Friday, June 27, 2014

ကျိုင်းမိုင်@ဇင်းမယ်မှမနက်စာများ..

မင်္ဂလာပါရှင်~~~

ဟိုဟိုဒီဒီစဉ်းစားရင်လည်းတနေ့နေ့ ဘာချက်စားရင်ကောင်းမလဲ ဆိုတာဘဲစဉ်းစားမိပါတယ်။
တနေ့ ၃ နပ် 
စားဖို့ကကျမတို့မှာ တာဝန်ရှိတယ်လေ မဟုတ်ဘူးလား။ မနက်စာကို
တော်တော်
များများက
ကော်ဖီ ပေါင် မုန့်တို့နဲ့ပြီးတတ်ပေမဲ့ ကိုယ်တို့ရှမ်းတွေကျတော့ အငွေ့တထောင်းထောင်းထနေတဲ့ ခေါက်ဆွဲတို့ ကောက် ညှင်းပေါင်း နန်တုန်(အသားခဲ) ဝက်ခေါက်ကြော် ထိုဖူးသုပ် ဒါမျိုးတွေစားမှဝမ်းမီးကငြိမ်းတယ်လို့ထင်တာ ကိုး..။ ဒီမှာလည်းမနက်ဆိုရင် ကော်ဖီခွက်တွေကိုင်ပြီးအလုပ်ကိုအပြေးအလွှားသွားကြရင်းလမ်းမှာသောက်ကြတာများတယ်။သူတို့ အခေါ် Cereal ပြောင်းဖူးတို့ ကွေကာအုပ်လို့ ကျမတို့သိတဲ့အစာတွေနဲ့နို့သောက် ကြတာဘဲ။ အိမ်မှာနေတဲ့အချိန်ဆိုရင် သူတို့လည်း မနက်စာကို ကျကျနနစားကြတာ။ ပရိုတိန်းဓါတ်ကအ
ရေးကြီးတယ်ဆိုပြီး ကြက်ဥ ဝက်ပေါင်ခြောက် ချိစ်တွေ အသီးအနှံတွေ ပန်ကိတ်တွေ စားကြတယ်။ ကိုယ် ကသိပ်မကြိုက်တော့ စားစရာမရှိသလိုခံစားရတယ်လေ။

ရန်ကုန်မှာဆိုရင် မုန့်ဟင်းခါး အုန်းနို့ခေါက်ဆွဲ ပဲပြုတ်ထမင်းကြော် အကြော်စုံ..ရွှေးစရာတွေအများကြီး..။ကျိုင်းတုံမှာတော့ ထိုဖူးနွေး ခေါက်ဆိန့်  ကောက်ညှင်းပေါင်း..အိုး...အများကြီးပါဘဲ။ ဒီမှာတော့ နောက်ဆုံးခုလောလောဆယ် ဒိန်ချဉ်ဗူးလေးနဲ့ နှစ်ပါးသွားလေးကနေရတာပေါ့ အရင်ကခေါက်ဆွဲထုတ်တွေပြုတ်စားတတ်တယ်။ ဓါတုပစ္စည်းတွေပါတာများလို့ ခုရပ်လိုက်တယ်။ ဟိုး..တလောက တီဗီထဲမှာ ကျိုင်းးမယ်ကစားသောက်အကြောင်းတွေကြည့်ရင်း သတိရလာလို့..ပြောပြအုံးမယ်။

ကျမဟိုမှာ ၉ နှစ်နေခဲ့တဲ့ကာလတလျောက်လုံး မနက်မနက်ဆိုရင် ကော်ဖီတို့ဘာတို့ဆိုတာ ဝေးဝေးရှောင် တယ်။ အဟဲ..ရှောင်လို့လည်းရတယ်လေ..စားစရာမှအများကြီး..။ မနက် ၈ နာရီအလုပ်ထဲဝင်ရတာကို  ၇ နာရီထိုး နာရီနိုးစက်ကအော်မှ ပိတ်ပြီး ပြန်နှပ်နေတတ်သေးတယ်။ အိပ်ယာကထ ရေချိုးခန်းဝင် အဝတ် အစားလှဲပြီး အလုပ်ကို အပြေးအလွှားသွားရတယ်။ အိမ်နဲ့ အလုပ်က ၁ဝ မိနစ်တိတိ လမ်းလျောက်ရတယ်လေ။ မနက်စာကိုအလုပ်ရောက်ပြီး Time-card လုပ်၊ အလှပြင်..ဟီး..အိမ်မှာကအဝတ်လောက်ဘဲလှဲဖို့အ ချိန်ရှိတာလေ။ အားလုံးအဆင်သင့်ပြီးသွားမှ မနက်စာကို မော်တော်ဆိုင်ကယ်ဘေးတွဲယာဉ်တွေလာရောင်းတာကို ဒူးလေးနန့်လို့စောင့်နေရုံပါဘဲ။ 

