Monday, June 9, 2014

စကားပြောခြင်း...

မင်္ဂလာပါရှင်~~~
စကားပြောခြင်းလို့ လှတပတလေးအမည်တပ်လို့ရသလို တနည်းအားဖြင့်လည်း မယ်ငီးအာချောင်ရခြင်းအ
ကြောင်းရင်းလို့ပြောလည်းရမယ်နဲ့ တူပါတယ်..အဟဲ


နေရင်းထိုင်ရင်းနဲ့ကိုအချိန်တွေဆင်းရဲလာလိုက်ကြတာ ..ဒီလိုနဲ့ဘဲတရက်ရက်ပြီးသွားတာလည်း ဟုတ်သေး
ဘူးလေ..ပြောချင်ရေးချင်အာလူးဖုတ်ချင်တာပေါ့..ဒီ နှစ်ယောက်ထဲရူးတဲ့ နယူးယောက် တဝိုက်မှာတော့မြန်
မာလိုအားပါးတရပြောဖို့မိတ်ဆွေက ရည်တွက်ကြည့်လည်း လက်ဝါးတဖက်စာမှမရှိတာကိုး... :P
 

အိမ်ကချစ်ချစ်လည်းသူ့အလုပ်နဲ့ လုံးချာလည် ကိုယ်လည်း ဒီအချိန်ပိုင်းအလုပ်လေးနဲ့ ချာချာလည်ပြီးမောနေ တယ်လေ..။ သူများတွေလို ပရိုတွေဘာတွေအမြှီးရှည်ရှည်နဲ့ကျောင်းပြီးတာမဟုတ်တော့လည်း ကိုယ့်နဲ့တန် တဲ့အလုပ်ကိုဘဲ ကုပ်ချောင်းချောင်းလေးသွားလုပ်နေရတာကိုဘဲကျေနပ်နေတာပါ။ ကျမ ထိုင်းမှာတုံးက အ တူတူအလုပ်လုပ်ခဲ့ဖူးတဲ့အမပြောသလိုပါဘဲ..သူကပြောပါတယ် ကျမတို့ထိုင်းမှာ ထိုင်းစကားကို အချိန်တိုတို နဲ့ တော်တော်ပြောတတ်လာတာ လုပ်တဲ့အလုပ်ပေါ်မှာလည်းသက်ဆိုင်တာပါတဲ့။ လွယ်လွယ်ပြောရင်ဈေး
ရောင်းတာကိုး...အာချောင်ရတာပေါ့.ပြောနေမှပိုက်ဆံဝင်မှာလေ.နိုင်ငံခြားခရီးသွားတွေကိုအဓိကထားပြီး
ရောင်းတော့ ဘာသာစကားကအဓိကကျတယ်လေ။ ဘာသာစကားအများကြီး တတ်ရင်လခပိုကောင်းတယ်

လေ..။ အင်္ဂလိပ်အပြင် ပြင်သစ် ဂျာမဏီ စပိန်စကား ဒီ ၃ ခုထဲကတခုခု တတ်ကိုတတ်မှရတယ် ။ ရန်ကုန် တက္ကသိုလ်ကျောင်းပြီးတိုင်း အေဘီစီ တတ်တိုင်းလည်း ဘွတ်ဒွတ်ရွှတ်က မရွှတ်တတ်..ပထမဦးဆုံးအလုပ် ကဗိုလ်ချူ ပ်ကတော်တယောက်ရဲ့ ရတနာဆိုင်မှာ ရတနာရောင်းစာရေးပေါ့ အဓိကဖေါက်သည်တွေက ထိုင်းအတက်တန်းစားတွေများပါတယ်။ ဒီတော့ ဘိုစကား မပြောတတ်လည်းရတယ်လေ..။ အိမ်လည် လာပြီးမယ်ငီးနဲ့တွေ့ သဘောလည်းကောင်း ဗိုလ်ချူပ်ကတော်နဲ့ ရှယ်ယာဝင်ထားတဲ့ အမေရိကန်နိုင်ငံသား ခံယူထားတဲ့ မြန်မာကရင် အန်ကယ်ကြီးကျေးဇူးနဲ့ အဲဒီအလုပ်ရတာပါ။အဲဒီမှာကတဲက အာချောင်ဖို့ စခဲ့ တယ်ဆိုပါတော့။ ဟီး...

