Wednesday, March 2, 2016

ကျောက်စိမ်းဘုရား

မင်္ဂလာပါရှင်~~~
ကျမတို့ မနက်စာစားပြီး သူ့အမျိုးတွေရှိရာ စက်မူ့ကွက်သစ်သွားကြပါတယ် ။ စကားတွေပြော နေ့လည်စာ
စားသောက်ပြီးတော့ မြစ်ငယ်မြို့မှာရှိတဲ့ သူ့ကျောင်းနေဖက် သူငယ်ချင်းတွေဆီထွက်ခဲ့ပါတယ်။

သူက မန္တလေး ဂျီတီအိုင်ဆင်းလေ။ ဖြစ်ချင်တော့ သူတို့ကျောင်း အာစရိယပူဇော်ပွဲလုပ်တဲ့နေ့နဲ့တိုက်နေတာ။
သူကမသိဘူး။ သူတို့ကမနက်ပိုင်းမှာလုပ်တာ။ကျမတို့ကနေ့လည်လောက်မှရောက်သွားကြတာလေ။ သူတို့
ကျောင်းထဲမှာ ထူးချွန်ကျောင်းသား အရင်ကလူရည်ချွန်တွေဆိုပါတော့။ ဓါတ်ပုံကပ်ထားတာ သူ့ပုံကခုထိရှိ တုံးဘဲတဲ့။ သူ့သူငယ်ချင်းဟောင်းတွေ ပြောပြတော့ သူ့မျက်နှာကြီး ပြုံးနေတာဘဲ..ဟွန့် (အော်..မနာလိုတာ
လေ..ကိုယ်ကမှမချွန်ဖူးခဲ့ဘူးလေ ^_^
 
သူ့သူငယ်ချင်းဆီအရင်ဝင်တာပါ။ သူတို့မရှိတာနဲ့၊ အနီးမှာရှိတဲ့ ကျောက်စိမ်းဘုရားရောက်ဖြစ်သွားတာပေါ့။
ကဲ..ဓါတ်ပုံဆရာမ..လက်စွမ်းပြအုံးမယ်...
လေယာဉ်ပေါ်ကနေလည်း လှမ်းမြင်မိလိုက်သေးတယ်..မြစ်ငယ်မန္တလေး-ရန်ကုန် အမြန်လမ်းမဘေးမှာပေါ့။
မသိမသာနဲ့ သိသိသာသာကြီး ကြွားလုံးထုတ်ရရင်တော့ တခါက ကျမကျောက်စိမ်းနဲ့ပတ်သက်ပြီး Export
လုပ်ဖူးတယ်လေ..ဟီး..ဒါကြောင့် နဲနဲပါးပါး ရွှီးလို့ရတယ်ဆိုပါတော့..

အဲ့ဒီ အစိမ်းရောင်အကွက်သေးသေးကို မြန်မာအခေါ် ပဲရည်အရောင်(အလယ်ကနဲနဲရင့်သွားတဲ့ အမဲကွက်
လေးမပါရင်ပိုကောင်းပေါ့) ကပ်ရပ်က ခရမ်းရောင် Lavender Jade နိုင်ငံခြားသား အရမ်းကြိုက်အရောင်
ပေါ့။

ခရမ်းနဲ့အစိမ်းရင့်ရောင်တွေ အရမ်းလှဘဲ...ကျောက်စိမ်းမှာအရောင်အမျိုးမျိုးတွေ့နိုင်ပါတယ်။ အဓိကအားဖြင့်
ကျမတော့ သူတို့ကို ၉ရောင်ရှိတယ်လို့ ခွဲခြားပြောဖူးခဲ့တာပါဘဲ(ဟော..တွေ့လား စရွှီးနေပြီပေါ့ :P  )

ဟိုး...ရှေ့က မြင်ရတဲ့ တိုက်တန်းလျားတွေက ကျောက်မျက်ရတနာ အရောင်းအဝယ်စင်တာ အဖြစ်သစ်မှတ်
ထားပြီး ဆောက်နေဆဲပါဘဲ။ ဝိုင်းက အကျယ်ကြီးဘဲ။ တနိုင်ငံလုံးရဲ့ ကျောက်မျက်ဈေးကွက်အနေနဲ့ မဝေးတဲ့
ကာလမှာမြင်တွေ့ရတော့မှာပေါ့။

သစ်ပင်ကြီးကြီးမားမားတော့ မရှိသေးပါဘူး..ခုမှတည်ဆောက်ပြီးခါစဆိုတော့..လေတိုက်တယ်။ အရိပ်မရှိ
အလွန်ပူပါ၏..။

