Wednesday, July 9, 2014

ဝါသနာနဲ့ စိတ်၏ပျော်ရွှင်ရာ...

မင်္ဂလာပါရှင်~~~
ဝါသနာပါတာမပါတာခဏထားလို့ ကောင်းမယ်ဆိုတဲ့အလုပ်တခုကိုစလုပ်ဖို့ဆိုရင်နဲနဲခက်ခဲတတ်ပြီးလုပ်မိ
သွားရင် စွဲလမ်းသွားလို့အခက်အခဲမရှိဆက်တိုက်လုပ်ချင်နေမိကြပါတယ်။ အဲ..ရပ်ထားလိုက်ပြီး အကြာကြီး
နေမှ ပြန်စခြင်တယ်ဆိုရင်တော့ အခက်ခဲဆုံးအပိုင်းပေါ့ရှင်..ပျင်းသွားရော...လုပ်ကိုမလုပ်ခြင်ဘူး ။ဒီလိုပါဘဲ ကျမမှာလည်း အပျင်းရောဂါလေးကနဲနဲပိုတယ်ပြောရမလားဘဲ။ အရင်က အတင်းဘဲအားမာန်တင်းလို့စခဲ့တဲ့
ကောင်းသောအလုပ် ၃ ခုက ခုတော့လည်း ကျမနဲ့မဆိုင်သလိုလို လှည့်မကြည့်ဖြစ်တော့ဘူး။ 

အဲဒါတွေကတော့...
၁. ယောဂကျင့်စဉ် နဲ့ ကိုယ်ကာယလေ့ကျင့်ခန်း၊


CREDITED TO GOOGLE

၂.တရားထိုင်ခြင်း၊
CREDITED TO GOOGLE

၃.Blog ရေးဖြစ်နေတာ..ဒါတွေပေါ့...။
CREDITED TO GOOGLE
ကျမတို့ခန္ဓာကိုယ်ကြီးက နေ့စဉ်နဲ့အမျှ တိုးတက်ပျက်စီးလာကြတာပါ။ သူများတွေကပျက်စီးယိုယွင်းလို့ရေး
ကြပါတယ်။ ကျမကတော့ တိုးတက်တယ်လို့သုံးတယ်..ဟီး..တကယ်ဘဲအသက်နဲနဲရလာတာနဲ့ အလေးချိန်
တွေကထိုးပြီးတက်လာကြတာဘဲ...တိုးတိုးလာတာဘဲရှိတယ် ကျသွားတယ်ဆိုတာ နဲပါတယ်။ မြန်မာပြည်
မှာနေတုံးကတော့ ထမိန်ပတ်ပြီးဝတ် အင်္ကျီကလည်းခပ်ပွပွတွေဘဲဝတ်လေ့ရှိတော့ သိပ်ပြီးမသိသာလှဘူး။
ဘောင်းဘီ စကဒ်တွေဝတ်ချိန်ကျမှ ချိတ်တွေ အတင်းဆွဲစေ့လို့တပ်ရတဲ့ ဒုက္ခ၊ ဇစ်ပိတ်မရတဲ့ဒုက္ခတွေရှိလာ
တယ်လေ။ ကျမလည်းအမေရိကရောက်ခါစ ဆိုက်က သုည "0" လေ...ဆိုက်တွေရှာရခက်လိုက်တာ။
ခုတော့ ၂ နဲ့မဆန့်လို့ ၄ ကိုခပ်ချောင်ချောင်ဖြစ်နေတာ ဒီတပတ်တော့ နဲနဲတင်းတင်းဖြစ်လာသလို ခံစား လာရပြီလေ။ ဒီတော့ ယောဂကျင့်စဉ် နဲ့ လေ့ကျင့်ခန်းတွေက မလုပ်မဖြစ်ပြန်လုပ်ရတော့မယ်။ အမြဲလုပ်နေ လို့ခန္ဓာကိုယ်ကသေးကွေးကျစ်နေတာလားတော့မသိပါဘူး...။ ပစ်ထားတာ ၆ လလောက်ရှိရော့မယ်။ အကြောအခြင်တွေတင်းနေတာမကောင်းဘူး...တကယ့်မရှိမဖြစ်ကျမတို့မိန်းကလေးတွေ အမျိုးသမီးတွေ
လုပ်ဖို့လိုအပ်တယ်လို့ထင်ပါတယ်လေ။ ကျမ်းမာရေးရူဒေါင့်ကနေကြည့်ရင်ဘဲဖြစ်ဖြစ် လှပကျော့ရှင်းဖို့ဘဲဖြစ်
ဖြစ်အားတင်းပြီး ဝါသနာတခုအနေနဲ့ လုပ်ကြရအောင်။


