Saturday, April 9, 2016

နှစ်ပေါင်းရာချီသက်တမ်းရင့်လက်ဖက်တော

မင်္ဂလာပါရှင်~~~

ပြီးခဲ့တဲ့တောင်ပေါ်ရွှာခရီးရဲ့အဆက်ပေါ့။ နောက်ထပ်ဆက်သွားတဲ့ရွာ ၂ရွာကတော့ လွိုင်ရှမ်းတွေနေတဲ့
ဝမ်ဆိုင်း နံမည်ကျော်လက်ဖက်ခြောက်ထွက်တဲ့ နေရာဒေသပါ။ ငယ်ငယ်ကတဲက ဈေးမှာ လက်ဖက်ခြောက်
ထိုင်ရောင်းနေတဲ့"လွိုယ်"လူမျိုးတွေဘယ်ကလာသလဲလို့ မေးလိုက်ရင် ဝမ်ဆိုင်းရွာကဆိုတာလောက်ဘဲသိ 
ခဲ့တာ။တခါမှလည်း မရောက်ဖူးခဲ့ပါဘူး။ လမ်းပမ်းဆက်သွယ်ရေးကလည်း ကြမ်းတမ်းတဲ့ကာလ မြို့နဲ့ နဲနဲ လှမ်းတဲ့ရွှာတွေဆိုရင် လက်နက်ကိုင်တွေ ၂ ဖက်စလုံးပါဘဲ ဘယ်သူ့ကိုယ်စားပြုပြု လက်နက်လေးကိုင်ကြ
ရရင်ကိုဘဲ တလောကလုံးက ထိုင်ရှိခိုးပေးရမဲ့အပေါက်မျိုးချိုးနေကြတာက အတူတူချည့်ပါဘဲ။ အဲ့လိုမျိုးတွေ
ရူပ်ပြီး ကြီးစိုးနေကြတဲ့အချိန်လေ။ခုတော့ လွိုင် ဆိုရင်မြို့က အချမ်းသာဆုံး စာရင်းဝင်ထဲမှာ ပါဝင်နေကြပြီ။
ပြောပါတယ်ခေတ်ကာလကြီး ပြောင်းလဲသွားပါပြီလို့( မနေ့တနေ့ကမဟုတ်ဘူးနော်) ဒီလို လက်နက်အာဏာ အပေါ်ကို အသပြာငွေကြေးနဲ့  ခင်းပြီးကုပ်တက်ခွစီးနိုင်တဲ့ အချိန်ကာလတရပ် ကိုယ်တို့တိုင်းပြည်မှာထွန်း
ကားလာခဲ့ဖူးတယ်လေ။ 
စကားချီးကလည်း ရှည်လျှားပေများပါတယ်ဆို..လိုရင်းကိုမရောက်နိုင်ဘူး..လိုရင်းကတော့ မယ်ငီး တောင်
ပေါ်လက်ဖက်ခြောက်ထွက်တယ်ဆိုတဲ့ လွိုင်ရွာ ၂ ရွာ (ဝမ်ဆိုင်းရွာ) ရွာသစ်နဲ့ရွာဟောင်း ခွဲထားတယ်တဲ့..
အလည်ရောက်ခဲ့တဲ့အကြောင်းပြောမလို့ပါ...ဟီး.. အဓိကအကျဆုံးတခု သတင်းပေးချင်တာကလည်း မိတ်
ဆွေများမြင်ဖူးနေကြလက်ဖက်စိုက်ခင်းမျိုးမဟုတ်ဘဲ၊ သဘာဝပေါက်တယ်လို့ပြောလည်းမရဘူးဗျ။
ရှေးလူ ကြီးများ စနစ်တကျစိုက်ပျိုးထားခဲ့တဲ့လက်ဖက်ပင်တွေလို့ဘဲဆိုရမှာဘဲ။

