Saturday, September 26, 2015

Alien,immigrant,refugee...

မင်္ဂလာပါရှင်~~~
Alien ဆိုတာတခြားနိုင်ငံသား ဂြိုလ်သား၊ immigrant ဆိုတာ တခြားတိုင်းပြည်နိုင်ငံမှာ အခြေနေထိုင်ဖို့ သွားတဲ့သူ၊refugee ဆိုတာကြတော့တခြားနိုင်ငံမှာ နိုင်ငံရေးခိုလူံခွင့်တောင်းသူများ ဘယ်လိုဘဲ အဓိပ္ပါယ် ဖွင့်ဖွင့် တူညီတာကတော့ တခြားရေမြေဒေသမှာ လူသွားလုပ်တယ်..ဒါပါဘဲလေ..ဟုတ်တယ်ဟုတ်!!

ရှေးခေတ်က အမေရိကားကို ရွှေ့ပြောင်းခိုဝင်လာကြတဲ့ပုံ
ကိုယ်တို့ကခေတ်ကာလကြီးကတဖြေးဖြေးကျဉ်းမြောင်းလာပြီးကမ္ဘာကြီးကိုပြားလာတယ်လို့တောင်ယူဆထား
ကြရတဲ့ခေတ်မှာ တဝက်တပြတ်မှီနေကြပြီ ဆိုပါတော့ရှင်။လူကြီးပိုင်းရောက်လာမှဘဲ လူငယ်တွေရဲ့ ကြိုးမဲ့ ဆက်သွယ်ရေးကွန်ယက်ထဲကျင်လည်ကျက်စားရင်း ကမ္ဘာ့သတင်း မြန်မာ့သတင်းပေါင်းစုံကို အိပ်ယာထဲက ဖတ်နိုင်ကြားနိုင်လာပြီ။ အထူးသဖြင့် မြန်မာပြည်က သတင်းထူးမျိုးစုံကို အချိန်နဲ့တပြေးညီ အခမဲ့ တင်ဆက်
ပေးကြတဲ့ လူသားများစွာကိုလည်း ကျေးဇူးတင်တာပေါ့ရှင်။ သတင်းဋ္ဌာနကမဟုတ်ဘဲ fb ပေါ်ကတွေ့ရမြင်ရ တာကိုဆိုလိုတာပါ..း))) အရင်တုံးက အိမ်လည်မထွက်တတ်တဲ့အကျင့်ရှိသူ၊ အိမ်တွင်းပုန်းကုလားမ အခေါ်
ခံရပြီး ခပ်အူအူ ထူထူဖြစ်ခဲ့တာ၊ ဟင်း ခုတော့ (နာလည်းအားလုံးတိ့ပီကွ) မယ်ငီးလည်း ဟိုဟာလေးလည်း
သိတယ် ဒီဟာလေးလည်းသိတယ်ဆိုပါတော့။

ညာတာပါတေးနဲ့ မဲမဆွယ်ပါနဲ့။ပါတီတခုကိုမဲပေးရုံနဲ့ မြန်မာနိုင်ငံကြီးက ဘာသာခြား လူမျိုးခြားချက်ချင်းကြီး
အုပ်စိုးပြောင်းလဲသွားမယ်လို့ပြောတာ ပြောတဲ့လူကို ခဏထားအုံး ယုံတဲ့သူက ရူးသွပ်လို့ ဘလောင်ချိန်းပြီ လို့ဘဲပြောပါရစေ..။ ဒီတခါတော့ သော်တာဆွေရဲ့ " ပြောရအုံးမယ်မြရီရေ"စကားလေးဌားပြီးကိုပြောချင်ပါ တယ်။ ဟိုး..လွန်ခဲ့သော ၄ နှစ်ကပေါ့။ ကျမထိုင်းကနေ မြန်မာပြည်ပြန်တော့ တွေ့တဲ့အတွေ့အကြုံတခုကို
ဘလော့မှာရေးထားခဲ့ဖူးတယ်။ ထုံးစံအတိုင်း ဓါတ်ပုံနဲ့တကွပေါ့လေ နောက်တော့ သူများတွေပုံမကောင်း ပါဘူးဆိုပြီး ဖြတ်လိုက်တာ ခုတော့ ပျက်သွားတဲ့ဓါတ်ပုံတွေထဲမှာ ပါသွားတာနှမြောစရာ။ နို့မို့ရင် အထောက် အထားနဲ့ ပြလို့ရတယ်..နော့်။ စိတ်ဝင်စားရင် ဒီမှာ ဖတ်ကြည့်နိုင်ပါတယ်။ ၂ဝဝ၈ ခုနှစ်ကအဖြစ်အပျက်ဆိုပါ
စို့..။( ဟိုလူကြောင့် ဒီလူကြောင့် ကုလားနိုင်ငံကြီးဖြစ်သွားပါတော့မယ်ဆိုတာ အဲဒီအချိန်တုံးက သူတို့ပုတ် ခတ်ပြောဆိုရည်ညွှန်းသူတယောက်တော့ အကျယ်ချုပ်ထဲမှာစံမြန်းနေတုံးပါ)
 