နောက်တခုက တရားထိုင်ခြင်းပါဘဲ။ ကျမတော့ တရားစခန်းကို ၂ခါဘဲဝင်ဖူးတာပါ။ တခုကဇာတိမြို့ လေး
မှာဖြစ်ပြီး နောက်တခုက ရန်ကုန်မဟာစည်တရားစခန်းမှာပေါ့။ ရန်ကုန်မှာတော့ လူတွေအများကြီးဘဲသိပ်
နားမလည်သလိုလို ငိုက်နေတာရယ် လွင့်နေတဲ့စိတ်ကိုပြန်ဖမ်းနေတာနဲ့ တရားစခန်းတောင်ပြီးသွားတာဘဲ။
လူကဘာမှန်းကိုမသိလိုက်ပါဘူး။ကျိုင်းတုံမှာစထိုင်တုံးကတောင်ဟုတ်တုတ်တုတ်ရယ်။ ကျမဂျာမဏီနဲ့
ဟော်လန်ရောက်တော့အလုပ်လည်း မရှိ၊ အပေါင်းအသင်းလည်းမရှိအားနေရင်အလကားဘဲဆိုပြီး အွန် လိုင်းကနေဟိုဟိုဒီဒီကြည့်ရင်း
စုပေါင်း တရားထိုင်တဲ့ နေရာတခုကိုရှာတွေ့တယ်လေ။ 

ပထမဆုံးကထိုင်းမှာနေတဲ့ ယောဂီဝတ်ဆရာမလေးပါ။သူမအားတော့မလေးရှားမှာရှိတဲ့ ယောဂီဝတ်ဆရာ
တယောက်နဲ့ မိတ်ဆက်ပေးသွားတယ်လေ။ သူတို့က Webcam ကနေတဆင့်ကျမတို့ကိုဘယ်လိုထိုင်
ရမယ် ဘယ်လိုလုပ်ရမယ်လို့ သင်ပြပေးပြီး စုပေါင်းထိုင်ကြတာပါတရားထိုင်သူတွေကတော့ကမ္ဘာအနှံပါဘဲ အချိန်တွေလည်းကွဲပြားကြတယ်။ ကျမအတွက်တော့ မနက်၁၁နာရီလောက်ရှိတယ်။ နောက်ပိုင်း အလုပ် လုပ်တော့ သူတို့နဲ့မထိုင်ဖြစ်တော့ဘဲ ကိုယ့်ဖာသာကိုယ် ထရား မှတ်ပါတယ်။ အဲဒီတုံးက ဆရာဆရာမတွေ က တရားမေးပါတယ် ဘယ်လိုခံစားတယ် ဘယ်လိုဖြစ်တယ် ဆိုတာ သူများတွေမေးတာလည်း ကိုယ်က နားထောင်ပြီး သဘောပေါက်နားလည်ရတာပေါ့။ အလုပ်လုပ်နေရလို့အကြောင်းပြပြီး ကျမလည်းနေ့တိုင်း
တောင်မထိုင်ဖြစ်တော့ဘဲ တရားထိုင်ခြင်းနဲ့ တဖြေးဖြေးဝေး ကွာလာတယ်လေ။တကယ်ကောင်းတဲ့ အကျင့် ကိုကိုယ့်ဖာသာကိုယ်ဘဲပြန်ဖျက်နေတာပါ။အဲဒီအချိန်တုံးကဆို စိတ်အေးချမ်းသာတယ်။ စိတ်ကိုတည် ငြိမ်
အောင်ထိန်းတတ်လာတယ်။ မိမိခန္ဓာကိုယ်အတွက်ရော စိတ်အတွက်ရော လေ့ကျင့်ပေးရမယ်လေ။ ဒါတွေ
ပြီးတော့ အာလူးလေးကဖုတ်ချင်သား..ဟဟ..ဒါနဲ့ ဘလော့လေးနဲ့တောင်ပြောမြောက်ပြောလုပ်နေတာပေါ့
ဗျာ အတော်တော့ဟုတ်သားဘဲ ဖေ့ဘုတ်ကြီးထဲမှာ မထည့်ချင်လို့ နောက်ပိုင်းမှာ ပို့စ်တခုပြီးရင် Google+ နဲ့
ရှယ်တာမျိုးတွေလုပ်ကြည့်တာ ဟိုးတလောက Google+ ဆိုတာကို သွားဖွင့်ကြည့်မိတယ်။ အိုးလာလား.. ဟုတ်ကြောင်းမဟုတ်ကြောင်း သူတို့မှားတာလားမသိဘူး..views ၁.၄ သန်းရှိတယ်တဲ့ @_@ ဟီး ဘာတွေ
ကြည့်တာလဲတော့မသိဘူး...တခုတခုတော့တခုခုဘဲ..။

ကျမအဲဒီလိုတနေ့ ၂၄ နာရီကိုအသုံးချတာ တစက္ကန့်မှမလပ်ရဘူး ပျင်းချိန်ဆိုတာ မရှိတော့တာ ကြာပေါ့ ။