ကျောက်စိမ်းကပ်ထားတဲ့တိုင်တွေ အားရစရာကြီး..နောက်ဆို ကျောက်စိမ်းကြည့်ချင်ရင် ဒီမှာဘဲလာကြရမှာ
ဟိုမှာက အဝီစိရောက်အောင်တူးလိုက်လို့ ပြောင်ကုန်ပြီလေ..ရှင်း(((


 အရမ်းကို လှပတဲ့ ကျောက်စိမ်းတုံးပါ..ဒီနေရာမှာ အရည်အသွေးမပြောပါဘူး။ အရောင်ကိုဆိုလိုတာပါ။
 ကောင်းကင်ပြာပြာ မှာ ကျောက်စိမ်းဘုရားက ထင်းကနဲပါဘဲ..
တည်ဆောက်တဲ့သူကိုရော..လှူဒါန်းတဲ့သူတွေကိုရော တကယ်ဘဲ ချီးကျုးတယ်။"သာဓု"အကြိမ်ကြိမ်ခေါ်မိပါ တယ်။
 အရောင်စပ်တာ လှတယ်..ထိပ်ကြာဖူးနားမှာ အရောင်ညီတဲ့ အစိမ်းလေးတွေဘဲ ရွှေးထားတယ်..။
ခုလိုလှူဒါန်းတာကိုဘဲ လူတွေက ချီးမွမ်းကြ ကဲ့ရဲ့ကြနဲ့ ဘာဘဲဖြစ်ဖြစ် ပိုင်ဆိုင်မူ့တခုကိုစွန့်လွှတ် အလှူဒါနတ
ခုပြုနိုင်တာကိုဘဲ ချီးကြူးရမှာပါ။ ဟိုမှာ လှူမှ ဒီမှာ လှူမှ မဟုတ်ပါဘူးနော်...။ ထားလိုက်ပါလေ.. လူသားဆို တာကလည်း ကဲ့ရဲ့ခြင်း ချီးမွမ်းခြင်း ကင်းလွတ်နိုင်တာမှမဟုတ်တာဘဲဟာ...။

ကဲ..လှတာတွေ ကောင်းတာတွေပြီးရင် နောက်ကွယ်ကအကြောင်းလေး။အဟီး မလှတာပေါ့။လာမယ်လေ။
စေတီပတ်လည်မှာ စားသောက်ဆိုင်တန်းတွေ အပြည့်ပါဘဲ.....အဲ့ ဆိုင်တန်းရဲ့ဘေးပတ်လည်မှာလည်း အမှိုက်ပုံကြီးထိန်ထိန်ငြီး..ပေါ့..ဒါကျမအနဲဆုံးနေရာရွှေးထားတာ..အများကြီးက အနားမကပ်ရဲလို့ရှင့်း((
ဒါတောင်ဖွင့်တာမကြာသေးလို့နော်...စားသောက်ဆိုင်တွေ စည်ပင်ခွန်သို့မဟုတ် ဘုရားကိုအခွန်တွေတော့
ပေးရမယ်နဲ့တူတယ်။ ဒါဆိုရင် အခွန်ကောက်သောလူသားများမှာ တာဝန်ရှိပါတယ် ဒီအမှိုက်ကိစ္စ။ ဘယ်သူ
သိမ်းမလဲ။ ပစ်ကြတဲ့လူတွေကို ဘယ်လို စည်းကမ်းမျိုးတွေ အမှိုက်ပုံးတွေနဲ့ စနစ်တကျပစ်ဖို့ ထိမ်းသိမ်းကြဖို့ ကျမ်းမာရေးအသိပညာပေးဖို့ ဘယ်သူတွေလုပ်ကြသလဲ။ ( ပြော..ပြော..မောမယ်..နားနားပြီးပြောကွယ် ) က်ျကားစကားချပ်တည်းးး...း)))))


ရှေ့ကမြင်ရတဲ့ ဆိုင်တန်းပတ်ပတ်လည်နောက်ဖက်မှာ ရေချောင်းလိုလို ချိုင့်ခွက်ကြီးရှိပြီး အမှိုက်တွေဟာ
မြင်မကောင်းရူမကောင်း နိုင်ငံခြားသား ဧည့်သည်တွေလာရင် မျက်နှာပန်းမလှတဲ့ နေရာတခုပါ။ လှူဒါန်းတဲ့
ပိုက်ဆံကို ဘုရားပတ်လည်မှာ အင်္ဂတေ တမံသလင်းတွေ ခင်းလိုက်ရင် အရမ်းကောင်းမှာဘဲ။ လေတိုက်
တော့ ဖုန်မူန့်တွေအများကြီး စားသောက်ဆိုင်ပေါ် အစားအသောက်ပေါ် ဆားဖြူးသလိုအချိုမူန့်လောင်းသလို မကျတော့ဘူးပေါ့နော်..( မယ်ငီးရဲ့ ပလာဗွ စေတနာ အပလာတွေပါ ...း))))
မန္တလေးကျုံးနှဘေးပတ်လည်ကကားတာယာအမှိုက်ပုံးမျိုး ဒီနေရာတဝိုက်လာချမယ်ဆိုရင် အခု ရာချီချထား ရမယ်လို့ထင်မြင်ယူဆရပါကြောင်း...ဆာဗေးဆင်းအပြီး သက်ဆိုင်ရာများထံ တင်ပြအပ်ပါတယ်ရှင့်။ ^_^
( အပြောကျင့်နေတာ ဒီတခါပြန်ရင် ရွှာမှာ သူကြီးအရွှေးခံမလို့ ပြီး တန်းစီတင်ပြချင်ထှာနော်..အဟိ)