တကယ်ဆိုရင် ကိုယ်တို့နိုင်ငံက ကမ္ဘာ့လူဦးရေ အများဆုံး နိုင်ငံ ၂ခုကြားထဲညှပ်နေတာ။ နောက်ပြီး လူ့သ
ဘောသဘာဝကိုက ရေကြည်ရာမြက်နုရာကိုရှာဖွေရွှေ့ပြောင်းနေထိုင်ကြတာဘဲ မဟုတ်လား။ ကိုယ်တို့
ဘိုးဘွားကိုဘဲ ဥပမာထားပြောရရင် အမေဖက်ကအဘိုးဆိုရင် ထိုင်းဖက်က ယွန်းရှမ်းလူမျိုး၊ခလေးဘဝက
တည်းက ကျိုင်းတုံကို သူတို့မိသားစုတခုလုံးပြောင်းလာကြတာ။ အဖွားကြတော့ သီပေါ(မိုင်းနောင်အရပ်ဒေ သ)က မြောက်ပိုင်းရှမ်း။ အဖေဖက်ကြတော့ အဖိုးကရှမ်းစပ် အဖွားကအင်းသားစစ်စစ်) ကျိုင်းတုံမှာ အဖေ
နဲ့အမေ အိမ်ထောင်ကျလို့ ကျမတို့တတွေလူဖြစ်လာကြတယ်။ ကျိုင်းတုံမှာနေရင် ရှမ်းအမျိုးတွေက မန့်နောင်
(ရှမ်းလို အင်းသားကိုခေါ်တာ ရေထဲကဗမာ)တဲ့။ တောင်ကြီး အင်းထဲ သွားရင် အင်းစကူးအမျိုးတွေက ရှမ်း မ၊ တဲ့။(ဒေသရဲ့မူရင်းနေထိုင်သူမဟုတ်သောသူများ) ဘိုလိုခေါ်ကြတာတော့ Alien တဲ့..မယ်ငီးလည်းမွေးက

တည်းက ခုထိ တချိန်လုံး ဘယ်သွားသွား.. Alien ပါဘဲ။ နေရာဋ္ဌာနတခုပြောင်းတိုင်း ကိုယ့်တိုင်းပြည် ကိုယ့် ဇာတိမဟုတ်တော့လည်း Alien မယ်ငီးပေါ့။ ဒါကအနီးကပ်ဆုံး ကိုယ့်ဖာသာကိုယ် ဥပမာပြပြောဆိုတာပေါ့
ရှင်။

