အခုမှတကဲ့လူမှန်နေရာမှန်ရှင့်...တနေ့တနေ့ ပြေးဟယ်လွှားဟယ် အလုပ်လုပ်၊ အိမ်ပြန် ချက်ပြုတ်လိုက် စားပြီးပင်ပန်းတော့ အိပ်လိုက်နဲ့.. ဘဝဆိုတာ "ဘ"ကုန်းနဲ့ "ဝ" ကြားထဲလုံးချာလည်လိုက်နေတာပေါ့ရှင်။
ပြီးနေ့လည်စာထမင်းဗူးစီမံရသေးတယ်လေ။ လူတွေကြားထဲမှာ ကိုယ်တို့ဟင်းတွေကလည်း Microwave
နဲ့နွေးလိုက်ရင် ငံပြည်ရည်နံ ငရုတ်သီး ကြက်သွန်ဖြူနီ ထောင်းကနဲဆိုတော့ လူတွေပြူးပြူး ကြည့်တာအ
မြင်ကပ်တော့ ^_^
Pasta ကိုသူတို့လိုမချက်ပါဘူး..ကိုယ့်နည်းကိုယ့်ဟန်ပေါ့..အသီးအရွှက်များများနဲ့ ကဲ..Pasta ကို တဗူးလောက်ဝယ်ထားမိတာ စားပါလေ့တမေ့တမော..တခါပြုတ်မှ ၁ဝ တုံးလောက်ဘဲထည့်တာလေ..
ချိစ်ကလည်းဝယ်တာနဲ့နေ့တိုင်းသုံးပေးရတယ် ..ဟင်းဟင်း..ခုတလောဘိုဆန်ချင်သူကြီးပါဆို..
ချစ်ချစ်စားတဲ့နံပြားကို ကျူပ်တို့ကတော့ ခရမ်းချဉ်သီးနဲ့ ချိစ်နဲ့..ဟဟ..Pizza လိုလိုဘာလိုလို.. ကိုယ့်Pizza ကို အီတလီကိုကိုတွေ တွေ့ရင် ထိုင်ငိုချင်စိတ်ပေါက်သွားမှာ...း)))
ငါးကြိုက်ခင်ကလည်းတပတ်တခါလောက် ငါးမစားရရင် ဟာတာတာ.. အလွယ်ဆုံးသောငါးကင်နည်းပါ
မွှေးမယ်ဆိုတဲ့အရွှက်တွေအားလုံးနုတ်နုတ်စင်းပြီးသာသွတ်လိုက်ပြီး..တခါခါလည်း ကြော်..တခါခါလည်း
go into the oven ပေါ့..
go into the oven ပေါ့..
ခရမ်းသီးတော့ ခဏခဏချက်စားတယ်..အနှစ်လေးထမင်းနဲ့နှယ်စား..ကောင်းပါ့ဗျား...
တော့မလိုလို..၁၄ စည်းကို ၁ ဒေါ်လာတဲ့..ကဲ...
လိုက်သေးတယ်..ဓါတ်ပုံမရိုက်မိဘူး..
တိုးခွေ့လုယက်မစားရင်ဘဲ လူဖြစ်ရကြိုးမနပ်သလိုလို..ဒီတိုင်းပြည်မှာ စားသုံးသူတော်တော်ပေါဘဲ..
ကျော်ကျတယ်လေ..။
ချဉ်သောသရက်သီးဖြစ်တာအမှန်ဘဲ...ဒီတခါတကယ်ပေါတယ်..၁၄ လုံးမှ ၈ $ဘဲပေးရတယ်...
မျက်နှာပြင်ကို ထောပတ်သုတ်သလိုသုတ်..ပြီးမီးကင်..ဟင်းဟင်း...မိုင် breakfast လက်ပေတော့ ဓါတ်ပုံ
ရှိဘူးတော့...
ကကြီးဆိုင်ကပါဘဲ..ဂျပန်အူတုံပင်လယ်စာကြော်တဲ့..မှာစားကြည့်တာ...ထွက်လာတော့ ဘာပြောရမှန်း
တောင်သိတော့ဘူး...ထုံးစံ ၃ပုံ၂ပုံလောက်အိမ်ပြန်ပါလာရတာပေါ့ရှင်...
နောက်ပိုင်းတော့နားလည်လာပြီ..မုန့်လောက်ဘဲဝယ်ပြီးသွားထိုင်စားတော့တယ်...
