ပေါ်မလာအတော်ကြာဆို မိုးတွေလေတွေကြားထဲ ကိုယ်တိုင် မျောပါသွားသလိုပါဘဲ..စိတ်ကအားရင် လူက
မအားပါ။ လူကနားနေရင် စိတ်ကပြေးနေလို့ဘလော့ဖက်လည်းလည်လည်မရောက်လာနိုင်ခဲ့ပါဘူး။ လော ကတခုလုံးလိုင်းလေထန်နေတဲ့ ကြားထဲမှာ ကိုယ်လည်း လေပူတွေတချက်လောက်မူတ်ကြည့်ချင်ပါရဲ့...
တခါတလေ မျှော်မှန်းထားတာမဖြစ်လာရင် ရင်ကွဲနာကျမဖြစ်ရလေအောင်တော့ ရည်မှန်းချက် plan A,B,C
ထားတတ်တာလည်း တခုတော့ကောင်းတယ်ဗျာ..A မဖြစ်ရင် မစ္စတာB ကို အသာလက်တွဲ အခြေအနေမ ဟန်ရင်လည်း မောင်C ကိုလက်ဆွဲပြီးခရီးဆက်နေလိုက်တယ်..ကိုယ့်ဘဝနဲ့ ကိုယ့် plan ဘာမှမူ့စရာမလို ဘူးလေ..ရောက်တဲ့နေရာ အရပ်ဋ္ဌာနမှာ ပျော်အောင်နေတတ်စားတတ်ပြီး ဘဝ ပင်လယ်ကျယ်ကြီးမှာ မနစ်
ဖို့ကြိုးစားလက်ပစ်ကူးနေယုံပါဘဲ။မောရင် ခဏနားကိုယ်ဖော့ထားပေါ့။အားပြည့်ရင်ခရီးဆက်ရအုံးမယ်လေ။
တဲက အိမ်နဲ့ခွဲပြီးတရပ်တကျေးမှာ ပညာသင်ခြင်းကနေစလို့ အခုထိနှစ်ပေါင်း ၄ဝကျော် အိမ်နဲ့ မိဝေးဖဝေး
နေခဲ့တာ အရင်တုံးကတော့ သတိရတမ်းတ တယ်ဆိုတာ ဘာမှန်းတောင် မသိမခံစားခဲ့ဖူးပါဘူးလေ...။
ခုတော့ အဖေဆုံးခါနီး ပြောသွားခဲ့တာ အရမ်းသတိရတယ်.."အဖေအိမ်ပြန်ချင်တယ်"..ဆိုတာချည်းဘဲပြော
တာ..ကျမ်းမာရေးအရ ရန်ကုန်မှာ သမားတော်တွေနဲ့အနီးကပ်နေပြီးဆေးကုရတော့ သူ့ကိုမပြန်ပို့ပေးခဲ့ရဘူး
ဆုံးသွားတော့ ရန်ကုန်က အောက်စီဂျင်ဗူးတွေကြားထဲ (ကိုယ်တို့အတွက်တော့ ရန်ကုန်ကတနယ်တကျေး
သူစိမ်းဆန်နေတာကိုး..) လူအများစုကတော့ ရောက်တဲ့နေရာမှာ ကိုယ့်အိမ်ကိုယ့်ယာလိုသဘောထားပြီး
နေထိုင်ပျော်ပါးကြတာ အားကျတယ် ကိုယ်တယောက်ထဲ ရူးသွပ်ပြီး ပြန်ချင်နေတာများလား လို့တောင်ခဏ
ခဏပြန်သုံးသပ်မိပါတယ်..။(တွယ်တာစရာသားသမီးမထွန်းကားတာလည်းပါမယ်လို့ထင်တာဘဲ)
နေဖူးသမျှထဲမှာတော့ ကိုယ့်မွေးရပ်မြေက ကိုယ့်အိမ်လေးဘဲ လုံခြုံဆုံး ထမင်းဟင်းတွေချက် အိမ်သန့်ရှင်း
