Wednesday, September 16, 2015

လိုက်လံတုပခြင်း အတုခိုးခြင်း မှီငြမ်းခြင်း

မင်္ဂလာပါရှင်~~~
ကျမတို့လူသားတော်တော်များများဆိုပါတော့ နေ့စဉ်ပြောဆိုလုပ်ကိုင်နေထိုင်ကြတာတွေဟာ ကိုယ်ကျင်
လည်ရာ ပတ်ဝန်းကျင်အသိုင်းအဝိုင်းကနေ အတုမြင်အတတ်သင် ဆိုသလိုပါဘဲ၊ တုပမှီငြမ်းလက်ဆင့်ကမ်း
ကြီးပြင်းလာကြတာချည့်ပါဘဲ..ကဲ...ဒါတော့စစ်တမ်းကောက်စရာမလိုဘဲ မယ်ငီးသိတဲ့ အကြောင်းတခုဆိုပါ
တော့။(ဟီး..လူတိုင်းသိတာကို အရေးလုပ်လို့ ပြောနေသေး) အဲဒါကို မှီငြမ်းလို့ ကိုယ်လည်း အာလူးတွေ ဖုတ်ကြည့်ပါရစေရှင် း)))

ကောင်းတာရော မကောင်းတာရော ဒွန်တွဲနေတာက သဘာဝရဲ့ နိယာမလေ။ ဟင်း..ဟင်း..ခလေးငယ်
လေးတွေချစ်စရာကောင်းတဲ့အမူအကျင့်ရှိရင် မိဘနှစ်ပါး ပီတိတွေပွားပြီး..အဲ့တာ..အဖေနဲ့တူလို့၊(ဖခင်
ဖြစ်သူအပြောပေါ့)၊ အမေလုပ်သူကလည်း..အဲ့တာ ကျုပ်နဲ့တူလို့ရှင့်..တဲ့။ ဒီလိုပါဘဲ..ခလေးလေးကြီးပြင်း
လာတယ်။ ကဲ..ကိုယ်တို့ နိုင်ငံကခလေးလို့ဘဲ ဥပမာထားလို့ အရင်ဆုံးပြောကြည့်ရအောင်လား..။ ကျောင်း
နေတယ် မူလတန်းအထိ အလယ်တန်းမရောက်ခင် အထက်တန်းမပြီးဘဲ တက္ကသိုလ်အထိနေခဲ့ဖူးတယ်..
ဘာဘဲဖြစ်ဖြစ် အားလုံးနီးပါးပေါ့ ကောျင်းစာသင်ခဲ့ဖူးကြတယ် သေစာရှင်စာလေးတွေ ဖတ်တတ်လာကြ တယ်။ (အဲ..ကျောင်းမနေဖူးတဲ့သူက အခုမယ်ငီးရေးတဲ့စာကို ဘယ်လိုလုပ်ဖတ်မလဲ..နော့်) လူလားမြောက်
လာကြတော့ အိမ်ထောင်ပြုု ကြတယ်။ စီးပွားရေးတွေ မွေးမြူရေးတွေလုပ်ကြတယ်ပေါ့လေ..။