(အဲ့ဒီလက်ဖက်ကို စိတ်ဝင်စားတာနဲ့ google တန်ခိုးအမှီပြုလို့ ကမ္ဘာပတ်ရှာလိုက်တာ တကယ့်ကိုမထင်မှတ်
တဲ့သမိုင်းကြောင်းတွေ ဖတ်မိလေ့လာမိတယ်။ကမ္ဘာမှာ လက်ဖက်ဆိုတာ တရုတ်ကစတယ် ဆိုတာလောက်
ဘဲအားလုံးကသိကြတာ။ တရုတ်နိုင်ငံ ဘယ်နေရာ ဘယ်ဒေသ ဘယ်လူမျိုးကစခဲ့ကြတယ်ဆိုတာအသေ
အချာ မသိကြဘူး အခွင့်ကြုံရင်ပြောပြမယ်နော့်)



ရွာသားတွေကတော့ နှစ်ပေါင်းရာချီတယ်လို့ဘဲပြောတတ်ပါတယ်။ ခင်စပ်စုက လွိုင် အဖိုးကြီးတွေနားကပ်ပြီး
မေးမြန်းစုံစမ်းလိုက်တော့ နှစ်ပေါင်း ၃၅ဝ ကနေ ၅ဝဝ အထိသက်တမ်းရှိတယ်လို့ပြောပြပါတယ်။ ရွာသစ်မှာ ကားရပ်ပြီး ဟိုဟိုဒီဒီကြည့် ပါလာတဲ့ ဆရာမတွေက ဘုန်းကြီးကျောင်းမှာစုပြီး ခလေးတွေကိုဆေးထိုးပေး ဖို့ပြင်ဆင် NGO အဖွဲ့ကခလေးမလေးလည်း ဟောပြောဖို့ပြင်ဆင်နေတုံး၊ ဖုန်းမောင်တု့ိတသိုက်နဲ့ ရွာဟောင်း
ဖက်ကို ထွက်ခဲ့ကြပါတယ်။