ရေးလုပ် အမေအမတို့နဲ့ စကားတွေပြောကြတာမမောနိုင်မပန်းနိုင်။ယောက်ကျားတောင်ပြောယူရတယ်
သူ့အိမ်ရောက်ရင် ငါ့ကိုမေ့နေတာဘဲ..တဲ့။ ဒီတခါပြန်သွားရင် ကိုယ့်တို့ဆည်းဆာချိန်အတွက် တွက်ချက်ပြီး
စီစဉ်ဆောင်ရွက်မလို့..ဟော..ဟိုမှာ တန်းလန်းကြီး ဘာမှမစရသေးဘူး..ယောက်ကျားက အမေရိကားမှာ
ခြေခေါက်လှဲပြီး ခြေကျိုးလို့တဲ့.. မယ်ငီး ခါေးထာင်းကျိုက်ပြီး ပြန်ပြေးလာရတယ်လေ..။ အစကတော့ ကိုယ်
တို့ ကနေဒါ ၂နှစ်လောက်သွားဖို့အစီအစဉ်ရှိတယ်( သူ့အလုပ်ကိစ္စပါ) အရမ်းအေးတဲ့ Quebec ဒေသလေ
မယ်ငီးအကြာကြီးမနေနိုင်ဘူး..ဒါကြောင့် အိမ်ပြန်မယ်ဆိုပြီး ကြိတ်ပျော်နေတာ..စီစဉ်နေတာ..ခုတော့.....
ခြေထောက်မတော်တဆကျိုးတာနဲ့ သူ့အလုပ်ကိုလည်း လက်လွှတ်ပြီး ဒီအမေရိကားမှာ သောင်သင်နေ
တော့တာပေါ့..။ နေတဲ့ apartment ကိုလည်းသက်တမ်းမတိုးထားတော့ မထူးဘူးဆိုပြီး နောက်တနေရာ
ပြောင်းကြပါတယ်..ကဲ..ခင်ခင်ပြောင်းတော့ ဒီအမေရိကားမှာတင် ၇ နေရာဗျို့..။ ညနေညနေဆို သူ့ခြေ
ထောက်အတွက် နွေပူပူလေပူပူ Park ထဲမှာ လမ်းသွားလျောက်ရတယ်။ (ဒီကဆေးကုထုံးကတော့ နာရင် နာနာလျောက်ပေးတဲ့ :P မြန်မာပြည်မှာဆိုရင် ဂျိုင်းထောက်ဘဝကနေတော်တော်နဲ့တက်ရမှာမဟုတ်ဘူး)။ အီဖေကိုယ်ကလည်း အာရှမှာ ပင်လယ်ကမ်းခြေ ၂ခု နဲ့ဘန်ကောက် ရန်ကုန် ကျိုင်းတုံတခွင်ပြဲပြဲစင်အောင်
တကိုယ်တော်တိုင်းခန်းလှည့်ခဲ့တာဆိုတော့ ချောကလက်မိုတက်နေတယ်လို့ခေါ်ရမလားမဟော်ဂနီအသား
အရောင်လို့လှတပတ အမည်ရတဲ့ အသားအရည်အရောင်မျိုးနဲ့ပေါ့ရှင်။
ကိုယ်ကနေရေးအတွက်ဘဲပူနေတာ "စား ဝတ် နေရေး" ဒီအရေး၃ ပါးမှာ စားတာကပထမ အရေးကြီးဆုံး
ရှင့်။ ကဲ..ပြည်တော်ပြန်ရင် ပထမဦးဆုံး ကျမတို့ ထိပ်ဆုံးရင်ဆိုင်ကြရတာကတော့ အစားအသောက် ပါဘဲ။
အဲဒီကဈေးနူန်းကလည်း နိုင်ငံတကာမှီပါတယ်။ တခြား လတ်ဆတ်မူ့တို့ သန့်ရှင်းရေးတို့ ဝန်ဆောင်မူ့တို့က
သာမမှီရင်နေမှာ။ ပြန်သွားတဲ့လူ ၉၉.၉၉% ကတော့ အနဲဆုံး ဝမ်းလျော်ဝမ်းပျက်ကြတာပါဘဲ။ ဟီး..ပြော
