Monday, September 28, 2015

သတင်း၊အတင်းစုံလင်ရာ..

မင်္ဂလာပါရှင်~~~
ကဲ..."ငြိမ်နေလိုတော့ဘာမှဖြစ်မလာဘူးတဲ့" ဒီတော့ လူတွေလူပ်ရှားရှန်းကန်ကြတာပေါ့လေ။ ဟိုလူက ဒီလိုလုပ်တယ်။ ဒီလူတော့ ဟိုဟာဖြစ်နေတာကို ပြောပြရင် သိရရင် ပြောချင်သိချင်ကြတာကို အရပ်စကားက
"အတင်း" ပြောတယ်တဲ့ဗျို့။ အဲ..အဲ့ဒါဟာလေးကို စာလေးချောက်ချက်ရိုက်ထုတ်ပြီး စာရွှက် အသံလွှင့်ဋ္ဌာန
ရောက်သွားတော့ "သတင်း"..တဲ့ဗျား...။
ဒီလိုတွေနဲ့လည်ပတ်နေတာကတော့ ကိုယ်တို့နိုင်ငံက ဘုတ်အုပ်ကြီးပေါ့( face book)။ အဓိကတော့အင် တာနက်လိပ်ဖိုးအေ ဆက်သွယ်ရေးနှေးကွေးတာကြောင့်၊ မြန်မာပြည်ကလူတွေ fb လောက်ဘဲကျင်လည်
ကျက်စားနိုင်တာလည်းပါပါတယ်။ တခြား အပြင်လောကရော အချင်းချင်းရော အလွယ်တကူ ဆက်သွယ်နိုင် တာကလည်း ဒီတခုဘဲကိုယ်တို့ဆီမှာပေါက်နေတာကိုး..။ တခြားတိုင်းပြည်နိုင်ငံတွေမှာ ဘာတွေဖြစ်ပျက်နေ တာ၊ ကိုယ့်ဖာသာကိုယ်တိုးတက်ဖို့ လေ့လာဆည်းပူးစရာ ဖတ်စရာမှတ်စရာတွေတော့ အများကြီးဘဲပေါ့။
ရှာတတ်ရင် ရပါတယ်။ ဒီ fb ထဲက လက်ညိုးတတို့ကိုယ်တော်တွေ ရှယ်တာလောက်ကိုဘဲ တကမ္ဘာထင်ပြီး
like ပေးကြ လိုက်shareကြတာကို အန်မတန်မှ ခေတ်မှီတိုးတက်လာပြီ၊ ဒီလိုဖြစ်အောင်လုပ်ပေးတဲ့ ဘဘ
ကိုလည်းကျေးဇူးတင်သင့်ကြောင်း ပြောတဲ့ပုဂ္ဂိုလ်လည်း မရှားဘူး.. :P
ထားပါတယ် ထားပါတယ်...။ မယ်ငီးခပ်ခွာခွာဘဲနေခဲ့လာတာပါ။ ဟိုဖက်က နေရာနဲ့ ဒီဘလော့ ကမ္ဘာတခုစီ
ခြားပြီးကိုနေလာခဲ့တာပါ။ ခုတော့ ဟွန့်..."ပြောရအုံးမယ် မရီရေ့" ပေါ့...
ဖေ့ဘုတ်ကို သူငယ်ချင်းအဟောင်းတွေပြန်တွေ့၊ သူများတွေ Gatheringလုပ်တာအဝေးကနေ လွှမ်းရင်း တနေ့တခါလောက်တော့ သွားချောင်းတတ်ပါတယ်လေ။ တနေ့မှာတော့ မယ်ငီး ဘလော့ထဲက ဓါတ်ပုံတခု
ကို သတင်းတခုနဲ့တင်ထားတာတွေ့တယ်။ ဒါလည်း ခပ်တည်တည်ပါဘဲ။ ဘာမှ မဖြစ်ပါဘူး။ ဘာလို့လည်း ဆို.. အထူးသဖြင့် ဟင်းချက်တဲ့ ပို့စ်တွေဆိုရင် ကူးယူပြီးခပ်တည်တည် မီးမီးငယ်နေကြတဲ့ သကောင့်သား သမီး အများကြီးတွေ့တာဖူးနေကြပါ။ သူများကိုပြောပြချင်လို့ ကိုယ်က အွန်လိုင်းပေါ်တက်ရေးမှတော့ ယူကြ ပါလေ။ လိုချင်ရင် ရှယ်ကြပါလေ..မယ်ငီးဘာမှမဖြစ်။ အဲ...ဒီတခါတော့ ဒီလိုမဟုတ်ပြီ။ အတက်ပါအတိုင်း
ပုံပြင်တွေဇတ်လမ်းတွေနဲ့ မယ်ငီးဓါတ်ပုံယူသုံးလာကြတာကိုး..။



