Wednesday, May 28, 2014

ချက်စားဝယ်စား ၅

မင်္ဂလာပါရှင်~~~
အခုမှတကဲ့လူမှန်နေရာမှန်ရှင့်...တနေ့တနေ့ ပြေးဟယ်လွှားဟယ် အလုပ်လုပ်၊ အိမ်ပြန် ချက်ပြုတ်လိုက် စားပြီးပင်ပန်းတော့ အိပ်လိုက်နဲ့.. ဘဝဆိုတာ "ဘ"ကုန်းနဲ့ "ဝ" ကြားထဲလုံးချာလည်လိုက်နေတာပေါ့ရှင်။
ပြီးနေ့လည်စာထမင်းဗူးစီမံရသေးတယ်လေ။ လူတွေကြားထဲမှာ ကိုယ်တို့ဟင်းတွေကလည်း Microwave
နဲ့နွေးလိုက်ရင် ငံပြည်ရည်နံ ငရုတ်သီး ကြက်သွန်ဖြူနီ ထောင်းကနဲဆိုတော့ လူတွေပြူးပြူး ကြည့်တာအ
မြင်ကပ်တော့ ^_^  

Pasta ကိုသူတို့လိုမချက်ပါဘူး..ကိုယ့်နည်းကိုယ့်ဟန်ပေါ့..အသီးအရွှက်များများနဲ့ ကဲ..Pasta ကို တဗူးလောက်ဝယ်ထားမိတာ စားပါလေ့တမေ့တမော..တခါပြုတ်မှ ၁ဝ တုံးလောက်ဘဲထည့်တာလေ..
ချိစ်ကလည်းဝယ်တာနဲ့နေ့တိုင်းသုံးပေးရတယ် ..ဟင်းဟင်း..ခုတလောဘိုဆန်ချင်သူကြီးပါဆို..
 
ချစ်ချစ်စားတဲ့နံပြားကို ကျူပ်တို့ကတော့ ခရမ်းချဉ်သီးနဲ့ ချိစ်နဲ့..ဟဟ..Pizza လိုလိုဘာလိုလို.. ကိုယ့်Pizza ကို အီတလီကိုကိုတွေ တွေ့ရင် ထိုင်ငိုချင်စိတ်ပေါက်သွားမှာ...း)))
ငါးကြိုက်ခင်ကလည်းတပတ်တခါလောက် ငါးမစားရရင် ဟာတာတာ.. အလွယ်ဆုံးသောငါးကင်နည်းပါ
မွှေးမယ်ဆိုတဲ့အရွှက်တွေအားလုံးနုတ်နုတ်စင်းပြီးသာသွတ်လိုက်ပြီး..တခါခါလည်း ကြော်..တခါခါလည်း
go into the oven ပေါ့..
ခရမ်းသီးတော့ ခဏခဏချက်စားတယ်..အနှစ်လေးထမင်းနဲ့နှယ်စား..ကောင်းပါ့ဗျား...
ကကြီးဆိုင်က ငါးဆားနယ်တော်တော်ကောင်းတာဘဲ..ငါးဆားနယ်ကိုရေပြန်ဆီကျန်လေးချက်တာ..
ခုတလော ကြက်သွန်မြိတ်တွေ ပေါမှပေါ သူတို့တွေလုဝယ်နေကြလိုက်တာ ဝင်မလုရင်ဘဲ မနက်ဖန်ငတ်
တော့မလိုလို..၁၄ စည်းကို ၁ ဒေါ်လာတဲ့..ကဲ...
ဒီတော့ ကင်ပေါင်းကြော်အမုန်းစားလိုက်ရတာပေါ့...အင်းသားအကြော်လေ...အင်းမုန့်ဟင်းခါးလည်းချက်
လိုက်သေးတယ်..ဓါတ်ပုံမရိုက်မိဘူး..

 dim sumသွားစားတာ ဟောင်ကောင်တရုတ်ဆိုင် ထိုင်စောင့်နေရသေးတယ်၊ ထိုင်ခုံရဖို့က..ထုံးစံပေါ့ရှင်
တိုးခွေ့လုယက်မစားရင်ဘဲ လူဖြစ်ရကြိုးမနပ်သလိုလို..ဒီတိုင်းပြည်မှာ စားသုံးသူတော်တော်ပေါဘဲ..

