Tuesday, September 13, 2011

ကျမ်းမာရေးအတွက်ကကြရအောင်၊


မင်္ဂလာပါရှင်၊
ကျမတို့ တွေ(အထူးသဖြင့်မြန်မာ အမျိုးသမီးတွေ) အသက်လေး၃၀ ကျော်လို့ ၄၀နားရောက်လာရင်၊
အောက်ပိုင်းလေးလာကြပြီလေ ။ တင်ပါးကားကားကြီးကြီးနဲ့ လုံချည်တွေထမိန်တွေ၊၄ တောင်ကျော်
ကွင်းဆိုက်ရှာဝယ်ရပြီ။ကျမတို့ ကခါးကိုတင်းတင်းပတ်ပြီးဝတ်လာ တာကြာတော့၊ခါးကသေး
တင်ကကား ဆိုတဲ့အချိုးအစားကိုယ်လုံးမျိုးရှိကြတယ်လေ။ဝလာတဲ့အခါ ဘောင်းဘီဝတ်ရင် ကြည့်ရတာ
အဆင်မပြေဘူး။အသက်ကြီးလာတော့ အစားကလည်းပိုကြီးလာတယ်။ကျမတော့အစားအသောက်
ပုံတွေ၊ဘလောက်တွေမှာတွေ့ ရင် အငမ်းမရ ဖွင့်တယ်။ဖတ်တယ်၊(ငတ်ကြီးကျတာလေ :P )
လိုက်ချက်တယ်စားတယ်။ရလဒ်ကတော့ ဗိုက်ကြီးပူလာတယ် ... :((
အဲဒါနဲ့ ဒီ Zumba ဆိုတာလေးဖွင့်ပြီးလိုက်ကကြည့်တာ၊ဗိုက်လေးနဲနဲပြန်ချပ်သွားတယ်လို့ ၊
မိတ်ဆွေ များကိုလက်တို့ လိုက်ပြီနော်~~
အရင်တုံးက ဗီဒီယိုဖိုင်တင်ထားတာပါ..
နောက်ပိုင်းပြန်ကြည့်တော့ ဖွင့်မရတာတွေ့ လို့ ..ခု ယောဂကျင့်တာလေးတင်ပေးလိုက်ပါတယ်ရှင်....














အေးချမ်းရွှင်လန်းကြပါစေ၊
ခင်မင်တတ်တဲ့
မီးမီး

2 comments:

  1. ဗိုက်ချပ်တယ်ဆိုလို.စိတ်ဝင်စားသွားပြီ။မနက်ဖြန်ကျ၇င်
    စမ်းကြည်.မယ်။အ၇င်ကလည်းစမ်းကြည်.ဘူးသေးတယ်
    သမီးနှစ်ယောက်ကအမေက၇င်လိုက်လိုက်ကကျတော.
    သူတို.ေ၇ှာင်နေ၇တာနဲ.အလုပ်မဖြစ်တာေ၇ာပျင်းတာ
ေ၇ာပေါင်းပြီးဆက်မလုပ်ဖြစ်ဘူး။အခုတော.တခုခုလုပ်မှ
    ဖြစ်တော.မယ်။ဗိုက်ကမသိ၇င်၇ိုး၇ိုးပူတယ်လို.မထင်၇
    ဘူး။လေးလဗိုက်လောက်၇ှိနေပြီ.....

    ReplyDelete
  2. ကျမဆီမှာမိနစ်၂၀ စာဗီဒီယိုရှိတယ်၊
    တင်တာမရလို့  တနေ့ ၁၅၊၂၀ မိနစ်လောက်ဘဲအချိန်ပေးရင်ရပါပြီ။
    သူတို့ က တင်ပါး၊ဗိုက်တချိန်လုံးလူပ်ရတာကိုး၊
    ကျတာပေါ့။
    စမ်းကြည့်ပါ jewel ရေ။
    အားပေးတယ်။

    ReplyDelete