Thursday, March 24, 2016

ကျိုင်းတုံ၂ခေါက်အလည်ရောက်

ကျိုင်းတုံ-မိုင်လား(တရုတ်နယ်စပ်)ကားလမ်း လမ်းဆိုတာအနားကွပ်ရှိရမယ်လေဒါမှခိုင်ခန့်မှာပေါ့ ဗြဲလရမ်းကြီးမနေဘူး(အင်ဂျင်နီယာဖြီးမယ်ငီးအတွေးပါ 😁မှတ်မိသလောက်(သတိထားကြည့်မိတာလည်းပါပါတယ်)ပြည်မကအဝေးပြေးလမ်းမြို့တွင်းလမ်းဘာလမ်းညာလမ်း(အဟိ)
ဘေးအနားကွပ်မှာ ကတ္တရာစေးပါလေရာနဲ့ကျောက်စရစ်တွေပွထနေတာဘဲတွေ့ခဲ့ရတယ်

မင်္ဂလာပါရှင်~~~
၂၀၁၅ ဆိုတဲ့နှစ်ကတော့ ကျမအတွက် မကောင်းလှဘူးလို့ယူဆရင်လည်းရသလို၊" ကောင်းပါတယ် "လို့
ရောချရင်လည်းရပါတယ်။၂၀၁၅ နှစ်ဆန်းပိုင်းကကျမယောက်ကျား ကနေဒါပရောဂျက် လက်ခံပြီးမှ သူ
မတော်တဆ ခြေထောက် ကျိုးသွားတယ်လေ။အဲဒီတုံးက ကျမကျိုင်းတုံရောက်နေတာ။ ခါးထောင်းကျိုက်ပြီး လုပ်လက်စတွေ အသာထားလို့ဒုန်းစိုင်းပြန်ခဲ့ရတာပေါ့။ သူများနိုင်ငံမှာ အလုပ်ကို အချိန်နဲ့လုပ်ကြရတာ။ ဒီ
တော့ သတ်မှတ်ချိန်မှာ ပရောဂျက်မပြီးလို့မဖြစ်။ ကိုင်း..ဒီတော့ တာတာ ကနေဒါ..ပေါ့ရှင် ( ခပ်ကောင်း 
ကောင်း အဲ့ဒီနေရာကအရမ်းအေးတဲ့နေရာတဲ့၊ မယ်ငီးမလိုက်ချင်လို့ မြန်မာပြည်မှာ တခုခုလုပ်မလားလို့ စီ
စဉ်တွေဆွဲ..အားလုံးလွဲပေါ့ ..ဟီး )

သူထူထူထောင်ထောင်ဖြစ်တော့ ဆန်ရန်စ္စကို ပရောဂျက်တခုရပြန်တယ်။ကဲ..လိုက်သွားမယ်ပေါ့လေ။ စီစဉ်
နေတုံး ပရောဂျက်က delay တဲ့။ ကဲဟာ..မထူးဘူး..မွေးစားသမီးလေး ထိုင်းမှာဘွဲ့ယူတာ တက်ရင်း ခဏ
လောက်ထိုင်းပြန်ရအောင် ဆိုပြီး၊ ထိုင်းကို တလလေယာဉ်လက်မှတ်ဝယ်ပြန်သွားကြပါတယ်။ သမီးလည်း ရန်ကုန်မှာ အလုပ်ရတာနဲ့၊ ဘန်ကောက်ကအခန်းကို ပြန်အပ်ဖို့လုပ်ပစ္စည်းသိမ်း ရက်ပိုင်းဘဲ အားလုံးရယ်ဒီ။ ဒါနဲ့ ၁၂ ရက်လောက် အချိန်ကအားနေတာလေ ကဲ မြန်မာပြည်ပြန်လည်တာပိုကောင်းမယ်ဆိုပြီး မန္တလေး ဖက်ထွက်ခဲ့ကြတာလေ။ ရောက်ပြီးမထူးပါဘူး ကျိုင်းတုံလေယာဉ်လက်မှတ်က အရမ်းဈေးချိုတာတဲ့ သိလား
ဆိုပြီး ၂ ခါလောက်ကပ်ချွဲလိုက်တော့ မယ်ငီး ၂၀၁၅ ကျိုင်းတုံ ၂ခေါက်ပေါ့..အဟား..မိုက်တယ်နော်( မမိုက်
တာက ပိုက်ပိုက်တွေကုန်ပေါ့ း))))