သူတို့တွေလည်း ကိုယ်တို့ဆီမှာလိုပါဘဲဘယ်လောက်အသက်ကြီးကြီး "မမ မမ"လို့ခေါ်ပြီး ဖားရ တာပါဘဲ။
အဟဲ..နဂိုလ်ကတည်းက ထိုင်းစကားကအိညောင်အိညောင်ပြောရပါတယ်ဆိုမှ ကျိုင်းမယ်စကားက ပိုဆိုး
သေးတယ်ဆရာ..စကားလုံးနောက်ဆုံးမှာ "ခ " လို့မပြောဘူး..ကျောက်!!!!!!!!!!! ဆိုပြီး ရှည်ရှည် လေး
ဆွဲတယ်လေ ကိုယ့်ကိုကိုယ်"ခကျောက်"ဗမာလိုဆိုရင်"ကျွန်တော်မ"ဒီလိုဘာသာပြန်ရမယ်နဲ့တူတယ်။ ကျမ တို့ကျိုင်းတုံရှမ်းတွေ ယဉ်ယဉ်ကျေးကျေးပြောမယ်ဆိုရင် ကိုယ့်ကိုကို"ဟောင်းခ" "ခဟောင်း" ပြောသလို

ပေါ့ရှုင်..။ အဲဒီဗိုလ်ချု ပ်ကတော်ဆိုင်မှာ တနှစ်ကျော်လုပ်ခဲ့တာ အိညောင်အိညောင်စကားတော်တော်တတ်
ခဲ့တယ်လေ..ဟီး..အဓိကတော့ သူတို့ဆီမှာ မျိုးရိုးနံမည်ကြည့်ပြီး ဆက်ဆံရေး ပုံစံတွေ အမျိုးမျိုး ရှိပါကော လား..မင်းမျိုးဆွေကြီးမျိုးတွေ သူတို့တွေ ဆိုင်ကို လာရင်တကယ်စကားပြောနူးညံ့တာဘဲ ...သူတို့ လည်း
တော်တော်ရိုရိုသေသေပြောရတာတွေ့ရတယ်။ ခါးရိုးကျိုးမတတ်ကုန်းပြီး စဝပ်ဒီကျောက်!!!!!!!! လုပ်ခဲ့ ရတာပေါ့။ 


မယ်ဆိုင်ကထိုင်းတွေ "မိန်း"စကားပြောတာ ဒီလောက်နားထောင်မကောင်းဘူး.. ထိုင်းမြောက်ပိုင်းကစကား ကို မိန်းစကားလို့ခေါ်တယ်လေ..။ ကျိုင်းမယ်ဖက်ကတော်တော်နားထောင်လို့ကောင်း တာ..ဘန်ကောက် မှာ သူငယ်ချင်းဟောင်းတွေနဲ့ပြန်တွေ့တာ ကျမလည်းမပြောရတာ ကြာတဲ့"မိန်း"စကားပြောတော့တော်
တော် အရသာ ရှိတာဘဲ..ပြီးခဲ့တဲ့အပတ်က CNN မှာလာတဲ့ PartsUnknown    ထဲက ထိုင်းမြောက် ပိုင်းဒေသအစားအစာနဲ့ပတ်သက်တာကြည့်ပြီးရင်ထဲမှာလိုက်ကနဲဘဲသတိရလိုက်တာ..အဲဒီ အထဲမှာနမ့်ဖစ်
အောင် ခရမ်းချဉ်သီးချက်ပြီး ကောက်ညှင်းပေါင်းနဲ့စားကြတာ အားပါးတရဘဲ..ကြည့်ရင်း သားရေတောင် ကျပါတယ်ဆို..^_^ 