မဘသအဖွဲ့၏တအိမ်တက်ဆင်း ဟောပြောမှုကို
လက်မခံဘဲ မောင်းထုတ်ခဲ့သော လူငယ်လေးတဦး
______________________________________
စက်တင်ဘာ(၂၆)
မန္တလေးမြို့
စက်တင်ဘာ၂၅ရက်နေ့က မန္တလေးမြို့
မဟာအောင်မြေမြို့နယ်တွင် မဘသအဖွဲ့မှ
ရဟန်းသံဃာတချို့နှင့် ကြံ့ခိုင်ရေးပါတီဝင်များပါဝင်သော
အဖွဲ့တစ်ဖွဲ့သည် ရွေးကောက်ပွဲဝင်ရောက်မည့်
ကိုယ်စားလှယ်လောင်းများ၏အကြောင်းကို
တအိမ်တက်ဆင်း လိုက်လံဟောပြောလျက်ရှိရာ
မဟာအောင်မြေမြို့နယ်တွင် ကုန်စုံဆိုင်ဖွင့်ထားသော
လူငယ်တဦးဖြစ်သူ မောင်မြင့်အောင် မှ ဆိုင်အတွင်းသို့
အဝင်မခံပဲ မောင်းထုတ်ခဲ့သဖြင့် မဘသအဖွဲ့မှ
အခြေအနေမလှသဖြင့် လှည့်ပြန်သွားရကြောင်း
သတင်းရရှိသဖြင့် ဆိုင်ပိုင်ရှင် မောင်မြင့်အောင်အား
ဆက်သွယ်မေးမြန်းခဲ့ရာ
ကျွန်တော် မနက်ဆယ်နာရီခွဲလောက်မှာ
ဆိုင်မှာထိုင်နေတုန်း သူတို့ရောက်လာပါတယ်.........

သူတို့ဖော်ပြထားတဲ့ဓါတ်ပုံ နဲ့ အမှန်တကယ်အကြောင်းအရာမသက်ဆိုင်ပါ။ ဓါတ်ပုံက ကျမ အိမ်ဆောက် တုံးကယာယီအိမ်လေးမှာပစ္စည်းတွေစုပုံပြီးနေရတာ(ဆိုင်လည်းမဟုတ်ဘူး) ကျမအမရဲ့တပည့်ကောင်လေး
သဲကျောက်ဘယ်ကားမောင်းတာ၊၂ဝ၁၂ခုနှစ်တုံးကသူ့ကိုပိုက်ဆံရှင်းပေးတော့သူ့လက်ထဲ မှာတောင်ပိုက်
ဆံလေးကိုင်ထားတာ၊ရိုးသားတဲ့တောင်ပေါ်သားလူငယ်ပါ၊မန္တလေးတောင်ရောက်ဖူးမယ်မထင်ပါ။
အကြောင်းအရာကိုအောက်ကလင့်ထဲမှာဖတ်နိုင်ပါတယ်
http://meemee-nage.blogspot.com/search/label/house

ရှယ်သောလူသားများက ထောင်ကျော် like ကြသောလူသားများက ၄ဝဝဝ နဲ့ ၅ဝဝဝ။ ကွန်မန့်မှာ ပုံပါ
ကောင်လေးကို ငါနဲ့တုပ်ပြီးကလော်ဆဲကြတာက တပုံတခေါင်း..။ အိုး...မိုင်ဂေါ့ ကယ်တော်မူပါ..လို့ဆိုချင်
ပါရဲ့။ share ထားလိုက်ကြတာ ဂျာနယ်သတင်းဋ္ဌာနတောင်ပါသေးဗျား..။ အရင်းစစ်လိုက်တော့ ဘယ်သ
ကောင့်သားလက်ချက် မီးမီးမသိရ..။