credit to google


လမ်းဘေးတနေရာကမော်တော်ယာဉ်ခေါက်ဆွဲဆိုင် 
ခေါက်ဆွဲသည်နဲ့ ထမင်းသည် မနက် ၉နာရီမထိုးခင်လောက်ဆိုလာတယ်။ထမင်းသည်က မနက်ဆိုရင်ကောက်ညှင်းနဲ့ အသားကင်တွေ အမယ်စုံလှသော ငရုတ်သီးထောင်းအမျိုးမျိုးတွေ ရိုးရာဟင်းတွေ ပါလာတတ်တယ်။ ပိန္နဲသီးပြုတ်သုပ် နဲ့ ဟင်းပေါင်းတွေ မျှစ်ချဉ်စင်းအစပ်ချက်ကတော့ အမြဲပါတတ်တယ် ဇင်းမယ်သူတွေတော့ ကောက်ညှင်းပေါင်းတွေစားတတ်ကြတယ်။ ဟင်း၂ထုပ် နဲ့ ကောက်ညှင်းပေါင်း ၁ ထုပ်ဝယ်မှ ၁ဝ ဘတ်တောင်မကျဘူး။ တမျိုးမှ ၂ ဘတ် ၃ဘတ်လောက်ဘဲပေးရတာ..။ အဲဒီတုံးကငွေဈေးကလည်း ၂၅ ဘတ်ကို ၁ဒေါ်လာဈေးလေ..။
အမဲသားခေါက်ဆွဲ
credit to google
အမဲသားလုံး ဝက်သားလုံး အမဲသားအကြောတွေပါတဲ့အသားတုံးကြီးကိုနူးနေအောင်ပြုတ်ထားပြီးဟင်း
ရည်အိုးထဲစိမ်ထားတာ၊ မှာစားမှ ဆယ်ပြီးလှီးချွတ်ပေးတာ..ဘေးကနေ အကြောပိုင်းတွေ နဲနဲပိုထည့်ပါ
ခေါက်ဆွဲနဲနဲဘဲထည့်ပါ ပဲပင်ပေါက်များများ အရွှက်များများ ဒီလိုအမှာစကားအများကြီးပြောတတ်တဲ့ဖေါက်
သည်ကြီးမယ်ငီးကို သူတို့တခါမှ မငြူစူဘူး၊ပြုံးပြုံးလေးနဲ့ထည့်ပေးတတ်တယ်။ "နမ့်တုတ်"လို့မှာရင် သွေးအ
စိမ်းကိုပန်းကန်ထဲတဇွန်းလောက်ခပ်ထည့်ပေးပြီးဟင်းရည်ပူပူနဲ့ ရေဆူဆူမှာဖျော်ထားတဲ့ခေါက်ဆွဲပူပူကို

လောင်းထည့်ပေးလိုက်ရင် ဟင်းရည်ကခပ်ညိုညိုအရောင်နဲ့ လေ..သူတို့တော့ အရမ်းစားကြတာဘဲ။ ကိုယ်
တော့တခါလောက်စားဖူးသွားရင်ပြီးတာဘဲ။ အမြဲတမ်းစားလေ့မရှိဘူး။ သူတို့အသားက အရမ်းနူးတော့
တော်ရုံသူ့ဆီမှာစားရင် အမဲသားလုံးဝက်သားလုံးမှာစားဖို့ သတိမရကြဘူး..။ နူးအိနေတဲ့ အသားနဲ့ စားကြ

တယ်လေ။ခေါက်ဆွဲသည်လင်မယားမှာ ခလေးလေးတယောက် ကျောင်းပိတ်ရင်လိုက်လာတတ်တယ်။ သူကအရုပ်တွေကို တန်းစီချထားပြီးပေါင်ချိန်တရားစီရင်ခန်းကွ..ဆိုပြီး..ဓါးနဲ့အားပါးတရ ခေါင်းတွေဖြတ်
နေလို့..တော်တော်လန့်သွားဖူးတာ အမှတ်ရနေသေးတယ်။ (အဲ..ခေတ်က
ပေါင်ချိန်ခေတ်လေ...) ခုံတွေပါတွေလည်းမပါပါဘူး။ ဒီလိုမိုးတိုးမတ်တပ် နဲ့ဘဲ ရှလွှတ်ရှလွှတ်လုပ်ခဲ့ရတာဘဲလေ..။
ငါးဆန်ပြုတ် credit to google
စိတ်ကူးပေါက်ရင် (မန်နေဂျာနဲ့လည်းကြည်တဲ့သူဆိုတော့..ဟီး) အပြင်မထွက်ရဆိုပေမဲ့ မားကတ်တင်း အဖွဲ့ကသူတွေဆိုင်ကယ်နောက်ကကပ်ပြီး လမ်းထိပ်ကဈေးထဲမှာ ပဲနို့ရည်နဲ့ အီကြာကွေး၊ နို့မို့ရင်လည်း သူတို့အခေါ် ကျူတ် ကိုယ်တို့ကတော့ဆန်ပြုတ်ပေါ့ ဒါပေမဲ့ ထိုင်းမှာ ဆန်ပြုတ် ၃မျိုးရှိတာဗျ..။ သူတို့မနက် မနက်စားတတ်တဲ့ဆန်ပြုတ်ဆိုတာက ထမင်းကိုအသားပြုတ်ရည်လေးနဲ့ပြန်ကျိုပြီး အသားလုံးတွေ တရုတ်နံနံပင်တွေထည့်တာ။ ငါးတွေ ပုဇွန်တွေနဲ့လည်းစားတတ်တယ်လေ။ ဒါကိုသူတို့က ဆန်ပြုတ်လို့ခေါ် ကြတယ်။ ခေါက်တုမ်..ပေါ့..ရှမ်းလိုအခေါ်ခြင်းတူကြပါတယ်။