တချို့နေရာကားမသွားနိုင်လို့ ဆင်းပြီးလမ်းအခြေအနေကြည့်ရပါသေးတယ်
ကဲပါလေ..မယ်ငီးရဲ့မကောင်းတကောင်း၂၀၁၅ ကိုဟိုး...ဖက်မှာဘဲပစ်ထားလိုက်မယ်။ ဒီ ၂၀၁၆ ရောက်မှ
မိတ်ဆွေများကို တခါမှ မရောက်ဖူး မကြားဖူးဘူးလို့ထင်ထားတဲ့ နေရာတွေ လိုက်ပြအုံးမယ်။ ဇာတိ
ချက်ကြွေမွေးရပ်မြေက လူတွေတောင် တချိုု့မရောက်ဖူးကြဘူးတဲ့..။ ကျိုင်းတုံ-တရုတ်နယ်စပ်ဖက်
သွားလမ်း မြို့ရဲ့ အရှေ့ဖက်ကတောင်ပေါ်ရွာလေးတွေပါ။ "လွယ်"ရှမ်းလူမျိုးတွေရဲ့ရွာတွေပေါ့။ အမြင့်ပေ ၇၀၀၀ နဲ့အထက် တောင်ပေါ်တောင်စောင်းရွာတည်ပြီးနေကြတာတဲ့။ အရင်ကဆို သူတို့တွေမြို့ထဲလာဖို့
တနေကုန်လမ်းလျောက်ရတယ်တဲ့။ ဒီ ၂-၃ နှစ်အတွင်းမှာမှ ကားလမ်းတွေဘာတွေရှိလာတာလေ။
ရွာအဝင်လမ်းတဲ့။ကဲ..ကားဘယ်လိုတက်ရမလဲ

ကျမတို့ကို လားဟူ-အားခါ စပ်လုပ်ငန်းရှင်လူငယ်တယောက်ဆိုပါတော့( ကျမအိမ်အောက်မှာအခန်းဌားပြီး
showroom ဖွင့်ထားတဲ့သူ) ကရောက်တုံးရောက်ခိုက် သူ့အလုပ်ရုံ စိုက်ခင်းတွေ လိုက်ကြည့်ဖို့ ခေါ်သွားတာ
ပါ။


ရွာအဝင်ဝကအိမ်၊သူ့ဝက်ခြံကလမ်းပေါ်တဝက်ရောက်နေတာ..😂

သူတို့က ၂လတခေါက်လောက်သွားကြရတယ်တဲ့။ ကျမ်းမာရေးဦးစီးဋ္ဌာနနဲ့ NGO က တီဘီပပျောက်ရေး တိုက်ဖျက်တဲ့ အဖွဲ့ အစည်းတို့နဲ့အတူတူ ရွာထဲက(အဓိကက ခလေးတွေကို)ကျမ်းမာရေး စစ်ဆေးပေးဖို့ သူကဦးဆောင်ခေါ်သွားတာပါ။ သူ့စီးပွားရေးလုပ်ငန်း ထားတဲ့ရွာ သူ့ရွာလိုဖြစ်နေတော့ သူဘဲရှေ့ကနေမား မားမတ်မတ်လုပ်ကိုင်နေတာတွေ့ရတယ်။ (တကယ်ချီးကျုးလေးစားစရာကောင်းတဲ့လူငယ်လေးတယောက် ပါဘဲ)
အမိုးအပြာနဲ့ကရွာသူကြီးအိမ်
 ကျမတို့ ၃ရွာရောက်ခဲ့ပါတယ်။ ပထမရွာက အိမ်ခြေ ၇ လုံးဘဲရှိပါတယ်..တဲ့။ တကဲ့ရွာသေးသေးလေးပါ။
NGO ကဆွီဇာလန်အခြေစိုက်တဲ့
သူကြီးအိမ်ရဲ့စပါးကျီဂိုဒေါင်ပေါ့ 😁
ရွာလေးကငယ်ပေမဲ့ စလောင်းနဲ့ ရေအားလျှပ်စစ်နဲ့ဗျ..ရှမ်းပြည်မှာရေအားလျှပ်စစ်ဆိုတာ အဆန်းမဟုတ်ဘူး။
စမ်းချောင်းသေးသေးလေးတခုလောက်ရှိရင် မီးလုံး ၁၀ လုံးလောက်တော့အသာလေး လင်းအောင်ကြံဖန်
နိုင်ကြပါတယ်။ (စမ်းချောင်းထဲမှာ စီးနေတဲ့ရေကို ပိတ်ပြီး ရေတံခွန်သေးသေးလေးလိုပုံစံမျိုးဖန်တီး လို့မော် တာကိုလည်စေတာပါ၊ ပိတ်တယ်ဆိုတဲ့နေရာလည်း လက်တထွာတမိုက်လောက်တောင်မရှိပါဘူး၊ တကဲ့
အသေးစားလေးပါ၊ နောက်ကြုံရင် ဓါတ်ပုံနဲ့ပြပါ့မယ်၊ အဲ့ဒီတုံးက ဧပြီသွားတုံးရိုက်ထားတာ) မီးကို တအိမ်
တပွင့်နဲ့ တရွှာလုံးမျှသုံးကြတယ်။
သူကြီးအိမ်ရဲ့ ထောက်တိုင် (စကားမစပ် သန့်ရှင်းသပ်ရပ်မူ့ကိုတွေ့နိုင်တယ်နော်..)
ဒါကနောက်တအိမ် ကျမ်းမာရေးဖက်ကလာတော့ ရွာလုံးကျွတ်လာကြဟေ့ လို့ခေါ်တာနဲ့ အားလုံးထထွက်
လာကြတာပါ။ စလောင်းလည်းရှိတယ် မီးလည်းရှိတယ်။ ဒါပေမဲ့ ဦးသိန်းစိန်ဘယ်သူလည်းမေးကြည့် မသိပါ
ဘူး။ ကျိုင်းတုံအုပ်ချုပ်ရေးရုံးက ဦးစီးအရာရှိလောက်ကိုဘဲ အစိုးရကြီးတရပ်လောက်ထင်နေကြသူတွေပါ။
ခလေးတွေတန်းစီ ကာကွယ်ဆေးထိုးပေး..