ကိုယ်တို့ နိုင်ငံအရှေ့ဖက်ခြမ်းကိုကြည့်ရင် ဘယ်နေရာဒေသ တောရွှာချောင်ကလောင်မှာဘဲဖြစ်ဖြစ် ခုမှဝင်
လာတဲ့တရုတ်တွေ မျိုးဆက် ၂ဆက် ကနေ ၃ဆက် ၄ဆက်အထိတွေ့ရပါလိမ့်မယ်။ ခုဆိုရင် အရှေ့ဖက်မက
တော့ပါဘူး။ တရုတ်မရှိတဲ့မြန်မာနိုင်ငံ မြို့ ရွှာတွေ မရှိသလောက်ပါဘဲ။ အနည်းဆုံးတော့ သွေးနှောတွေဖြစ်
သွားကြတာဘဲလေ။ ကုလားလည်း ထိုနည်းလည်းကောင်းပေါ့ရှင်..။ ရေမြေတောတောင်ကိုက ဒီလိုဖန်တီး ထားခဲ့တာ။ ကိုယ်တို့လူမဖြစ်ခင်ကတဲကဘဲဟာ။ ရခိုင်ဖက်ခြမ်းက ပိုဝင်လာကြတယ်။ ဒီလိုပါဘဲ ရှမ်းပြည်
ကချင်ပြည်ဖက်ခြမ်းကလည်း ဝင်လာမဆဲ တသဲသဲပေါ့။ နိုင်ငံဥပဒေဆိုတာရှိပေမဲ့ လေးစားလိုက်နာသူမရှိ
လာဘ်စားတယ်ဆိုတာ စကားလုံးလောက်ဘဲ စာအုပ်ထဲမှာရေးသိမ်းထားကြတာ။ အပြင်မှာ လုပ်လည်း အရေးယူခံရခြင်းဆိုတာ (အမြင်ကပ်ပုဒ်မတပ်ခြင်ရင်တော့ အရေးယူတယ်) ထိပ်ဆုံးက အုပ်ချုပ်သူအစ

နောက်ဆုံး အစောင့်ဒါရဝမ်ဆိုတာတောင် ပိုက်ဆံမထိုးပေးရင် ဘယ်နေရာမှ လွယ်တကူဝင်မရပါ။(အော်.
ဆေးရုံတို့ လေယာဉ်ကွင်းတို့လေ..ကြုံဖူးကြမှာပါ) အရင်ကတည်းကဥပဒေစည်းကမ်းသာ တင်းကျပ်ပြီး လိုက်နာခဲ့ရင်လည်းမြန်မာအနောက်ဖက်ခြမ်းမှာပြသာနာပေါင်းစုံ ကြီးထွားလာစရာမရှိပါ။

ဒီလို ဥပဒေမရှိ အကျင့်ပျက် ဝန်ထမ်းတွေ နယ်စပ်သွားဖို့ ဆိုင်ရာဝန်ကြီးဋ္ဌာန အထက်အရာရှိကို လာဘ်ထိုး
ရသေးတယ်လေ။ ဒီတော့ ရင်းနှီးမြုပ်နှံပြီးမှ နယ်စပ်ရောက်လာတော့ ကောင်းကောင်းရှာစားပါတော့တယ်။
ဒါက ဟိုး..ကိုယ်တို့ခလေးဘဝကတဲက မြင်တွေ့ကြားသိ လာခဲ့တာဘဲ..။ ခုတလော မြင်ရ ဖတ်ရတဲ့......
သူတို့အသေကြောက်တဲ့ ပါတီကိုမဲပေးမှာစိုးလို့၊ လူ့အားနည်းချက်ဖြစ်တဲ့ ဘာသာရေးမိုင်းတိုက်ပြီး ကုလား
ပြည်ဖြစ်မယ်။ ဘာညာ..ပြောတာ..လုံးဝစိတ်ကုန်တယ်။ ညစ်ပတ်တဲ့ အတွေးအခေါ်ဖြစ်တယ်။ ကိုယ့်မျက်

ချေးတော့ ကိုယ်မမြင်ကြဘူး..။ တခြားအကြောင်းတွေကို ဘာမှမပြောချင်ပါဘူး..။ အဲ့ဒီလိုမျိုး ကိုယ့်နိုင်ငံက
နေ တခြားကိုထွက်ပြေးကြရတာတွေ ပြန်ကြည့်လိုက်ရင် မူရင်းနိုင်ငံမှာ ပြသာနာရှိကြတာချည်းဘဲ။ စစ်ဖြစ်
တာ နိုင်ငံရေးအာဏာလုတာ အဓိက ခေါင်းဆောင်က အာဏာရူးလိုက်သတ်ဖြတ်တာတွေချည့်ပါဘဲ။ စစ်
ဖြစ်တော့ စီးပွားရေးပျက် လူတွေငတ်တော့ မငတ်တဲ့နေရာ နေထိုင်စားသောက်နိုင်တဲ့နေရာရှာကြတာချည့်
ပါဘဲ..။ ကိုယ်တို့ဆီက ထိုင်းမှာ သန်းချီရောက်နေတာ လည်းဒီသဘောဘဲမဟုတ်လား။ဒီလို နိုင်ငံတခုကနေ တခုကူးပြောင်းကြတာ ကိုယ်တို့နိုင်ငံတခုထဲမှ မဟုတ်တာ..။