စားဝတ်နေရေးအတွက် ရုန်းကန်လူပ်ရှားတဲ့နေရာမှာ အစိုးရလခစားဝန်ထမ်း ကုမ္မဏီဝန်ထမ်း စက်ရုံအ
လုပ်ရုံဝန်ထမ်းရော ကိုယ်ပိုင်စီးပွားရေးအရောင်းအဝယ် ..ကိုယ့်နဲ့သင့်ရာတော်ရာလုပ်ကိုင်ကြတာဘဲလေ။
ဟော..ဒီမှာ..မယ်ငီးပြောစရာကစလာပါပြီ... ဈေးရောင်းတာကစရအောင်...။ အစားအသောက်ရောင်းတယ်
ကုန်စုံဆိုင်ဖွင့်တယ်။ စားသောက်ကုန်ထုတ်လုပ်တယ်။ စပြီး လုပ်ကိုင်ကတည်းက နံပါတ်တစ် ထိပ်တန်းဦး
စားပေး အမြတ်ထွက်ဖို့၊ အဟဲ..သေချာတယ်လေ..အမြတ်မရှိဘဲ ဘာနဲ့သွားရပ်တည်မလဲနော်..အိုကေ..
အမြတ်ရမှဖြစ်မယ်။ များသောအားဖြင့် ရောင်းပြီးရင် ပြီးရော..ပစ္စည်းကုန် တံခါးပိတ် တိတ်၊ ဒီလိုဖြစ်နေကြ တယ်ရှင့်။ ကိုယ်ရောင်းချတဲ့ ဒီစားစရာတွေကို ဝယ်ယူစားသုံးတဲ့သူတွေရဲ့ ရင်ထဲ ဘဝထဲနဲနဲလေးမှ ဝင်ကြည့်
ပေးဖို့သတိမရတာလား မသိသလိုနေတာလား မသိချင်ယောင်ဆောင်နေတာလား တသက်လုံးဒီလိုဘဲလုပ်
ခဲ့တာဟေ့..ဆိုပြီး သူတို့ဘိုးဘွားမိဘ ဆီကအမွေယူချလာတာလား ဒင်းတို့စားပြီးရောဂါဖြစ်သေလည်း ငါ့နဲ့
မဆိုင်( လူဆိုတာသေမျိုးချည့်ဘဲလို့တောင် ကိုယ်တို့ရဲ့အဓိကကျတဲ့ ခေါင်းရှောင်ကြီး..အဲလေ ခေါင်းဆောင်
ကြီးတောင်ပြောမှ..ဘာဆန်းလဲနော့့််များဆိုလေရော့လားရှင်~~~

အဲ...အစားအသောက်ဖက်မှာလည်း ၂မျိုးရှိတယ်ဗျို့။ တခုက အခြေခံစားသောက်ကုန်ထုတ်လုပ်တယ်ဆိုပါ
တော့ နောက်တခုက ချက်ပြုတ်ရောင်းချတဲ့ စားသောက်ဆိုင် အသင့်စား ရယ်ဒီမိတ်ထုတ်လုပ်သူကြီးတွေ
ပေါ့ရှင်..။ ကိုယ်တို့လို အိမ်ဝေးနေတဲ့သူတွေ အမြဲဝယ်ယူအားပေးကြရတာပေါ့။ ဝယ်ပြီးတိုင်း စိတ်ပျက်ရ
တာကခပ်များများရှင့်..။ ချက်ပြုတ်ရောင်းချတဲ့သူတွေလည်း အမြဲပြောကြတတ်တာကတော့ "ကျမတို့က
ဆီသန့် ပစ္စည်းသန့်ဘဲဝယ်ပြီးသုံးတာပါ"..တဲ့။ ခက်တာကသူတို့သုံးတဲ့ဆီသန့်ဆိုတဲ့နေရာမှာ ဆီသည်ကို
ကိုကြီးတွေ ဦးဦးကြီးတွေက ကျကျနနရောနှောထားပြီးဖြစ်နေလေရဲ့။ ပဲဆီသန့်သန့်ထုတ်တဲ့စက်ရုံကလည်း
စားအုံးဆီ မသန့်ရှင်းတဲ့ဆီတွေ ဝယ်ပြီးလုပ်တာ ဘဘတို့ဆီက ထောက်ခံချက်အပြည့်အဝရတယ် တဲ့။
(ဝယ်ယူတင်သွင်းခွင့်လေ..အဓိပ္ပါယ်မရှိတာက ဆီစက်ရုံရှိတဲ့သူ အုန်းဆီတင်သွင်းတယ်) ဆိုတဲ့အချက်ပါ။
ထားပါလေ..ဒါက ဆီပြသာနာပါးပါးလေးတခုပါ...။ အဲ့ဒီဆီနဲ့စိမ်ထားတဲ့ လက်ဘက်တွေ တပုံတခေါင်းကြီး
မယ်ငီးဝယ်လာတယ်လေ..အားလုံးကို ရေခဲသေတ္တာထဲထည့်သိပ်မှ ရေရှည်အတွက်စိတ်ချရတယ်ဆိုလို့၊
ထားလိုက်ခါမှ ဆီတွေခဲပြီး ဝဲထုတ်ပစ်လိုက်ရတယ်။ နောက်ဆုံးတံဆိပ်တခုဘဲ ဆီမခဲတာ။ ဒါပေမဲ့ ဟင်းချို
မူန့်ကိုက်စားရသလိုဖြစ်နေတာက ခက်တယ်ရှင့်... း((