ကျိုင်းတုံမြို့ကိုလည်း တိုင်းပြည်တခုလို့ထင်မှတ်နေကြသူတွေပါ။ မြို့ပေါ်က ဒေသခံတွေလည်း အကြောင်းအ
မျိုးကြောင့်(အဓိက လမ်းပန်းဆက်သွယ်ရေးပေါ့၊ နောက်ပြီးလူမျိုးမတူတာရယ် ဘယညာကွိကွပေါ့ရှင်) အလည်အပတ်နဲကြတယ်ဆိုပါစို့။(ဒီတော့ ရှမ်းပြည်တော်တော်များများနယ်ပယ်မှာ ကြံဖွတ်နိုင်တယ်ဆိုတာ မဆန်းပါဘူး၊ အုပ်ချုပ်ရေးကိုင်ထားတဲ့သူတွေကသာ သူတို့လုပ်ငန်းနဲ့ပတ်သက်လို့ သွားလာနိုင်ကြပေမဲ့ တခြားကျမတို့လို သာမာန်လူတန်းစားတွေ ဒီအထိ တကူးတက လာဖို့ဆိုတာ ခက်ခဲပါတယ်) ကျ်ကား
မယ်ငီး...စကားချပ်ပေတည်း...ဟီးဟီး ထားပါလေ...ထားပါလေ....


ခလေးအလေးချိန်တွေချိန် ကျမ်းမာရေးစစ်ပေးတယ်။

နေမကောင်းသူရှိရင်သောက်ဆေးတွေထုတ်ပေး ဆေးထိုးပေး အားလုံး Free ပေါ့။ UN အစီအစဉ်နဲ့ အလှု
ရထားတဲ့ဆေးတွေပေါ့ရှင်။
NGO ကခလေးမလေးကလည်း ချောင်းဆိုးတာ တီဘီအစ ကျမ်းမာရေးဗဟုသုတတွေ ပေးပါတယ် (ရှမ်းလို
ပြောရတာပေါ့)
သူများတွေအလုပ်ရူပ်နေပါတယ်ဆို ကျမအညာသားကလည်း တောင်ကြည့်မြောက်ကြည့်နဲ့ ပျော်နေတယ်😁