ခေါက်တုမ်ကွီး credit to google
နောက်ဆန်ပြုတ်တခုက ဆန်ပြုတ်အဖြူထည်ကို ဟင်းတွေနဲ့စားတာ၊ ဟင်းကလည်း ခပ်ခြောက်ခြောက်ပေါ့ ဝက်အူချောင်းကြော် ဆားငံဘဲဥ မုန်ညှင်းရှလကာရည်စိမ် ကန်စွန်းရွှက်ကြော် ပုဇွန်ခြောက်သုတ်တို့ဘာတို့
ပေါ့..။ ညလည်စာတို့ ညစာခပ်ပေါ့ပေါ့စားချင်ရင် အဲလိုစားတတ်ကြတယ်။ ဒါကိုတော့ ခေါက်တုမ်ကွီး..တဲ့

ကျူ တ် credit to google
နောက်တခုကကျမကြိုက်တဲ့ "ကျူတ်"ဆိုတာပေါ့။ ဆန်ကိုအစေ့ပျောက်အောင်ကျိုထားတာလေ။ဂျင်းများများ
နဲ့ဆိုရင် ဂွတ်မှဂွတ်ဘဲ စပယ်ရှယ်ဆိုရင် ကြက်ဥတလုံးဖောက်ထည့်ပေးပါတယ်။

 
ကျိုင်းမယ်မုန့်ဟင်းခါး(ကျိုင်းတုံမုန့်တီနဲ့အတူတူဘဲ)
 credit to google
ဈေးသည်ဆီကနေ သူတို့မုန့်ဟင်းခါး (ကျမတို့ကျိုင်းတုံမုန့်တီလိုဘဲလေ ဝက်သွေးနဲ့ချက်တာ၊သူတို့ ကတော့ မုန့်တီဖတ်သေးသေးမျှင်မျှင်နဲ့စားတယ်လေ။မြန်မာမုန့်ဟင်းခါးလိုပေါ့) လည်း ၃မျိုးလောက်ပါတတ်ပါတယ်။
ကျိုင်းမယ်မုန့်ဟင်းခါးက ဝက်သားနဲ့ချက်ပြီး ထိုင်းမုန့်ဟင်းခါးက ငါးနဲ့အုန်းနို့ပါတယ်။ နောက်..အောက်ပြည်
နယ်ဖက်ကဆိုရင် တကယ်စပ်တယ်။ နောက် ကြက်သားနဲ့ချက်တဲ့ အစိမ်းရောင်ဟင်း( ကိုင်ခေဝ်ဝမ်)၊ အနီ
ရောင်ဟင်း(ကိုင်ဖစ်) တို့ဆိုတာက ထမင်းနဲ့စားသလိုမုန့်တီဖတ်နဲ့လည်းစားတတ်ကြတယ်။ ကျမတို့လို ဟင်း
ရည်အများကြီးဆမ်းစားတာမျိုးမဟုတ်ဘဲ အသုပ်သဘောမျိုး အရည်နဲနဲလောက်ဘဲစားတယ်လေ။မော်
တော်ဆိုင်ကယ်သမားလာရောင်းရင် ဟင်းရည်တွေကနဲနဲနွေးနွေးလာက်ဘဲရှိတော့တာ။ သိပ်မပူတော့
ကျမတော်ရုံမဝယ်စားဖြစ်ဘူး။ မုန့်ဟင်းခါးဆိုတာ ပူပူလေးမှ ရှလွှတ်လို့ကောင်းတာလေနော့် ^_^