အရောင်လှမှ လူတွေကဝယ်ကြတယ်..ဆိုပြီးစားသောက်ကုန်ဆိုးဆေးမဟုတ်တဲ့ ပေါက်ကရရှစ်ဆယ်ဓါတု
ဆိုးဆေးတွေနဲ့တန်ဆာဆင်ထားတဲ့ အစားအသောက်တွေပြည့်နှက်နေတဲ့ ရွှေပြည်ကြီးကို ဖန်ဆင်းသူ အပေါင်း ဘယ်နေရာဒေသက အတုမြင်အတတ်သင်လာကြတာလည်းမသိ အားလုံးလုပ်တတ် ကိုင်တတ် ကြပါပေတယ်..။ ငရုတ်ကောင်းတောင် သဘောၤသီးစေ့နဲ့ ရောနှောရောင်းချတယ်တဲ့..သြချလောက်ပါပေ တယ် ညာဏ်ကြီးရှင်အပေါင်းရယ်.. ကျောင်းသင်ခန်းစာကရလာတဲ့ အတွေ့အကြုံလား ဘဝပတ်ဝန်းကျင် ကနေသင်ယူလာကြတာလား..။ ဘိုးဘွားမိဘအမွေတွေလား..မယ်ငီး ခါးထောင်းကျိုက်လို့မေးစမ်းပါရစေ။
မိဘမျိုးရိုးကလည်းမဟုတ် ပတ်ဝန်းကျင်ကလည်း အဲလိုမလုပ်တတ်ဘူးဆိုရင် သေချာတာကပထွေးဆီက တတ်ခဲ့တာဖြစ်မယ်ဗျို့...။

အစကတော့ ကိုယ်တို့ဘာမှမသိခဲ့ဖူးဘူး။ ခုတော့ ဟိုကပြောဒီကပြော ကိုယ်တိုင်လည်းခံရဖန်များတော့
နဲနဲပါးပါးလေ့လာတီးခေါက်ကြည့်တာ..အိုး....ပြောရရင်ဖြင့် ဈေးကွက်မှာရောင်းချနေတာတွေ အားလုံးယုံ
ကြည်စိတ်ချဖို့ ခဲယဉ်းတာတော့ အမှန်ဘဲ။ အခြေခံသုံး ဆန်ဆီငရုတ်ဆနွန်း ငပိ ငံပြာရည်ဒါတွေကအစ မတော်တရော်တွေနဲ့ပေါင်းစပ်ရောင်းချတော့ ဝယ်ပြီးချက်ပြုတ်ပြန်ရောင်းတာကို ချက်ပြုတ်သူများကစေတ
နာသန့်သန့်နဲ့ချက်ပါတယ်အာမခံပေမဲ့လည်း..စားရတဲ့သူကတော့ အဆိပ်တွေ မသန့်ရှင်းလို့ ရောဂါဖြစ်ဖို့ဝါး
နေရသလိုဘဲ မဟုတ်လား..။ ကျမတို့စာသင်ကျောင်းမှာ ကျမ်းမာရေး ဗဟုသုတ နေထိုင်စားသောက်ပုံကို
ခေတ်နဲ့လိုက်လျောညီထွေဖြစ်တဲ့ သင်ခန်းစာတွေ သင်ပေးသင့်တယ်။ စာအုပ်နောက်ကျောဖုံးက မဟုတ်တဲ့ စာတမ်းနေရာမှာ အစားထိုးပြီး ထည့်သွင်းပုံနှိပ်ရင်တောင် အတော်ဟုတ်အုံးမှာ။