ခလေးလေးတွေ ချစ်စရာအပစ်ကင်းစင်တဲ့မျက်နှာလေးတွေနဲ့...
အဟာရမချို့တဲ့ဘူး..ဝဝဖြိုးဖြိုးဘဲ..မုန့်ဆိုင်တွေ ဘာတွေနဲ့ကြီးပြင်းလာရတာမဟုတ်တော့ (ခုနကမီးဖိုမှာမြင်ရ
တဲ့ အိုးကပဲသီးပြုတ်အိုးပါ..တဲ့) ရွာမှာဘဲရနိုင်တဲ့အစာစားဘဲစားကြရတာပါ။
ဒီပဲသီးမျိုးပါ..အဲဒါဘဲ ခလေးတွေစားကြတယ် ဗီတာမင်ဓါတ်အပြည့်ပါတယ် Organic ဆိုပါတော့။ ဒီတော့ ခလေးတွေ ဝကစ်နေကြတာပေါ့။
ကဲ..ဒီ ၃ယောက်ကလည်း ပဲပေးပြီး ကျမကိုဓါတ်ပုံရိုက်ခိုင်းတယ်။ ဘေးကအင်္ကျ ီအနက်ဂျာကင်နဲ့တယောက် ကတော့ မြို့နယ်အုပ်ချုပ်ရေးမူးရုံးက ဒီရွာဒေသအတွက် တာဝန်ခံပေါ့။ ကျမအညာသားကြီးနဲ့ ဒီဖက် ကပ်ရပ် ကတော့ကျမတို့ရဲ့ ဂိုက်ကြီး ဟားဟူ-အားခါ လူမျိုးလူငယ်လေးပေါ့။
ကိုယ်လည်း အားကျမခံ ရောက်တုံးရောက်ခိုက် စူပါဂိုဒေါင်ရှေ့ပေါ့...အမှတ်တရ.. welcome to my palace :P
နောက်ထပ်ရွှာ တခုဆီပြန်ချီတက်ကြတယ်
နောက်ရွာကတော့ ရွာသစ်ဆိုပါတော့ ဘုန်းကြီးကျောင်းဆောက်နေတာ စာသင်ကျောင်းနဲ့အတူတူထားမယ်
လို့ပြောပါတယ်။
အိမ်ပုံစံကတော့ ဘယ်ရှမ်းရွာရောက်ရောက် ဒီပုံဘဲ မြင်ရမှာပါ။
ဟိုးရှေ့က ဆိုင်ကယ်ဈေးလေး..
သူကလည်း အမှတ်တရထဲအရမ်းပါချင်ဘဲ..နော်..ဟီး
မနက်မနက်ဆို ကျိုင်းတုံဈေးထဲမှာ ဆိုင်ကယ်သမားတွေက စားစရာဟင်းသီးဟင်းရွက်ကစလို့ သားငါးအထိ
အားလုံးအထုပ်သေးသေးလေးတွေနဲ့ အသင့်ထုပ်ပိုးထားတာ လက်လီဈေးနဲ့ဝယ်၊ ပြီး သူ့နယ်ကိုယ့်နယ်ရွာ
တွေထဲ ဆိုင်ကယ်စီးပြီးသွားရောင်းကြတယ်လေ။
သတိထားမိလား ခလေးကျောပိုးထားတာ ယောက်ကျားနော်..ကဲ..နောက်တခန်းမှ အကြောင်းစုံပြောပြရမယ်

အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
မီးမီး

4 comments:

  1. ကိုယ်နယ်တွေကွင်းဆင်းခဲ့ရတာသတိရသွားပြန်ပြီ။း)
    ရှမ်းပြည်တော့ကြိုက်တယ်။ ရာသီအေးတော့ လမ်းလျှောက်ကွင်းဆင်းရတာ မပန်းလှဘူး။
    ပတ်ဝန်းကျင်က တောတောင်တွေကြည့်ရတာပျော်တယ်။
    စားခဲ့တာလေးတွေတင်ပါအုန်းလို့ ..
    အိုင်အိုရာ

    ReplyDelete
    Replies
    1. မရေ
      တခါရေးပြီးကျမကလည်း
      ပျောက်သွားတတ်တယ်
      ဘဲဒီးဆော်ဒီးနော်..
      စားစရာလေးတွေလည်း
      တင်ပါအုံးမယ်
      ဒါပေမဲ့စားတာတွေက
      သိပ်ရိုးနေလို့
      ဘာတင်ရမှန်းမသိး)))

      Delete
    2. ကိုယ့်အတွက် ရှမ်းစာတွေက မရိုးနိုင်တဲ့ပို့ စ်တွေဘဲ။
      ခဏခဏပြန်လာဖတ်တယ် ရှမ်းစာတွေကို။း)
      အိုင်အိုရာ

      Delete
    3. မရေ...
      တနေ့ကချက်တဲ့
      " နေ့ယမ်း" ရှမ်းလိုအခေါ်ပေါ့
      အဲ့တာချက်ရင်းနဲ့
      ဓါတ်ပုံရိုက်ထားသေးတယ်
      ဓါတ်ပုံကမွဲနေလို့
      နောက်တခါပြန်ချက်ရင်
      ဆက်ဆက်ရေးပါ့မယ်
      အဟဲ..အားလည်းနာ
      ခင်လည်းခင်ပါတယ်
း))))

      Delete