တခြားတိုင်းပြည်မှာ ထိုင်းစားသောက်ဆိုင်တွေဝင်စားရင်း မေးမိတယ် ဘယ်အပိုင်းကလာကြလည်းလို့ ထိုင်းမြောက်ပိုင်း ကဆိုရင် အမျိုးတွေနဲ့ပြန်တွေ့တဲ့အတိုင်းဘဲ နေဖူးခဲ့တဲ့နေရာလေးတွေ စားဖူးခဲ့တဲ့ဆိုင်တွေ ဒီမှာစားသောက်ဖို့ဘယ်လိုကြံဖန်ရတာတွေ ပြောကြဆိုကြနဲ့ ကျမကထိုင်းမဟုတ်ဘူး မြန်မာပြည်ကလာ
တာလို့ပြောရင် သိပ်မယုံချင်ကြဘူး..။ "ထိုင်းယိုင်" လို့ခေါ်တဲ့ရှမ်းပါလို့ရှင်းပြရတယ်။ သူတို့က ထိုင်းယိုင် လည်း ထိုင်းတမျိုးပါဘဲ..ဆိုပြီး ခင်သွားကြတာချည်းဘဲ...။ တမြေထဲကလာတဲ့ နိုင်ငံသားအချင်းချင်းတော့
ဒီလိုမဟုတ်ပြန်ဘူး..ခပ်တည်တည်ပါဘဲ..ပြုံးပြမယ်..ပြီးရင်..ပြီးပြီလေ..ဘာမှမဆက်တော့ဘူး.. အပေါင်း အသင်း ရှားပါးတော့ ဒီနေရာမှာဘဲ အပေါင်းအသင်းထားတော့တယ်။ ဒီနေရာမှာအာချောင်ရတာပေါ့
နော့်..ဟီး..။


ထိုင်းမှာ အလုပ်လုပ်ခဲ့တာလည်း အာချောင်အလုပ်ဆိုပါတော့..ဟော..ခုလည်း..အာချောင်အလုပ်ပါဘဲ..။ ကြံဖန်ပြီးတွေးယူရင်တော့ ကြာလာရင် ဘိုလို ဘွတ်ဒွတ်ရွှတ်ဒွတ်တွေ အပေါ်ယံ စကားတွေ ဟန်ဆောင် စကားတွေ ဘန်းစကားတွေ တော်တော်တိုးတက်လာမဲ့သဘောရှိတယ်..။ cashier ကိုမလုပ်ချင်ဘူး ကောင် တာမှာဘဲတချိန်လုံးရပ်နေရတာမမိုက်သလိုဘဲ..။ အရောင်းစာရေးမ ဒီဖက်ကတော့ sale associate လို့ခေါ်တာပေါ့။ ဒီမှာက အရင်လုပ်ခဲ့တဲ့ Longisland ထက်ပိုကောင်းတဲ့တခုက အလုပ်သမား ဦးရေပို များတယ်။ အဆောက်အဦက ၂ထပ် ပိုကြီးတယ်။ ပစ္စည်းတွေကို စီတာ ဖြည့်တာ သိပ်လုပ်စရာမလိုဘူး။ ကျမလုပ်ရတဲ့ ဋ္ဌာနပတ်ဝန်းကျင်မှာ  kohl's kiosk စက် ၂လုံးတောင်ရှိတာ..။ အဲဒါက  shipping ပေးစရာ မလိုတဲ့ online ကနေမှာဝယ်တာ၊ အိမ်ကနေ online ပေါ်တက်ပြီးမှာရင်တော့ shipping ခပေးရတယ်လေ။ အဲနားတဝိုက်မှာ ဟိုယောင်ဟောင် ဒီယောင်ယောင်နဲ့ မယ်ငီး လမ်းသလားနေရတာများပါတယ်။  လူတော်
တော်များများက အွန်လိုင်းဝယ်တတ်ကြတယ်။ ဆိုင်မှာ သူတို့ လိုချင်တဲ့ ပစ္စည်း အရွှယ်အစားမရှိရင် မှာကြ တာပေါ့..။ touchscreen ပါ သူတို့လက်ညိုးနဲ့တို့တို့ပြီးလုပ်နေကြပေမဲ့ တချို့ကလည်း သိပ်မကျွှမ်းကျင် ဘူးဆိုပါတော့။ ဒီတော့Associate မယ်ငီးအလုပ်ရှိလာရပြီလေ ^_^ တကယ်တမ်းပြောရရင် ကိုယ်လည်း မကျွမ်းပါဘူး..တောင် နှိပ်မြောက်နှိပ်နဲ့ မှန်တဲ့အခါလည်း ရသွားတာပေါ့။ မရခဲ့ရင်လည်း တခါတလေစက်က
ကြောင်ပါတယ်ဆိုပြီးဈေးဝယ်သူတွေကို သွားလေးဖြီးလို့ ပေါ်တင်ကြီး မုသာဝါဒတတ်ပါတယ်..ဟီး..


