Wednesday, September 14, 2011
ချိုမွှေးမဟူရာခရမ်းသီးကြော်
မင်္ဂလာပါရှင်~~~
အရောင်ကမဲလို့ မဟူရာလို့ အမည်ပေးတာ။
ကြက်သားက မထည့်လည်းရပါတယ်
ခရုဆီ၊ပြောင်းဖူးမူန့် နဲ့ ပုံထဲကပါတဲ့ပုလင်းတွေထဲကအစာပလာနဲ့ ၊ကိုယ့်စိတ်ကြိုက်ပုဂံထဲမှာရောစပ်လိုက်ပါတယ်။
အစပ်ဓါတ်ပါအောင် ငရုတ်သီးလေး တတောင့်ထည့်တယ်။
ကြက်သွန်ဖြူ ၊ဂျင်း ဆီသတ်။
ပြီးကြက်သားငရုတ်သီးရော၊မွှေးလာမှခရမ်းသီးထည့်ရမှာ။
ကျမက ဟင်းချက်လိုက် ဓါတ်ပုံရိုက်လိုက်နဲ့ .... ဟီး ^_^ တခါထည်းရောမိသွားတယ်။
ပြီးအဆာပလာအရည်လောင်းထည့်လိုက်တာပါဘဲ။
နူးနူးလေးကြိုက်ရင်အဖုံးလေးနဲ့ မီးအေးအေးလေးဆက်တည်ထားပေါ့။
ပြီးနံနံပင်လေးအုပ်လိုက်ရင် ရသာချိုမွှေး(ငရုတ်သီးအနံ၊နှမ်းဆီအနံ)လေး၊
ခရမ်းသီးဆိုရင် အရင်ကနှပ်တာရယ်၊မီးဖုတ်သုတ်တာရယ် ၂မျိုးဘဲချက်တတ်တာ။
တရုတ်ဟင်းချက်နည်းထဲကကြည့်ပြီးချက်တာ အရမ်းကြီးကိုစားကောင်းလို့ ။
ဆီကြောက်တဲ့သူ၊ဟင်းသီးဟင်းရွက်ဘဲအဓိကစားတတ်တဲ့၊
ကျမအတွက်ဟင်းကောင်းလေးတခွက်ပါရှင်။
အိုးထဲ မုန်ညင်း ဂျင်း ကြက်သွန်ဖြူ နီ၊ဆား၊ခရမ်းချဉ်သီး၊မကျဉ်းသီး၊
ရေ ကြက်ပေါင်၂ တုံးလောက်တက်ခြမ်းခွဲထည့် ၁နာရီလောက်မီးအေးအေးလေးနဲ့ တည်လိုက်ဆို၊ရပြီလေ။ 
သူများတွေက နံနံပင် ငရုတ်သီးစိမ်းလေးခပ်ကြတာပေါ့။
ပဲပုပ်မူန့် လေးနဲ့ ဆိုပိုကောင်းပါတယ်။
ကဲ. .ဟင်းရည်ကအချဉ်၊ဟင်းပွဲက ချိုစပ်၊ ကြက်ဥကြော်နဲ့ ။
ဒီတနပ်တော့ စားကောင်းတဲ့ ညစာတနပ်လေးဖြစ်သွားပါတယ်။
ရွှင်လန်းအေးချမ်းကြပါစေနော်။
ခင်မင်တတ်တဲ့
မီးမီး
3 comments:
  1. မီးမီးရေ... မုန်ညင်းစောကြိုက်တယ်
    ခရမ်းသီးလည်း အဲလိုမချက်ဖူးသေးဘူး ချက်ကြည့်ဦးမယ်
    ReplyDelete
  2. မုန်ညင်းစော၊မုန်ညင်းပေါင်း၊မုန်ညင်းလှော်၊မုန်ညင်းချဉ်
    အကုန်ကြိုက်ဧ။် ခ၇မ်းသီးချက်နည်းလည်းစမ်းကြည်.ပါ
    အုန်းမယ်။ကချင်ပြည်နယ်မှာနေခဲ.ပြီးအမေကလည်း၇ှမ်း
    စပ်သောကြောင်.၇ှမ်းစာများအလွန်ကြိုက်ပါသည်......
    ReplyDelete
  3. စူးနွယ်ရေ.
    ခရီးထွက်နေရင်အချိန်၊
    အများကြီးရှိတယ်လေ:)
    ဟော်တယ်မှာ၊
    ယောင်ခြောက်ဆယ်ဆိုတော့၊
    ရှမ်းဟင်းတွေရှာဖတ်နေတာ၊
    နောက်ဝေမျှပေးအုံးမယ်နော်။
    jewel..
    ကချင်ပြည်နယ်ကတာရိုးရှမ်းဆိုလား၊
    ကျမသိတဲ့ရှမ်းကချင်မလေးချက်ကျွးတဲ့၊
    မုန်ညင်းပေါင်းနဲ့ ငါးဟင်း၊
    (ဆီလုံးဝမပါဘူး)၊
    အရွက်တွေအများကြီးနဲ့ 
    ချက်တာအရမ်းကြိုက်တယ်။
    :)
    ReplyDelete