Thursday, September 8, 2011
နှစ် ၆ဝဝပြည့်ကျိုင်းတုံမြို့ 
မင်္ဂလာပါရှင်၊
ပြီးခဲ့တဲ့ဧပြီလအချိန်မှာပေါ့၊ ကျိုင်းတုံမြို့ တည်ထောင်တဲ့နှစ်ပေါင်း ၆ဝဝ ပြည့်အထိမ်းအမှတ် ပွဲကိုသင်္ကြန်အတူ၊ ကျိုင်းတုံမြို့ မှာကျင်းပခဲ့ပါတယ်။
ကျိုင်းတုံသင်္ကြန်ဆိုတာကလည်း၊ ဂုံရှမ်းရိုးရာဓလေ့ထုံးစံနဲ့ ကျင်းပကြတယ်ဆိုတော့၊
မြန်မာပြည်တလွားက သင်္ကြန်နဲ့ မတူ ကွဲပြားခြားနားလှပါတယ်။
ကျိုင်းတုံမြို့ သမိုင်းအကြောင်းကိုတော့၊
(ပြောရင်ရှည်မယ်လေ.များများရေးရင် အမှားများများပါလာတော့မယ်:) 
နောက်မှမြို့ တွေဘာတွေနဲ့ တစစီတိုးတက်ပြောင်းလဲကြရတာပါဘဲ။
ဖြစ်ပေါ်လာခဲ့တယ်လို့ ဘဲကျမတို့ သိထားခဲ့ရပါတယ်။
တုံတပူရိသ ဆိုတဲ့နာမည်ကနေ၊ ဆင်းသက်လာတယ်လို့ လည်းလူကြီးသူမတွေ၊ ပြောတာကြားဖူးခဲ့ပါတယ်။
အဲဒါကိုပြောပြချင်တာဟုတ်ပါဘူးလေ။ ကျိုင်းတုံသင်္ကြန်အကြောင်းလေးပြောပြချင်တာပါ။
အုပ်ချုပ်သူအဆက်ဆက်ပြောင်း ဝလူမျိုးကနေ ဂုံရှမ်းလူမျိုး၊ ပြီးတော့ ခု!!အဟဲ အော်...လူမျိုးပြောင်းတော့၊
ဓလေ့ထုံးစံတွေလည်းနဲနဲပါးပါး ပြောင်းကုန်ပြီလေ။ ပြောင်းလဲသွားတာလေးတွေပြောပြတာပါ။
ကိုင်း......သူများတွေပြောတာကြားဖူးလို့ ၊ တဆင့်ဖေါက်သယ်ချဇတ်လမ်းတွေကိုရပ်မယ်။ 
မယ်မီးကြုံတွေ့ ခဲ့တာလေးတွေမျှဝေမယ်နော်။
မြန်မာသင်္ကြန်နဲ့ ရက်တွေလည်းသိပ်မကိုက်တတ်ပါဘူး။ ဂုံရှမ်းရက်နဲ့ တွက်ပြီးကျင်းပတာ။
ကျိုင်းတုံသင်္ကြန်ဆို ဖားစည်တော် နဲ့ တွဲပြီးသိရ တယ်။ 
ဒီနှစ်က ၁၁ရက်နေ့ မှာစပြတာက အဲဒီနေ့ မှာနှစ် ၆ဝဝပြည့်ကျိုင်းတုံမြို့  ဖွင့်ပွဲအခမ်းအနားလုပ်တာမို့ လို့ ပါ။
ကျမအိမ်နဲ့ နီးပါတယ်။ တကယ်တမ်းစည်တီးတာက ၁၃ရက်နေ့ မှစတီးတာ။
ဖားစည်ကိုသတ်မှတ်ထားတဲ့ရွာက လူတွေဘဲတီးရပါတယ်။ အနီရောင်ဝတ်စုံနဲ့ ဒါးသိုင်းကပြီးတီးရပါတယ်။
မရပ်မနားတည လုံးတီးရပါတယ်။ စတင်တီးတာနဲ့ တမြို့ လုံးဘဲ လူတွေ၊ ကိုယ့်အိမ်ကရေပုံးရေခွက်
ထဲမှာရေထည့်၊ အမွှေးနံသာဖျန်းပြီးအဲဒီစည်ကိုလာလောင်းကြပါတယ်။
သဘောက တနှစ်လုံးအညစ်ကြေးတွေကို အဲဒီစည်နဲ့ အတူချောင်းထဲမှာမျှောလိုက်တယ်ဆိုတဲ့သဘောပါ။