ဈေးဝယ်သူတွေလည်း အတော်မေးချင်ကြတာဘဲ..။  လည်ပင်းမှာ ကဒ်ဆွဲထားတာမြင်ရင်မရဘူး အစ်ကျူ မီ..ကနေစတာဘဲ..။တနေ့နေ့ သူတို့မေးတာအဖြေရှိဖို့လိုတယ်လေ..။ ဒီကလည်း လာခဲ့ သိပ်ဖြေချင် ပါတယ်။ လူပေါင်းစုံ အင်္ဂလိတ်အသံထွက် မျိုးစုံ နားလည်တာရှိ နားမလည်ရင်သွားဖြီးပြတာပါဘဲ..။မွေးခါစ
ခလေးအတွက် ဘယ်လို လက်ဆောင်ပေးရင်ကောင်းမလဲ..ဆိုတာမျိုး၊ ပါတီတခုသွားစရာရှိလို့ အခုဝယ် ထားတဲ့အင်္ကျီနဲ့ လိုက်တဲ့ ဖိနပ် အကြံပေးပါအုံး..၊ ဖုံစုပ်စက်တွေထဲမှာ ဘယ်စက်ကကောင်းဆုံးလဲ..။
Game တွေထဲက ပုံစံမျိုး ကလေးကစားစရာ နံမည်တွေရှိတယ် လာရွှတ်ပြပြီး ရှိလားလို့မေးတာမျိုး၊ လူလတ်ပိုင်းလောက်ရှိတဲ့ အမျိုးသားတယောက်ကပိုဆိုးတယ်..ရှပ်အင်္ကျီ ဘောင်းဘီ ခါးပတ် အားလုံး
တခုပြီးတခုသွားယူလာပြီး မယ်ငီးကိုလာပြတယ် ငါ့နဲ့လိုက်မလိုက်ပြောပေးပါ ဘယ်ဖိနပ်နဲ့လိုက်လည်း ရှာ
ပေးပါ..ဆိုတာမျိုး..တကဲ့ကို ရီလည်းရီရ စိတ်လည်းရူပ်တဲ့ အာချောင်ရတဲ့အလုပ်ပါရှင်...။ နောက်ရှိသေး..

ဖုံးနဲ့ လည်းတနေ့အနဲဆုံး ၄ခါလောက်တော့ ဖြေရတယ်။ စတိုင်နံမည်ရွှတ်ပြမယ် အရောင်လေးပြောပြမယ်
အဲ့လိုမျိုးဖိနပ်ရှိလားဟင်..တဲ့။ တခါခါလည်း သူများဝတ်ထားတာမြင်ဖူးလို့ ဘာတံဆိပ်လည်းတော့ မသိပါ ဘူးတဲ့ ..ပန်းရောင်ဖိနပ်လှလှလေး..ဆိုဘဲ.. @_@ မယ်ငီးလည်း တခါခါပြောရင်း စိတ်ပေါက်ပေါက်နဲ့ မြန်
မာလိုပြောလိုက်တယ်..ပေါတာကြီးရေ..ငါလည်းချောင်ကုန်ပြီ..ဟားဟား.....