( စကားမစပ် ရွာသစ်ဖက်က ဓါတ်ပုံနဲနဲဘဲရိုက်ထားမိတယ် အရင်ပို့စ်မှာပါပါ တယ်) ရွာသစ်က တောင်ထိပ်လွင်ပြင် ပြန့်ပြူးတော့ ကားတွေဘာတွေရပ်လို့ပြုလို့ရတယ်။ရွာဟောင်းကတော့နေရာကလည်း တောင်စောင်းချိုင့်နေရာမှာတည်ထားတာ ကားဝင်ဖို့ ခက်ခဲတယ်လေ။ လမ်းလည်းဖေါက်နေဆဲပါဘဲ။
ကျမတို့ကိုခေါ်သွားတဲ့ လက်ဖက်လှော်လုပ်ငန်းရှင်ကောင်လေးကလည်း အပြောကချိုတယ် သိပ်မဝေးဘူးနီး
နီးလေးတဲ့..လမ်းလျောက်ဘဲရမယ် ကားလမ်းက တံတားထိုးနေတာ မရသေးဘူးတဲ့။ကဲ.လျောက်ဆိုလည်း
လျောက်တာပေါ့..နော်..။ မယ်ငီးနဲ့ကျားကျားတို့ ၂ယောက် လျှာထွက် မတက်ဘဲ အသေမောထှာဗျာ..။
လမ်းဖေါက်တာကလည်းထုံးစံအတိုင်းပေါ့ ကန်ထရိုက်ကဖေါက်တာပါ။ အစိုးရမဟုတ်ပါဘူး။အလုပ်သမား
တွေအားလုံး ပြည်မကလာတဲ့ လူတွေချည့်ဘဲ..။
တမြို့လုံး အရေးကြီးတဲ့နေရာအကွက်အကွင်း အားလုံးသူ့နေရာနဲ့သူ  သူ့လူနဲ့သူတဲ့ဗျ...စီးပွားရေးကွက်ပြော တာဗျာ ..ကိုယ်တို့ဆီမှာ တာဝန်ထမ်းဆောင်ဖူးတဲ့ အုပ်ချုပ်ရေးတို့ စစ်တပ်ဖက်တို့ ဘာတို့ဆိုရင် အရမ်းသ
ဘောကျတာဘဲတဲ့။ ပြောသမျှ ဆိုသမျှအသာပြာချည်းဆိုဘဲ။ရူး..တိုးတိုး..ကျမစာဖတ်မိတ်ဆွေခင်လို့သူများ
ပြောပြတာ ပြန်ဖေါက်သည်ချတာနော့် 😁ကိုယ်တို့ဆီကနေ အဆင့်ဆင့်တက်သွားတဲ့ လူတွေကို သိတဲ့လူ
လက်ညိုးထောင်... @_@ ကဲ..တချို့လည်း အနိစ္စမတည်မြဲခြင်းတရားသဘောဆောင်သလို ကျန်နေသေးတဲ့
လူလည်းရှိပါသေးတယ်။
 ကိုင်း..အတင်းတုပ်တာ ခဏရပ်လို့ တောင်ပေါ်ကုန်းတက်ကြပါစို့...ဟောဟဲဟောဟဲ...
ဒီနေရာလေးပေါ့..သေသေချာချာကြည့်ပါ ဟိုးတောင်စောင်းကနေလျောဆင်းလာတယ်။ တံတားပေါ်မှာကွေ့
တယ် ပြီး ဂငယ်ကွေ့ပြီး ကုန်းအမတ်ကြီးပြန်တက်ရမဲ့သဘော။ ကိုယ်တို့ကတော့ ခင်အာကျယ်ဘဲ မြန်မာ
စကားကျယ်ကျယ်နဲ့ လမ်းကြီးက ဖေါက်တာအချိုုးမကျဘူးလို့ ဒီဂရီ အများကြီး ထောင်နေတယ် ကားအတွက် အန္တရယ်ရှိတယ်တို့ ဘာတို့ပေါ့ဗျာ..အဲ့မှာ အကြာကြီး ဝေဖန်လေကန်ရေးလုပ်ခဲ့တယ်။ အော်..... မြန်မာနိုင်ငံ သားပီပီပေါ့ရှင် " ဟိုလိုလုပ်ပါလား ဒီလိုလုပ်ပါလား ငါလည်းလုပ်တတ်ဘူး"ဆိုသလိုပေါ့။ အဟီး 
အတုမြင်အတတ်သင်တဲ့ ဘုတ်အုပ်ထဲ သူများတွေ အဲ့လိုလုပ်ကြတာဗျ..သိလား  😁
တောင်ကုန်းလေးထိပ်ရောက်တော့ လမ်းပြင်နေတဲ့နေရာလေးကို ပြန်ကြည့်မိသေးတယ်..
လမ်းဘေးတလျောက်တောင်ကုန်းတခုလုံး လက်ဖက်တောတွေချည့်ပါဘဲ..(တံတားခင်းနေတဲ့ နေရာက အပင်တွေအားလုံးလည်း လက်ဖက်တွေပါဘဲ..)
လမ်းဖောက်တာ လမ်းနဲ့မလွတ်တဲ့အပင်တွေ ဒီအတိုင်းခုတ်လှဲပစ်လိုက်တယ်..( နောက်မှပြောပြရအုံးမယ် ဘယ်လောက်အဖိုးတန်သလဲဆိုတာ)
ဒီနားကအပင်တွေကျတော့ သိပ်အကြီးစားမဟုတ်ဘူး..
သူတို့ရွာက ပေပေါင်း ၇ဝဝဝ ကျော်တယ်တဲ့..ဟိုးလှမ်းမြင်ရတဲ့တောင်တွေကပိုမြင့်နေတာ ပေပေါင်းတစ်
သောင်းနားနီးနေပေါ့( စကားမစပ် ကျမတို့ကျိုင်းတုံမြို့က ဒယ်အိုးပုံသဏ္ဍန် တောင်ပတ်ချာလည်ဝိုင်းရံနေတာ)
တချို့တောင်ပေါ်တွေကနေ မြို့လေးကိုမူန်ပြပြလေးမြင်နိုင်တယ်။
ဟောဝမ်ဆိုင်းရွာဟောင်းရောက်ပြီ... ရွာထဲမဝင်ခင် ဒီတောင်ထိပ်မှာ လက်ဖက်လှောတဲ့နေရာကို ယာယီ စာသင်ကျောင်း လုပ်ထားတာ ခဏသွားကြည့်ရအောင်...
ဆိုင်ကယ်သံကြားတော့ လမ်းဖယ်ပေးမလို့ကြည့်တာ ကိုရင်ပေါက်စလေး ၂ပါး ။ တောင်ပေါ်ဒေသမှာ ကိုရင်
ဘုန်းကြီးတွေ ဆိုင်ကယ်စီး ကားမောင်းကြတယ်တဲ့။
 သူတို့က ထိပ်မှာ ကျမကိုစောင့်လို့ ဒီက ခင်ခင်လည်း တောကြည့်တောင်ကြည့်နဲ့ မရောက်နိုင်..
အေးဆေးဘဲ..ပဲပေးနိုင်ပါသေးတယ်..😎