ကဲ..တဖက်က ချက်ပြုတ်ရေးကိုကြည့်မလား..အင်း..ဘယ်လိုပြောရပါ့ ဘယ်လောက်အတိုင်းအတာအထိ သန့်ရှင်းအောင် ဆေးကြောသန့်စင်သလဲဆိုတာ သေသေချာချာမသိနိုင်ပါဘူး။ ခုခေတ်ကလည်းဓါတ်မြေသြ
ဇာတွေ တန်ချီပြီးသုံးထားတဲ့သီးနှံတွေနဲ့ဆိုတော့ ဟင်းသီးဟင်းရွှက်တွေကို အနဲဆုံး ရေများများနဲ့ တစ်နာရီ
လောက်စိမ်ထားမှ ဓါတ်တွေကအားလုံးမဟုတ်တောင် နဲနဲပြယ်သွားမှာလေဗျာ..။ အသုပ်တွေထဲမှာထည့်တဲ့
ကော်ဖီထုပ်တွေ ခရမ်းချဉ်သီးတွေ ရေဇလုံထဲ ပက်ကနဲထည့် ဆပ်ကနဲဆွဲယူယုံနဲ့တော့..အိုး..လား..လား..
ဓါတ်မြေသြဇာအပေါင်းကိုယ်တို့ဗိုက်ထဲ ဗိန်းမောင်းတီးပြီးကဝင်လာကြတာပေါ့ရှင်..။ နောက်တော့ကင်ဆာ
အမျိုးပေါင်းများစွာနဲ့ ဆရာဝန်တွေဆီမှာ တန်းစီလို့ဈေးကုကြတာပေါ့.။ ဒါကြောင့်လည်း နိုင်ငံခြားမှာ( မြန်မာ
ပြည်မှာလည်းရပါပြီ အော်ဂဲနစ်ဟင်းသီးဟင်းရွှက်တွေ) ဓါတုမြေသြဇာလွှတ်အစားအသောက်သီးနှံကို ဈေး
ကြီးပေးပြီးဝယ်စားကြတာ နောက်ကနေလိုက်ရမဲ့ဆေးဝါးခကပိုကြီးတယ်ဆိုတဲ့ တွက်ကိန်းနဲ့ပေါ့။ ကိုယ်တို့
ကတော့တသက်လုံးစားသုံးလာပြီးခုမှဇီဇာလာချဲ့တယ်ဆိုပြီး မထင်ပါနဲ့။ ကင်ဆာအမျိုးပေါင်းသောင်းခြောက်
ထောင်ရောဂါကလည်း ခုနောက်ပိုင်းမှာ အဖြစ်များလာကြတာက အများအသိပါရှင်။

ဆိုးဆေးတွေ တခြားပစ္စည်းတွေနဲ့ ဒီစားစရာတွေကို ထုတ်လုပ်တဲ့အပေါ်မှာဘဲ မယ်ငီး အမြင်စောင်းတာမ
ဟုတ်ပါဘူး..။ ချက်ပြုတ် တည်ခင်းရောင်းချခြင်း ဆိုတဲ့အပိုင်းမှာလည်း လည်ပင်းယားကျိကျိပြောပြချင်ပါ၏။
ရန်ကုန်မြို့ထဲက ဈေးတွေ သားငါးတွေရောင်းချတဲ့နေရာ မြင်ဖူးကြမှာပါ။ လမ်းမပေါ် စဉ်းနီတုံးချ ခုတ်ထစ်ပေး
လိုက်တာပါဘဲ..။ငါးအကြေးခွံတွေချွှတ်လည်း လမ်းမပေါ်မှာပါဘဲ..ဈေးကွဲမှ အပေါ်ယံကြော သိမ်းဆည်း
အိမ်ပြန် ။ ဈေးကောက်သူများလည်းကောက် တံမျက်လှည်းသူကလည်းလှည်းတာပေါ့။ လမ်းကိုတော့ ရေနဲ့
ကျကျနန ဆပ်ပြာနဲ့ လမ်းကိုတိုက်ချွတ်ဆေးကြောခြင်းမရှိလေတော့ ဈေးမရောက်ခင်ကတည်းက ညှီစို့စို့အ
နံ့ကြီးကခရီးဦးကြိုလေ့ရှိတယ် မဟုတ်လား..။ ဆိုင်ရာဆိုင်ရာ လူကြီးများ နိုင်ငံခြားလေ့လာရေးသွားရင်
အရမ်းလျှာရှည်ချင်တာတော့..အထူးသဖြင့် စည်ပင်ဋ္ဌာနပေါ့။စနစ်တကျအမိူက်ပစ်နည်း တခုဘဲ လေ့လာစေ ချင်တာပါ။ သူတို့ကတော့ မအားကြရှာပါဘူး..ဘယ်ဋ္ဌာနက အပိုဝင်ငွေရသလဲ..ဆိုတာဘဲချောင်းနေကြတာ
ကိုး..။ ဒါတွေ ဘယ်သူသင်ပေးလိုက်ကြောင်းး ပြောစမ်းပြောစမ်း.. 

