောက်နေ့ ပုဇွန်ဒန်ပေါက်ဆိုတာစားဖြစ်တယ်။
ပုဇွန်လေးတွေက သေးသေးလေးဘဲ။
ဒါပေမဲ့ မြန်မာပြည်ကလိုဆီတွေအများကြီးမပါဘူး၊မအီဘူးစားကောင်းပါတယ်။
(ဓါတ်ပုံတွေလည်း ဟိုဖက်ကွန်ပြူတာ ထဲမှာပါသွားတယ်)
နောက်ရက်တော့ ထိုင်းဆိုင် တရုတ်ဆိုင်ဖက်ဘဲ ပြန်သွားရပါတယ်။
အောက်က ၃ ပုံကတော့ ခေါင်းစဉ် နဲ့ မဆိုင်ပါဘူး။
နဲနဲလေး ကပ်ရွှီးပြီး ကြွားမိတာပါ....:p

ပုဇွန်ပင်စိမ်းရွက်
ပုဇွန် နာနတ်သီးထမင်းကြော်
မက်စီကန်အစားအစာ...ဆိုလားဘဲ
အားလုံးဘဲ အေးချမ်းရွှင်လန်းကြပါစေ။
ခင်မင်တဲ့
မီးမီး

1 comment:

  1. တိုရှည် အရမ်းအရမ်းကိုကြိုက်တာ..မြန်မာပြန်လည်တုံးက ဟိုတယ်ကမနက်စာကို တိုရှည်ချည်းမှာစားတာ ၂ပတ်တိတိ ဟိုတယ်ထမင်းချက်စလုံးကုလားကြီးက ဘယ်သူ ဒီလောက်တောင်ကုလားစာကြိုက်တာလဲဆိုပြီး ထွက်လာပြီးတောင် နုတ်ဆက်တယ်.ဟီး.အဲ့ဂလိုကြိုက်တာ။
    စလုံးသွားလည်တုံးကလည်း မှာ တိုရှည်သွားစားတာကောင်းမှကောင်းစ်...ခုလဲကြည့်ရင်းနဲ့စားချင်လာပြီ...စု

    ReplyDelete