Tuesday, May 24, 2016

လွိုင်မွှေတောင်စခန်းမြို့လေး...

မင်္ဂလာပါရှင်~~~
ဒီတခါတော့ ကျိုင်းတုံနားက လွိုင်မွေဆိုတဲ့ တောင်ပေါ်သွားကြရအောင်..။
ကျမတော့ ကျိုင်းတုံသူဖြစ်ပြီး ဒီ
နေရာကို ၂ခါဘဲရောက်ဘူးပါတယ်။ ကျိုင်းတုံမြို့ဆိုတာလည်း တောင်ပတ်ချာလည်ဝန်းရံနေတဲ့ လွင်ပြင်ထဲက ကုန်းကမူလေးပေါ်မှာတည်ရှိတယ်ဆိုပါတော့..။  ကျိုင်းတုံပတ်ဝန်းကျင်တောင်ပေါ်ရောက်လို့ မြို့ဖက်ကိုလှမ်းမျှော်ကြည့်လိုက်ရင် မူန်ပြပြလေး မြင်ရပါတယ်။
ဒါကတော့ လျွိင်မွေတောင်ပေါ်တက်လမ်းကနေ မြို့ကိုမြင်ရတာပါ။ ရှမ်းလိုတိုက်ရိုက်ဘာသာပြန်ရမယ်ဆိုရင်မြူနှင်းတောင်လို့ခေါ်ရမယ်နဲ့တူတယ်။
မနက်ဖက်ဆိုရင် မြူတွေပိတ်နေတတ်ပြီး ၁၂ ရာသီပတ်လုံးအေးတဲ့
ရာသီဥတုရှိလို့ ဗြိတိသျှတွေရဲ့ ရုံးစိုက်ရာဒေသဖြစ်ခဲ့ဖူးတာပါ။ အမြင့်ပေ ၅၅ဝဝ ကျော်ကနေ ၆ဝဝဝကျော် အထိမြင့်တဲ့ တောင်ထိပ်ပေါ်က တောင်စခန်းမြို့လေးပေါ့..
သမိုင်းကြောင်းအရ အရင်ကတော့ ရှမ်းတွေအများစုနေခဲ့ပေမဲ့ ၁၇ ရာစုနောက်ပိုင်း ုင်၊အာခါ၊ရှမ်းတရုတ်၊ဝ၊လီရှော တို့က တရုတ်အနောက်ပိုင်း
ဒေသကနေ မိုင်းလား မိုင်းယန်းဖြတ်ပြီး ရောက်လာကြတယ်တဲ့။
နောက်ပိုင်း ရှမ်းတွေထက် တခြားလူမျိုးစုကပိုများပါတယ်။ သူတို့က လူမျိုးစု
အလိုက်ရွှာဖွဲ့နေထိုင်ကြပါ။ အ
သီးမျိုးစုံထွက်တော့ ဝိုင်မျိုးစုံရတယ်။
ကိုယ်တို့တောင်  တခွက်တဖလားလောက်ဟဲလိုက်သေးတယ်...
နေ့လည်လောက်မှစိတ်ကူးပေါက်ပြီး ဆိုင်ကယ်နဲ့ ထွက်လာကြတာပါ။ စားစရာလည်း ဂျုံ ခေါက်ဆွဲအသုပ်ရှိတယ်ဆိုလို့ စားခဲ့ပါသေးတယ်။
 မြို့လေးကသေးသေးလေးပါ..
စားစရာကို သူတို့ဈေးနားမှာဘဲရနိုင်တာပါ.. ဝိုင်မျိုးစုံ ကြိုက်တာယူ နှစ်ချိုု့ဆိုတာ ၂နှစ်ကြာတာတဲ့..အဲ့တာကိုတပုလင်းမှ ၂ဝဝဝ ထဲပေးရတာပါ..။
ပြီးတော့ နှစ်တရာအိမ်ဆိုတာ နံမည်ကြီးပေါ့.. ဘိုကြီးတွေနေခဲ့တဲ့ရုံးအဆောက်အဦပါ..စာတိုက်နဲ့ဆေးရုံ လည်းနှစ်ပေါင်းမနဲတော့ဘူး..
ခုထိအသုံးပြုနေကြပါသေးတယ်။