 ကကြီးဆိုင်က ဆန်မုန့်..အထဲမှာပဲအစာသွပ်..စားလို့တော်ကောင်းတာဘဲ..
 ထိုင်းမှာမုန့်တီဖတ်ကိုဒီလိုဘဲ အရောင်မျိုးစုံလုပ်ထားတာစားဖူးတယ် သဘာဝအရောင်ပါ..။
ပေါ်ဦးပေါ်ဖျားချယ်ရီသီး...တထုတ်ချင်းထဲထည့်ပြီး ပိုက်ဆံရှင်းမှ နဲနဲဂစ်ဂစ်ဆိုပြီးတက်တော့မလို့...၁၆ ကျပ်
ကျော်ကျတယ်လေ..။

ဒီတပတ်တော့ ထိုင်းဆိုင်မှာသွားစားဖြစ်တယ်...ဘာဖြစ်လို့လည်းမသိဘူး..ထိုင်းဆိုင်မှာထိုင်တိုင်း အာချားဟဲတွေချည်းချည်းဘဲမြင်တယ် longisland မှာလည်းသူတို့ဘဲ..
 အဲဒီနေ့ကစားပွဲ ၄ ခုက ကိုအားချားတို့တွေပေါ့...
 ကျမကငါးကြော်နဲ့ သရက်သီးသုတ်..
သူက ကြက်ပင်စိမ်း...ဒီနိုင်ငံထုံးစံ ပုတ်လောက်ကြီးတဲ့ အိုးခွက်ပန်းကန်တွေနဲ့ဘဲ..
 လူ့ဘီလူးမှမဟုတ်တာ..ဘယ်လိုလုပ်စားကုန်မလည်း..အိမ်ပြန်ဘယ်ရတာပေါ့...ဖျားဖျား...၄၄$ ကျော်တဲ့
သရက်သီးပုံတွေနဲ့ fbမှနေ့တိုင်းမြင်ရတာသားရေယိုတာပေါ့..ကဲ..စိန်တလုံးတို့ဘာတို့တော့ဟုတ်ဘူးဟေ့
ချဉ်သောသရက်သီးဖြစ်တာအမှန်ဘဲ...ဒီတခါတကယ်ပေါတယ်..၁၄ လုံးမှ ၈ $ဘဲပေးရတယ်...

ဒီပဲပုပ်ချဉ်လည်းအပတ်တိုင်းဝယ်တယ်...ကောင်းညှင်းပေါင်းပြီး ပေါင်မုန့်လိုအဝိုင်းပြားလုံး ပြီးဒီပဲပုပ်နဲ့
မျက်နှာပြင်ကို ထောပတ်သုတ်သလိုသုတ်..ပြီးမီးကင်..ဟင်းဟင်း...မိုင် breakfast လက်ပေတော့ ဓါတ်ပုံ
ရှိဘူးတော့...

ကကြီးဆိုင်ကပါဘဲ..ဂျပန်အူတုံပင်လယ်စာကြော်တဲ့..မှာစားကြည့်တာ...ထွက်လာတော့ ဘာပြောရမှန်း
တောင်သိတော့ဘူး...ထုံးစံ ၃ပုံ၂ပုံလောက်အိမ်ပြန်ပါလာရတာပေါ့ရှင်...
ဗန်းကြီးမလာတဲ့စပ်ဖြီးဖြီးမျက်ခွက်ကြီးကို ချစ်ချစ်ကြီးက ထူးဆန်းစွာနဲ့မှတ်တမ်းတင်ထားပေးပါတယ် :P
 
နောက်ပိုင်းတော့နားလည်လာပြီ..မုန့်လောက်ဘဲဝယ်ပြီးသွားထိုင်စားတော့တယ်...
 တီဗီဇာတ်လမ်းတခုထဲကလူဆိုးကြီး ကြက်ဥပေါင်မုန့်ကြော်တာမြင်ပြီး..လိုက်ကြော်ကြည့်တာလေ...
ကဲ...ဟိုဟိုဒီဒီနဲ့..မိတ်ဆွေများကို အစားနဲ့ဘဲ blog အသက်ဆက်လိုက်ရပါတယ်ရှင်...
နောက်မှ ဟိုအကြောင်း ဒီအကြောင်းပေါ့နော်..


အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
မီးမီး

9 comments:

  1. ကင်ပေါင်းကြော်စားချင်တာကွာ။
    ၁၄ စည်းတစ်ကျပ်ဆိုတော့ပေါလိုက်တာနော်။
    ဒီမှာတော့တစ်စည်းထဲကို ၁ကျပ်ကျော်လောက်ပေးရတယ်။
    ကိုယ်လည်းကိုရီးယားဆိုင်နဲ့ နီးချင်လိုက်တာနော်။
    ကိုရီးယားငါးဆားနယ်ကိုယ်လည်းကြိုက်တယ်။ ကောင်းတယ်နော်။
    တခါတုန်းကကိုယ်ကြိုက်တယ်ဆိုတဲ့ကိုရီးယားပဲပုတ်ကအဲလိုမျိုးထုတ်ထားတာလေ။
    အိုင်အိုရာ

    ReplyDelete
    Replies
    1. အဲဒီအပတ်ကတော်တော်ဈေးပေါတယ်..
      နောက်တော့ပုံမှန်ပါဘဲ..
      ဒါပေမဲ့လည်း၆စည်း၁ကျပ်တို့ဘာတို့ရတတ်တယ်။
      သူတို့တွေအရမ်းကြက်သွန်ပင်စားဘဲ..
      လူတိုင်းဝယ်တာဘဲ..
      မအိုင်အိုရာပြောလို့ကျမ၊
      သူတို့ငါးဆားနယ်စမ်းဝယ်စားကြည့်တာ
      တော်တော်ကောင်းတယ်..
      ပုဗွန်ဆိတ်လေးတွေပုလင်းနဲ့၊
      ဆားသိပ်ထားတာတွေ့တယ်။
      ငါးပိရည်သဘောမျိုးဝယ်ပြီး၊
      ကြိုစားကြည့်ကောင်းမလားလို့...
      ကျမတော့မိဆိုဂျပန်ပဲပုပ်ကို၊
      ဟင်းတွေထဲထည့်ချက်တယ်..
      ချိုနေတာဘဲ..ဟင်းခပ်မူန့်တို့ဘာတို့လိုတော့ဘူးလေ..

      Delete
  2. ငါးကင်နဲ့ ကင်ပေါင်းကြော်စားမယ် :)
    စူးနွယ်လည်း ကြက်သွနမြိတ်တွေ ဝယ်ထားတယ်။ ဟင်းထုပ်လုပ်မလားလို့။ မလုပ်သေးခင် ဟိုထဲဒီထဲ လျှောက်ထည့်နေတာနဲ့တောင် တော်တော်လျော့သွားပြီ။
    ကင်ပေါင်းကြော် လုပ်လိုက်ရင် ကောင်းမယ် ထင်တယ်နော်။
    ငါးဆားနယ်လည်းကြိုက်တယ်. ..ခဏခဏ ချက်စားဖြစ်တယ်။
    ဟိုနေ့က တိုဖူးခေါက်နဲ့ ကောက်ညှင်းခွက် ကြော်စားသေးတယ်။
    နောက်တခေါက်မှ တင်မယ်

    ReplyDelete
    Replies
    1. ဒီလိုလေးတွေကိုတော့အပတ်တိုင်းစားဖြစ်တယ်..
      ထိုဖူးခေါက်နဲ့ကောက်ညှင်းခွက်ကဟိုကယူလာတာလား..
      တနေ့နေ့ဘာချက်စားရမှန်းမသိ..
      ချာချာလည်နေတာဘဲ..နော်..

      Delete
    2. ဟုတ်တယ် ဟိုကယူလာတာ :)

      Delete
  3. Please write အင်း​မုန့်ဟင်းခါး recipe. Thanks :)

    ReplyDelete
    Replies
    1. နောက်တခါချက်ရင်ဓါတ်ပုံနဲ့တကွတင်မယ်နော်..
      ကိုယ်လည်းတတ်သလောက်မှတ်သလောက်၊
      ရမ်းတမ်းလုပ်တာပါဘဲ..ဟီးး)))

      Delete
  4. ကင်ပေါင်းကြော် ကြော်နည်းလေး ရေးပေးပါအစ်မ။ :)

    ReplyDelete
    Replies
    1. ဟုတ်ပြီ...ဒီတပါတ်ကြက်သွန်ပင်တွေ
      ထပ်ဝယ်ခဲ့တယ်..
      ပိတ်ရက်မှာလုပ်ပြီးတင်ပေးမယ်နော်..

      Delete