ရင်လည်း ညည်းတို့ကကြီးကြီးကျယ်ကျယ် ဆိုပြီး အပြစ်မြင်ကြမလားဘဲ။ သတင်းတွေထဲမှာလည်း ဆိုးဆေး
တွေ ဆီအတုတွေ လူသေအလောင်းမပုပ်အောင်သုံးတဲ့ဆေးတွေနဲ့ အစားအစာလုပ်ပြီးရောင်းကြ..ဖတ်ရ
ကြားရတာကမသက်သာ။ ကိုယ်တိုင်လည်း နယ်စပ်ကနေသွင်းတဲ့လိမ္မော်သီးကို သူတို့အခေါ် အထားခံတဲ့ အုပ်ဆေးနဲ့မိလို့ တအိမ်လုံးအော့အန်ဝမ်းလျောကြတယ်လေ။ တရုတ်ပြည်က သတင်းတခုတော့ ပိုပြီးစိတ်
ဝင်စားစရာကောင်းလှပါတယ်။ ဗီယက်နမ်ဖက်ကနေနှစ်ပေါင်း၎ဝကျော် သက်တမ်းရှိတဲ့ ရေခဲရိုက် ကြက် သားတန်ချိန် တစ်သိန်းကျော် သူတို့ပြည်နယ် ၁၄ ခုမှာဖမ်းဆည်းမိတယ်တဲ့။ ကျမတော့ တော်တော်လန့် သွားတယ်။ အဲ့ဒီက ကြက်သားနဲ့ ကြက်အူချောင်းတို့ ဘာတို့လုပ်ပြီး ကိုယ်တို့ဆီမပို့ခဲ့ဘူးလို့ ဘယ်သူက
အာမခံနိုင်လည်း..သေချာတယ်..ရောက်ပြီး တော်တော်များများ စားသုံးကြဖူးလောက်ပါပြီ.. :(((
ကိုယ်တို့နယ်စပ်ဖက်ကလည်း တရုတ် ယိုးဒယားကို အရမ်းအားကိုးနေရတဲ့ အခြေအနေမှာရှိ တာကိုး..။ ကျမတို့ဆီမှာ တိုးတက်ပွား များလာတဲ့ လူဦးရေကိုလုံလောက်အောင် ပံပိုးဖို့စိုက်ပျိုးရေး မွေးမြူရေး တခြား
လူ့အသုံးအဆောင် ထုတ်လုပ်ရေးက ကြီးကြီးမားမားမရှိဘူးလေ။ ဒီတော့ သူတို့ဆီကဘဲအလွယ်တကူ
အဓိကသွင်းယူရောင်းချကြတာပေါ့။ သူများတွေညစ်သမျှခံပေါ့..။ အဲ..ကိုယ်တို့လည်း သိပ်မခေတော့ဘူးဆို
ရမှာဘဲ။ စိုက်ပျိုးရေးနဲ့ထုတ်လုပ်ရေး ကဏ္ဍတခုဆိုရင် ဟင်း ဟင်း...သူများတွေလို နယ်စပ်ဈေးကွက်ခြောက်
တီးခြောက်ချက်လေးထုတ်တာဟုတ်ဘူး..တကမ္ဘာလုံးဈေးကွက်ထားဖြန့်ချီပစ်လိုက်တယ်............ ^_^
ဒါကြောင့်နယ်စပ်က တရုတ်လိုလှိုရှမ်းလိုလို အများအမြင်မှာ"ရှမ်းတရုတ်"ဆိုတဲ့ လူတန်းစားက ပြည်မဖက်
ရောက်လာရင် အတော်ထောဆိုဘဲ..ဘတ်လို့လည်းအတော်ကောင်းဆိုဘဲ...အဟီး...ပြောရင်းနဲ့တခြားဖက်
ရောက်သွားတယ်ဗျာ..ဘဲဒီးဆော်ဒီး မိတ်ဆွေများ..
