Tuesday, March 15, 2016

လိမ္မော်ငါးသလောက်ပေါင်း...

မင်္ဂလာပါရှင်~~~
တခါခါကျမတို့ ကိုယ့်ဖာသာကိုယ်ပါဘဲ ကိုယ်စီးတဲ့မြင်းအထီးမှန်းမသိ အမမှန်းမသိဖြစ်တတ်ကြပါတယ်။ ကျမလည်း ငါးသာကြိုက်တယ် ဒီဘိုနိုင်ငံမှာနေပြီး ငါးကို ဘိုလိုအခေါ်အဝေါ်မသိပါဘူး။( ရှက်ရှက်နဲ့ဝန်ခံ ရရင် ဗမာလိုတောင်မသိတာတွေများပါတယ် 😁ဈေးသွားပြီး ငါးကိုမျက်မှန်တဝင့်ဝင့်နဲ့ ပင့်ကြည့်ကိုင်ကြည့်ပေါ့။
ကြိုက်ရင် ဝယ်လာချက်စားလိုက်တာဘဲ..ဟီး။ တကဲ့ကို အထီးမှန်းမသိ အမ မသိဆိုတဲ့ မြင်းစီး
သူပါဘဲရှင်။
ဒီတခါ တွေ့တဲ့ငါးက ငါးသလောက်လို ဆင်ဆင်တူတယ်။ ငါးသလောက်လို့ထင်မြင်ယူဆပြီး ဝယ်ချလာခဲ့
တယ်။
ကိုင်း....ငါးသလောက်ပေါင်းစားမယ်။ တသက်နဲ့တကိုယ် တခါမှမချက်စားဖူးဘူး။ ချက်စားဖို့ အင်တာနက်
ကမ္ဘာပတ်ရှာကြည့်တာ ကျမတွေ့မိသလောက် ကျမပါးစပ်နဲ့အရသာမဖြစ်လောက်ဘူး။ ကျမကရှာလကာ
ရည်ကို လုံးဝမကြိုက်သူ။ အနံ့ရောသူ့အရသာကိုပါ မကြိုက်တာ။ ချဉ်စုတ်စုတ်စူးရှရှကြီးလို့ထင်တာဘဲ။ ဒီ
တော့ အတ်ချလောင်း...လိမ္မော်ငါးသလောက်ပေါင်းဖြစ်သွားရတာပေါ့ရှင်။ ကျမချက်နည်းက အလွယ်ကူ ဆုံးချက်နည်းပါ။ ပုံမှာပါတဲ့ ပုလင်းထဲက ကြက်သွန်ဖြူနီဆားငရုပ်ကောင်းနဲ့ ငါးကိုနှယ်ပါတယ်။ ဆနွန်းမူန့်
နဲ့ဆီပါတခါထဲထဲ့လိုက်တယ်။
ပြီးမှ လိမ္မော်သီးတလုံး ကိုအရည်ညှစ်ပြီး ငါးကိုနှယ်။ အိုးဖင်မှာ စပါလင်ချောင်း ကြက်သွန်နီဥတွေခင်းပြီး
ငါးထဲ့ပါတယ်။ အပေါ်ကနေ Celery (တရုတ်နံနံ့) ထဲ့ပါတယ်။ ငါးအညှီအနံ့ရော ငါးသလောက်စားရင်
သွေးတက်မယ်ဆိုတာတွေလည်း ပျောက်လို့ အရမ်းအရသာရှိတဲ့ ကျမမယ်ငီးရဲ့ လိမ္မော်ငါးသလောက်ပေါင်း
ပေါ့ရှင်....။
အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
မီးမီး

PS. ဒီနေ့တော့ တကယ်ဘဲအရမ်းဝမ်းသာပီတိဖြာရတဲ့နေ့တနေ့။ သွားလေသူအဖေကို ပြောပြချင်လိုက်တာ။
အဖေရေ..အဖေပြောပြောနေတဲ့ တနေ့တော့ ဒီကောင်တွေလည်း ကျဆုံးခန်းတော့ရှိမှာဘဲ..ဆိုတာ..သူတို့
နေဝင်ချိန်ရောက်ကြပြီလို့.....တမလွန်ကအဖေ..သိစေချင်တာ..အမှန်ဘဲ...အဖေအသက် ၃ဝ ပတ်ဝန်းကျင် 
အရမ်းတက်နေတဲ့အချိန် သူ့ယောက်ဖ(အမေ့မောင်အငယ်ဆုံး) တောခိုတဲ့ကိစ္စ(အဲ့ဒီတုံးကဒီလိုဘဲသုံးနူန်း
တယ်လေ)နဲ့ပတ်သက်ပြီး စူစကာပုဒ်မတွေနဲ့ အဖေထိန်းသိမ်းခံရတယ်။လူမမယ်ခလေး ၄ ယောက်နဲ့အမေ
ပင်ပန်းဆင်းရဲလိုက်တာ..တဲ့။ စီးပွားရေးလုပ်ငန်းတွေအားလုံး ကမောက်ကမဖြစ်ပြီး စိတ်ထောင်းကိုယ်ကျေ
ဖြစ်လို့ ကျမအဖိုးလည်းဆုံး၊ အားလုံးဒုက္ခရောက်ခဲ့ကြရတယ်တဲ့..။ ကျမတို့တွေဘဲမဟုတ်ပါဘူး...လေ။ လူ
သန်း ၅ဝ နီးပါး နှစ် ၅ဝကျော် ဆင်းရဲတွင်းငရဲတွင်းကနေ လွတ်ဖို့လမ်းစတွေ ရောင်နီဦးတွေစလာပြီ....။
အရှေ့မှာ...နေဝင်းနီကြီးစထွက်လာပါပြီလေ.....

4 comments:

  1. ရောင်နီဦးကို
    ငါးသလောက်ပေါင်းလေးနဲ့ ကြိုလိုက်ကြစို့ မီးမီးရေ..
    ငါးသလောက်ပေါင်းကလည်း ကြည့်ရတာတောင်အရသာရှိနေပြီ။
    စားများစားလိုက်ရရင်တော့နော်....
    အိုင်အိုရာ

    ReplyDelete
    Replies
    1. ရမ်းတုတ်ပြီးချက်ထဲ့လိုက်တာ
      မထင်မှတ်ဘဲစားကောင်းတယ်။
      ကျန်တာကိုမနက်ကျတော့
      ဟမ်ဘာဂါအဖြစ်ဖန်တီးလိုက်သေး
း))) အိပ်တာလည်းမပြောနဲ့
      တညလုံး...မထတမ်းပေါ့.. :P

      Delete
  2. ကျွန်မလည်း ရှာလကာရည် မကြိုက်ဘူး၊ လီမွန်နဲ့ ပဲ သုံးတယ်၊ ငါးသလောက်ပေါင်းကြိုက်တယ် အမ၊ အိမ်မှာလည်း ခဏခစ ပေါင်းချက်ဖြစ်တယ်။

    ReplyDelete
    Replies
    1. ကျမငယ်ငယ်တုံးကဘဲစားဖူးခဲ့တာ
      ကိုယ့်ဖာသာကိုယ်တော့တခါမှမချက်စားဖူးဘူး
      ရှာလကာရည်နဲ့လုပ်တဲ့အချဉ်တွေဆို
      တို့ကိုမတို့တာ..နံတယ်လို့ဘဲခံစားနေတာလေ။
      အဟား...ကိုယ့်နဲ့တူတဲ့သူရှိပြီနော်..

      Delete