ကောင်းမယ်ထင်တာလေးတွေကို အတင်းဝါသနာပါခိုင်းပြီး ကိုယ့်ခန္ဓာကြီးကိုဖိခိုင်းနေရ တာပါဘဲ..ဘဝဆို တာနေတတ်ရင်လည်းကျေနပ်စရာပါဘဲဆိုတာ တကယ်ပါ။ မကျေနပ်လည်း နေတတ်အောင် နေပျော်
အောင် စိတ်ပျော်ရွှင်ဖို့နည်းလမ်းတွေရှာကြံကြပါစို့လေ...
ဒါနဲ့စကားမစပ် ပြောပြချင်တာတွေတော့အများသား..အလုပ်ထဲကအကြောင်း စားကြောင်းသောက်ကြောင်း
ဟိုအကြောင်း ဒီအကြောင်းတွေပေါ့ရှင်..ပျင်းတဲ့စိတ်ကိုပြန်ဆွဲစေ့ရအုံးမယ်လေနော်.. :D

အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
မီးမီး

12 comments:

  1. ကောင်းတဲ့အလုပ်ဆိုရင်
    လုပ်သာလုပ်ပါ...ဒေါ်မီးရာ
    km

    ReplyDelete
  2. Ma Mee Nage!
    Great! Great!
    Khine

    ReplyDelete
  3. I'm waiting your "အလုပ်ထဲကအကြောင်း စားကြောင်းသောက်ကြောင်း
    ဟိုအကြောင်း ဒီအကြောင်းတွေ"... Ma Mee....:D

    Linn Nyo

    ReplyDelete
    Replies
    1. စားကြောင်းတွေအတွက်
      စုထားတဲ့ဓါတ်ပုံတွေ
      အိမ်ကချစ်ချစ်ကြီးလုပ်လို့
      ပျက်ကုန်တာနဲ့
      ဓါတ်ပုံမပါဘဲ
      ရေးထားတာစိတ်ဝင်စားစရာ
      မကောင်းဘူးထင်လို့
      မတင်ဖြစ်ဘူး..
      ဟီး..
      သူများဓါတ်ပုံတွေနဲ့
      ဌားပြီးတင်အုံးမှ... :)))

      Delete
  4. ဟန်ကြည်July 12, 2014 2:45 AM

    ကောင်းမယ်ထင်တာထက် ကိုယ်ကြိုက်တာချည်း လုပ်ဖြစ်နေတာ ကြာပေါ့ဗျာ...စာရေးပါမယ်ဆိုမှ စာချည်းဖတ်ဖြစ်နေတာက တစ်မျိုး အိပ်ရေး၀၀အိပ်ပါမယ်ဆိုမှ ဘောလုံးပွဲချည်း ကြည့်ဖြစ်နေတာက တစ်မျိုး...ခက်ပါ့...း))

    ReplyDelete
    Replies
    1. ဘောလုံးပွဲကတော့သိပ်မကြည့်ဖြစ်ပါဘူး..
      နားမလည်တာလည်းပါပါတယ်
      ဆြာဟန်ကစာရေးအတော်ကောင်းတာဘဲ
      ရေးသာရေးပါဗျာ...
      ပြောမဲ့သာပြောတာပါ
      ကိုယ့်စိတ်ကိုထိန်းနိုင်ဖို့ကကမ္ဘာမှာ
      အခက်ဆုံးအလုပ်တခုပါဘဲလေ..
      ကျမလည်းထိုနည်းလည်းကောင်းဆိုပါတော့..း))

      Delete
  5. I know that you are now working.
    At the other hand, you are also trying to fulfill your house wife duty.

    However, I want to see your posts @blog as much as possible even though you might be busy and have less free time.
    It might not be fair for you, but it is my desire as the same as most of your friends.
    I can read Burmese fonts because Myanmar font is installed @my computer. But I do not know how to type it.

    Bye buddy.
    Minn Linn Nyo Thwe

    ReplyDelete
    Replies
    1. Thank you very much for cheer me up.
      After I wrote in my blog for more than 3 years,
      I feel like I love to write too.
      I love to talk with all my friends.
      When I write I use the style (think of my friends,
      like you who come and read my blog)and I talk with them.
      Share my experience, my culture, my food and my style.
      That all, with my limit knowledge my blog doesn't have lesson
      or give something for soul though ba la ba la....
      hehehe
      But I share all my fun with my friends. Right :P
      When I start made the blog I didn't know how to type in Burmese too.
      But now very easy and very fast...
      One day you can type easily as ABC....
      By the way your name very beautiful ...
      Thanks buddy

      Delete
  6. ကိုယ်လည်းအဲလိုဘဲရေးချိန်ယူဘို့ တော်တော်ခက်နေတယ်။
    ဒါပေမဲ့မီးမီးရဲ့ ပို့ စ်အသစ်လေးတွေကိုတော့အမြဲမျှော်နေတယ်နော်။
    အထူးသဖြင့်ကျိုင်းတုံအစားအစာတွေပေါ့။း)
    အိုင်အိုရာ

    ReplyDelete
    Replies
    1. မရေ..
      အချိန်ယူနေတာကကြာသွားလို့
      နဲနဲပျင်းသွားတာလေ..ဟီး
      ကျမလည်းကျိုင်းတုံကအစားအစာ
      အကြောင်းရေးဖို့တူမလေးတွေရဲ့ဒါတ်ပုံတွေ
      ကစ်ထားတာရှိတယ်..
      သားရေစာလေးတွေပါ..
      ရေးပေးမယ်..း))

      Delete