 ခင်စပ်စုက ပတ်ချာလည် လှည့်ကြည့်ပြီး အထဲဝင်ဖို့ ကြိုးစားပါတယ်..
ပြောလည်းပြောချင်တယ် တခါခါ ခလုပ်တိုက်မိနေတတ်လို့..ကဲပါလေ..အစိမ်းရောင်တယောက်ဆိုပါတော့ရုံးပိတ်ရက်မိသားစုနဲ့လာတာပါ..သူကအစောင့်ကို တံခါးဖွင့်ခိုင်းနေတာ တွေ့တယ် မျက်နှာထန်ထန်နဲ့ပေါ့လေ..ဘယ်နေရာမှာ
ဘယ်ဘာဘဲပြောင်းပြောင်း ကျုပ်တို့နေရာက နေမြဲပါရှင်..ကိုကိုစိမ်းတို့ စိမ်းကိုကိုတို့
နေရာရမြဲပါရှင်..ဒါလည်းထူးဆန်းတဲ့ကိစ္စမဟုတ်ပါဘူး..
နေရာအနှံ တောထဲတောင်ထဲ ရောက်ဖူးတာ သွားနေကြတာလည်း သူတို့ပါဘဲ မဟုတ်လား..ဒီတော့ မဲကိစ္စပြောစရာမလိုဘူး..တောသူတောင်သားတွေက ဘာမှမသိ ထည့်ဆိုထည့်မှာဘဲ..တခြားပါတီတွေလည်း အဲ..ထဲ အထိလိုက်ပြီးမဲဆွယ်စည်းရုံးလည်း နိုင်မှာဟုတ်ဘူး..ရွာတွေကလည်း လူမျိုးပေါင်းစုံ လူနေအိမ် ၇ အိမ် 
လောက်လည်းရွာရှိတာဘဲ။ ပါတီကလည်းလူမျိုိုပေါင်းစုံရဲ့ ပါတီများစွာ ဘယ်လိုလုပ်ပြီး အင်အားတောင့် တင်းမှာလဲ..ထုံးစံအတိုင်း နေမြဲအတိုင်းဘဲပေါ့...တခုဘဲဆုတောင်းရမှာက ဘာမှမလုပ်ပေးရင်တောင်မှ အရင်လို သားဖြဲနားသွပ်ခြင်းကနေကင်းဝေးပါစေလို့ ...ကိုင်း..ဆုတောင်းကြရှင့်... ^_^
ကဲပါလေ..လောလောဆယ်တော့ သူ့ကိုကျေးဇူးတင်ရမှာ သူ့ကြောင့်ကိုယ်ကဝင်ကြည့်ခွင့်ရတာ...အခန်းထဲ မှာတော့ ထုံးစံအတိုင်း အားလုံးပြင်ဆင်ထားပါတယ် ပါကေးခင်းဆေးသုတ်တော့ မဝင်ခင်ကမြင်ရတဲ့ ရှေးဟောင်းဆိုတဲ့ စကားလုံးတောင်မေ့နေတာ...အေးလေ..မြန်မာ့နည်းမြန်မာ့ဟန်ဆိုတာ..ပုဂံဘုရားထုံးသုတ်
နံပါတ်တပ်ပြီး ပြုပြင်ထိမ်းသိမ်းလာခဲ့တာဘဲ..ဘာများဆန်းလဲကွာ..အဟဲ..
ရင်နာလို့ အခန်းကို တမင်ဓါတ်ပုံမရိုက်ဘဲ အစောင့်ဦးလေးပြတဲ့ အစကတည်းကရှိနေတယ်ဆိုတဲ့ အဝင် တံခါးနံရံပေါ်က ဒေါင်းရုပ်ကိုဘဲ ရိုက်ခဲ့တယ်..ထူးဆန်းတာနော်...(နောက်ပိုင်း သမိုင်းဆိုပြီး ပြောပြောနေကြားကြားနေတာတွေ ယုံဘူးရှင့် ကျမတော့ပြောတိုင်း ယုံတတ်တဲ့လူတိုင်းစားထဲမပါတော့ပါဘူး..)
ကြည့်ပါလေ..သမိုင်းဝင် အဆောက်အဦရဲ့မှတ်တမ်းတွေဆိုပြီး သူတို့ စိမ်းဘဘတို့တသိုက် ထီးတင်တာတွေကအဓိကပါ ထားပါလေ ဗုဒ္ဓရောင်ဝါထိန်ငြီးပါစေသောဝ်..ပေါ့။တကယ်တော့ အရင်ကရှမ်းတွေနေခဲ့ဖူးပေမဲ့ လည်းနောက်ပိုင်း ရွှေ့ပြောင်းလာတဲ့ လူမျိုးစုတွေထဲမှာ အာခါနဲ့ လားဟူတွေ အများစုက လွိုိုမွေနယ်မှာ အ များဆုံးပေါ့ အာခါက ၆ဝ % တောင်ရှိပါတယ်။ ခရစ်ယာန်ဘာသာကိုးကွယ်ကြတာပေါ့..ကြီးကြီးမားမား ဗုဒ္ဓ ဘာသာစေတီကျောင်းတခုလောက်တော့ ရှိမှဖြစ်မယ်ဆိုပြီး တည်ထားတာဖြစ်ပါလိမ့်မယ်..။ စစ်တပ်
လေတပ် အခြေ စိုက်စခန်းဖြစ်တော့ စစ်ဖက်ကမိသားစုတွေလည်း အများကြီးတွေ့ရတယ်..။