ငါးနဲ့ချက်တဲ့မုန့်ဟင်းခါး(ခနုမ်ဂျင်းနမ့်ယာ..လိုခေါ်တယ်)
 credit to google
"ခနုမ်ဆိန့်" "ခနုမ်ဂျင်း" ဆိုတာမုန့်တီဖတ်ကိုခေါ်တာ။ ဒီတော့ ကျိုင်းမယ်ကမုန့်တီကို "ခနုမ်ဂျင်းနမ့်နေအိုဝ်" လို့ခေါ်ပြီး ငါး၊အုန်းနို့နဲ့ ချက်တာကိုတော့ "ခနုမ်ဂျင်းနမ့်ယာ" လို့ခေါ်ပါတယ်။ "ခနုမ်" တလုံးထဲကျတော့ မုန့်လို့အဓိပ္ပါယ်ရပါတယ်။ အင်း..မြန်လိုအသံထွက်ကိုအနီးစပ်ဆုံးရေးကြည့်တာပါဘဲ..နမ့်ယာဆိုတဲ့ ငါးနဲ့ ချက်တာ ခုနောက်ပိုင်းသွားတော့ ငါးအသားလုံးတွေထည့်ပေးတတ်တာတွေ့ရတယ်။ စားလို့အရမ်းကောင်း
ဘဲ။ အားလုံးတူတာတခုက ကပ်စားရတဲ့အရွှက်တွေ အမယ်အများကြီးရှိတာပါဘဲ။ ကျမတော့တကယ်ကြိုက်
တယ်။ 


သွားရင်းလာရင်းနဲ့ ဘန်ကောက်တနေရာမှာ မုန့်တီဘူဖေးတွေ့ဖူးတယ်။ ဟင်းရည်မျိုးစုံနဲ့ပေါ့။ အဲဒီအချိန်တုံး
ကဗိုက်ပြည့်နေတဲ့အချိန်ဆိုတော့ မဝင်လိုက်ရဘူး..။ ကဲ..နောက်တခါကျရင် ကျိုင်းမယ်က နံမည်ကြီးဆိုင်
ကနံမည်ကျော်တဲ့ ခေါက်ဆွဲတွေအကြောင်းပြောပြအာလူးဖုတ်မယ်နော်...ဒီနေ့တော့ မနက်စာ ဒိန်ချဉ်လေး
စားလိုက်အုံးမယ်...း))))


အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
မီးမီး

6 comments:

  1. ထိုင်းမုန့်တီ၊ မုန့်ဟင်းခါးတွေ
    အားလုံးကြိုက်တယ်..
    km

    ReplyDelete
    Replies
    1. အကြိုက်ခြင်းတူနေပေါ့း)))

      Delete
  2. တူတယ်မမီးရေ..မနက်ဆို ဒီကလည်း ဒိန်ချဉ်ဘဲလေ...လွယ်တယ် ဗိုက်လည်း လေမပွဘူး
    ဆန်ပြုတ်လည်း ဆန်အစေ့ပျောက်အောင် ကျိုထားတဲ့ဟာမျိုး ကြိုက်တယ်
    ဒီမှာစားတတ်ကြတဲ့ မနက်စာ ပေါင်မုန့်လေးတွေတော့ ကြိုက်ပါတယ်။
    အလုပ်များတဲ့ နေ့မျိုး တွေမှာ မနက်နဲ့ နေ့လည်စာကိုပေါင်းပြီး belegtes Brötchen
    လေး စားလိုက်ရင် အတော်ပဲ။

    ReplyDelete
    Replies
    1. ဒိန်ချဉ်ကအရွှယ်တင်တယ်ဆိုဘဲ..
      အရွှယ်လေးလည်းတင်ချင်သား..ဟီး
      ဆန်ပြုတ်ကြိုက်တဲ့သူနည်းတယ်လို့အသိတယောက်ပြောဖူးတယ်။
      ကိုယ်တော့ ကြိုက်တယ်။ Germanyမှာနေတုံးကစားဖူးတဲ့၊
      Spinach and Feta Puff Pastry အရမ်းကြိုက်ဘဲ၊
      အိမ်နားကဆိုင်မှာရတယ်လေ..။
      ယူရိုဖက်ကအသားသွပ်ပေါင်မုန့်တွေက၊
      ရှင်းရှင်းလေးအမေရိကထက်
      အများကြီးကောင်းတာအမှန်ဘဲ ^_^

      Delete
  3. ဒီလိုပို့ စ်မျိုးဆိုသိပ်စိတ်ဝင်စားတာပေါ့။
    ထပ်တင်အုန်းနော်။
    မုန့် တီဘူဖေးစားချင်တာမီးမီးရာ။
    အိုင်အိုရာ

    ReplyDelete
    Replies
    1. ဒီတခါပြန်ရင်စားဖြစ်အောင်စားခဲ့မယ်..
      ဟင်းရည်တွေက ၇ မျိုးလောက်တောင်ရှိတာတဲ့..

      Delete