အရင်ခေတ်တုံးက ကာလာမရှိ အဖြူအမည်းဇတ်ကားထဲမှာမြင်ဖူးခဲ့တဲ့ ရန်ကုန်တော့ အန်မတန် လှပတယ်ဗျိူ့ မယုံမရှိနဲ့။  နောက်ပြီး နိုင်ငံခြားဇတ်လမ်းတွဲ အထူးသဖြင့် ကိုးရီးယားဇတ်ကားကိုကြည့်ပြီး ဟိုက သန့်ရှင်း
သပ်ရပ်လှပတာမျိုးတော့ အတုမခိုးကြဘူး..မဟုတ်တာတွေဘဲ လိုက်တုပကြတာနော့်..။ မယ်ငီးနှစ်ဆန်းပိုင်း
တုံးက ဘန်ကောက်ရောက်တော့ ဘန်ကောက်မြို့ပြင် ဆင်ခြေဖုံးနေရာတဝိုက်ဈေးတခုကိုရောက်ခဲ့တယ်။
ဈေးကလည်း ညနေပိုင်းမှစပြီးစည်တာပါ။ မနက်ပိုင်းဆို အားလုံးကဟောင်းလောင်း..ဒါပေမဲ့ သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်းပါ။ အဲ့ဒီမှာ ဈေးဝယ်ကြတာက စက်ရုံလိုနေရာမျိုးမှာ အလုပ်လုပ်တဲ့သူများပါတယ်။ စက်မူ့ဇုံ
နေရာလေ..။ ကျမသူတို့ဟင်းတွေချက်ရောင်းနေတာ သားငါးအစိမ်းရောင်းတာကြည့်ပြီး တကယ်ဘဲ ကျမတို့
ဆီကနဲ့နိူင်းယဉ်မိပါတယ်..။ ယဉ်ကျေးမူ့လည်းသိပ်မကွာ ဘာသာရေးလည်း အတူတူလောက်ဖြစ်ပြီး ဘာလို့ အိမ်နီးနားချင်းထိုင်းတွေရဲ့ အခြေခံ လူနေမူ့အဆင့်အတန်းထက်ကို နိမ့်ကျနေရတာလည်း မသိ။ ဝမ်းနဲစရာ
ကောင်းလှပါတယ်။


ကျမဈေးထဲဝင်တာနဲ့ ငါးကိုင်နေတဲ့လူကြီးတယောက်ကို တကယ်သဘောကျမိပါတယ်။
သူ့ငါးဗန်းလေးလည်း လတ်ဆတ်သပ်ရပ်နေတာဘဲ..

ဇလုံအကြီးထဲမှာ စဉ်းနီတုံးထည့်ပြီးခုတ်ထစ်တာပါ
အောက်စင်သွားရင်ပေမှာစိုးလို့ ပလက်စတိတ်လေးပါခံထားတယ်။
ငါးကိုင်ပြီးရင် ဘေးကျသွားတဲ့ကြေးခွံတွေကို
ဖော့ပြားလေးနဲ့ လိုက်ပွတ်သုတ်သင်ပါတယ်။



ကောင်လေးခပ်ငယ်ငယ်တယောက်က ဝက်သားကြော်ရောင်းတာပါ..။ 
လက်နဲ့တခုမှမကိုင်ဘူး..ဘေးကဒယ်ပြားနဲ့ကြော်လိုက် 
ဆယ်ပြီးညှပ်နဲ့ကိုင် ခုတ်ထစ်ပြီးရောင်းတာပါ..မွှေးကြိုင်နေတာဘဲ.
ဈေးကြမ်းပြင်တမံတလင်းဆိုရင် ပြောင်နေတာဘဲ..
အနံအသက်လည်းမရှိဘူး
ငါးကြော်စစ်တဲ့စကာကြားလည်း သန့်ရှင်းနေပါတယ်