ခုတလော နံမည်ကြီး ဆီးရီးယားတွေ သူတို့မြေနဲ့နီးတဲ့ သူတို့ဘာသာ တူနိုင်ငံဆီတွေဆီတော့မသွားကြ ဘူး..ဟိုးအဝေးက လူတွေဆီပြေးကြတာ တီဗွီမှာမြင်နေတာ အံသြစရာ။သေချာတာက ဘာသာတူနိုင်ငံ

တွေက ပိုက်ဆံသာအကူအညီပေးမယ် လူကိုလုံးဝလက်မခံပါ..တဲ့ ဒါက ဥပဒေ တဲ့။ ခုတော့ အားလုံးက ဥရောပမှာတောင် ဂျာမဏီကိုပိုပြီးသွားကြတယ်။ ဘာဖြစ်လဲဆိုတော့ တချိန်တုံးက ဂျာမဏီကတူရကီ အ လုပ်သမားတွေကိုအလုံးအရင်းနဲ့သွင်းပြီး သူတို့နိုင်ငံကအောက်ခြေသိမ်းအလုပ်တွေ လုပ်ခိုင်းခဲ့ဖူးတယ်။ အင်္ဂလိပ်တွေမြန်မာနိုင်ငံထဲကို ကုလားတွေ သွင်းလာသလိုပေါ့။ တူရကီတွေက ဂျာမာန်မှာ မျိုးဆက် ၂ဆက် ၃ဆက်လောက်တောင်ရှိနေတော့ အခြေထိုင်ပြီး ကောင်းစားနေကြပြီလေ။ သူတို့ကကြိုဆိုကြတယ်။ ဒုက္ခ သည်တွေကို ထောက်ခံတယ်ဆိုပြီးဆန္ဒပြတာ မျက်နှာတွေက နှာခေါင်းရှည် ပါးသိုင်းမွှေး လူတန်းစားတွေ ချည့်ဘဲ..။

ဥရောပမှာလည်းအခုခေါင်းမီးတောက်နေပြီ။ တရက်ကို ဒုက္ခသည် ၈ဝဝဝ နူန်းနဲ့ဝင်ကြတာ။ လက်မခံတဲ့ ဥရောပနိုင်ငံတွေကိုတော့ ဝိုင်းပြီးကလော်တုပ်နေကြလိုက်တာ။ ဒီလိုဖြစ်အောင်ဖန်တီးလိုက်တဲ့ သူကို
တော့သိပ်မပြောကြဘူး။ ထိုင်ခုံကမဆင်းချင်တဲ့ ကိုကိုလံဘားကြီး( ဆီးရီးယားသမတ) လေ။နောက်သူတို့
နိုင်ငံက ပြည်တွင်းစစ်ပွဲမှာ ဓါတုလက်နက်တွေသုံးပြီးတိုက်ကြတော့ အပြစ်မဲ့ပြည်သူတွေရောထိစုစုပေါင်း
လူဦးရေသိန်းကျော် သေကြေပျက်စီးကြတယ်။ အားလုံးလည်းပြေးကြရတာပေါ့လေ။ လူတသန်းကျော်ထွက်
ပြေးကြတာ။