စည်တီးနေတဲ့လူတွေကလည်း၊ တမြို့ လုံးလောင်းတဲ့ရေဒဏ်အအေးခံနိုင်အောင်လို့ ၊
အရက်သောက်ရတယ်။ ၁၃ရက် နေ့ နေ့ လည်၁နာရီတိတိမှာစတင်တီးပြီး၊
၁၄ရက်နေ့   နေ့ လည်၁နာရီ မှာ စည်ပို့ ရပါတယ်။ တလမ်းလုံးစည်တီးပြီးသွားနောက်ကနေ၊
ချောင်းထဲမှာ စည်ကို မျှောရပါတယ် ။ ဒါကအနှစ်ချုပ်သဘောလေးပါ၊
ဖွင့်ပွဲကျင်းပတဲ့နေ့ ကဓါတ်ပုံနဲ့ ညမီးရူးမီးပန်းပြိုင်ပွဲပုံ ပွဲဈေးတန်းကပုံတွေပါ။
အားခါလူမျိုး
လီရှောလူမျိုး
လူကြီးမင်းများကို မြို့ နေလူမျိုးပေါင်းစုံနဲ့ မိတ်ဆက်ပေးတာပါ
ဂုံရှမ်းလူမျိုး
အုပ်ချုပ်သူတိုင်းမူးတို့ ကိုရှမ်းသီချင်းဆိုပြတာ
တပ်ကလည်း ဗမာတိုင်းရင်းသားဝတ်စုံလေးတွေနဲ့ လာကြပါတယ်၊
အဲဒီတိုင်ဖြူ၂ လုံးကြားထဲမှာစည်ကိုချိတ်ဆွဲတင်ထားမှာ၊
ည မီးရူးမီးပန်းလွှတ်ပြိုင်ပွဲ၊
ရုမ်းအိုးစည်နဲ့ က၊
ကောက်ညှင်းကျည်တောက်၊
ရှမ်းထမင်းချဉ်(၀က်သား အမဲသားနဲ့ )
သိပ်ရှည်သွားပြီ~~~~~~အပိုင်းခွဲရတော့မယ်။
နောက် ၂ရက်စာကို နောက်မှရေးတော့မယ်နော်။ 
အေးချမ်းရွှင်လန်းကြပါစေ...
ခင်မင်တဲ့
မီးမီး
4 comments:
  1. ကောက်ညှင်းကျည်တောက်စားချင်လိုက်တာ။ရှမ်းစာ
    တွေရောဘဲ။ဆက်ရေးပါနော်စောင့်ဖတ်နေပါတယ်။
    နှစ်၆၀၀ပြည့်ခဲ့ပေမဲ့ကျိုင်းတုံမြို.ကြီးဟာတနေ.တခြား
    ပိုလို.လှပစည်ကားရှင်သန်နေပါတယ်။
    ReplyDelete
  2. အန်တီဦးရေ.
    ကျိုင်းတုံမှာနေခဲ့ဖူးပါသလား။
    ဟုတ်တယ် အခုတအားစည်တယ်။
    ဈေးကြီးဆိုကြိတ်ကြိတ်တိုးဘဲ။
    ကျမလည်း လွှမ်းရင်ပြောပြချင်တာတွေ၊
    ရေးတာပါ။
    စာရေးအင်မတန်ညံပါတယ်။
    အဟဲ..
    ကြိုးစားပြီးကောင်းအောင်၊
    ရေးပြီးပြောပြမယ်နော်။
    အချိန်ပေးပြီးလာဖတ်တာကိုဘဲ၊
    ကျေးဇူးအရမ်းတင်ပါတယ်။
    ReplyDelete
  3. Good to read,but Khurn is not came from Wa.
    ReplyDelete
  4. Tu Pi,
    I didn't mean Khurn national come from Wa.I just want to say the KeingTong town is original Wa village.After that Khurn rule the town.But I don't know exactly the history of KT town.I am sorry for that.
    ReplyDelete