အစားအသောက်တန်းနဲ့ ငါးတန်းအသားတန်းက တတန်းထဲဘဲဘာမှ အနံ့အသက်တွေနဲ့စိတ်ပျက်စရာမရှိ
ပြောစရာမလိုတဲ့ အားလုံးသိကြတဲ့နေ့တိုင်းကျမတို့ဝယ်ယူအားပေးနေရတဲ့ပုံစံလေးတွေမဟုတ်လား

အနီးဆုံး ကလူတွေဆီမှာ အတုယူစရာ အကွက်ကောင်းတွေကို ယူကြည့်ရအောင်။ဘာလို့မကောင်းတာ 
လုပ်တဲ့ လူတွေဆီက အတုမျိုးစုံလုပ်နည်းပညာခိုးကြမှာလဲ။ အားလုံးကိုကိုယ့်သွေးသားဆွေမျိုးရင်းချာမိတ်
ဆွေလို သဘောထားပြီး ရောင်းဝယ်ဖေါက်ကားလို့မရဘူးလားရှင်။ အားလုံးက မိုးကောင်းကင်တခုထဲ
အောက်မှာနေကြတဲ့ လူသားတွေချည်းပါဘဲ။ ကျမ်းမာရေးအသိကြွယ်ဝလာဖို့ကိုတော့ တော်တော်ပညာပေး
လုပ်ကြရမှာပါ။နောက်ဆုံး မိတ်ဆွေကိုထွန်းထွန်းဝင်း ပေးတဲ့လင့်အတိုင်းတွေ့တဲ့ ပေါက်ဖေါ်တိုင်းပြည်က အားပါးတရပြုလုပ်ရောင်းချနေကြတဲ့ ဆားအတုလုပ် ဆန်အတု  ကြက်ဥအတု  ပေါက်ဆီအတု ခေါက်ဆွဲအတု စတဲ့စားစာရာအတုပေါင်းစုံကိုဗီဒီယိုနဲ့တကွ အားပေးကြပါအုံးလို့...နောက်ဆုံးဗီဒီယိုကတော့ အစားအစာ ၅မျိုးအကြောင်းပါတယ်။


မကောင်းတဲ့စနစ်ကို အပြစ်တင်ရင် ကိုယ်ကလည်းကောင်းအောင်တော့ အရင်ပြင်ရမှာပေါ့။ ကမ္ဘာကျော်
ခေါင်းဆောင်ကြီးတယောက်လုံး ကိုယ်တို့အနားမှာရှိနေတာ ဘာမှ စိတ်ဓါတ်ကျစရာမရှိပါဘူး။ ကျမတို့ အားလုံးကိုင်တိုင်ပြုပြင်ပြောင်းလဲရင်း ခေါင်းဆောင်ကောင်းခေါ်ရာနောက်လိုက်ကြပါစို့..။

အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
မီးမီး

6 comments:

  1. I came across this youtube clip while reading your post ma mee..

    https://www.youtube.com/watch?v=NOlBWSIQCzs

    ReplyDelete
    Replies
    1. Thank you bro,
      I feel real disappointed about made in china food.
      Special for my home town, is a border of China.
      :(

      Delete
  2. Hi!! Ma Mee Nage!

    Khine

    ReplyDelete
  3. ကျမတို့ အားလုံးကိုင်တိုင်ပြုပြင်ပြောင်းလဲရင်း ခေါင်းဆောင်ကောင်းခေါ်ရာနောက်လိုက်ကြပါစို့..။
    ထပ်ဆင့်လို့ တိုက်တွန်းရင်း...
    အိုင်အိုရာ

    ReplyDelete
    Replies
    1. နေ့တိုင်းဆုလည်းတောင်း..
      နောက်ကလိုက်ဖို့လည်း
      အသင့်ပြင်ထားပြီးပါပြီးဖြစ်ကြောင်း))))

      Delete