အီရတ်မှာလည်း ဘာသာရေးကို မိုင်းတိုက်ပြီး လူတစုတဖွဲ့က မဟုတ်တာလုပ်ကြတာဘဲပေါ့။ နောက်တော့ မသိနားမလည်သူတွေနောက်လိုက် အိယောင်ဝါးတွေများလာတော့ ကမ္ဘာမှာ လူတိုင်းသူတို့ကို ရွှံ့ကြောက်
ကြီးဖြစ် လာကြတယ်လေ..။ နေရာတကာ သူများခေါင်းဘဲလိုက်ဖြတ်နေတယ်။ သူတို့မျက်ခွက်ကြတော့ လူ
မြင်မှာစိုးလို့ ဖုံးထားလေရဲ့။ သူတို့ကြောင့် အဲ့ဖက်က ပြည်သူတွေလည်း ထွက်ပြေးကြရတယ်။ သူများနိုင်ငံ နယ်စပ်တွေမှာ ဒုက္ခသည် အဖြစ်နဲ့ အနေအထိုင်ဆင်းရဲနေကြရရှာတယ်။ ဘာသာရေးကိစ္စကြောင့် တခြား
လူတွေကလည်း သူတို့ကို ရောပြီးအမြင်မကြည်ဘူးဆိုပါတော့။ ပြသာနာဖြစ်လိုက်တိုင်း ဒီဘာသာကရှေ့ဆုံး လာတော့ လူတွေ ရွှံကြောက်တာလည်း မဆန်းပါဘူးလေ။

အမေရိကားမှာလည်း ဘာထူးလို့လည်းလက်တင်အမေရိကတတိုက်လုံး နေ့တိုင်း နယ်စပ်ဖြတ်ပြီးအမေရိက
ထဲခိုးဝင်နေကြတာဘဲ။ ဝင်လာပြီးရင် ခိုးမူ့ မုဒိန်း လူသတ် မူးယစ်ဆေးဝါးလုပ် သူတို့ချည့်ဘဲ။ ဒါပေမဲ့လည်း
အမေရိကားတနိုင်ငံလုံး တခြားနယ်ပယ်တိုင်းပြည်ကလာအခြေချခဲ့တာက ၉ဝ%လောက်တောင် ရှိလေမ လားဘဲ...။ အရင်ကတဲကနေထိုင်ပြီးအခြေကျနေတဲ့ အမေရိကန်တွေက အခုခိုးဝင်လာတဲ့သူတွေကို တား ဆီးဖို့ တင်းကျပ်တဲ့ဥပဒေနဲ့ကိုင်မယ်ဆိုပြီး မဲဆွယ်တဲ့ သမတလောင်းကို အရမ်းကြိုက်နေကြတယ်တဲ့။ သူတို့
လည်း ထပ်ဝင်လာတဲ့ Alien,immigrant,refugee သိပ်မကြိုက်ချင်ကြတော့ဘူး။ ဥပဒေအရ တကမ္ဘာလုံးက
လူတွေကို သတ်မှတ်ထားတဲ့နိုင်ငံဆိုပါတော့ လက်ခံပေမဲ့ လက်ရှိနိုင်ငံသားတွေက မကြိုဆိုချင်ကြတော့ဘူး။
နယ်စပ်ကိုတံတိုင်းအားလုံးခပ်ဖို့တောင် မဲဆွယ်သမတလောင်းကပြောနေလေရဲ့..။ဒါကြောင့် ပုပ်ရဟန်းမင်း
ကြီးတောင် စကားတခွန်းပြောသွားသေးတယ် မင်းတို့အားလုံးလည်းတချိန်တုံးက immigrant ပါဘဲတဲ့။ တရားမဝင် ရှိနေတဲ့သူတွေကို ညှာညှာတာစဉ်းစားပေးဖို့ တိုက်တွန်းပြောဆိုသွားတာပါ။
 

အော်...Alien Alien..တချိန်တုံးက မယ်ငီးလိုဘဲ မိတ်ဆွေများရဲ့ ဘိုးဘွားမဟုတ်လည်း နို့မို့ရင် ကိုယ်တိုင်
ဖြစ်ဖြစ် နယ်သစ်မှာသွားရောက်အခြေချခဲ့ကြဖူးမှာပါ။ ကောင်းတာလည်းရှိ မကောင်းတာလည်းရှိ ဘာသာ
ရေး လူမျိုးရေးနဲ့မပတ်သက်ပါဘူး..လူတဦးချင်းစီရဲ့ အကျင့်စာရိတ္တနဲ့ဘဲဆိုင်တာပါလို့ ကျမမယ်ငီးယူဆတယ်။
ကောင်းတဲ့ရေခံမြေခံကနေ သန်စွမ်းလှပတဲ့ အသီးအပွင့်တွေဘဲ သီးပွင့်ကြတာပါနော်..Alien တယောက်
ရဲ့ခံစားချက်ကို Alien ဖြစ်ဖူးမှဘဲသိကြပါလိမ့်မယ်။