နောက်မှ ဟိုအကြောင်း ဒီအကြောင်းပေါ့နော်..
အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
မီးမီး
ကင်ပေါင်းကြော်စားချင်တာကွာ။
ReplyDelete၁၄ စည်းတစ်ကျပ်ဆိုတော့ပေါလိုက်တာနော်။
ဒီမှာတော့တစ်စည်းထဲကို ၁ကျပ်ကျော်လောက်ပေးရတယ်။
ကိုယ်လည်းကိုရီးယားဆိုင်နဲ့ နီးချင်လိုက်တာနော်။
ကိုရီးယားငါးဆားနယ်ကိုယ်လည်းကြိုက်တယ်။ ကောင်းတယ်နော်။
တခါတုန်းကကိုယ်ကြိုက်တယ်ဆိုတဲ့ကိုရီးယားပဲပုတ်ကအဲလိုမျိုးထုတ်ထားတာလေ။
အိုင်အိုရာ
အဲဒီအပတ်ကတော်တော်ဈေးပေါတယ်..
Deleteနောက်တော့ပုံမှန်ပါဘဲ..
ဒါပေမဲ့လည်း၆စည်း၁ကျပ်တို့ဘာတို့ရတတ်တယ်။
သူတို့တွေအရမ်းကြက်သွန်ပင်စားဘဲ..
လူတိုင်းဝယ်တာဘဲ..
မအိုင်အိုရာပြောလို့ကျမ၊
သူတို့ငါးဆားနယ်စမ်းဝယ်စားကြည့်တာ
တော်တော်ကောင်းတယ်..
ပုဗွန်ဆိတ်လေးတွေပုလင်းနဲ့၊
ဆားသိပ်ထားတာတွေ့တယ်။
ငါးပိရည်သဘောမျိုးဝယ်ပြီး၊
ကြိုစားကြည့်ကောင်းမလားလို့...
ကျမတော့မိဆိုဂျပန်ပဲပုပ်ကို၊
ဟင်းတွေထဲထည့်ချက်တယ်..
ချိုနေတာဘဲ..ဟင်းခပ်မူန့်တို့ဘာတို့လိုတော့ဘူးလေ..
ငါးကင်နဲ့ ကင်ပေါင်းကြော်စားမယ် :)
ReplyDeleteစူးနွယ်လည်း ကြက်သွနမြိတ်တွေ ဝယ်ထားတယ်။ ဟင်းထုပ်လုပ်မလားလို့။ မလုပ်သေးခင် ဟိုထဲဒီထဲ လျှောက်ထည့်နေတာနဲ့တောင် တော်တော်လျော့သွားပြီ။
ကင်ပေါင်းကြော် လုပ်လိုက်ရင် ကောင်းမယ် ထင်တယ်နော်။
ငါးဆားနယ်လည်းကြိုက်တယ်. ..ခဏခဏ ချက်စားဖြစ်တယ်။
ဟိုနေ့က တိုဖူးခေါက်နဲ့ ကောက်ညှင်းခွက် ကြော်စားသေးတယ်။
နောက်တခေါက်မှ တင်မယ်
ဒီလိုလေးတွေကိုတော့အပတ်တိုင်းစားဖြစ်တယ်..
Deleteထိုဖူးခေါက်နဲ့ကောက်ညှင်းခွက်ကဟိုကယူလာတာလား..
တနေ့နေ့ဘာချက်စားရမှန်းမသိ..
ချာချာလည်နေတာဘဲ..နော်..
ဟုတ်တယ် ဟိုကယူလာတာ :)
DeletePlease write အင်းမုန့်ဟင်းခါး recipe. Thanks :)
ReplyDeleteနောက်တခါချက်ရင်ဓါတ်ပုံနဲ့တကွတင်မယ်နော်..
Deleteကိုယ်လည်းတတ်သလောက်မှတ်သလောက်၊
ရမ်းတမ်းလုပ်တာပါဘဲ..ဟီးး)))
ကင်ပေါင်းကြော် ကြော်နည်းလေး ရေးပေးပါအစ်မ။ :)
ReplyDeleteဟုတ်ပြီ...ဒီတပါတ်ကြက်သွန်ပင်တွေ
Deleteထပ်ဝယ်ခဲ့တယ်..
ပိတ်ရက်မှာလုပ်ပြီးတင်ပေးမယ်နော်..