1.The Voice Weekly
2.8888 NEW GENERATIONS
3.Ye Naing
4.
Khaing Thitsar

(နောက်ဆုံးကတယောက်ကတော့ သူပြန်ဖျက်ပေးလိုက်တဲ့အကြောင်းစာပြန်လာပါတယ်။ တောင်းပန်
ကြောင်းရေးထားပါတယ်။ စစချင်းတော့ မယ်ငီးကိုတောင်ရန်တွေ့လို့ပေါ့ ..)
ဒါကသူတို့ရေးတင်ထားတာကို ထောင်ချီshare ထောင်ချီlike နေကြတာကိုတွေ့လို့ပါ။တခြားကျမမသိလိုက်တဲ့နေရာရှိသေးမှာပါ။ ကိုယ်က ဘာမှမဖြစ်နေနိုင်ပေမဲ့ အသားလွှတ်အဆဲအဆိုခံနေရတဲ့ကောင်လေးအတွက်
ကျမအပြစ်မကင်းသလိုဖြစ်နေမိတယ်။ ကိုယ်က သူ့အကြောင်းတဖွဲ့တနွဲ့စာရေးဓါတ်ပုံတင်မိတာကိုး..။
ကျမရဲ့မူရင်းဘလော့မှာပါတဲ့ပုံ
လက်ညိုးတတို့ voluntary ပေါ်များလှတဲ့ ဘုတ်အုပ်ကြီးမှာတော့ လက်ညိုးလေးနဲ့ ပုဆိုးလှန်ကိုင်တုပ်နေ
သောလူသားများလည်းမရှား..။ အံသြစရာပေလား..။ အဲဒီက သတင်းကိုအဟုတ်ကြီး မှတ်ပြီး ယုံစားနေ
ကြတဲ့သူတွေကိုလည်း သနားမိတယ်။ အကုသိုလ် အလုပ်ကိုပိုက်ဆံပေး အချိန်အကုန်ခံနေကြတာ
တော်
ကြပါ။ သတင်း လိမ်ညာတာကတော့ မြန်မာပြည်က သတင်းတင်မကပါဘူး။ အခု ကဲ..ဒီနေ့ဆိုပါတော့
ကုလသမ္မဂ္ဂမှာ ခေါင်းဆောင်ကြီးတွေ တက်မိန့်ခွန်းပြောသွားတာ။ မုသာဝါဒလေးတွေ စီစီရီရီလေးနဲ့ လှ
အောင် ကိုယ့်တိုင်းပြည်ကြီး မျက်ခွက်ပြောင်ထွက်လာအောင်ပြောကြတာက အစဉ်အလာတခုဖြစ်ပါတယ်
ဆိုတာ..မယ်ငီး အတင်းတုပ်ပါရစေ..ဥပမာ..တရုတ်ကြီးက ဘာတဲ့" တရုတ်တိုင်းသူပြည်သားများဟာ တခြားနိုင်ငံရဲ့ အချုပ်အချာ ယဉ်ကျေးမူ့ကိုအလေးထားလို့ ကမ္ဘာ့အရေးမှာ တက်တက်ကြွကြွပါဝင်ဆောင် ရွှက်
ဘာညာကွိကွပေါ့.." ကဲ..သူပြောတာမှန်မမှန် စဉ်းစားကြည့်လေ...။

ကိုယ့်ကိုယ်ပိုင်ညာဏ်နဲ့ ချင့်ယုံပြီးအချိန်ကိုတန်ဖိုးထားအသုံးချကြပါစေလို့...
အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
မီးမီး

2 comments:

  1. အော်ဒုက္ခ။

    ReplyDelete
    Replies
    1. အေးပါဗျာ...
      အလကားနေရင်အကုသိုလ်ပွားလိုက်ရတယ်..
း((((

      Delete