ဆိုလိုချင်တာက တရုတ်ပြည်က ထုတ်လုပ်တဲ့စားသောက်ကုန်မှန်သမျှ စားဖို့ ၁ဝဝ% စိတ်မချရဘူးလို့ ကျမ
မယ်ငီးရဲရဲကြီးဆိုပါရစေ..။ နယ်စပ်ကနေလာတဲ့ပစ္စည်းတွေအသာထား ဟော အမေရိကားမှာတောင် သူတို့ပစ္စည်းတွေ ခဏခဏဈေးကွက်ကနေပြန်ရုတ်သိမ်းခံရတာ မဆန်းတော့ပါဘူး။ ကိုယ်တို့တော့ တရုတ်ကုန်စုံ ဆိုင်ဆိုမဝင်ဘူး..။ဈေးနဲနဲကြီးလည်းနေပါစေ ဂျပန် ကိုးရီးယားဆိုင်က စိတ်ချရတယ်။ ဆိုင်ကအစသန့်ရှင်းပါ
တယ်။ နယ်စပ်မှာနေတဲ့သူဆိုတော့ အဲ့ဖက်ကစားသောက်ကုန်တွေရန်ကြောက်တာ ဘာဟုတ်လို့လဲ......
ကိုယ်တို့မဟာရန်ကုန်မှာ သောက်ကျိုးနဲ မုန့်ဟင်းခါး ပဲသွေး ပဲပြားကအစ ဆီ သောက်ရေ လက်ဖက် ငါးပိ
ငါးခြောက် အသားလုံးတွေအပါအဝင် အားလုံးဇာတ်လမ်းတွေကိုယ်စီနဲ့။ ထုတ်လုပ်တဲ့ သူတွေလည်း သတ္တိ
ရှိရှိထုတ်လုပ်ရောင်းချရဲတယ်။ တကယ်အံသြမိတယ်။ လူသားအမေတွေကမွေးထားတဲ့ လူစစ်စစ်မှ ဟုတ်ရဲ့ လား။ ကဲ..သူတို့တွေတော့ကျမတို့ရွှေပြည်က ရွှေနိုင်ငံသားတွေကိုယ်တိုင်ပါဘဲ..။ တခြားနိုင်ငံသားကလာ ပြီးအနိုင်ကျင့် မဟုတ်တာလုပ်တယ်လို့ ပိတ်ငြင်းလို့မရတော့ဘူး။ မြန်မာပြည်မှာ စိတ်သန့်သန့်ရှင်းရှင်းလေး နဲ့စားဖို့ ဘယ်အစားအစာကိုမှ အာမခံလို့မရဘူး။ ငှက်ပျောသီးဘဲစားမယ်ဆိုရင်တောင်..သူလည်းအုပ်ဆေး
လေးနဲ့ဈေးကွက်ကိုကြွချီလာပါတယ်တဲ့..။ ကင်ဆာရောဂါမျိုးစုံဖြစ်ပွားမူ့အမြင့်ဆုံးနိုင်ငံဆိုတာ ဘာမှမဆန်း ပါဘူးနော်..။ စားသောက်တာတွေနဲ့ပတ်သက်ပြီး ကျမတို့ကိုယ်တိုင် တခုခုထလုပ်မှဖြစ်မှာ။ အစိုးရကိုစောင့်
နေလို့တော့ သင်းချိုင်းထဲရောက်ကုန်တော့မယ်နဲ့တူတယ်..။ ကဲပါလေ..ကိုယ့်plan ထဲမှာ တခုလောက်
ထပ်တိုးအုံးမှဘဲ...ဟီး...။
မယ်ငီး တောပြန်ပြီးနေဖို့ ခြံတကွက်ဝယ်ကိုဝယ်မှဖြစ်မယ်ဆိုတော့ အမက မျက်လုံးပြူးပြီးကြည့်တယ်။ ဘာ