ယာယီစာသင်ကျောင်း..ဆရာမက မြန်မာပြည်အလယ်ပိုင်းက တယောက်ထဲဘဲ
စသင်ကျောင်းရှိလာတာ ၂နှစ်ဘဲရှိသေးတာတဲ့။ ခလေးတွေ ဗမာစကားနဲနဲပြောတတ်နေကြပြီတဲ့။
ဆရာမလေးနဲ့ သူ့သူငယ်ချင်း ကောင်မလေးတယောက် ကျမတို့ကို လက်ဖက်တွေ မုန့်တွေယူလာပေးသေး
တယ် သဘောကောင်းလိုက်တာ..
 လက်ဖက်လှော်တဲ့ဖို...
အိမ်သာကခေါင်မိုးကို ရွာသားတယောက်ကခွာပြီး သူ့အိမ်ယူသွားမိုးလို့တဲ့ အူပ်ချုပ်ရေးရုံးကတာဝန်ရှိလာ
တော့တိုင်ပြောကြပါတယ်။
ဆရာမလေးကသူတို့အိမ်မီးမရတာပြောတော့ ကျမကျားကျား မီးဆရာကလည်း မီးကြိုးတွေလိုက်ကြည့်ပေး
ပြီး ဟိုလုပ်ဒီလုပ်ပေးလိုက်လို့ မီးပြန်ရလာတယ်တဲ့။ ကျေးဇူးတင်လို့ လက်ဖက်လာကျွေးတာလားမသိ..ဟီး
(ရေအားလျှပ်စစ်နဲ့ပါ စမ်းချောင်းကနေသွယ်ပြီးလုပ်တာ ကိုယ်တို့က်ကရွာတွေအားလုံး ဒီလိုလုပ်ထားတတ်
ကြတယ်)

ဟော..သူကြီးအိမ်ရောက်ပြီ...စလောင်းနဲ့ဘာနဲ့ဗျ...
သူကြီးသားကွ..လည်ပင်းမှာ ငွေဒင်္ဂါးပြား ၃ ပြားတောင်..ဈေးကြီးတယ်..
ဗိုက်ဆာတယ်သူကြီးရယ်..ရွာသစ်မှာ စပယ်ရှယ်ချက်ထားပေးတယ်ဆိုပေမဲ့ ပြန်မသွားနိုင်တော့ဘူး ရှိတာဘဲ
ကျွေးပါတော့လို့ပြောပြီး ဒေါင်းလန်းထမင်းပွဲကြီးလာချတာ ဘာစပယ်ရှယ်ဟင်းမဟုတ်ပေမဲ့ တအားစားလို့
ကောင်းလိုက်တာ ဂေါ်ရခါးသီးကြော်နဲ့ မျှစ်ချဉ်ဟင်း... တသက်မမေ့တဲ့ ထမင်းပွဲပေါ့ရှင်....

အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
မီးမီး

0 comments:

Post a Comment