အစောင့်ဦးလေးကြီးကပိန်ကပ်နေတာဘဲ..မေးကြည့်တော့ ပင်စင်ယူပြီး ဒီမှာ အစောင့်လုပ်နေတာတဲ့။ ကျမသူ့ကို ပိုက်ဆံ ၅ဝဝဝ ပေးလိုက်တာ..ချက်ချင်းဘဲ နေ့လည်စာသွားဝယ်ဖို့ဈေးသွားအုံးမယ်ဆိုပြီး ကျမတို့ ထွက်တာနဲ့ တံခါးပိတ်ပြီး ပြေးတော့တာဘဲ..တကယ်ဘဲအပြေးလေးနဲ့လမ်းလျောက်တယ်ဆိုရမှာ..သနား စရာကောင်းတယ်..နေ့လည် ၂နာရီကျော်နေပြီ..သူထမင်းမစားရသေးဘူး..နဲ့တူတယ်..။
၁၉၂၇ လွှိုင်မွေသူကြီးဦးစံသာက ရေကန်ကနေရေစီးဆင်းတဲ့စမ်းချောင်းကို ဆည်ဖို့ပိတ်လိုက်တော့ လွှိုင်မွေကန်ကြီးပေါ်လာတယ်..တဲ့။ နှစ်တရာအိမ်ထဲက ရေးထားတဲ့အတိုင်းပြောပြတာ..အဟဲ
ရေကန်လည်းလှ ရာသီဥတုလည်းကောင်း..လူပေါင်းတို့တကူးတကလာပြီး စားကြသောက်ကြနဲ့ အလှတရားကဘယ်အချိန်အထိခံနိုင်မယ်လို့..ထင်ကြပါသလဲ...(မယ်ငီးတော့ ၁ဝနှစ်အတွင်းပျက်စီးမယ်လို့ဗေဒင်ဟောချင်ထှာနော်...)
ထိုင်းမှာနေတုံးက အငြိမ်းစားဗိုလ်ချုပ်တယောက်နဲ့စကားပြောဖူးတယ်။ သူက
လွှိုင်မွေမှာနေဖူးတယ်တဲ့။ အဲ့
တုံးကတော့ သေသေချာချာမသိလို့..ဟုတ်လားတခွန်းဘဲပြောခဲ့တာပါ။ အရင်က ဗြိတိသျှတို့အုပ်စိုးစဉ်ခါဒီတောင်ပေါ်မြို့လေးကို ဂျပန်နဲ့စစ်ဖြစ်လို့သာဆုတ်ခွါသွားကြရတာ။ မေမြို့ တောင်ကြီးနဲ့ လွှိုင်မွေ ဒီ ၃မြို့ကသူတို့ရာသီဥတုနဲ့တူပြီး အေးချမ်းတာလေ..