ကဲ..ဒီလိုနဲ့လုံးချာလိုက်နေတော့ စာလည်းမရေးအားပါဘူး..ချစ်လှစွာသော အိမ်ကကျေးဇူးရှင်လည်း ဓါတ်ပုံ
တွေအားလုံးသူ့ရန်ကြောက်လို့ 32 GB ရှိတဲ့ MEMORY CARD ထဲထဲ့သိမ်းထားတယ်ပါတယ်ဆို သူက အဲဒါကိုယူပြီးသူ့GPSစက်ထဲသွားထည့်တယ်။စက် က auto  format လုပ်ချလိုက်တယ်တဲ့........... အမေရိကားတခွင် ၅နှစ်လောက် ရိုက်ခဲ့တာတွေ ကျိုင်းတုံကပုံတွေ အားလုံး ပလုံ....go went gone..ပါဘဲ..ပြောစရာစကားတောင် မရှိတော့ဘူး..


နောက်ဆိုရင်လူ့အကြောင်းတွေ စရိုက်တွေ အာလူးလာဖုတ်ဖို့ ကုန်ကြမ်းတွေရှိလာပြီလေ..။ တွေ့ကြအုံး
မယ်နော့်..း)))


အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
မီးမီး

10 comments:

  1. ဖတ်ပြီး ရယ်နေရတယ်။းD ကုသိုလ်ရတာပေါ့ အစ်မ။

    ReplyDelete
    Replies
    1. တနေ့တနေ့မထပ်ရဘူး..
      ရီနေရတယ်...အူကြောင်ကြားပါဆို...
      ကိုယ့်ယုန်သွားတော့ အအေးပတ်မတတ်ဖြီးထားရတာဘဲ
      :P ဟီး...

      Delete
  2. အရမ်းဖတ်လို.ကောင်းပါတယ် အမရေ ။ အမြဲလာဖတ်ပါတယ် ဗဟုသုတ ရတယ်။

    ReplyDelete
    Replies
    1. အားပေးတာ ကြိုက်နှစ်သက်တာ
      ကျေးဇူးတင်ပါတယ်...
      ဂျပန်ဇာတ်လမ်းတွဲတခု၊
      ကြည့်ဖူးတယ်။
      ကုန်တိုက်ကလူတွေအကြောင်းလေ..
      အဲလိုမျိုးစုံစီနဖာ ကြုံရင်အားလူးဖုတ်တာပေါ့..
း))))

      Delete
  3. မမီး မပျင်းရတော့ဘူးပေါ့ :D
    မပေါ်လာတာကြာလို့ မအားဘူးလို့တော့ ထင်သား :)

    ReplyDelete
    Replies
    1. သူများတွေကိုအားကျတယ်..
      ပိတ်ရက်မှာစက်ဘီးတွေနင်းပြီးလျှောက်လည်ချင်တာနော်..
း))))

      Delete
  4. ဖိတ်တော့ မအားဘူးတဲ့။ တစ်ဝိုင်းထဲ နေတဲ့သူကိုပဲ ခလုတ်တိုက်နေတယ်။ lolz

    ReplyDelete
    Replies
    1. ကိုပရိုကြီးကလည်း...
      အချိန်ပိုင်းအလုပ်သမားလေးက၊
      စနေမှာအလုပ်ဆင်းရတယ်လေ..။
      လက်ဝါးတဖက်စာထဲက၊
      အနီးကပ်ဆုံး" ဒစ်မင်းနဲ့ဒစ်ဝူးမင်း"
      ဘဲဟာ..ဟီး...
      လုပ်ထားသမျှမုန့်တွေလည်း၊
      သူများလက်ဆောင်ပို့ဖို့အဆင့်မမှီသေးလို့၊
      ဟွန့်...လက်ရည်တက်လာတဲ့တနေ့တော့၊
      တံခါးလာခေါက်မှာ..
      စိတ်ချပါ..ဓါတ်ရှင်ထဲကလူကီးများအဖွဲ့ရေ့...
      ဟီး..:P

      Delete
    2. မြန်မာကားတွေ အရမ်းကြည့် တယ်ထင်တယ်။ lol

      Delete
  5. အလုပ်လုပ်နေရတော့ ပျင်းဖို့ကိုမအားတော့ဘူးပေါ့ တီတီမီး
    ပုံတွေပါသွားတာတော့ နှမြောချာကြီး

    ReplyDelete