ကိုယ်တွေကသာ ပြောနေတာပါ မုန့်တွေရောင်းတာ လွှတ်လွတ်လပ်လပ်ပါဘဲ လွတ်လပ်စွာကြည့်ရူ့ကိုင် တွယ်စားသောက်နိုင်ပါတယ်..တဲ့လား..ဟီး...

တဖက်ကကြည့်ပြန်ရင် ကျမတို့တိုင်းပြည်မှာ ကျမ်းမာရေး အသိပညာ ဗဟုသုတအရမ်းနဲကြလို့ ရှေးရိုးစဉ်
လာမပျက်ဘဲ..ဆိုတာကြီးစွဲကိုင်ထားကြလို့လဲ ကင်ဆာမျိုးစုံနဲ့ ရောဂါမျိုးစုံလင်စွာ အဖြစ်များဆုံးတို့ ဘာတို့
နိုင်ငံတကာအလည်မှာထိပ်တန်းက ဝင့်ဝင့်ကြီး နံပါတ်ထက်ချိတ်နေတာပေါ့လေ။
သောက်သုံးရေကအစ အခြေခံ စားသောက်ကုန်တွေအားလုံးနီးပါးလောက် သန့်ရှင်းအောင်လုပ်ဖို့ထက် အမြင်လှအောင်ရောင်းပမ်း
လှအောင် ဆိုးဆေး အချိုမူန့် ဟင်းခပ်မူန့်တွေ ဒါတွေနဲ့ဘဲ လုပ်ထားကြတာများတယ်..။
လက်သည်းက အရှည်ကြီး သူတို့ကဘာမှမဖြစ်ပေမဲ့ ကျမတော့ ဝမ်းပျက် ဝမ်းလျှော အခန့်မသင့်ရင် အော့ အန်တာက ပြန်တိုင်း ဖြစ်နေကြ။ သူများတွေနဲ့မတူ အရင်ဘဝက ဒါနကုသိုလ်များနဲ ခဲ့လို့လားမသိ..ဟီးဟီး
အမိုက်ဆုံး ဖိနပ်ထားတဲ့နေရာပေါ့...နော်...

အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
မီးမီး

6 comments:

  1. ပြန်ချင်စိတ်ပေါ်အောင် လာလုပ်နေတယ်။ lolz

    ReplyDelete
    Replies
    1. လာချင်ရင်ခရီးအနီးလေးပေါ့...တဲ့
      သွားလည်ပါ
      ပျော်စရာကောင်းတဲ့အချိန်တွေကို
      နေရာဟောင်းကိုပြန်လည်လည်ပတ်ခြင်း
      လည်းကောင်းပါတယ်...
း)))))

      Delete
  2. Replies
    1. ဒေါ်ကြီး..
      နေကောင်းသွားပြီလား..

      Delete
  3. အမြဲမဟုတ်ပေမဲ့လဲ မကြာခဏပုံလေးတွေကြည့်ဖြစ်တယ် စာလဲဖတ်ဖြစ်တယ်
    ကွန်မင့်ကတော့ အမြဲမရေးဖြစ်ခဲ့ပါဘူးမီးမီးရေ.......

    ReplyDelete
    Replies
    1. စံပယ်ချိုရေ..
      ဒီကလည်းအားတဲ့အချိန်ဆိုရင်၊
      ရေးလိုက်ပြီးတပတ်ကြာမှပြန်ဖွင့်ကြည့်လိုက်နဲ့လေ။
      ကျေးဇူးတင်ပါတယ်လည်လည်လာတာ။
      အမြဲမဟုတ်ပေမဲ့တလ၃ခေါက်လောက်တော့
      ရေးဖြစ်အောင်ကြိုးစားတာပါဘဲ။
      အဟဲ..အဓိကကတော့ဓါတ်ပုံတွေတင်ချင်လို့ပါ။
      ဘုတ်အုပ်ကြီးထဲမှာတော့မတင်ချင်လို့လေ..
      ^_^

      Delete