လုပ်မှာလဲတဲ့..။ တနိုင်စိုက်ပြီးစားမယ်..သားသတ်လွတ်စားမယ်(ကုသိုလ်တောင်ရသေး)...နော့်။
ပြောနေကြာတယ်..ကဲ.......ပိုက်ဆံကုန်းရှာလိုက်အုံးမယ်..ခြံတကွက်လောက်ဝယ်ဖို့...း)))))))
အားလုံးဘဲရွှင်လန်းချမ်းမြေ့ပါစေရှင်~~~
မီးမီး
ပိုက်ဆံကုန်းရှာလိုက်အုံးမယ်..ခြံတကွက်လောက်ဝယ်ဖို့...း)))))))
ReplyDeleteသိန်း ၁၀၀၀ လောက် လိုမယ် :)
ွှTTW
အဟီး..
Deleteမြေဈေးတွေကလည်း..
ထောင်ကနေစတော့တာဘဲ..
ဒီကလည်းထောင်ထားတာက
တံမြက်စည်းဘဲရှိတာလေ..
း)))))
မမီးပိုစ့်အသစ်လာလာကြည့်ဖြစ်တယ်မတွေ့တာကြာတော့ နေမကောင်းဘူးလားလို့ စိုးရိမ်မိသေးတယ် မမီးချစ်ချစ် ခြေထောက်နေမကောင်းဖြစ်နေတာကို.. အမြန်ပျောက်ကင်းသက်သာပါစေ ဆုတောင်းပေးပါတယ်
ReplyDeleteTZN
စိတ်ကူးထဲကနေရေးဖြစ်တာကတော့
Deleteအများကြီးဘဲ..
စိတ်ကူးယဉ်ရင်းနဲ့ရေးတာကို
ကြာလာတော့တကယ်ရေးထားတာ
ထင်နေလို့..အဟား...
သူလည်းတော်တော်သက်သာလာပါပြီ...
ကျေးဇူးတင်ပါတယ်..
ဘဝတူပဲ-ပြည်တော်ပြန်ချင်လို့ ဘက်စုံစဉ်းစား။ ဘုရား တရား ကျောင်းသွားတရားနာချင်ဆို တော့--
ReplyDeleteကိုယ်တို့လည်း
Deleteဘုန်းကြီးကျောင်းတခါသွား
၁နာရီကျော်ကြာကားမောင်းရတယ်လေ
ဒီတော့အိမ်မှာဘဲ
တရားထိုင်ဖြစ်တာများပါတယ်..
နေ့တိုင်းဆွမ်းလောင်းတာတို့
ဘုန်းကြီးဆွမ်းကပ်ဖို့တော့
မဖြစ်ဘူးပေါ့..
ပိတ်ရက်လေးတွေ
အားတဲ့ရက်တွေရှိမှဘဲရောက်ရ
ဖူးရတာလေ..
း((((
ဟုတ်တယ်ကွယ်။
ReplyDeleteကိုယ်လေ အဲဒီစားစရာတွေကို မဟုတ်တာလုပ်တာကိုစိတ်အပျက်ဆုံးဘဲ။
အိုင်အိုရာ
ဟုတ်တယ်..မအိုင်အိုရာရေ့...
ReplyDeleteတခါပြန်ရင်တခါစိတ်မချမ်းမြေ့စရာတခုမဟုတ်
တခုရင်မှာညှိတွယ်လာခဲ့ရတယ်..
း((((