။ အတော်သဘောကျကြတယ်တဲ့။ဒုတိယကမ္ဘာစစ်ဦးပိုင်းမှာ ထိုင်းကဂျပန် ကိုထောက်ခံ ဗြိတိသျှနဲ့အမေရိကန်ကိုစစ်ကြေငြာပေးခဲ့လို့၊ ဂျပန်တို့က ဒီလွှိုင်မွေခရိုင်ကို ၁၉၄၃ ဇူလိုင်လ ၄ ရက်နေ့မှာ ထိုင်းကိုလွဲပြောင်းပေးခဲ့တယ်တဲ့။ ခုမှဇာတ်ရည်လည်ပါတော့တယ်..။
ရွာပေါင်း ၃၈ ရွှာတောင်ရှိတယ်တဲ့..မြို့ကတော့ ခပ်ခြောက်ခြောက်လေးပါ...
ကဲပါလေ...မြို့ဦးစေတီရောက်တုံးဖူးကြတာပေါ့..နံမည်ကတော့အရှည်ကြီးပါ..မြို့ထိပ်ရွာထိပ်မှာတွေ့ရင် ရွာဦးစေတီ မြို့ဦးစေတီပေါ့..ဟုတ်လား..
အလှုငွေလေးလည်းထဲ့..ကိုကိုလေးကအသည်းအသန်ဖုံးထဲကစာကိုဖတ်ရူနေလေရဲ့ ..သေချာတယ် နောက်နှစ်မျက်မှန်တပ်ရပြီ..ဟီး..
ဒီဇင်ဘာဆိုရင် လွှိုင်မွေက ချယ်ရီတွေ တောင်လုံးပွင့်တာပေါ့...ခုတော့ ရှားရှားပါးပါး တပွင့်ထဲမြင်ခဲ့တယ်..
ကိုင်း..နူတ်ဆက်ပြီး..ပြန်လိုက်ပါအုံးမယ်လေ..
တောင်တွေလည်း သေသေချာချာကြည့်ရင် မြင်ရတာက သစ်ပင်ကြီးတွေသိပ်မရှိတာပါဘဲ...
ငယ်ငယ်က လေယဉ်ပျံပေါ်ကနေကြည့်ရင် တောအုပ်ထူထပ်နေတာပေါ့...တခုပြောပြမယ်သိလား..အာခါနဲ့လားဟူကို ထိုင်းတွေက တောစားဘီလူးလို့ခေါ်ကြတယ်..တောင်စောင်းမှာ ခုတ်ထွင်ပြီး ၃နှစ်လောက်စိုက်ပြီးနေရာပြောင်း..
အဲ့တာနဲ့ဘဲတောတွေပြောင်ကုန်တာတဲ့..ထိုင်းမိတ်ဆွေပြောပြတာပါ...
ကျိုင်းတုံလွင်ပြင်...
မယ်ငီး..လွမ်းလည်းလွမ်းလောက်ပါတယ်...မွေးရပ်မြေဟာ ဘယ်အချိန်ကြည့်ကြည့် သာယာနေတာ အမှန်ပါဘဲရှင်...

အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
#meemeenage

5 comments:

  1. ကိုယ်တောင်ရောလွမ်းသွားတယ်ကွယ်။
    အိုင်အိုရာ

    ReplyDelete
    Replies
    1. အဟီး...
      မတို့ရဲ့မွေးရပ်မြေကိုလည်း
      စာဖွဲ့ပြလေ..
      မြောက်ပိုင်းရှမ်းမရောက်ဖူးဘူး..
      ရောက်ဖူးချင်ထှာနော်...း))))

      Delete
  2. ဒီကနေ့ ဘလော့တစ်ခွင်လှည့်လည်စဉ်အခန်းမှာ မီးမီးငယ်ရဲ့ 'လွှိုင်မွှေတောင်စခန်းမြို့လေး' တစ်ပုဒ်ပဲ ဖတ်ခွင့်ရတယ်။ ကျိုင်းတုံအလွမ်းပြေလေးဖြစ်သလို ငယ်စဉ်ဘ၀ ကျိုင်းတုံမှာ တီတင့်ဖေဖေတာဝန်ကျစဉ်က လွှိုင်မွှေတောင်ဘက်ကို ရောက်ဘူးခဲ့တယ်။ အဲ့ဒီအချိန်ကာလက အခုလိုနယ်မြေ အေးချမ်းမှုသိတ်မရှိသေးတော့ နောက်ခံရိက္ခာဖြည့်တပ်စခန်းလေးအနေနဲ့ပေါ့။ ၃-လလောက် အိမ်ပြန်မရောက်တဲ့ ဖေဖေ့ကိုလွမ်းတာနဲ့ မေမေ့ကိုပူစာပြီး ရိက္ခာပို့အဖွဲ့နဲ့ လိုက်သွားဘူးတာ။ တစ်ညလောက်ပဲနေရပြီး ကျိုင်းတုံပြန်တဲ့အဖွဲ့နဲ့ ပြန်လိုက်ခဲ့ရတယ်။ ဘယ်အချိန်ကြည့်ကြည့် လှပနေတဲ့တောင်တန်းကြီးတွေမြင်ခွင့်ရလို့ ကျေးဇူးပါ မီးမီးငယ်။

    ReplyDelete
    Replies
    1. အော်..
      ဟုတ်သားဘဲ၊ အန်တီတင့်ကကျိုင်းတုံဖက်မှာနေခဲ့ဖူးတာဘဲ။
      လွိုင်မွေမှာအမ၂ဝမ်းကွဲရဲပအမျိုးသားလည်း
      လေတပ်ဗိုလ်မူးဘဝနဲ့တာဝန်ထမ်းဆောင်ဖူးတယ်
      အဲ့တုံးကလည်းမရောက်ဖြစ်ခဲ့ပါဘူး..
      ဒီလကျိုင်းတုံစိန်မေရီကျောင်းနှစ်၁ဝဝပြည့်နဲ့ဆရာကန်တော့ပွဲ
      ဆိုလားဘဲ အကြီးအကျယ်ကျင်းပကြတယ်။
      အန်တီတင့်ကော အထက ၂ မှာကျောင်းနေဖူးလား။
      ဟုတ်တယ်အရင်ကနယ်မြေမအေးချမ်းတော့
      ရေပူစမ်းလောက်တောင်
      သွားရင်အန္တရယ်ရှိတယ်လို့ထင်ရတာ..။
      လာလည်တာလည်းကျေးဇူးတင်ပါရစေရှင်...
      :D

      Delete
    2. တာလေကနေ ၆တန်းအောင်လာတော့ ကျိုင်းတုံ အထက-၂မှာ ၇-တန်းဆက်တက်ရတယ် မီးမီးငယ်။ စာကညံ့လေတော့ ၇-တန်းကျတယ်လေ ဟာဟ။ တီတင့်ဖေဖေက တပ်တွင်းကျောင်းကိုပြောင်းပေးလိုက်တယ်။ အခု ၇-တန်းတက်တုန်းက ရင်းနှီးတဲ့သူငယ်ချင်းနဲ့ ဖဘမှာပြန်ဆက်သွယ်မိကြပြီ။ ရေပူစမ်းကို အလည်သွားရင်း သူငယ်ချင်းအုပ်စု ဓာတ်ပုံရိုက်ခဲ့တဲ့ အမှတ်တရပုံလေးတောင် ဘလော့ရဲ့ဘ၀မှတ်တိုင်များ ပို့စ်တစ်ပုဒ်မှာတင်ခဲ့သေးတယ် :)

      Delete