ကဲပါလေ..ကမ္ဘာပတ်ပြီးပြောဆိုနေလိုက်တာ..ဟီး..ဘယ်ရောက်သွားပြီကြောင်း!!!! အား..ကိုယ်တို့ဖက်ပြန်
ဆွဲခေါ်အုံးမယ်။း))))

လိုရင်းပြောချင်တာက ပါတီတခုအာဏာရလာတာနဲ့ လုံးဝ လူမျိုးဘာသာကြီးပြောင်းသွားမယ် ဆိုတာကို
ပြောတဲ့သူကိုတခုမေးချင်ပါတယ်။ သူများပြောလို့လိုက်ပြောတာလား ဘာကိုနားလည်ပြီးပြောတာလဲ လို့။
ရိုးရိုးလူကပြောတယ်ဆိုရင် သူ့အာဏာတည်မြဲရေးအတွက် နားလည်နိုင်သေးတယ်။ သင်္ကန်းဝတ်ထားပြီး မတရားပြောဆိုနေတဲ့ ဘုန်းကြီး သံယာကိုယ်တော်တွေကိုတော့ လုံးဝနားလည်ပေးလို့မရဘူး..။ ဗုဒ္ဓဘာသာ ဝင်တယောက်အနေနဲ့ ဗုဒ္ဓဘာသာစာကိုဖတ်ခဲ့ဖူးပြီး နားလည်ထားတာက ဘုရားသာသနာ ၅ဝဝဝ နှစ်ကျရင် ကွယ်ပျောက်မယ်လို့ ဘုရားဟောပြောခဲ့တယ်။ ခုတော့... ??????????????????????????????????????
သေချာတာကဒေါ်ဆောင်ဆန်းစုကြည်ကြောင့်တော့ မဖြစ်တန်ရာ..ခုမှ သာသာနာနှစ် ၂၅၅၉ ဘဲရှိသေးတာ

နော့်...

အကျင့်စာရိတ္တပျက်နေတဲ့ လူပုဂ္ဂိုလ်တွေရဲ့လက်ထဲမှာ အာဏာ လက်နက် ငွေကြေးတွေပြည့်ဝနေရင် ကမ္ဘာ
ကြီးတခုလုံးစိုးရိမ်စရာအန္တရယ်အပြည့်ပါ..လူတွေ သိန်း သန်းချီအသက်ဖက်နဲ့ထုပ်ပြီးပြေးလွှားနေကြတာ..
သူတို့တွေကြောင့်ဘဲမဟုတ်လား...

အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
မီးမီး

2 comments:

  1. ရဲရဲတောက်ပါလားဝေ့..
    ဒေါ်မီးရေ့..
း))))

    ReplyDelete
    Replies
    1. ဒို့တော့ရဲရဲတောက်
      DASSK ကိုဘဲထောက်ခံတယ်
      သူ့ကိုယုံကြည်တယ်အားကိုးတယ်
      အကျင့်စာရိတ္တကိုယ်ကျင့်တရား
      ပြောစရာမရှိ အစအစအရာရာကောင်းမွန်လွန်း
      ညာဏ်ပညာကြီးမားတာ
      မြန်မာသာမက
      ကမ္ဘာမှာတောင်ထင်ရှားကျော်ကြားတာကို
      ချောင်ထိုးထားချင်တဲ့လူတန်းစား
      ကိုယ့်တဦးတယောက်တစုအကျိုး
      အတွက်ဘဲကြည့်ချင်တဲ့လူတန်းစားတွေကို
      အားလုံးကိုရူံချတယ်..
      ဟေး.......
      မယ်ငီးကွ....

      Delete